Skip to main content

စဖင့်

စဖင့်
----
ပိရမစ်နဲ့တွဲပြီး ခွဲမရအောင် ပူးတွဲနေတဲ့ အရာဟာ စဖင့် ရုပ်ထုများ ဖြစ်ပါတယ် ။ စဖင့်ဆိုတာက လူမျက်နှာကြီးဖြစ်တယ် ။ စဖင့်က ကျောက်တုံးကြီးတစ်တုံးကို ထွင်းထုထားတာဖြစ်ပြီး ပိရမစ်များနဲ့ များသောအားဖြစ် ယှဉ်တွဲလျက် ရှိနေကြပါတယ် ။ စဖင့်နဲ့ ပတ်သတ်တဲ့ အထောက်အထားများဟာ အင်မတန်မှ ရှားပါးလှပါတယ် ။ ၁၈ ကြိမ်မြောက် မင်းဆက်ဖြစ်တဲ့ နောက်ပိုင်းခေတ် ကြမှသာ စဖင့်အကြောင်း မှတ်တမ်းများကို တွေ့ရှိရတာ ဖြစ်ပါတယ် ။

အကြီးဆုံး စဖင့်ကြီးက သဲထဲမှာ နစ်မြှပ်နေရာကနေ ပြန်လည် တူးဖေါ်ထားတာ ဖြစ်တယ် ။ စဖင့်များဟာ ပရမစ်များ ဘုရားကျောင်းများအနီးမှာ အစောင့်အရှောက်သဘောနဲ့ တည်ထားကြတာဖြစ်ပြီး ဂီဇာအရပ်မှာရှိတဲ့ စဖင့်ကြီးကတော့ အကြီးဆုံးဖြစ်ကာ လေးထပ်တိုက် တစ်လုံးခန့် မြင့်မားကြောင်း ဆိုပါတယ် ။ စဖင့်ရုပ်ထုများအားလုံးဟာ နေထွက်ရာ အရပ်ကို မျက်နှာမူကြတာဖြစ်တယ် ။

စဖင့် ရုပ်ထုကြီးဟာ မူလ ထွင်းထုစဉ်က အချိုးအစား ပြေပြစ်လှပပြီး ကျက်သရေရှိတဲ့ မျက်နှာများ ရှိကြောင်း ဆိုပါတယ် ။ အခုချိန်မှာတော့ ရာသီဥတုဒဏ်နဲ့ လက်ဆော့သူများရဲ့ လက်ချက်ကြောင့် နှာခေါင်း ပါးစပ်များဟာ ပျက်ဆီးသွားခဲ့ရပါပြီ ။ စဖင့်ရဲ့ မျက်နှာ ဟာ အထူးသဖြင့် ဂီဇာအရပ်မှာရှိတဲ့ မဟာစဖင့်ကြီးမျက်နှာဟာ အလွန်တည်ကြည်လေးနက်ပြီး အရှေ့အရပ်ကနေ ထွက်ပေါ်လာမဲ့ နေဘုရားကို ပူဇော်ဟန် ရှိနေတာဖြစ်တယ် ။

ရှေးဟောင်း အီဂျစ်တို့ဟာ " ရား " ခေါ် နေဘုရားကို ကိုးကွယ်ကြရာ စဖင့် ရုပ်ထုများဟာလည်း နေဘုရားကို ပူဇော်ဖို့ အရှေ့အရပ်ကို မျက်နှာမူထားခြင်းဟာ အသင် ယုတ္တိရှိတယ်လို့ စာရေးဆရာကြီး ပေါလ်ဘရင်တန် က မှတ်ချက်ချဖူးပါတယ် ။

အရှေ့နိုင်ငံကနေ ဆင်းသက်လာတဲ့ အာရတ် ဟာ ကော့ကေးရှတောင်တန်းကနေတဆင့် အီဂျစ်ပြည်ကို ဘီစီ ၁၀၀၀၀ ခန့် က ဝင်ရောက်လာပြီး ဂီဇာအရပ်ကို ဗဟိုပြုကာ ထီးနန်း စိုက်ထူခဲ့ပါတယ် ။ အဲ့ဒါက အာရယန်အနွယ်ဝင်များ ဝင်လာခြင်း ဖြစ်ဟန်တူပါတယ် ။ အာရတ်နဲ့အတူ အာရိယန် သာသနာပြု ဘုန်းကြီးများ ပါလာကာ ဘာသာရေးကို တည်ထောင်ခဲ့တာဖြစ်တယ် ။

အဲ့ ဒီ့ဘာသာရဲ့ အနှစ်သာရက အရာရာကို ဖန်ဆင်းနိုင်တဲ့ အန္တိမဆိုတဲ့ ဓါတ်ဘုရားကြီး ရှိပါတယ် ။ အဲ့ဒီ့ဘုရားက ဖန်တီးပေးအပ်တဲ့ အသက်ဓါတ်ဟာ လူသားများဖြစ်လာပြီး ရုပ်ခန္ဓာသေဆုံးသော်လည်း အသက်ဓါတ် ကျန်နေအုန်းမယ်လို့ ယုံကြည်ကြတာဖြစ်တယ် ။

ဘုရင်အာရတ် လက်ထက်မှာ ပိရမစ်များ စဖင့်ရုပ်ထုများ တည်ဆောက်တာဖြစ်ကာ စဖင့် ရုပ်ထုရဲ့မျက်နှာဟာ ဘုရင် အာရတ်ရဲ့ အကြံပေးပညာရှိပုဂ္ဂိုလ်မျက်နှာနဲ့ တူကြောင်း အဂ္ဂါကေစီက ဆိုပါတယ် ။ စဖင့်အကြောင်း ရေးသားထားတဲ့ ခေတ်ပြိုင်မှတ်တမ်းများကိုလည်း ရှာဖွေတွေ့ရှိခြင်း မရှိသေးပါဘူး ။ ဒါကြောင့် ဂန္ဓာရီပညာရှင်များဖြစ်တဲ့ ပေါလ်ဘရင်တန် အဂ္ဂါကေစီ တို့ရဲ့ အမြင်ကိုသာလျှင် ဖေါ်ပြနိုင်သေးတာဖြစ်တယ် ။

 ဘယ်လိုပင်ဖြစ်စေ စဖင့် ရုပ်ထုများဟာ ပိရမစ်ဘုရားကျောင်းများကိုသာမက ဂန္ဓာရီပညာတိုက်ကြီးကို စောင့်ရှောက်လျက် ခွန်အားနဲ့ စွမ်းအင်သတ္တိထူးများကို ကိုယ်စားပြုနေတာဖြစ်ကြောင်း သုတေသီတို့က ဆိုကြပါတယ်ခင်ဗျာ ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...