Skip to main content

အီဂျစ် မဟာဂန္ဓာရီပညာ

အီဂျစ် မဟာဂန္ဓာရီပညာ !
----
အီဂျစ်ဂန္ဓာရီပညာဟာ တစ်ကမ္ဘာလုံးမှာ အစောဆုံး ပေါ်ပေါက်လာတဲ့ ဂန္ဓာရီပညာဖြစ်ပါတယ် ။ ဟီဘရူး မဟာဂန္ဓာရီပညာဖြစ်တဲ့ ကဗာလာဂန္ဓာရီပညာပင်လျှင် အီဂျစ် ဂန္ဓာရီမှတစ်ဆင့် လက်ဆင့်ကမ်း ရရှိခဲ့တာဖြစ်တယ် ။ ကဗာလာပညာဟာ ကမ္ဘာပေါ်မှာ လူသိအများဆုံး ယခုထက်တိုင် တွင်ကျယ်ဆဲ ဖြစ်ပါတယ် ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇ သိန်း ခန့်က ကမ္ဘာပေါ်မှာ အတ္တလန်တိတ် တိုက်ကြီးရှိပြီး အတ္တလန်တိယံ လူသားများ နေထိုင်ခဲ့ပါတယ် ။ ညာဏ်ပညာ အဆင့်အတန်း မြင့်မားရုံတာမက ဂန္ဓာရီ ပညာရပ်များပါ အထက်တန်း ကျကျ တက်မြောက်ထားသူတွေဖြစ်တယ်လို့ ပလေတိုက ရေးသားခဲ့တဲ့ အကြာင်းကို ပြုပြီး အတ္တလန်တိယံ လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှု အနုပညာနဲ့ ဂန္ဓာရီပညာများကို စိတ်ဝင်စားလာကြပါတယ် ။

အခုခေတ်မှာတော့ ယခင်ခေတ်များထက် ပိုမိုစိတ်ဝင်စားလာရုံတာမက အတ္တလန်တိယံတို့နဲ့ ပတ်သတ်ပြီး ရေးသားထားတဲ့ စာအုပ်တွေပင် ထွက်ပေါ်လာပါပြီ ။ အချို့ အနောက်တိုင်း နိုင်ငံများမှာ အတ္တလန်တိယံ လူမျိုးများအကြောင်း လေ့လာဖို့ အတွက် အဖွဲ့အစည်းများကိုပင် ဖွဲ့စည်းဆောင်ရွက်နေကြပါတယ် ။ အခုခေတ် ဂန္ဓာရီပညာရှင်များကလည်း သူတို့ရဲ့ စိတ်စွမ်းအင်နဲ့ ရှေးဟောင်း အတ္တလန်တိယံ သမိုင်းနှင့် ဂန္ဓာရီပညာများကို လေ့လာကြကာ စာတမ်းများ ပြုစုထုတ်ဝေနေကြပါပြီ ။

အထက်ပါ အထောက်အထားများအရ အတ္တလန်တိယံတိုက်ကြီး ရေလွှမ်းမိုးကာ တစ်စ တစ်စ ရေအောက် ရောက်သွားတဲ့အခါ အတ္တလန်တိယံ ဂန္ဓာရီ ပညာရှင်များက သူတို့ရဲ့ တပည့်နောက်လိုက်များကို ခေါ်ဆောင်ပြီး ရေဘေးက လွတ်မြောက်ရာကို ထွက်ခွါလာခဲ့ကာ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသိန်းခန့်က ဥရောပတိုက်နဲ့ အီဂျစ်ပြည်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ် ။ ဒီလို ရောက်ခဲ့တဲ့အထိမ်းအမှတ်အဖြင့် အီဂျစ်မှာ ပိရမစ်များနဲ့ အင်္ဂလန်မှာ Stone Henge ခေါ် ကျောက်တိုင်စက်ဝိုင်းများကို တွေ့ရှိရမှာဖြစ်တယ် ။  

ခရစ်ယာန်သမ္မာကျမ်းစာအရ ရေလွှမ်းမိုးတော့မှာကိုသိတဲ့ နိုအာဟာ သင်္ဘောတစ်စီးနဲ့ ရေလွှမ်းမိုးမှု လွတ်မြောက်နိုင်မဲ့ နေရာကို လိုက်ရှာခဲ့တယ် ။ နိုအာရဲ့ သားဖြစ်သူ ရှမ်ဟာ အီဂျစ်ကို ရောက်လာပြီး စိုးမိုးအုပ်ချုပ်တယ်လို့ ဆိုတယ် ။    အဲ့ဒီ့အချိန်က အီဂျစ်ဟာ ရေလွှမ်းမိုးမှု လွတ်မြောက်တဲ့ နေရာဖြစ်ပါတယ် ။ အချို့ သုတေသီများရဲ့ အလိုအရ နိုအာဟာလည်း ဂန္ဓာရီပညာရှင်ဖြစ်တယ်လို့ ဒီလိုဆိုတယ် ။ သူ့သား ရှမ်ဟာလည်း ဂန္ဓာရီပညာတက်မြောက်ကြောင်း ဖွင့်ဆိုကြပါတယ် ။ ရှမ်ဟာ ဂန္ဓာရီပညာများကို အတ္တလန်တိယံများထံမှ သယ်ဆောင်လာတယ်လို့ ယူဆကြပါတယ် ။

ဘီစီ ၄၀၀၀ ခန့်က အီဂျစ်ကို အုပ်စိုးခဲ့တဲ့  ဟာရုတာတပ်ဘုရင် လက်ထက်မှာ ခေါင်းဖြတ်ခံရသူများကိုပင် ပြန်ရှင်အောင် လုပ်ပြနိုင်ခဲ့တယ် ။ အဲ့ဒီ့အချိန်က ဂန္ဓာရီပညာရှင်ဟာ ရှာတီတာဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်တယ် ။ ဟာရုတာ တပ်ဘုရင်ကြီးက တီတာရဲ့ သတင်းကို ကြားရတဲ့အခါမှာ နန်းတော်ကို လာဖို့ ဖိတ်ခေါ်တာကြောင့် တီတာက ရောက်ရှိလာခဲ့ပါတယ် ။ ဘုရင့်အမိန့်နဲ့ သေဒဏ်ကျမဲ့ ရာဇဝတ်သားတစ်ယောက်ကို ခေါ်ထုတ်စေပြီး ခေါင်းဖြတ်သတ်ဖြတ်စေတယ် ။ အဲ့ဒီ့ ရာဇဝတ်သားကို ပြန်ရှင်သန်အောင်ထိ လုပ်ပြနိုင်ခဲ့တယ်လို့ ဒီလိုဆိုပါတယ် ။ အဲ့ဒီ့အကြောင်းတွေကို ကျူစာမှတ်တမ်းများမှာ တွေ့ရှိရပါတယ် ။

( ဆက်လက်ဖေါ်ထုတ်ပါအုန်းမည် )

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...