Skip to main content
မျက်လုံးတော်
zawgyi -
မျက်လုံးတော်
-----
ဟောရပ်စ်နတ်ဘုရား၏ ဘယ်ဘက်မျက်လုံးတော်
ဟောရပ်စ်မျက်လုံးပုံတွင် အစိတ်အပိုင်း ၆ ခုပါဝင်ပြီး တစ်ခုစီတွင် သီးခြားအဓိပါယ်များ ပါဝင်နေသည် ။ ထိုအစိတ်အပိုင်း ၆ ခု၏ အနက်အဓိပါယ်များမှာ - အနံ့ ၊ အဆင်း ၊ အတွေး ၊ အကြား ၊ အရသာ နှင့် အထိအတွေ့ဖြစ်ကြောင်း သုတေသီတို့ ဆိုကြ၏ ။
#htoohtoolay
unicode -
မျက်လုံးတော်
-----
ထိုမျက်လုံးနှင့်ပတ်သတ်၍ ဖေါ်ပြရလျှင်မူ ဟောရစ်ဟုခေါ်သော နတ်ဘုရားနှင့်ပတ်သတ်နေခြင်းအား တွေ့ရှိရပေမည် ။ ဟောရက်စ်နတ်ဘုရားသည် ကောင်းကင်ကို အစိုးရသော နတ်တစ်ပါးဖြစ်သည့်အတွက် တစ်ခါတစ်ရံတွင် ကောင်ကင်၏ ဘုရားသခင်ဟုလည်း အမည်တပ်ကြသည် ။ ယင်းနတ်ဘုရား၏ ညာဘက်မျက်လုံးမှာ နေဖြစ်ပြီး , ဘယ်ဘက်မျက်လုံးမှာ လဖြစ်သည် ဆိုသည် ။ ယင်းနတ်ဘုရားသည် ရှေးဟောင်းအီဂျစ်တို့အတွက် အထွဋ်အမြတ်ထားသော နတ်ဘုရားတစ်ပါးဖြစ်သည် ။ သူသည် မြေအောက်ကမ္ဘာကို အုပ်စိုးရသော အိုစီးရစ် နတ်ဘုရားနှင့် တန်ခိုးအကြီးဆုံးနတ်ဘုရားမ အိုက်စ် တို့မှ မွေးဖွားသော ကျော်ကြားသည့် သားတော်ဖြစ်သည် ။ နောက်ပိုင်းတွင် အိုစီးရပ်စ်အား သူ၏ မွေးချင်းညီအကိုဖြစ်သူ ဆက်သ် က သတ်ခဲ့သည် ။ သို့အတွက် ဟောရပ်စ်သည် ဖခင်အတွက် ကလဲ့စားချေသည့် ရှည်လျားလှသော စစ်ပွဲကြီးကို ဆင်နွှဲခဲ့ပြီး နောက်ဆုံးတွင် အောင်နိုင်ခဲ့သည် ။
သို့သော် သူ၏ မျက်လုံးတစ်ဖက်မှာမူ စစ်ပွဲအတွင်း ပျက်ဆီးခဲ့တော့သည် ။ ပျက်ဆီးသွားသော မျက်လုံးတစ်ဖက်အား ပညာရပ်များ၏ ဘုရားသခင်က ပြန်လည်ကောင်းမွန်စေခဲ့ပြီး သေဆုံးခဲ့သော အိုစီးရစ်နတ်ဘုရားအားလည်း ပြန်လည်ရှင်သန်စေခဲ့ကာ သူဆုံးရှုံးသွားခဲ့သော မြေအောက်ကမ္ဘာကို ကယ်တင်စေခဲ့သည် ။ ဟောရပ်စ်သည်လည်း မကျရှုံးနိုင် ၊ မဖျက်ဆီးနိုင်သောဂုဏ်ကို ပိုင်ဆိုင်သည့် နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့သည် ။
သို့အတွက် ထိုမျက်လုံးအား The Eye of Horus  သို့မဟုတ် The Eye of Ra ဟု အခေါ်အဝေါ်များရှိသည့်အပြင် ဝက်ဂျက်ထ် ဟုလည်း အမည်ရှိသည့် ထိုမျက်လုံးပုံသည် ရှေးခေတ်အီဂျစ်လူမျိုးများမှအစ ဒီဘက်ခေတ်လူသားများ၏ အန္တရာယ်ကာကွယ်ရေး အဆောင်လေးများဖြစ်လာတော့၏ ။ ရှေးယခင်က ထိုအဆောင်များအား အီဂျစ်တွင် ဖါရိုဘုရင်များသာ အသုံးပြုခွင့်ရှိသည်ဟု သိရှိရသည် ။
ဟောရပ်စ်မျက်လုံးပုံတွင် အစိတ်အပိုင်း ၆ ခုပါဝင်ပြီး တစ်ခုစီတွင် သီးခြားအဓိပ္ပါယ်များ ပါဝင်နေသည် ။ ထိုအစိတ်အပိုင်း ၆ ခု၏ အနက်အဓိပ္ပါယ်များမှာ - အနံ့ ၊ အဆင်း ၊ အတွေး ၊ အကြား ၊ အရသာ နှင့် အထိအတွေ့ဖြစ်ကြောင်း သုတေသီတို့ ဆိုကြ၏ ။
#htoohtoolay
Comments
Popular posts from this blog
လိပ့်ပြာလွှင့် အတက်ပညာ
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
မင်းကွန်းခေါင်းလောင်းတော်ကြီး
မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...
သင်္ကြန်
သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...