ထူးထူးခြားခြား ရှာဖွေတွေ့ရှိချက်များ
-------
ကမ္ဘာပေါ်မှာ အလွန်ကို စိတ်ဝင်စားစရာကောင်းတဲ့အရာတွေထဲမှာ လူသားတို့ သမိုင်းလဲ ပါဝင်နေပါတယ် ။ လူသားတို့ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားလာတာကလည်း လွန်ခဲ့တဲ့ နှစ်ထောင်စုလောက်ကမှလို့ ဒီလို သိထားကြပါတယ် ။ ဒါပေမယ့် သုတေသန တူးဖေါ်မှုများနဲ့ ရှေးလူတို့ ထားရှိခဲ့ကြတဲ့ အထောက်အထားတွေကတော့ မယုံနိုင်စရာ ကွဲပြားနေတာကို တွေ့ရှိရမှာဖြစ်တယ် ။ လူသား သမိုင်းကို ဖေါ်ပြနေတဲ့အထဲမှာ ကျောက်ဖြစ်ရုပ်ကျွင်းများလဲ ပါဝင်ကြပါတယ် ။ ပြောရမယ်ဆိုရင် ကနေဒါနိုင်ငံနဲ့ ဆပ်စပ်နေတဲ့ မြောက်ဝင်ရိုး ဒေသမှာရှိတဲ့ ထုံးကျောက်တစ်ခုအပေါ်မှာ လူသားလက်ဝါးပုံစံ ကျောက်ဖြစ်ရုပ်ကြွင်းကို ထူးခြားစွာပဲ တွေ့ရှိခဲ့တဲ့အရာ တစ်ခုအပါအဝင်ဖြစ်တယ် ။ အဲ့ဒီ့ လက်ဝါးဟာ သက်တမ်းအနေနဲ့ တွက်ကြည့်မယ်ဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း၁၀၀ ခန့်ကဖြစ်ကြောင်း တွေ့ရှိခဲ့ကြပါတယ် ။ ဒါ့အပြင် ရှေးလူတို့ ခြေရာများကို ထက်မံတွေ့ရှိတဲ့အခါ သက်တမ်းအရ နှစ်သန်းပေါင်း ၃၀၀ ကနေ ၆၀၀ အတွင်းခန့်ကဖြစ်ကြောင်း ဆိုကြပါတယ် ။
ဒါ့အပြင် လူသားတို့သမိုင်းကြောင်းမှာ အသိညာဏ် မြင့်မားကြတဲ့ ဂြိုလ်သားများအကြောင်းလဲ အထောက်အထားများမှတစ်ဆင့် သိရှိလာကြရပြန်ပါပြီ ။ ကမ္ဘာတစ်လွှား တည်ရှိနေတဲ့ ရှေးခေတ်ရေးသားမှတ်သားမှုများ / ရှေ့ခေတ်အဆောက်အဦးများရဲ့ နည်းပညာကို လေ့လာကြည့်မယ်ဆိုရင် အဲ့ဒီ့ ဂြိုလ်သားတို့ရဲ့ တည်ရှိခဲ့ခြင်းအထောက်အထားကို ပိုမိုခိုင်လုံစေပါလိမ့်မယ် ။ အခုအခါမှာတော့ ဆန်းပြားတဲ့ ပစ္စည်းတစ်ခုကို တရုတ်နိုင်ငံ တိဘက်ဒေသကနေ ရရှိခဲ့တာကတော့ ဒရော့ပါ ကျောက်တုံးများခေါ် ချပ်ပြားဝိုင်းသဏ္ဍာန် ကျောက်တုံးဝိုင်းများပဲ ဖြစ်ပါတယ် ။
သမိုင်းကြောင်းကို ပြောရမယ်ဆိုရင် အဲ့ဒီ့ ကျောက်တုံးဝိုင်းများတွေ့ရှိရာ ဒေသဟာ ဟိမဝန္တာ တောင်တန်းနဲ့ တစ်ဆက်တည်း တည်ရှိနေတဲ့ ဘရန်ကာရာအူးလ ခေါ် တောင်တန်းနေရာများမှာဖြစ်တယ် ။ အဲ့ဒီ့နေရာဒေသများမှာ တစ်ချိန်က ဒရော့ပါနဲ့ ခန် များ အခြေချနေထိုင်ရာဒေသဖြစ်ကြောင်း ဆိုပါတယ် ။ အဲ့ဒါကြောင့် အဲ့ဒီ့ ရှာဖွေတွေ့ရှိရတဲ့ ကျောက်ပြားဝိုင်းများကိုလည်း ဒရော့ပါ ကျောက်တုံးများလို့ အမည်မှည့်ခေါ်တာဖြစ်ပါတယ် ။ ဒရော့ပါ ကျောက်တုံးများ မတွေ့ရှိခင်ကပင် အဲ့ဒီ့ တောင်တန်းနေရာမှာ နေထိုင်ကြတဲ့ ဌာနေလူမျိုးစုတို့အကြား ထူးဆန်းတဲ့ ဒဏ္ဍာရီတစ်ခုလည်း တည်ရှိနေပါတယ် ။ လွန်ခဲ့တဲ့ နှစ်ပေါင်းမြောက်များစွာက သေးငယ်ပြီး ကျုံလှီလှသော အဝါရောင်မျက်နှာနဲ့ အမျိုးအမည်မသိသူများမှ တိမ်တိုက်များဆီကနေ ဒီနေရာကို ရောက်ရှိလာခဲ့တယ်လို့ ဆိုတယ် ။ သူတို့ဟာ ဖူးယောင်နေတယ်လို့ ထင်ရလောက်အောင် ဦးခေါင်းများ ကြီးမားကြပြီး သေးညှပ်လှတဲ့ ခန္ဓာကိုယ်တို့ကြောင့် အလွန်မှ အရုပ်ဆိုးအကြည်းတန်ကာ တွေ့တဲ့ သူတိုင်းက ဝေးဝေးကပင် ရှောင်ကြတယ်လို့ ဒီလိုဆိုပါတယ် ။ နောက်ပိုင်းမှာတော့ သူတို့ကို မြင်းစီးသူတို့က လိုက်လံတိုက်ခိုက်ခဲ့ကြတယ်လို့ ဒဏ္ဍာရီတွေက ဆိုပါတယ် ။
အခုဖေါ်ပြနေတဲ့ ထူးဆန်းတဲ့ ဒဏ္ဍာရီတည်ရှိရာနေရာဟာ အလွန်ကို လူသူအရောက်အပေါက်နည်းလှတဲ့ တောင်တန်းဒေသတစ်ခုဖြစ်ကြောင်း တွေ့ရှိရပါတယ် ။
ပရောဖက်ဆာ ဆာချီပုတဲ့ ဟာ ပီကင်းတက္ကသိုလ်က ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးဖြစ်တယ် ။ သူဟာ အဲ့ဒီ့ လူသူအရောက်အပေါက်နည်းလှတဲ့ တောင်တန်းဒေသကို သွားရောက်လေ့လာခဲ့ပါတယ် ။ လေ့လာရေးများပြုလုပ်နေစဉ် တစ်နေရာမှာတော့ ကျောက်တောင်ကြီးများ ကို အလွန်မြင့်မားတဲ့အပူချိန်နဲ့ ဖေါက်ထွင်းထားတဲ့ ကျောက်ဂူအမြောက်အများကို တွေ့ရှိခဲ့ပါတော့တယ်။ အဲ့ဒီ့ဂူများဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်လျက် စနစ်တကျ တည်ဆောက်ထားတဲ့ စတိုခန်း မြေအောက်ခန်းများကိုလဲ တွေ့ရှိခဲ့ရတယ် ။ ဂူများရဲ့ အတွင်းနံရံတို့ဟာ လေးထောင့်ဆက်ဆက် ပုံသဏ္ဍာန်တည်ရှိနေပြီး တောက်ပပြောင်လတ်လျက် ရှိနေပါတယ် ။ ဒါ့အပြင် ဂူနံရံများမှာ နေထွက်ပုံများ ကမ္ဘာပုံများအပြင် ယင်းကမ္ဘာနဲ့ ကြယ်များအကြား ပဲစေ့အရွယ် အစက်ချ မျဉ်းများ ဆွဲသားထားခြင်းနဲ့ ခေါင်းဆောင်း ဆောင်းထားသောလူနဲ့ ပုံသဏ္ဍာန်တူအရုပ်များ ရေးဆွဲထားတာကို တွေ့ရှိခဲ့ကြရတယ် ။
ယင်းဂူများအတွင်းမှာ အရပ်အားဖြစ် လေးပေ လေးလက်မ ရှိတဲ့ အရိုးစုများကို မြှပ်နှံထားသော သင်္ချိုင်းဂူများ တန်းစီနေတာကို တွေ့ရှိခဲ့ကြပြန်တယ် ။ ရုပ်ကြွင်းများဟာ ပုံမှန်မဟုတ်ပဲ ကြီးမားတဲ့ခေါင်းနဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်ဖြစ်နေတာကို တွေ့ကြရတယ် ။ ဒါဟာ ဒဏ္ဍာရီထဲက ကောင်းကင်ပေါ်က ကျလာသော ထူးခြားတဲ့လူသားများနဲ့ စပ်ဆက်လျက်ရှိနေပါတယ် ။ အဲ့ဒီ့အချက်ကို ပိုမို ခိုင်မာစေတဲ့အချက်လည်း ထက်မံ ရ ရှိခဲ့ကြတယ် ။ သင်္ချိုင်းဂူများမှာ ဒရော့ပါ ကျောက်ချပ်ဝိုင်းပြားမှာ အမြောက်အများကို တွေ့ရှိခဲ့ကြတာဖြစ်တယ် ။ အဲ့ဒီ့ ကျောက်တုံးများဟာ ကျောက်ခေတ်တုံး မဟုတ်ကြောင်းကိုတော့ လေ့လာသူတိုင်း လက်ခံရမှာဖြစ်ပါတယ် ။ အဲ့ဒီ့ ကျောက်ပြားဝိုင်းများရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၁၀၀၀၀ ကနေ ၂၀၀၀၀ ကြား ကြာမြင့်ခဲ့ပါပြီ ။ ဒါကို ဘယ်လို အမျိုးအနွယ်တွေက ပြုလုပ်ခဲ့တာလဲ ?
နောက်ပိုင်းမှာတော့ အဲ့ဒီ့ ကျောက်ပြားဝိုင်းများကို အဓိပ္ပါယ် ဖေါ်ခဲ့ကြပါပြီ ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ့ကျောက်ပြားဝိုင်းများရဲ့ မြောင်းများအတွင်းမှာ အလွန်ကို သေးငယ်လှတဲ့ စာများ ပါရှိနေလို့ဖြစ်ပါတယ် ။ ယင်း ရုပ်စာများဟာ အလွန်ကို သေးငယ်လှနဲ့အတွက် မှန်ဘီလူးနဲ့ ကြည့်မှသာ မြင်တွေ့နိုင်မှာဖြစ်တယ် ။ ဒါ့အပြင် အရုပ်စာတို့ရဲ့ များပြားလှသော အစိတ်အပိုင်းများဟာ ရေလေ များက တိုက်စားမှုများကြောင့် ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ် ။ သို့သော် ကျန်ရှိတဲ့ အရုပ်စာများကို အဓိပ္ပါယ် ဖေါ်ဖို့ ဒေါက်တာဆွန် က ကြိုးပမ်းခဲ့ပါတော့တယ် ။ နောက်တော့ အဓိပ္ပါယ် ဖေါ်ကြည့်တဲ့အခါ လွန်ခဲ့သော နှစ်ပေါင်း မြောက်များစွာက အာကာသယဉ်တစ်စင်းဟာ အထက်ဖေါ်ပြပါ ဒရော့ပါလူမျိုးနွယ်များအကြား ပျက်ကျခဲ့ပြီး ယဉ်ပေါ်မှာပါဝင်တဲ့ ဂြိုလ်သား အများစုကို သတ်ဖြတ်လိုက်တဲ့အဖြစ်ကို ဖေါ်ပြထားတာ ဖြစ်ကြောင်း ဆိုပါတယ် ။ သို့သော် ထို ဖေါ်ပြချက်များကို မယုံကြည်တဲ့သူများက ဒေါက်တာကို လှောင်ပြောင်ကြတာကြောင့် နောက်ပိုင်း ဆက်လက် ဖေါ်ထုတ်ခြင်းများ မပြုတော့ပဲ ထိုနေရာမှာပင် တစ်ခန်းရပ်သွားခဲ့ပါပြီ ။
#htoohtoolay

Comments
Post a Comment