Skip to main content

ခံလိုက်ရပြီပေါ့

ခံလိုက်ရပြီပေါ့ !
-----
ဒီလူဟာ အတော် ဦးနှောက်မကောင်းတာပဲ ။ ဒီလူဟာ အင်မတန် ဦးနှောက် ကြပ်မပြည့်တာဖြစ်နိုင်တယ်  စတဲ့ ဒီလို အလိုမတူတဲ့အခါ လူတွေ သုံးနှုန်းတက်ကြသော စကားများကို သိကြလိမ့်မှာဖြစ်ပါတယ် ။ ဒါပေမယ့် သင်တို့မသိတဲ့ စကားအသုံးအနှုန်းတစ်ခုကို သုံးစွဲခြင်း ခံလိုက်ရတဲ့အခါမှာတော့ သိနေတဲ့ အဓိပ္ပါယ် ပုံဖေါ်ချက်တွေက အတော်လေး ရှုပ်ထွေးသွားစေနိုင်မယ့် အရာတွေ ဖြစ်တက်ကြလေရဲ့ ။ တစ်ခါတစ်ခါ ကိုယ်မသိတဲ့အခါ ကြောင်တောင်တောင်ပင် နိုင်ခဲ့ရတဲ့ အခွင့်အခါများလည်း ကြုံဖူးကြပါလိမ့်မယ် ။

 ဒီတစ်ခေါက်တော့ အလိုမတူတဲ့ တစ်ယောက်က အခြေအတင်ပြောနေကြရင်းနဲ့ ( မင်းဟာ အင်မတန် ညာဘက် ဦးနှောက် အစွန်းရောက်ပြီး ဘယ်ဘက်ဦးနှောက်က ပျက်နေတာပဲ ) လို့ ပြောခံလိုက်ရတဲ့ အခါမှာ ရူးလောက်တဲ့ စကားကို နားမလည်စွာ ကြောင်တောင်တောင် နိုင်ခဲ့ရပါတယ် ။ ဒီတော့ ဦးနှောက်အကြောင်းကို လေ့လာရပြီပေါ့ ။

သင်ဟာ လူ့ခန္ဓာကိုယ်နဲ့ ပတ်သတ်ပြီး ဗဟုသုတ အနည်းငယ်ရှိလိမ့်မယ်ဆိုရင် ဦးနှောက်ဟာ နှစ်ခြမ်းစပ် တည်ရှိနေတယ်ဆိုတာကို သိနိုင်မှာဖြစ်တယ် ။ လူသားတို့ဦးနှောက်မှာ ဦးနှောက်ရဲ့ အရှေ့ဘက်မှသည် အနောက်ဘက် ရောက်တဲ့အထိ အစိတ်အပိုင်းနှစ်ခု ခွဲခြားထားသလို ဖြစ်ပေါ်နေတဲ့ ခေါက်ရိုးကြောင်းကြီး တစ်ခု ပါရှိနေတယ်ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ် ။ အဲ့ဒါဟာ ဦးနှောက် နှစ်ခြမ်းနဲ့ လူသားလို့ ဒီလို တင်စားခေါ်ဝေါ်ရနိုင်လောက်ပါတယ် ။ ဒီဦးနှောက်နှစ်ခုဟာ ကွဲပြားနေတာတော့ မဟုတ်ပါဘူး ။ ဦးနှောက်တစ်ခြမ်းစီရဲ့ အောက်ဘက် ပိုင်း နေရာမှာ အလွန်ကြီးမားတဲ့ နာ့ဗ်ကြိုးကြီး များနဲ့ ဆက်သွယ်ထားကြပါတယ် ။ အဲ့ဒီလို တည်ဆောက်ထားပုံကို နမူနာပြ ဖေါ်ပြရမယ်ဆိုရင် စွမ်းအားမြင့် ကွန်ပျူတာနှစ်လုံးအား ကွန်ယက် ဆက်သွယ်ထားတဲ့ ပုံစံမျိုးဖြစ်တယ် ။ အဲ့ဒီလို ဆက်သွယ်ထာားတဲ့ နေရာကို ဆေးပညာအားဖြင့် (corpus collo-sum ) လို့ ခေါ်ပါတယ် ။

ကျွန်တော်တို့ရဲ့ မျက်လုံးများဟာလည်း ဘယ်နဲ့ညာ ကန့်လန့်ဖြတ် ဆက်သွယ်ထားလျက်ရှိကြပါတယ် ။ အဲ့ဒီလိုနဲ့ ဝတ္ထုတစ်ခုကိုကြည့်မြင်တာနဲ့တစ်ပြိုင်နက် ကျွန်တော်တို့ရဲ့ ဘယ်ညာ မျက်လုံးတို့ဟာ အချက်ပြများ  ကန့်လန့်ဖြတ်လျက် ဘယ်ညာ ဦးနှောက်များစီကို ပို့ပေးကြပြီး မတူညီတဲ့ အချက်ပြစီစစ်မှု စနစ်တို့ကို တစ်ပြိုင်နက်တည်း ပြုလုပ်ကြပါတော့တယ် ။ အဲ့ဒီလို မတူညီတဲ့ အချက်ပြစီစစ်မှုစနစ်မှ နှိုင်းယှဉ် ထွက်ပေါ်လာတဲ့ အဖြေသည်ပင် မြင်ရတဲ့ အရာဝတ္ထုအတွက် သတ်မှတ်ချက်တစ်ခု ဖြစ်နေကြလေရဲ့ ။

အဲ့ဒီလို ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို ထင်ရှားစေခဲ့သူဟာ ၁၉၈၁ ခုနှစ်က နိုဗယ်ဆု ဆွတ်ခူးရရှိခဲ့တဲ့ ဒေါက်တာရော်ဂျာစပရီး ဖြစ်ပါတယ် ။ သူဟာ နောက်ပိုင်းမှာ ဦးနှောက်ခွဲခြမ်းစိတ်ဖြာစမ်းသပ်ချက်များကို အမြောက်အများ လုပ်ဆောင်ခဲ့သူဖြစ်တယ် ။ တစ်နေ့ သူ့ရဲ့ လူနာတစ်ယောက် ဝက်ရူးပြန်ရောဂါ ခံစားနေရပြီး မကြာခဏဆိုသလို ထိန်းချုပ်နိုင်စွမ်းမရှိအောင်ကို ဖြစ်နေလေတယ် ။ သူဟာ အဲ့ဒီ့ လူနာကိုဦးနှောက်ခွဲစိတ်ကာ ယင်း ရောဂါဝေဒနာ ခံစားနေရတဲ့ နေရာလို့ ယူဆရတဲ့ ဦးနှောက် အောက်ဘက်ပိုင်း တစ်နေရာကို ဖြတ်တောက်ပစ်လိုက်ပါတယ် ။ သူ ဖြတ်ထုတ်ပေးလိုက်တဲ့ နေရာဟာ ဦးနှောက်နှစ်ခြမ်းကို စပ်သွယ်ထားတဲ့ နာ့ဗ်ကြိုးပဲဖြစ်ပါတယ် ။ သူ့ရဲ့ ကုသမှုကြောင့် ဦးနှောက်နှစ်ခြမ်းဟာ ဆက်သွယ်မှု မရှိတော့ပဲ သီးခြားစီ တည်ရှိနေတော့တယ် ။ ဒါပေမယ့် သူ့ရဲ့ ခွဲစိတ်မှုကို အောင်မြင်တယ်လို့ ဆိုရမှာပါ ။ ဘာကြောင့်လဲဆိုတော့ လူနာဟာ ဝက်ရူးပြန်ရောဂါ ထက်မဖြစ်တော့လို့ ဖြစ်ပါတယ် ။ ဒါပေမယ့် ဆက်လက်ပြီး စမ်းသပ်ချက်တွေ ပြုလုပ်တဲ့ အခါမှာတော့ အဲ့ဒီ့ လူနာရဲ့ ဦးနှောက်အလုပ် လုပ်ပုံဟာ ထူးခြားမှုတွေ ဖြစ်ပေါ် လာပါတယ် ။ အရာဝတ္ထုတစ်ခုကို ကြည့်ရှုတဲ့အခါမှာ ဒါမှမဟုတ် ကိုင်တွယ်တဲ့အခါမှာ ဦးနှောက်နှစ်ခြမ်းဟာ အစပ်အဆက်မရှိတဲ့အတွက် ကွဲပြားခြားနားတဲ့ အဖြေတွေ ထွက်ပေါ် နေတယ် ။

ညာဘက်လက်နဲ့ ညာဘက်မျက်လုံးတို့ဟာ အရာဝတ္ထုတို့ရဲ့ အမည်များကို ဖေါ်ထုတ်နိုင်စွမ်းရှိကြသော်လည်း ယင်းအရာဝတ္ထုသည် မည်သည့်နေရာမှာ အသုံးပြုတာလဲဆိုတာကို ရှင်းလင်းပြနိုင်ခြင်း မရှိပါဘူး ။ တစ်ဖန် ဘယ်ဘက်မျက်လုံးနဲ့ ဘယ်ဘက်လက်တို့ဟာ အရာဝတ္ထုတစ်ခုရဲ့ အလုပ် လုပ်ပုံကို ရှင်းလင်းပြနိုင်စွမ်း ရှိပါသော်လည်း ယင်း အရာဝတ္ထုရဲ့အမည်ကို ဖေါ်ထုတ်နိုင်စွမ်း မရှိပြန်ဘူး ။ စမ်းသပ်ချက်တစ်ခုမှာ ခဲတံတစ်ချောင်းကို ပြကာ ဘယ်ညာမျက်လုံးများမှ တစ်လှည့်စီ ကြည့်စေပြီး အဖြေထုက်ယူတဲ့အခါ ညာဘက်မျက်လုံးနဲ့ ကြည့်စဉ် ခဲတံရဲ့ အမည်ကို မှန်ကန်စွာ ဖြေဆိုနိုင်ပေမယ့် ခဲတံရဲ့အလုပ်လုပ်ပုံကို ရှင်းလင်းပြနိုင်ခြင်း မရှိခဲ့ဘူး ။ ဘယ်ဘက်မျက်လုံးနဲ့ ကြည့်တဲ့အခါတော့ ခဲတံရဲ့ အလုပ်လုပ်ပုံကို ရှင်းလင်းပြနိုင်ပေမယ့် ညာဘက်မျက်လုံးကလို ခဲတံရဲ့ အမည်ကို မဖေါ်ထုတ်နိုင်ပါဘူး ။ အဲ့ဒီလို ထူးခြားတဲ့ ဦးနှောက်တုန့်ပြန်မှုများဟာ စမ်းသပ်ချက်ပေါင်းများစွာ ပြုလုပ်ပြီးတဲ့နောက်တော့ နှစ်ကိုယ့်တစ်စိတ် ဖြစ်နေတယ်ဆိုတာ သိလိုက်ရပါတော့တယ်ခင်ဗျာ ။ ကျွန်တော်တို့ဟာ အရာဝတ္ထုတစ်ခုကို မြင်လိုက်မယ်ဆိုရင် အဲ့ဒီအပေါ်လိုက်ကာ ဦးနှောက်နှစ်ခြမ်းရဲ့ အသွင်မတူညီမှုများက အပြန်ပြန်အလှန်လှန်တိုက်ခိုက်အဖြေရှာကြပြီး ကိုယ့်တာဝန် ကိုယ်ယူသွားတဲ့ သဘောပါပဲ ။

ဒါကြောင့် !
နောက်ဆုံးတော့ ကျွန်တော်သိလိုက်ပါပြီ ။

( မင်းဟာ အင်မတန် ညာဘက်ဦးနှောက်အစွန်းရောက်ပြီး  ဘယ်ဘက်ဦးနှောက် ပျက်နေတာပဲ ) ဆိုတဲ့  ဒီလူကြီး စကားဟာ -

အမှန်တော့ ( မင်းဟာ ! အပေါ်ယံအမည်လောက်လေးကို အစွန်းရောက်မှတ်သားပြီး လုပ်ဆောင်ချက်တွေ ဘာတစ်ခုမှ မသိတဲ့  သူပဲ 'တစ်နည်းပြောရရင်' နလဗိန်းတုံး ) လို့ ပြောခံလိုက်ရတာပဲပေါ့ ။ နာချက်ဗျာ ။ အဲ့လူကြီး နောက် လမ်းမှာတွေ့ရင် ကောင်းကောင်း ပညာပေးရမယ် ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...