နှုတ်ဆက်ချိန် ----- အိတ်ကပ်အတွင်းကို စမ်းကြည့်လိုက်သောအခါ ဟောင်းနွမ်းတွန့်ကျေနေသော အကြွေ နှစ်ရာတန်တစ်ရွက် ထွက်လာ၏ ။ ဆုံးဖြတ်ချက်တို့ မတင်မကျ ဖြစ်နေစဉ် အတွေးတစ်ခုသည် ခေါင်းအတွင်းသို့ စိုက်စိုက် ဝင်ရောက်လာတော့သည် ။ ထိုအခါ ဘေးမှာရှိသော လူတစ်ယောက်အား အချိန်နှင့် နေ့ရက်ကို မေးမြန်းမိလေ၏ ။ တနင်္လာနေ့ ညနေ ၅ နာရီကျော်ပြီဖြစ်ကြောင်း သိရလေတော့သည် ။ တစ်ဖန် မက်တပ် ရပ်နေသော ပလပ်ဖေါင်းပေါ်မှ ကတ္တရာလမ်းဘက်ကို လှမ်းကြည့်လိုက်သည်ရှိသော် တစ်ရွေ့ရွေ့ ဖြတ်သန်းသွားလာနေသော ကားများနှင့် ရုံးတက် ရုံးပြန် ဝန်ထမ်းတို့ လွယ်အိတ် ကိုယ်ဆီ , ချိုင့် ကိုယ်ဆီနှင့် ကားမှတ်တိုင်ဂိတ်၌ စောင့်နေသည်ကို တွေ့ရလေ၏ ။ ထိုသူတို့နှင့် မခြားပေ ကျွန်တော်သည်လည်း အလုပ်မှ ပင်ပန်းကြီးစွာ ပြန်လာခဲ့သူဖြစ်ရကား ဘတ်(စ)ကား မှတ်တိုင်သို့ရောက်ရန် တစ်ဖက် ကားလမ်းသို့ ကူးရပေအုန်းမည် ။ သို့သော် လမ်းမကူးခင် ခြေလှမ်းတို့မှာ ရပ်တန့်နေလျက် ကားမှတ်တိုင်ကို သွားရမည်လော , တစ်ဖက်၌ ရှိသည့် ဖုန်းဆိုင်လေးဆီသို့ သွားရမည်လော နှင့် တွေဝေကာ ငါး မိနစ်ကျော်ကျော် ကြာသည့်တိုင် ရပ်တန့်မိနေလေတော့သည် ။ တစ်ပတ်တာ နေ့ရက်တို့သည် သူနှင့် ကျွန်တော့်အကြား ကန့်သတ်နယ်မြေအဖြင...
သင်၏ ငါးမိနစ်တာအချိန်သည် အကျိုးရှိသော စာတစ်ပိုဒ်နှင့် ကုန်ဆုံးရန် သင့်၏ ။