Skip to main content

ကဗာလာ မဟာဂန္ဓာရီဂိုဏ်း ပေါ်ပေါက်ပျံ့နှံ့ခြင်း

ကဗာလာ မဟာဂန္ဓာရီဂိုဏ်း ပေါ်ပေါက်ပျံ့နှံ့ခြင်း !
-----
ကမ္ဘာပေါ်မှာ လူပေါ်တဲ့အချိန်ကနေစပြီး ဘာသာတရားများ ပေါ်ပေါက်လာသလိုပဲ ဂန္ဓာရီပညာရှင်များလည်း ပေါ်ပေါက်လာခဲ့တယ် ။ အဲ့ဒီ့ ဘာသာရေးခေါင်းဆောင်တွေ တမန်တော်တွေ စတာတို့ဟာ ဂန္ဓာရီပညာရှင်တွေဖြစ်ကြတယ် ။ ကဗလာပညာဟာ အစ္စရေး လူမျိုးတို့ရဲ့ ရှေးဟောင်း ဟီးဘရူး ဘာသာဝင်တို့က စတင်ခဲ့တာလို့ ဒီလိုဆိုပါတယ် ။ အာဒမ်နဲ့ ဧဝတို့ရဲ့ အနွယ်တော် အီဗရာဟမ်ဟာ အီဂျစ်ကို ရောက်လာပြီးနောက် ကဗာလာဂန္ဓာရီပညာကို ဂျူးတို့အား လက်ဆင့် ကမ်းခဲ့တာ ဖြစ်တယ် ။ ကဗာလာဆိုတဲ့ ဝေါဟာရဟာ ဟီဘရူးဘာသာနဲ့ဆိုရင် ရှေးရိုးစဉ်လာလို့ အဓိပ္ပါယ်သက်ရောက်ပါတယ် ။

တမန်တော် မိုးဇက်လက်ထက်မှာ မိုးဇက်က ပထမဆုံး ကဗာလာဂန္ဓာရီပညာဂိုဏ်းဝင်တစ်ဦးဖြစ်ပြီးတော့ တပည့် ၇၀ ကို တစ်ဖန် လက်ဆင့်ကမ်းကာ ကဗာလာဂန္ဓာရီပညာကို တစ်ဆင့်တစ်ဆင့် လက်ဆင့်ကမ်းခဲ့ပြီး ခရစ်ယာန်ဘာသာပေါ်ထွန်းလာတဲ့အခါမှာ အနောက်နိုင်ငံများနဲ့တကွ အာရပ်လောကထိပါ ပျံ့နှံ့သွားခဲ့ပါတယ် ။ ခရစ်ယာန်ဘာသာရဲ့ အတွင်းလမ်းဖြစ်တဲ့ နော့ဆစ်ဂိုဏ်းကြီးကို ထူထောင်ခဲ့တဲ့ တီယာနာဟာ ကဗာလာပညာရှင်တစ်ဦးဖြစ်တယ် ။ ဒါကြောင့် ကဗာလာဂန္ဓာရီပညာသည် ခရစ်ယာန် နော့ဆစ်ဝါဒီနဲ့ ရိုဆီခရစ်ဆီယံဂိုဏ်းတို့ကနေမှတစ်ဆင့် ပြန့်ပွားသွားရာ ခေတ်လယ်လောက်မှာတော့ အာရှအလယ်ပိုင်း ဒေသ သာမက အနောက်ကမ္ဘာတစ်ဝန်းသို့ပါ ပျံ့နှံ့သွားခဲ့ပါတော့တယ်ခင်ဗျာ ။

( ဆက်လက်ဖေါ်ထုတ်ပါအုန်းမည် )

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...