Skip to main content

လိုချင်တာမရရင် အားလုံး ပိတ်ကုန်တယ်

❀ စိတ်မှာ အနှောက်အယှက်တစ်ခုက ဘာလဲဆိုလို့ရှိရင်
လိုချင်တာရရင် ကျေနပ်နေတယ်၊ လိုချင်တာမရဘူးဆိုရင် ဘာဖြစ်လဲ စိတ်က ဗလောင်ဆူလာတယ်။

❀ ကြည့်လေ၊ ကလေးလေးတွေ သူတို့လိုချင်တာကို အဖေအမေဆီက တောင်းလို့မရဘူးဆိုရင် ဘာဖြစ်လဲ၊ စာလည်းကျက်မှာ မဟုတ်ဘူးနော်။ မပေးဘူးဆိုရင် ဘာဖြစ်တုန်း စိတ်ကောက်တယ်လို့ ခေါ်တာပေါ့။ အဲဒီ စိတ်ကောက်နေတဲ့အချိန်ဆိုရင် စာကျက်လို့လည်း ဘာမှ ရမှာ မဟုတ်ဘူးပေါ့။

❀ လူကြီးတွေလည်း ဒီလိုပဲ၊ စိတ်ဆိုးနေပြီ စိတ်အလိုမကျ ဖြစ်နေပြီိဆိုလို့ရှိရင် စဉ်းစားဉာဏ်တွေဟာ ပျောက်ကွယ်သွားမှာ။ အဲဒါဟာ ဘာနဲ့ ဥပမာတူတုန်းဆိုရင် ရေတွေဆူပွက်နေတာနဲ့ တူတယ်တဲ့။ ကိုယ့်ရဲ့ စိတ်အခြေအနေဟာ ဒေါသမီးနဲ့ ဆူပွက်ပြီးတော့နေပြီဆိုလို့ရှိရင် မှတ်ဉာဏ်တွေဟာ ပျောက်ကွယ်သွားမှာပဲပေါ့။ ဒါကြောင့်မို့လို့ သူ့ကို ဆူပွက်တဲ့ အနေအထားကြီး `ဗျာပါဒ´ဆိုတဲ့ `မုန်းတီးမှု၊ အလိုမကျမှု ´ ဆိုတာတွေကို လျှော့ချပေးဖို့လိုအပ်တယ်။

❀ ဘာနဲ့လျှော့ချရမလဲဆိုလို့ရှိရင် ကြည့်၊ လူတစ်ယောက်အပေါ်မှာ မုန်းနေပြီ၊ မုန်းတီးတဲ့စိတ်၊ အလိုမကျတာတွေ ဖြစ်နေပြီ ဆိုလို့ရှိရင်​ `ကောင်းကွက်ကိုရှာ၊ မေတ္တာကိုပွား´ တဲ့။ လူတိုင်းလူတိုင်းဟာ အဆိုးချည်းပဲ ဘယ်တော့မှ မရှိဘူး။ အကောင်းလည်းရှိတယ်။ မကောင်းတာတွေကို မေ့ထား၊ ကောင်းတာလေးတင် ကွက်ပြီးတော့ကြည်။အဲဒီလို ကြည့်လိုက်တာနဲ့ တစ်ပြိုင်နက် ခုနတုန်းက ဆူပွက်နေတဲ့ရေဟာ မီးကိုလျှော့ချလိုက်တဲ့အခါမှာ ပွက်နေရာကနေ တဖြည်းဖြည်း ငြိမ်ကျသွားသလိုပဲ၊ မီးကို လျှော့လိုက်သလိုပဲ ကိုယ့်ရင်ထဲက အလိုမကျမှုကို ကောင်းတဲ့အာရုံလေးနဲ့ ပြောင်းယူလိုက်တာနဲ့တစ်ပြိုင်နက် ခုနက ဆူပွက်နေတဲ့စိတ်ဟာ တဖြည်းဖြည်းငြိမ်ကျသွားတယ်။

❀ အခု ကောင်းတာကို ရှာမတွေ့တော့ဘူးလို့ဆိုတဲ့ အဆိုးချည်းလို့ စိတ်ထဲမှာ သတ်မှတ်လို့ရှိရင်လည်း ဘာလုပ်ရမလဲ? သနားတဲ့စိတ် ထားရမယ်။ ဒါပဲပေါ့။

❀ အဲဒီလို စိတ်ကို ဆူပွက်စေတတ်တဲ့ ဒေါသဆိုတဲ့ အလိုမကျမှုကို ဘာနဲ့ဖြေရှင်းရမတုန်း ဆိုလို့ရှိရင်​ ကိုယ့်စိတ်ထဲမှာ ငြိမ်ဝပ်သွားစေနိုင်တဲ့ သူ့ရဲ့အကျိုးစီးပွားကို လိုလားမှုစတဲ့ မေတ္တာကရုဏာတရားတွေနဲ့ပဲ ဖြေရှင်းရမယ်တဲ့။

ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်

❀ မြတ်ဗုဒ္ဓ၏တရားတော်များကို လူတိုင်းရင်ထဲတွင် ကိန်းဝပ်စေချင်သော ဆရာတော်၏ဆန္ဒမွန်ကို ပါရမ်ီဖြည့်ဆည်းခြင်း၊
တရားအသိဉာဏ်​ပေးလှူခြင်း
 သက်သက်ဖြစ်ပါ၍
တရားဓမ္မကို လိုလားသော,
တရားဓမ္မကို ဖြန့်ဝေလိုသော
မည်သူမဆို
လွတ်လပ်စွာ ဓမ္မဒါနပြုနိုင်ပါသည်။

❀ ဤဓမ္မဒါနကုသိုလ်သည် ပညာပါရမီ၏ အားကြီးသောအထောက်အပံ့ဖြစ်ပါစေသား အရှင်မြတ်ဘုရား။

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...