Skip to main content

အနော်ရထာမတိုင်ခင်က သာသနာပြုမင်းများ !

အနော်ရထာ မတိုင်ခင်က သာသနာပြုမင်းများ !
------
မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ရာဇဂြိုလ်ပြည်၌ အဇာတသတ်မင်းသည် ၂၄ နှစ် - ၄င်းသား ဥဒ္ဒယဘဒ္ဒမင်းသည် ၁၆ နှစ် - ၄င်းသား အနုရုဒ္ဓါမင်းနှင့် ၄င်းသား မုဏ္ဍမင်း ၄ နှစ်စီ - ၄င်းသား နာဂဒါမင်း ၂၄ နှစ် - ၄င်းနောက် လိစ္ဆဝီမင်းရိုးဖြစ်သော သုသုနာဂမင်း ၁၈ နှစ် - ၄င်းသား ကာလာသောကမင်း ၂၈ နှစ် - ထို့နောက် ညီနောင် တစ်ကျိပ်တို့ ၂၂ နှစ် - ထို့နောက် နန္ဒာ ၉ ယောက်တို့ ၂၂ နှစ် - ထို့နောက် စန္နဂုတ္တမင်း ၂၄ နှစ် - ၄င်းသား ဗိန္ဓုသာရမင်း ၂၈ နှစ် - ၄င်းသား သီရီဓမ္မာသောကမင်း အဘိသိတ်မခံမီ ၄ နှစ်  အဘိတ်သိက်ခံပြီးနောက် ၁၈ နှစ် - ဤ ၂၃၆ နှစ်ကား မဇ္ဈိမဒေသ၌ လာသော သာသနာစောင့် မင်းတို့တည်း ။

မြန်မာတို့ တိုင်း၌ကား - မြတ်စွာဘုရား ပိရိနိဗ္ဗာန်စံယူတော်မူပြီးနောက် သာသနာသက္ကရာဇ် အနှစ် ၆၀ ရှိသောအခါ တကောင်းမင်းကြီး၏ သားတော် မဟာသမ္ဘဝမင်းသည် သရေခေတ္တရာပြည် တည်ရာအရပ်နှင့် အနီးဖြစ်သော သကျအင်းတွင် ပျူအပေါင်းကို အုပ်စိုး၍ ၆ နှစ် မင်းပြုသည် ။ ၄င်းနောက် စူဠသမ္ဘ ၃၅ နှစ် - မင်းပြုသည် ။

သာသနာသက္ကရာဇ် ၁၀၁ ခုသို့ ရောက်သောအခါ မင်းနှစ်ပါး၏ သားဖြစ်သော ဒွတ္တပေါင်မင်းသည် တန်ခူးလဆန်း ၁၀ ရက် တနင်္ဂနွေနေ့တွင် သရေခေတ္တရာမြို့ကိုတည်၍ မင်းပြုသည် ။ နှစ်ပေါင်း ၇၀ ။ ၄င်းသား ဒွတ္တရန်မင်း ၂၂ နှစ် - ၄င်းသား ရန်ဘောင်မင်း အနှစ် ၅၀ - ၄င်းသား ရန်မန်မင်း အနှစ် ၅၀ ။ ၄င်းသား ရက္ခန်မင်း ၃၁ နှစ် - ၄င်းသား ခန်လောင်မင်း ၃၈ နှစ် - ၄င်းညီ လက္ခိုင်မင်း ၃၄ နှစ် - ၄င်းနောက် သီရီခန်မင်း ၂၈ နှစ် ၄င်းသား သီရိရာဇ်မင်း ၆ နှစ် မင်းပြု၏ ။ ထို သီရိရာဇ်မင်းလက်ထက် သက္ကရာဇ် ၄၃၃ ခု ရောက်ပြီဖြစ်၍ သက္ကရာဇ်ကို ဖြိုသည် ။ မပြိုလေ ။ ဤ ၉ ဆက်ကား တစ်ရိုး တစ်မျိုးတည်း ။

သာသနာ သက္ကရာဇ် ၄၃၃ တွင် သီရိရာဇ်မင်း၏ သမက် ငတပါး မင်းပြု၏ ။ စည်းစိမ် ၅၁ နှစ် - ထို့နောက် သားတော် ပါပိရန်မင်း ၆၆ နှစ် - ၄င်းသား ရန်မုက္ခမင်း ၁၅ နှစ် - ၄င်းသား ရန်သိင်္ခမင်း ၃ နှစ် - ၄င်းသား ရန်မုဉ္ဇလိန္ဒမင်း ၁၅ နှစ် - ၄င်းညီ ဘေရိန္ဒမင်း ၁၀ နှစ် - ၄င်းသား မုဉ္ဇလမင်း ၅ နှစ် - ၄င်းညီ ပုဏ္ဍမင်း ၃ နှစ် - ၄င်းနောက် သာခမင်း ၃ နှစ် - ၄င်းနောက် သာသိမင်း ၃ နှစ် - ၄င်းနောက် ကန္နုမင်း ၁ နှစ် - ၄င်းနောက် ကံတက်မင်း ၃ နှစ် - ၄င်းနောက် ဘိဇ္ဇမင်း ၄ နှစ် - ၄င်းနောက် သုမုန္ဒြီမင်း ၇ နှစ် -

ဤသို့ သုနုန္ဒြီမင်းလက်ထက် သက္ကရာဇ် ၆၂၄ ခု ရောက်ပြီဖြစ်၍ အစွန်း ၂ ခု ကို ထားလျက် ၆၂၂ ခုသော သက္ကရာဇ်ကို ဒေါဒေါရသ ကိန်းပြု၍ ဖြိုသည် ။ ဖြိုကြွင်းသက္ကရာဇ် ၂ ခုတွင် အတိတျာ မင်းဖြစ်၏ ။ စည်းစိမ် ၃ နှစ် - ၄င်းနောက် ညီတော် သုပညာနဂရဆိန္နမင်း ၁၁ နှစ် - ဤ အလုံးစုံကို တွတ်စစ်၍ သာသနာတော်နှစ် ၆၃၈ တွင် သရေခေတ္တရာပြည်ပျက်စီးသည် ။ ဤမြို့၌ မင်းဆက် သတ္တာဗီသ ။ သာသနာတော် ၆၃၈ ရှိသည် ။

သရေခေတ္တရာမြို့ ပျက်သည်တွင် ပျူ - ကမ်းယံ - မြန်မာ ၃ စုကွဲ၍ တစ်စုကို ကျပင်းသူကြီးက ယူလေသည် ။ တစ်စုကို သက်တို့က ယူလေသည် ။ တစ်စုကိုကား သုပညာနဂရဆိန္နမင်း၏ တူတော် သမုဒ္ဒရာဇ်မင်း ယူ၍ တောင်ညိုတွင် ၃ နှစ် - ပန်းတောင်းမြို့တွင် ၆ နှစ် - မင်းတုန်းမြို့တွင် ၃ နှစ် - နေပြီးမှ ဖြိုကြွင်း သက္ကရာဇ် ၂၉ ခု ရောက်သောအခါ ညောင်ဦးနဂါးဘိုစသော ၁၉ ရွာကို ခြုံပြီးလျှင် ယုန်လွှတ်ကျွန်း၌ အရိမဒ္ဒေနာပေါက္ကာရာမဟု သမိုက်၍ ၄၅ နှစ် မင်းပြု၏ ။ ၄င်းနောက် ရသေ့ကြောင်မင်း ၁၅ နှစ် - ၄င်းနောက် ပျူမင်းထီး ၇၅ နှစ် - ထီးမင်းယဉ် ၅၇ နှစ် - ယဉ်မင်းပိုက် ၂၅ နှစ် - ပိုက်သေလဉ်မင်း ၂၀ - ဤ အရိမဒ္ဒနာမြို့၌ မင်း ၆ ဆက် - နှစ်ပေါင်း ၂၃၇ နှစ် ။

သာသနာတော် ၈၈၈ နှစ် သက္ကရာဇ် ၂၆၆ ခုနှစ်တွင် သေဉ်လည်ကြောင်မင်းဖြစ်၏ ။ ထိုအခါတည်ရင်း ၁၉ ရွာကိုဖျက်၍ လောကနန္ဒာအရပ်၌ သိရိပစ္စယာမည်သောမြို့ကို တည်ထောင်၍ နေသည် ။ မင်းစည်းစိမ် ၄၄ နှစ် - ထို့နောက် ကြောင်ဒူရစ်မင်း ၂၅ နှစ် - သည်ထန်မင်း ၂၆ နှစ် - မုက္ခမာန်မင်း ၃ လ (လ) - သူရဲမင်း ၅၅ နှစ် - သာရမွန်မင်း ၁၇ နှစ် - သိရိပစ္စယာမြို့တွင် မင်း ၆ ဆက် မြို့သက် ၁၆၇ နှစ် ။

သာသနာတော် ၁၀၅၅ နှစ်- သက္ကရာဇ် ၄၃၃ ခုတွင် သိုက်တိုင် မင်းပြု၏ ။ ဤမင်းသည် သီရိပစ္စယာမြို့မှ ပြောင်း၍ သမထီးအရပ်၌ တမ္ပဝတီမြို့ကို တည်ထောင်၍ နေ၏ ။ စည်းစိမ် ၇ နှစ် - ထို့နောက် သေဉ်လ်ာကြောင်မင်း ၁၅ နှစ် - သေဉ်လည်ပိုက်မင်း ၁၅ နှစ် - ခဲလောင်းမင်စ ၁၀ နှစ် - ခဲလတ်မင်း ၁၂ နှစ် - ထွန်တိုက်မင်း ၁၃ နှစ် - ထွန်ပစ်မင်း ၁၆ နှစ် - ထွန်ခြစ်မင်း ၁၅ နှစ် - ထို့နောက် ပုပ္ပါးစောရဟန်းမင်း ၂၅ နှစ် - တမ္ပဝတီမြို့၌ မင်း ၉ ဆက် - မြို့သက် ၁၂၉ နှစ်တည်း ။

ထိုကာလ သာသနာတော် ၁၁၈၄ ခု ။ ဖြိုကြွင်းသက္ကရာဇ်  ၅၆၂ နှစ်ရှိသည်ဖြစ်၍ အထက်ကိန်းမရောက်ပဲ ဖြိုခဲ့သော ၁၄၈ သက္ကရာဇ် တစ်ရပ် ။ ၆၂၂ သက္ကရာဇ် တစ်ရပ် ။ ၅၆၀ သက္ကရာဇ် တစ်ရပ် ။ ဤ သုံးရပ်ကို စပ်၍ စီမံသော် အလမ္ဗိကကိန်းကျ၍ အစွန်း၂ ခု ထားလျက် ၅၆၀ သော သက္ကရာဇ်ကို ခဆပဉ္စကိန်းပြု၍ ဖြိုသည် ။

၎င်းနောက် သာသနာတော် ၁၁၈၂ ခု - ဖြိုကြွင်းသက္ကရာဇ် ၂ ခုတွင် ထိုမင်းသမက် ရွှေအုန်းသီး မင်းဖြစ်၏ ။ နန်းစံ ၁၁ နှစ် - ၄င်းနောက် ပိဿုံမင်း ၈ နှစ် - ပိတ်တောင်မင်း အနှစ် ၅၀ - မင်းခွေး ၆ နှစ် - မြင်းကျွေးမင်စ ၁၀ နှစ် - သိင်္ခမင်း ၈ နှစ် - သိန်းခွန်မင်း ၁၀ နှစ် - ရွှေလောင်းမင်း ၉ နှစ် - စောခင်နစ်မင်း ၂၇ နှစ် - ခဲလူးမင်း ၁၂ နှစ် ။

သာသနာတော် ၁၃၈၄ ။ ဖြိုကြွင်း သက္ကရာဇ် ၂၀၂ ခုတွင် ပျဉ်ပြား မင်းဖြစ်၏ ။ ထိုမင်းသည် တမ္ပဝတီမြို့၌ ၃ နှစ်မျှ နေခဲ့၍ သက္ကရာဇ် ၂၀၅ ခုတွင် ယခု ပုဂံမြို့ကိုတည်၍ မင်းပြု၏ ။ နန်းစံ ၉ နှစ် ။ ထို့နောက် တန္နက်မင်း ၁၈ နှစ် - စလေ ငခွေး ၂၅ နှစ် - သိန်းခိုမင်း ၁၉ နှစ် - တောင်သူကြီး ၃၃ နှစ် - ထို့နောက် ကြောင်ဖြူမင်း ၂၁ နှစ် - ကြည်စိုးမင်း ၆ နှစ် - စုက္ကတေးမင်း ၂၅ နှစ် - ထို့နောက်မှ အနော်ရထာမင်း ၃၃ နှစ်ဖြစ်၏ ။

ဤအနော်ရထာမင်းသည် သာသနာတော်နှစ် ၁၀၆၁ နှစ် - သက္ကရာဇ် ၄၁၉ ခုတွင် ရာမညတိုင်း မွန်သုံးရပ်ကို အောင်မြင်၍ ပိဋကတ်သုံးပုံနှင့် တကွ ရဟန်းသံဃာတို့ကို ဆောင်ယူ၍ အရိမဒ္ဒနာမည်သော ပုဂံပြည်ကြီး၌ သာသနာတော်မြတ်ကို တည်စေသည် ။

#htoohtoolay


Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...