မြောက်ကျွန်းသူနှင့် မြင့်မိုရ်တောင် ရှာပုံတော်
-----
အမှန်တော့ ကျွန်တော် ထင်တာမှာ ဘီစီ 500 လောက်တုန်းကတည်းက မြတ်စွာဘုရားဟာ ဂြိုလ်သားတွေအကြောင်းကို ဟောကြားထားခဲ့ပြီးတာဖြစ်မယ် ။ ဘာလို့လဲဆိုတော့ မြောက်ကျွန်းဆိုတဲ့ အသုံးကို တွေ့ရလေတော့ ဒီကမ္ဘာပေါ်က မြောက်အရပ်မှာရှိတဲ့ ပြည်သူပြည်သားတွေလို့ ယူဆဖွယ်ရှိပေမယ့်လဲ မြောက်ကျွန်းသူတွေရဲ့ သက်တမ်းဟာ နှစ် ၁၀၀၀ ရှည်တယ်လို့ ဆိုလေတော့ ဒီကမ္ဘာပေါ်က မြောက်အရပ်ကို ရည်ညွှန်းတာတော့ လုံးဝ မဟုတ်တော့ပါ ။ ဒါဆို ဘယ်အရပ်ကို ရည်ညွှန်းတာလဲ? ။ အဖြေကရှင်းပါတယ် ။ တစ်ခြားသော နေစကြာဝဠာထဲက မြောက်အရပ်မှာ တည်ရှိတဲ့ ဂြိုလ်ကမ္ဘာတစ်လုံးအပေါ်မှာပါပဲ ။ အဲ့အပေါ်မှာ နေထိုင်ကြတဲ့ ဂြိုလ်သားတွေကို မြောက်ကျွန်းသူအဖြစ် ရည်ညွှန်းပုံရပါတယ် ။
နောက်ပြီး သူတို့ဟာ သီလ လုံကြတယ် ။ ရာသီဥတုကောင်းမွန်တယ် ။ သယံဇာတ ပေါများတယ် ။ အဲ့အချက်ကိုကြည့်ရရင် အဲ့ ဂြိုလ်ကြီးဟာ အင်မတန် ကောင်းမွန်တဲ့ နေစကြာဝဠာအတွင်းက ကမ္ဘာကြီးဖြစ်သလို ဒီကမ္ဘာလို ပညတ်တွေအပေါ်လိုက်ပြီး ( ဥပမာ - စိန် ရွှေ ရတနာ ) တွေကို တန်ဖိုးထားရမယ်လို့ မယူဆတဲ့ သူတွေ ဖြစ်နိုင်ပါတယ် ။ တစ်နည်းပြောရရင် ရတနာ သတ္ထု တွေ ပေါများကြွယ်ဝနေတဲ့ နေရာလဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။
နောက်တစ်ချက်က မြောက်ကျွန်းသူတွေဟာ ငယ်ရွယ်တဲ့ သူတွေချည်း ပုံစံအနေအထားမှာ တွေ့မြင်ကြရတယ်ဆိုတော့ အဲ့အနေအထားကို သုံးသပ်ရရင် အဲ့ဂြိုလ်ကြီးဟာ ထိုဂြိုလ်တည်ရှိတဲ့ စကြာဝဠာထဲက နေကြီးကို အလွန်ဝေးကွာတဲ့အရပ်ကနေ နေပတ်လမ်းကြောင်းအတိုင်း လှည့်ပတ်ရင်ပတ် - အဲ့လိုမှမဟုတ်ရင် အဲ့ဂြိုလ်ကြီးက အလွန်ကို ကြီးမားနေလို့ပဲလို့ ဆိုရမှာပါပဲ ။ အဲ့ဒါမှလဲ သက်တမ်းဟာ ရှည်နိုင်မှာဖြစ်တယ် ။
မြောက်ကျွန်းသူတွေဟာ နှစ် ၁၀၀၀ သက်တမ်းရှိတယ်ဆိုတာ ဒီက လူသားတွေကို နားလည်လွယ်အောင် ဒီကမ္ဘာပေါ်က သက်တမ်းနဲ့ ပျှမ်းမျှ ဖေါ်ဆောင်လိုက်တာ ဖြစ်မယ် ။ ဒီကမ္ဘာက နေကို တစ်ပတ်ပြည့်အောင်ပတ်ပြီးတဲ့အချိန် - အဲ့မြောက်ကျွန်းဆိုတဲ့ ဂြိုလ်ကြီးဟာ သူ့ရဲ့ နေကြီးကို တစ်ပတ်ပတ်ဖို့ အတော်ဝေးကွာတဲ့ ပတ်လမ်းကနေ လည်နေတာ ဖြစ်ပါမယ် ။
နောက်တစ်ချက်က သူတို့ရဲ့ ပုံသဏ္ဍာန်က ဘယ်လိုဖြစ်နိုင်မလဲဆိုရင် ဇောတိက သူဌေးအတွက် ဇနီးမယားအဖြစ်တောင် နတ်တွေက ခေါ်ယူပေးထားတယ်ဆိုတော့ ကျွန်တော်တို့ လူသားတွေရဲ့ ခန္ဓာနဲ့ မခြားဘူးလို့ ဆိုရမှာဖြစ်ပါတယ် ။
နောက်ပြီး သူတို့ကလဲ အောက်စီဂျင်ကို အဓိက မှီခိုပုံရတယ် ။ ဒါမှလဲ ဒီကမ္ဘာကိုခေါ်ဆောင်ခံရတဲ့ မြောက်ကျွန်းသူဟာ အသက်ရှင်နိုင်မှာဖြစ်တယ်ပေါ့ ။ တစ်နည်း - ခန္ဓာအချိုးအစားတွေကလဲ စွမ်းအင်အရင်းအမြစ်ကို မှီပြီးဖြစ်ရတာဆိုတော့ ဒီလို ကျွန်တော်တို့လို ခန္ဓာဖြစ်နေအောင်က ကျွန်တော်တို့ကမ္ဘာလို စွမ်းအင်အရင်းအမြစ်တွေ မြောက်ကျွန်းဂြိုလ်ကြီးမှာလဲ ရှိနေဖို့ လိုတာဖြစ်တယ် ။ ဒါကြောင့် ကျွန်တော်တို့ ဂြိုလ်ကြီးလိုပဲ မြောက်ကျွန်းဆိုတဲ့ဂြိုလ်ကြီးဟာ ဖြစ်တည်နေမှာဖြစ်တယ် ။
ဆိုတော့ကာ ထက်ပြီး ကြည့်ရရင် ယဉ်ကျေးမှုအရလဲ ထွန်းကားပြီးသားဖြစ်ပါလိမ့်မယ် ။ ဘာလို့လဲဆိုတော့ မြတ်စွာဘုရား ဆွမ်းခံကြွသွားတဲ့အခါ ဆွမ်းရပါတယ် ။ အရှင်မဟာမောက္ကလာမ်လဲ အဲ့ဂြိုလ်ပေါ်ကို ရောက်ဖူးခဲ့တယ် ။ သူတို့က မြတ်စွာဘုရားမှန်းမသိကြပေမယ့် လူကြီးလူကောင်းကို လူကြီးလူကောင်းနေရာ ထားတက်နေပြီ - ရိုသေတက်နေပြီ ဆိုတာ ထင်ရှားပါတယ် ။
မြောက်ကျွန်းသူတွေဟာ နတ်သား နတ်သမီးတွေလားလို့ မေးရင် - မဟုတ်ပါလို့ပဲပြောရမှာဖြစ်တယ် ။ ဘာလို့လဲဆိုတော့ အရှေ့ကျွန်း - အနောက်ကျွန်း တောင်ကျွန်း( ကျွန်တော်တို့ကမ္ဘာ ) - မြောက်ကျွန်းဆိုပြီး ရှိလေတော့ သူတို့ဟာ သတ္တဝါတွေထဲက သတ္တဝါပဲ ဖြစ်ကြပါတယ် ။ နတ်မဟုတ်တဲ့ ကျွန်တော်တို့လို ဂြိုလ်သားတွေပဲဖြစ်ပါလိမ့်မယ် ။
အဲ့လို မြောက်ကျွန်းဂြိုလ်သားတွေလို အရှေ့ဘက်ကော - အနောက်ဘက်ကော မှာပါ အဲ့လို နေစကြာဝဠာတွေ ရှိနေမှာဖြစ်တယ် ။ ဒါကြောင့် မြင့်မိုရ်တောင်ကို ဗဟိုတည်ပြီး ဖေါ်ပြတာမှာ အရှေ့ကျွန်း အနောက်ကျွန်းတွေဆိုပြီး အမည်တပ်တာဖြစ်တယ် ။
နောက်ပြီးတော့ တစ်စပ်တည်း မြင့်မိုရ်တောင်ကိုပါ ဆင်ခြင်ကြည့်ရရင် မြင့်မိုရ်တောင်ဆိုတာ ဒီကမ္ဘာပေါ်မှာမဟုတ်ပဲ စကြာဝဠာကြီးအတွင်းထဲမှာ တည်ရှိနေတာ ဖြစ်ပါလိမ့်မယ် ။ နောက်ပြီးတော့ သုတ္တနိပတ်ပါဠိတော်လာ နာလကသုတ်အဖွင့်ကို ကြည့်မယ်ဆိုရင် လူ့ပြည်ဟာ မြင့်မိုရ်တောင်ရဲ့ တောင်ခါးပန်းမှာ ရှိတယ်လို့ဆိုပါတယ်။ တာဝတိံသာနတ်ပြည်က မြင့်မိုရ်တောင်ရဲ့ ထိပ့်မှာလို့ ဆိုတယ် ။ အဲ့ဒါကို လူ့ပြည်က မြင့်မိုရ်တောင်ပေါ်မှာဖြစ်နေတာလို့ မယူဆပဲ စကြာဝဠာထဲမှာ ရှိတဲ့ အနေအထားနဲ့ လှမ်းပြီး ခိုင်းနှိုင်းလိုက်တာဖြစ်မယ်လို့ ယူလိုက်မယ်ဆိုရင် မြင့်မိုရ်တောင်ဟာ အင်မတန်မှ ကျယ်ပြောလှတဲ့ စကြာဝဠာအထဲမှာ တည်ရှိနေမှာဖြစ်တယ် ။
နောက်တစ်နည်းနဲ့ကြည့်မယ်ဆိုရင် -
( မြင့်မိုရ်တောင်ကို သီတာ ၇-တန်နှင့် တောင်စဉ် ၇-ထပ်တို့ ရံပတ်တည်ရှိကြသည်။ ထိုတောင်များ၏ ပြင်ဘက်၌ သမုဒ္ဒရာရေပြင်ကြီးသည် စကြာဝဠာတံတိုင်းအထိ တည်ရှိလေသည်။ ထိုရေပြင်၏ အလယ်၌ ကျွန်းကြီးကျွန်းငယ် အသွယ်သွယ် ပေါ်ထွန်းလျက်ရှိရကား မြင့်မိုရ်တောင်အရှေ့ဘက်၌ အရှေ့ကျွန်း၊ ထို့အတူ တောင်၊ နောက်၊ မြောက်ဘက်၌ ပေါ်ထွန်းသော ကျွန်းများကို တောင်ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်းဟု ခေါ်ဝေါ်ကြသည် ) လို့ ဒီလို ဖွင့်ဆိုထားတယ် ။
အဲ့တော့ ကျွန်းတွေ - တောင်စဉ်တွေဆိုတာ ဂြိုလ်တွေပဲလို့ ( အထက်က ဖေါ်ပြခဲ့သလို ) ယူဆရင် တောင်စဉ် ၇ ထပ်ဆိုတဲ့ဂြိုလ်ကြီး ခုနှစ်လုံး ဝိုင်းရံပြီး ဖြစ်တည်နေတဲ့ မြင့်မိုရ်တောင်ဆိုတာ အင်မတန်မှ ကြီးမားလှတဲ့ စကြာဝဠာ ဗဟိုကြီး ဖြစ်နေပါလိမ့်မယ် ။
အဲ့ဗဟိုကို ရောက်ခါနီးရင် စာထဲကအတိုင်းဆို သမုဒ္ဒရာရေပြင်အနေနဲ့ ဖွင့်ပြတော့ ရေခိုးရေငွေ့တွေနဲ့ ပြည့်နက်နေပါလိမ့်မယ် ။ မျက်မြင်လက်တွေ့ရှာချင်သပဆိုရင်တော့ အလင်းနှစ်နဲ့ ပျံသန်းနိုင်တဲ့ ယာဉ်ပျံတွေ တည်ထွင်ပြီး ခရီးထွက်ကြပေါ့ ။ သွားရင်းနဲ့ စကြာဝဠာထဲမှာ ရေခိုးရေငွေ့တွေ လွှင့်ပျံနေတာနဲ့ နီးစပ်လာရင် မြင့်မိုရ်တောင်နဲ့ နီးပြီလို့သာ မှတ်ပေတော့ ။ နောက်ထပ် ခြေရာကောက်နိုင်ဖို့ လမ်းစပေးရရင် ရေခိုးရေငွေ့တွေ များစွာ တွေ့နေရပြီး အင်မတန် ကြီးမားတဲ့ ဂြိုလ်ကြီး နှစ်လုံးလဲ တွေ့ပြီဆိုရင် မြင့်မိုရ်တောင်နဲ့ သိပ့်မဝေးတော့ဘူးလို့သာ သိပေတော့ ။ ဘာလို့လဲဆိုတော့ အဲ့ ဂြိုလ်ကြီးနှစ်လုံးဟာ ယုဂန္ဓိုရ်တောင်နဲ့ ဣသိန္ဓိုရ်တောင်တွေ ဖြစ်လို့ပါပဲ ။
သြော် ဒါနဲ့ ပြောရအုန်းမယ် ။ ရှာမယ်ဆိုရင်တော့ အတော်လေး ရှာယူရမှာဖြစ်တယ် ။ ဘာလို့လဲဆိုတော့ အကျမ်းဖျင်းတောင် ပြောတာမှာ စကြာဝဠာ တိုက်တစ်သောင်းဆိုတော့ နည်းနည်းနောနောမဟုတ်တဲ့ နဂါးငွေ့တန်း( နေစကြာဝဠာ ) တွေကို ကျော်လွန်ပြီး ရှာဖွေရမှာဖြစ်တယ် ။
အဲ့လိုဆင်ခြင်ကြည့်လိုက်တော့လည်း နတ်ပြည်ဆိုတာတွေက အင်မတန် ကျယ်ပြန့်တဲ့ ဘုံဗိမာန်တွေဆိုတာ တွေ့ရလေရဲ့ ။ ဆက်ရေးရင် အတော်လေး ခရီးပေါက်တော့မယ် ။ ဒီလောက်နဲ့ ကျေနပ်ပါတော့ခင်ဗျာ ။ ကျန်တာ ကိုယ်ဘာသာကိုယ် ဆက်တွေးကြပါတော့ ။
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Hello,I think what Buddha has mentioned could be the new parallel world theory that scientists now have thought of. You can read about parallel world. It's very interesting. :)
ReplyDeleteI think multiple dimensions vibrating at different frequencies.There is 31 dimensions with different times.
ReplyDeleteEmpty space is not really empty. It is filled with dark matter
If we can see dark matter we may see so called mountain.
Lord Buddha explain people at that time with simple terms.