ထူးဆန်းလွန်းတဲ့ အချိန် !
------
အချိန်ဆိုတဲ့အရာကို ကြားလိုက်ရမယ်ဆိုရင် မိတ်ဆွေတို့တော့ နာရီတစ်ခုကိုသာ ပြေးမြင် ကြပါလိမ့်မယ် ။ ဒါပေမယ့် အချိန်ဆိုတာ နာရီကိုရည်ညွှန်းတာ မဟုတ်တာတော့ သတိမထားမိကြပါဘူး ။ အချိန်နဲ့ နာရီဟာ အင်မတန်မှ ကွာခြားလှပါတယ် ။ အချိန်ဆိုတာ အခုချိန်ထိတိုင် အဖြေရှာမရသေးတဲ့ အရာတစ်ခုပါ ။ သိပ္ပံပညာရှင်တွေကို စိန်ခေါ်မှုထဲက အချိန်ဆိုတာကြီးက အင်အားအကြီးဆုံး မေးခွန်းတစ်ခုပါပဲ ။
အခု ကျွန်တော်တို့တွေ သိရှိထားတာမှာ ဒီကမ္ဘာကြီးက နေကို တစ်ပတ် ပတ်တာ ပြည့်တဲ့အခါ လူသားတွေရဲ့ အသက်က တစ်နှစ်ရှိပြီလို့ ဒီလို လက်ခံထားကြပါတယ် ။ ဒီအချက်ထဲကမှ မေးခွန်းထွက်ပေါ်လာတာက ဒီလို နေကို တစ်ပတ် ပြည့်အောင်ပတ်တိုင်း တစ်နှစ်အသက်ကြီးသွားမယ်ဆိုရင် ကျွန်တော်တို့ နေစကြာဝဠာကြီးအတွင်းမှာရှိနေတဲ့ နက်ပ်ကျူးဂြိုလ်ကြီးဟာ ကမ္ဘာဂြိုလ်ထက် အဆ ၃၀ ပိုမိုဝေးကွာတဲ့ နေရာမှာတည်ရှိနေပါတယ် ။ အဲ့ဒီ့ ဂြိုလ်က ကမ္ဘာမြေတစ်နှစ်တာ အချိန်နဲ့ တွက်ကြည့်မယ်ဆိုရင် နေကိုပတ်တဲ့ တစ်ပတ်ပြည့်ချိန်ဟာ နှစ်ပေါင်း ၁၆၅ နှစ် ကြာမြင့်မှာဖြစ်ပါတယ် ။ ဒါဆို အဲ့ နက်ပ်ကျူး ဂြိုလ်ပေါ်မှာ အကယ်၍ လူသားတစ်ဦး ရောက်ရှိနေမယ်ဆိုရင် သူ့ရဲ့ တစ်နှစ်တာ အချိန်မှာ ကမ္ဘာပေါ်က လူသားတစ်ဦးရဲ့ အသက်နှစ်ပေါင်း ၁၆၅ နှစ်နဲ့ ညီနေပါလိမ့်မယ် ။ ဒါဟာ ယခုအချိန်ထိ ဖြေရှင်း လက်ခံလို့မရသေးတဲ့ သိပ္ပံဆိုင်ရာ မေးခွန်းတစ်ခုပါပဲ ။
အိုင်စတိုင်းဟာ ဟောပြောပွဲတစ်ခုမှာ ဒီလို ဆိုခဲ့ပါတယ် ။ အချိန်ဆိုတာ တစ်သက်မတ်တည်းမရှိတာကို တိတိကျကျ ပြောကြားခဲ့တာဖြစ်တယ် ။ ဆရာကြီးက အချိန်ဆိုတာ အလျင်ပေါ်ကိုမူတည်ပြီး ပြောင်းလဲနေတယ်လို့ဆိုပါတယ် ။ ပြောရမယ်ဆိုရင် ကမ္ဘာပေါ်မှာ လူတစ်ဦးရှိနေပြီး အခြားလူတစ်ယောက်က အလျှင်နှုန်းတစ်ခုနဲ့ ပျံသန်းနေမယ်ဆိုပါစို့ ။ ယာဉ်ရဲ့ စဦးပိုင်းအလျှင်များဟာ တစ်စက္ကန့်ကို မိုင်ပေါင်း ၁၈၆၀၀၀ နှုန်းနဲ့ ပျံသန်းနေမယ်ဆိုရင် ယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့သူရဲ့နာရီဟာ ရပ်တန့်သွားမှာဖြစ်ပါတယ် ။ အချိန်ကြာမှု လုံးဝမရှိတော့ဘူးလို့ ဆိုလိုတာပါပဲ ။ ဒါကြောင့် အလင်းအလျှင်နှုန်းနဲ့ သွားနေတဲ့ သူရဲ့ နှစ်နဲ့ ကမ္ဘာပေါ်မှာ ရှိနေတဲ့သူရဲ့နှစ်များဟာ နှစ်ပေါင်းများစွာ ကွာခြားသွားလိမ့်မယ်လို့ ဒီလို ဆိုပါတယ်ခင်ဗျာ ။ ဒါဟာ ကျွန်တော်တို့သိထားတဲ့ အစဉ်လာအသိတစ်ခုကို ရိုက်ဖျက် ချိုးဖေါက်ခြင်း ခံလိုက်ရတာပါပဲ ။ ဘာကို ချိုးဖေါက်တာလဲဆိုရင် ကျွန်တော်တို့တွေရဲ့ မိဘတွေက မွေးဖွားတဲ့အခါ ညီအကို နှစ်ယောက်ရှိတယ်ဆိုပါစို့ ။ အဲ့မှာ ညီက ကမ္ဘာမြေပေါ်မှာ ကျန်ခဲ့ပြီး အစ်ကိုဖြစ်သူက အထက်ကပြောခဲ့သလို အလင်းအလျှင်နှုန်းနဲ့ ပျံသန်းသွားမယ်ဆိုရင် အစ်ကိုက ညီထက် အသက်ပိုငယ် သွားမှာဖြစ်ပြီး ညီဟာ အစ်ကိုဖြစ်သွားမှာဖြစ်ပါတယ် ။ ဒါတွေကို အတွေးအခေါ်တစ်ခုပါလို့ မိတ်ဆွေ ထင်ကောင်း ထင်ပါလိမ့်မယ် ။ သို့သော် ထူးခြားတဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့တာဟာ ဒီအချက်တွေကို အထောက်အပံ့ပေးနေတာပါပဲ ။ အဲ့အဖြစ်ကတော့ !
သပ္ပံပညာရှင်များ အဖြေမထုတ်နိုင်တဲ့ အချိန်လွှဲချော်မှုကြီးကို ၁၉၀၁ ခုနှစ်က ဖြစ်ပေါ်ခဲ့ပါတယ် ။ အဲ့ဒီ့ဖြစ်ရပ်မှာ ပါဝင်သူတွေက ပညာတက် အင်္ဂလိပ်လူမျိုးအမျိုးသမီးဖြစ်တဲ့ အင်နီမိုဘာလီနဲ့ အယ်လီနာဂျော်ဒိန်းတို့ ဖြစ်တယ် ။ သူတို့ဟာ ၁၉၀၁ ခုနှစ်မှာ နွေရာသီ အလည်အပတ်ခရီးထွက်ကြရာကနေ ၁၇၈၉ မှ ၁၇၉၉ အတွင်း ဖြစ်ပွားခဲ့တဲ့ ပြင်သစ်ကာလအချိန်အခါကြီးကို ရောက်ရှိသွားတာပါပဲ ။ ဆိုလိုတာက သူတို့နှစ်ဦးဟာ လက်ရှိအခြေအနေကနေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ခန့်ကို ရောက်ရှိသွားတာဖြစ်တယ် ။ အဲ့ဒီ့ကိစ္စဟာ ယုံကြည်ဖို့ အင်မတန်ခက်လှသော်လည်း သူတို့နှစ်ဦးစလုံးဟာ ပညာတက်လူတန်းစား လူကြီးလူကောင်းများ ဖြစ်နေကြတဲ့အတွက် ထင်ယောင်ထင်မှား ဖြစ်တဲ့အရာလို့တော့ မှတ်ယူဖို့ ခက်လှပါတယ် ။
အဖြစ်က -
သူတို့နှစ်ဦးဟာ ခရီးပေါင်း အမြောက်အများကို ထွက်ခွါခဲ့ဖူးသူတွေဖြစ်ပါတယ် ။ တစ်ခါတော့ သူတို့ တစ်ကြိမ်တစ်ခါမှ မရောက်ဖူးသေးတဲ့ ပြင်သစ်နိုင်ငံရှိ ဗာဆေးနန်းတော်ကို သွားရောက်လေ့လာခဲ့ကြပါတယ် ။ ၁၉၀၁ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့မှာဖြစ်တယ် ။ သူတို့နှစ်ဦးဟာ ဗာဆေးနန်းတော်ကြီးကို ဝင်ရောက်လေ့လာပြီးနောက် အခြားစိတ်ဝင်စားစရာ တစ်ခုဖြစ်တဲ့ ပက်တစ်ထရင်ယွန် ခေါ် ရဲတိုက်ကို ဝင်ရောက်လေ့လာရန် ဆုံးဖြတ်ခဲ့ပါတယ် ။ လမ်းမကြီးကနေ လမ်းသွယ်တစ်ခုကို ချိုးကွေးဝင်လိုက်ပြီးတဲ့နောက် သူတို့နှစ်ယောက်လုံး လမ်းပျောက်သွားတော့တယ် ။ နောက်ပိုင်း သူတို့ ရှင်းပြချက်အရ အဲ့ဒီ့ လမ်းသွယ်လေးထဲ ဝင်လိုက်တဲ့အခါမှာ တစ်ခုခုက ထိန်းချုပ်လိုက်သလို ခံစားရတယ်လို့ဆိုတယ် ။ နောက်ပိုင်း မြင်ရတဲ့ မြင်ကွင်းတွေက ပြောင်းလဲသွားခဲ့ပြီး အသက်ဝင်မှုမရှိပဲ ပန်ချီကားများသဖွယ် သစ်ပင်များ လှုပ်ရှားမှု မရှိ / မှောင်ရီဝိုးတဝါး အလင်းရောင်ထဲမှာ အရိပ့်လဲ ထွက်ပေါ်ခြင်း မရှိတဲ့ ဒေသတစ်ခုကို ရောက်ရှိသွားတယ်လို့ ဆိုတယ် ။
အမျိုးသမီးတစ်ယောက် တံတွင်းပေါက်ဘေးမှာ အဝတ်တစ်ခုကို ခါနေတာကို လည်းကောင်း / အလွန်ကို ဟောင်းနွမ်းကာ ခြောက်သွေ့လှသော လယ်တဲတစ်ခုနဲ့ အလွန်ဟောင်းနွမ်းနေတဲ့ ထွန်သွားတစ်ခုကို တွေ့ရှိခဲ့တယ် ။ အဲ့ဒီ့ကမှ လမ်းသွယ်အတိုင်း ဆက်သွားခဲ့ကာ အလွန်ခန့်ညားစွာ ဝတ်ဆင်ထားတဲ့ နန်းတော်ကြီးက ဥယာဉ်မှူးကိုလဲ နှစ်ဦးစလုံး မြင်ခဲ့ရပါတယ် ။ အားလုံးက အလွန်စမတ်ကျလှတဲ့ အစိမ်းရောင် ခက်မွဲမွဲ ဝတ်စုံကြီးများကို ဝတ်ဆင်ထားကြပြီး သူတို့အား သူတို့ သွားလိုတဲ့ ရဲတိုက်ဆီ လမ်းတစ်ဖြောင့်တည်း ဆက်သွားရန် ညွှန်ပြနေတယ်လို့ ဆိုပါတယ် ။ ဆက်လက်ပြီး သွားရောက်ကြရာမှာ တောအုပ်ငယ်တစ်ခုအတွင်း ရောက်ရှိသွားတယ်လို့ ဆိုတယ် ။ အဲ့ဒီ့ တောအုပ်ငယ်အတွင်းမှာလည်း ရှေးခေတ်အဝတ်အစားများ ဝတ်ဆင်ထားသူတွေကို နှစ်ဦးစလုံး တွေ့ရှိခဲ့ကြပါတယ် ။ တောအုပ်ရဲ့ အဆုံးမှာတော့ သုံးထောင့်ချွန်ဦးထုပ်ကို ဝတ်ဆင်ထားပြီး ဝတ်ရုံရှည်ကြီး ဝတ်ဆင်ထားတဲ့ ခက် ကြမ်းကြမ်း လူတစ်ယောက်ဟာ ထိုင်နေပြီး သူမတို့ကို ခပ်စိမ်းစိမ်းကြည့်နေတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ် ။ နောက်ပိုင်း တောအုပ်မှအလွန် တံတားငယ်တစ်ခုကို ဖြတ်ပြီးနောက် နွေရာသီဝတ်စုံ ဝတ်ဆင်ထားပြီး လှပသော ဆံပင်ခွေများနဲ့ လှပတဲ့ အမျိုးသမီးတစ်ယောက်ဟာ မြက်ခင်းများပေါ်မှာထိုင်ကာ သူတို့နှစ်ဦးကို ကြည့်နေကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ် ။ အဲ့ဒီ့နောက်မှ ဆက်သွားသော် အခြားသူများနဲ့ ပြန်လည်ဆုံတွေ့ရကြောင်း ပြောကြားပါတယ် ။ နောက်တော့ သူတို့တွေ့ရှိရတာဟာ သူတို့ကို ခပ်စိမ်းစိမ်းကြည့်နေတဲ့ သူဟာ ဗာဆေးနန်းတော်အတွင်း ချိတ်ဆွဲထားတဲ့ ပန်ချီကားအတွင်းက ပြင်သစ်ဘုရင်လူဝီ ၁၆ ရဲ့ တရားရေးဆိုင်ရာကျွမ်းကျင်သူ Joseph Hyacinthe Francois de Paule de Rigaud ဆိုသူဖြစ်ကြောင်းနဲ့ တံတားအလွန်က တွေ့တဲ့ မိန်ကလေးဟာလည်း နန်းတော်အတွင်းမှာပင် ချိတ်ဆွဲထားတဲ့ ပြင်သစ်ရာဇဝင်တွင် ထင်ရှားသော Marie Anto-inette ဆိုသူဖြစ်ကြောင်း နှစ်ဦးစလုံးက အခိုက်အမာပြောဆိုကြပါတယ် ။
ဒါဟာ ကျွန်တော်တို့ကို ဖေါ်ပြနေတာက အလွန်ကို ထူးဆန်းလှတဲ့ အချိန်ယန္တရားကြီးအပေါ်မှာ ကျွန်တော်တို့တွေက ခရီးသည်အဖြစ်နဲ့ လျှောက်လှမ်းနေရသော အချိန်ခရီးသည်များ ဖြစ်တယ်ဆိုတဲ့ အချက်ပင် ဖြစ်ပါတော့တယ်ခင်ဗျာ ။
#htoohtoolay

Comments
Post a Comment