သင်္ကြန်ဆိုတာ ဘာလဲ ?
------
ကျွန်တော်တို့ ပြောနေကြတဲ့ “သင်္ကြန်”ဆိုတာက “သင်္ကန္တပုဒ်”ကနေ
ဖြစ်ပေါ်လာတာဖြစ်ပါတယ် ။ “သင်္ကန္တ”ဆိုတာ “ပြောင်းခြင်း”လို့
အဓိပ္ပာယ်ရတယ်။
သင်္ကြန်မှာ ရေလောင်းတာတွေ ဘာတွေက ရှေးဓလေ့တစ်ခုပါ ။ ရေလောင်းရတာကို အယူအမျိုးမျိုးနဲ့ ဖွင့်ဆိုကြတာတွေရှိပါတယ် ။ တစ်ချို့က ရေလောင်းတာကို ရေစိမ်တာနဲ့ အမှားမှား အယွန်းယွန်းသတ်မှတ်ပြီး ဗြဟ္မဒတ်အယူဝါဒတွေလို့ ဒီလိုဖွင့်ဆိုကြတာလဲ တွေ့ရပါတယ် ။ သဘောက သူတို့ဟာ ဂင်္ဂါမြစ်အတွင်းမှာ ဆောင်းတွင်းအအေးလွန်တဲ့အခါ ရေစိမ်ခြင်းဖြင့် ကိလေသာအညစ်ကြေးတွေကို စင်ကြယ်စေတယ်လို့ မှတ်ယူကြလို့ဖြစ်ပါတယ် ။
အဲ့အလိုကိုလိုက်ပြီး ရေလောင်းရေဖြန်းတာကို လက်မခံတဲ့သူတွေက သင်္ကြန်ဆိုတာ ဒီဗြဟ္မဒတ်တွေရဲ့ အယူလို့ ဆိုကုန်ကြပါတယ် ။
တကယ်တော့ ရှေးအစဉ်အလာတစ်ခုကို ကောက်ကြောင်းလိုက်ရတာ လွယ်တဲ့အရာတော့မဟုတ်ပါဘူး ။ မြန်မာတွေရဲ့ သင်္ကြန် ဆိုတာဟာ အစက ပြောခဲ့သလိုပါပဲ ပြောင်းလဲခြင်းလို့ အဓိပ္ပါယ်ရတာကြောင့် ကျွန်တော်တို့ အားလုံး ပြောင်းလဲရမှာဖြစ်ကြောင်း ဆိုပါတယ် ။
ဘာကိုပြောင်းလဲရမှာလဲဆိုရင် ဥပမာ - ဒေါသဆိုရင် အဒေါသဖြစ်ဖို့ / လောဘဆိုရင် အလောဘ ဖြစ်ဖို့ အစရှိသလို မိမိရဲ့ ကိလေသာတွေကို စင်ကြယ်သည်ထက် စင်ကြယ်အောင် ပြောင်းလဲ နေရမှာဖြစ်ကြောင်း ဆိုတာဖြစ်တယ် ။ ဒီပြောင်းလဲမှုတွေကို အချိန်အခါတစ်ခုမှာမှ လုပ်ရတာတော့မဟုတ်ပါဘူး ။
ဒါဆို သင်္ကြန်ဆိုပြီး သီခြားဘာလို့ သတ်မှတ်ကြတာလဲ ?
ဒီကိစ္စက ဓလေ့တစ်ခုကို ကောက်ကြောင်းလိုက်ရမှာဖြစ်ပါတယ် ။ တကယ်တော့ သင်္ကြန်မှာရေပတ်တယ် ရေဖြန်းတယ်ဆိုတဲ့ ရှေးအယူအဆမှာ အညစ်အကြေးတွေ ကင်းစင်စေလိုတာကြောင့်လို့ ဒီလို တစ်ခုတည်းကိုသာ ခြုံပြီး နားလည်လိုက်တာကြောင့် အခုလို နောင်တစ်ချိန်မှာ အယူအဆ အမျိုးမျိုး ကွဲပြားလာတာဖြစ်ပါတယ် ။ ပထမက သင်္ကန္တ ပုဒ်ကနေ ဆင်းတက်လာတဲ့ သင်္ကြန် ဆိုတာဟာ ပြောင်းလဲခြင်းလို့ ဆိုပြီး အဲ့ဒီ့ ပြောင်းလဲခြင်းဟာလဲ အညစ်ကြေးတွေကို သန့်ရှင်းစေခြင်းဖြစ်တယ် ။ ရေလောင်းတဲ့ အယူကတော့ ရေဆိုတာ ခန္ဓာကိုယ်ပေါ်က အညစ်အကြေးတွေကို ရှင်းလင်းစင်ကြယ်စေတာကြောင့် ခန္ဓာကိုယ်ပေါ်က အညစ်အကြေးတွေကို သန့်ရှင်းစင်ကြယ်စေခြင်းသို့ ပြောင်းလဲခြင်းလို့ အဓိပ္ပါယ် ကောက်ရမှာဖြစ်ပါတယ် ။ သင်္ကြန်ဆိုတဲ့ အချိန်အခါကို သတ်မှတ်တာကတော့ ပြကဒိန်တစ်ခုရဲ့ စံမျဉ်း တစ်ခုတာ ဖြစ်ပါတယ် ။ ခြုံလိုက်မယ်ဆိုရင် ပြကဒိန် အပြောင်းအလဲလေးမှာ အမှတ်တစ်ခုအဖြစ်ထင်ရှားအောင် ပြောင်းလဲခြင်း သုံးမျိုးကို ဖေါ်ဆောင်လိုက်တာ ဖြစ်ပါတယ် ။
အဲ့ဒီ့ သုံးခုက !
၁ - ကိလေသာကို ပြောင်းလဲကာ သန့်ရှင်းစင်ကြယ်စေခြင်း ( အတွင်း သန္တန် )
၂ - ခန္ဓာကိုယ် ပေါ်မှ အညစ်အကြေးများကို ပြောင်းလဲကာ သန့်ရှင်း စင်ကြယ်စေခြင်း ( အပေါ်ယံ ခန္ဓာကိုယ် )
၃ - ပြကဒိန် တစ်ခု၏ တိုင်းတာမှုစံ ပြောင်းလဲခြင်း ( ခုနှစ် ပြောင်းလဲခြင်း ) စတာတွေကို ဖေါ်ဆောင်ထားတဲ့ မြန်မာ့ဓလေ့ စစ်စစ်ဖြစ်ပါတယ် ။
#htoohtoolay
မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...
Comments
Post a Comment