Skip to main content

အတက်အကျများနဲ့ ခရီးသည်

အတက် အကျများနဲ့ ခရီးသည်
----
ကျွန်တော်တို့တွေဟာ တစ်ခါတစ်ရံမှာ အလိုလိုနေရင်း အကြောင်းအရင်း သေခြာမသိပဲ ပျော်ရွှင်နေတာတွေ စိတ်လက်ပေါ့ပါးလန်းဆန်းနေတာတွေ နဲ့ တစ်ခါတစ်ရံမှာတော့ စိတ်ဓါတ်ကျနေတက်တာမျိုးတွေ/ လေးလံနေတာမျိုးတွေအပြင် မလုပ်ချင် မကိုင်ချင် ဖြစ်နေတာမျိုးတွေ ကြုံဖူးပါလိမ့်မယ် ။ အဲ့ဒီလို တက်လိုက် ကျလိုက်ဖြစ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ တွေးခေါ်မျှော်မြင်မှုပိုင်းဆိုင်ရာ ကိစ္စရပ်တွေဟာ ရောဂါတစ်စုံတစ်ရာကြောင့် ဖြစ်ပေါ်တာမျိုးမဟုတ်ပဲ သဘာဝအတိုင်း ရှိနေတဲ့ ဘိုင်အိုရစ်သမ် ခေါ် ဇီဝနရီ စည်းချက်များကြောင့် ဖြစ်တယ်ဆိုရင် ကျွန်တော်တို့တွေဟာ အံ့သြမိပါလိမ့်မယ် ။ မှန်ပါတယ် ။ ဒါဟာ တက်လိုက် ကျလိုက်ဖြစ်နေတဲ့ စိတ်ပိုင်းကို အကောင်းဆုံး သိပ္ပံက ထိုးဖေါက် စုံစမ်းလိုက်ခြင်းပါပဲ ။ ဒါပေမယ့် အဲ့ဒီ့ ဘိုင်အိုရီသမ် ခေါ် ဇီဝနရီစည်းချက်ကို သိပ္ပံနည်းကျ အတည်ပြုသေးခြင်းတော့ မရှိသေးပါဘူး ။ သို့ပေမယ့်လည်း သိပ္ပံပညာရှင်များနဲ့ ပညာတက် အသိုင်းအဝိုင်းများမှာ ဒီသီအိုရီကို လက်ခံထားပြီး ဖြစ်ပါတယ် ။

ဒီအယူအဆ ပေါ်ပေါက်ခဲ့တာကတော့ အခုမှ စတင်ခဲ့တာ မဟုတ်ပါဘူး ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ခန့်က ဂရိလူုမျိုးတို့ဟာ လူ့ကိုယ်ခန္ဓာမှာ ဖြစ်ပေါ်နေတဲ့ အသက်ရှုခြင်း ကျောက်ကပ်၏ လှူပ်ရှားမှု သွေးခုန်နှုန်း /မ, သဘာဝ၏ ရာသီသွေးပေါ်တဲ့ အလှည့်ကျ ဖြစ်တည်မှုများကို မှတ်တမ်းတင်ခဲ့ကြပါတယ် ။ သမိုင်းမှာ ထင်ရှားတဲ့ နာမည်ကျော် သမားတော်ကြီးဖြစ်သူ ဟစ်ပိုကရေးတီးစ် သည်ပင် သူ ပြုစုကုသနေတဲ့ လူနာများမှာ ဖျားနာမှုနဲ့ ကျန်းမာတဲ့ နေ့များဟာ အလှည့်ကျ ဖြစ်ပေါ်နေတယ်ဆိုတာကို သတိပြုမိတယ်လို့ ဒီလိုဆိုတယ် ။ အခုခေတ်မှာလည်း ဘိုင်အိုရီသမ် အယူအဆဟာ ၁၈၉၇ မှ ၁၉၀၂ ခုနှစ်အတွင်း စတင်ခဲ့တာဖြစ်ပါတယ် ။ အဲ့ဒီ့အချိန်က ဟားမင်းန်ဆိုဘိုဒါဆိုသူဗီယင်နာတက္ကသိုလ်ရှိ ပါမောက္ခတစ်ဦးက စတင်ခဲ့တာဖြစ်တယ် ။ ဒေါက်တာ ဆိုဘိုဒါဟာ လူတစ်ဦး တစ်ဦးတိုင်းမှာ ဖြစ်နေတဲ့ အချိန်မှန် ပြောင်းလဲဖြစ်ပေါ်နေသော ရုပ်ပိုင်းနဲ့ စိတ်ပိုင်းကို အထူး လေ့လာခဲ့ပါတယ် ။ နာကျင်မှု ဝေဒနာများအပေါ်မှာ တုန့်ပြန်မှုများ အဖျားရောဂါဖြစ်ပေါ်မှုများ နေထိုင်မကောင်းမှုများ ပန်းနာရောဂါ နှလုံးမူမမှန်လှုပ်ရှားမှုများနဲ့ အိမ်မက်တစ်ခုကို ထပ်ကာ ထပ်ကာ မြင်မက်နေတဲ့ ဖြစ်စဉ်များ အားလုံးကို ဇယားကွက်ဆွဲကာ လေ့လာခဲ့ပါတယ် ။

သူ့ရဲ့ လေ့လာမှုများမှ နောက်ဆုံး ကောက်ချက်ဆွဲလိုက်နိုင်ခဲ့တာကတော့  ( လူသားများမှာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုများ / စိတ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုများဟာ အချိန်မှန် တက်လိုက်ကျလိုက် ဖြစ်နေပါတယ် ။ ရုပ်ပိုင်းဆိုင်ရာ တက်ကြွလှုပ်ရှားမှု ကျဆင်းမှုများသည် ၂၃ ရက်မှာတစ်ခါ ပုံမှန်ဖြစ်ပေါ်နေပြီး စိတ်ပိုင်းဆိုင်ရာကတော့ ၂၈ ရက်မှာ တစ်ကြိမ်ဖြစ်ပေါ်နေတယ် ) လို့ ဒီလို ဆိုခဲ့ပါတယ် ။

အဲလ်ဖရက်တက်ချာ ဆိုသူဟာ အင်းန်စ်ဘရတ်ခ်တက္ကသိုလ် အင်ဂျင်နီယာဌာန က ပရော်ဖက်ဆာတစ်ယောက်ဖြစ်ပါတယ် ။ သူဟာလည်း သူ့တက္ကသိုလ်မှ ကျောင်းသားများအပေါ်မှာ လေ့လာမှုများ ပြုလုပ်ခဲ့တယ် ။ သူ၏ ကျောင်းသားများရဲ့ အရည်အသွေးကောင်းများ / အရည်အသွေး ညံ့ဖျင်းမှုများဟာ ၃၃ ရက် ကြာတိုင်း အလှည့်ကျ ဖြစ်ပေါ်လျက် ရှိတာကို တွေ့ရှိခဲ့ပါတယ် ။ တက်ချာဟာ သူ၏ ကျောင်းသားများရဲ့ ဦးနှောက်များက မှတ်သားနိုင်မှု / စိတ်ပိုင်းဆိုင်ရာ အရည်အသွေးနဲ့ တက်ကြွရွှင်လန်းမှုများဟာ ၃၃ ရက်တစ်ကြိမ် အလှည့်ကျ ဖြစ်ပေါ်နေကြောင်း တွေ့ရှိခဲ့ရတယ် ။ ၁၉၂၀ ပြည့်နှစ်မှာလည်း အမေရိကန်နိုင်ငံ ပင်န်ဆာဗေးနီးယားမှ စိတ်ပညာရှင် ရက်ခ်ဖို့ဟာဆေး ကလည်း အဲ့ဒီလို အလှည့်ကျ ဖြစ်ပေါ်မှုများအတွက်သီအိုရီတစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ဖူးပါတယ်ခင်ဗျာ ။

ဒါကြောင့် !

ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးဟာ အတက်အကျများနဲ့ ဖြစ်တည်နေရကြောင်း ထင်ရှားလှပါတယ် ။ ဒီနေရာမှာပဲ မြဲနေတယ်ဆိုတာ ဘာတစ်ခုမှ မရှိပါ ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...