အပျင်းပြေစရာ
------
ပျင်းပျင်းရှိတာနဲ့ သတင်းစာတစ်ခုကို ကောက်ကိုင်လိုက်ပြီး ဟိုဟို ဒီဒီ ဖတ်ကြည့်လိုက်တဲ့အခါ စီးပွားရေးအကြောင်းတွေ , လူမှုဖွံ့ဖြိုးတိုးတက်ရေး အကြောင်းတွေနဲ့ ကြေညာ တွေ , လမ်းတံတားတွေ , နိုင်ငံရေးကို ဝေဖန်ပြသထားတာတွေ , အိင်္ကျီ ကြေညာတွေ , မင်္ဂလာဆောင် ဖိတ်ကြားလွှာတွေ , အပျက်အပြုကာတွန့်တွေ , အိမ်ခြံမြေအကြောင်းအရာတွေ , ဒေါ်လာဈေး အတက်အကျတွေ , စစ်ပွဲတွေ , စတဲ့ . . . စတဲ့ အလုံးစုံသော အကြောင်းအရာတွေကို မိနစ်လေး ၂၀ အတွင်း ဖတ်လိုက်နိုင်တယ် ။
နောက်တော့ မှုခင်း သတင်းစာကို ကောက်ကိုင်လိုက်ပြန်ရော ။ အဲ့ထဲမှာလဲ မူးယစ်ဆေးဖမ်းမိတာတွေ , အမေကို ပြန်ပြီး သားဖြစ်သူက သတ်တာတွေ , မဒိမ်းမှုတွေ , ခိုးမှုတွေ , စကားများရာကနေ ဓါးနဲ့ ထိုးမှုတွေ , လင်ယောက်ျားက မယားကို ရိုက်သတ်တာတွေ , မီးရှို့ထားတဲ့ အလောင်းတွေ , အဝေးပြေးလမ်းတွေပေါ်က အမျိုးအမည်မသိတဲ့ မိန်းကလေးအလောင်းတွေ , စတာတွေ . . . စတာတွေကို မိနစ် ၂၀ အတွင်း ဖတ်လိုက်ရတယ် ။
နောက်တော့ မဂ္ဂဇင်းကို ကောက်ကိုင်လိုက်ပြန်ရော ။ အဲ့ထဲမှာလဲ မော်ဒယ်တွေရဲ့ ကိုယ်ရေး အကြောင်းအရာတွေ , မိတ်ကပ် အလှတွေကို ကြေညာတာတွေ , ဗေဒင်တွေ , မင်းသမီး မင်းသားတွေရဲ့ အင်တာဗျူးတွေ , ကြိုကြားကြိုကြားပါတာက နိုင်ငံတကာ သတင်းထူး အပိုင်းအစတွေ , တက်သစ်စ မော်ဒယ်တွေ , အင်္ကျီဒီဇိုင်းတွေ စတာတွေ . . . စတာတွေကိုလည်း မိနစ် ၂၀ အတွင်း ဖတ်လိုက်ရပြန်တယ် ။
ဒါနဲ့ မျက်လုံးလဲညောင်း / အပျင်းလဲ ပြေပြီမို့ ရေတစ်ခွက်သောက်ပြီး ကောက်အိပ့်လိုက်ရော ။ အိပ့်မပျော်ခင် မြင်မိသွားတာက !
လောကမှာ ဘဝနဲ့ ရင်းပြီး လှုပ်ရှား ရှုန်းကန် နေကြရတဲ့ သူတွေဟာ တစ်ခြားတစ်ဦးအတွက် အပျင်းပြေစရာ မိနစ် ၂၀လောက်တာ တန်ဖိုးရှိကြရတာပါ ။
#htoohtoolay
မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...
Comments
Post a Comment