zawgyi -
ကမၻာေၿမေပၚသို႕ ဆက္သြယ္လာေသာ အခ်က္ၿပမ်ား
-----
ကြ်န္ပ္တို႕ ကမၻာေၿမၾကီးသည္ အဖိုးတန္ သယံဇာတမ်ား ေပါမ်ားၾကြယ္၀ေသာ
ၿဂိဳလ္ၾကီးတစ္လံုးၿဖစ္သည့္အေလွ်ာက္ ေနစၾကၤာ၀ဠာ၏ သင့္ၿမတ္ေသာ အကြာအေ၀းတြင္ တည္ရွိေနေသာေၾကာင့္
ပူေလာင္မႈဒဏ္ကိုလည္း အၿပင္းအထန္မခံစားရသလို ေအးခဲၿခင္း အၿဖစ္မ်ိဳးမွလည္း လြတ္ကင္းေနခဲ႕၏
။ ထို႕ေၾကာင့္ ကြ်န္ပ္တို႕သည္ ေရ၊ေၿမ၊ေတာ၊ေတာင္ ထူထပ္သည္ႏွင့္အမွ် ရာသီဥတု မွန္ကန္ေကာင္းမြန္ေသာ
အေနအထားမွ သတၲ၀ါအမ်ား
ရွင္သန္ေပါက္ပြားေနထိုင္လာခဲ႕ၿခင္းပင္ၿဖစ္သည္ ။
ထိုမွတစ္ဆင့္ အဆင့္ၿမင့္ေသာ ညာဏ္ပညာအားကိုးသည့္
လူသားမ်ိဳးႏြယ္စုတစ္ခု ထင္ရွားေပၚေပါက္လာရာမွ ယခုအခ်ိန္တြင္ ကမၻာၿဂိဳလ္ၾကီးအား လူသားမ်ိဳးႏြယ္စုမ်ားမွ
အုပ္စိုးပိုင္ဆိုင္ေနၿပီၿဖစ္သည္ ။ ထိုမွတစ္ဆင့္တက္ကာ ကြ်န္ပ္တို႕သည္ ေလထုကိုလြန္ေသာ
စၾကၤာ၀ဠာအတြင္း၌
မည္ကဲ႕သို႕ အရာမ်ား ရွိေနသည္အား
စိတ္၀င္စားလာခဲ႕ကာ လြန္ခဲ႕ေသာ ရာစုႏွစ္၀က္ခန္႕က ၿမင့္မားေသာ နည္းပညာမ်ားကို အသံုးၿပဳကာ
စၾကၤာ၀ဠာအတြင္းသို႕ အခ်က္ၿပေရဒီယိုတုန္ႏႈန္းမ်ား ထုတ္လႊင့္ေပးခဲ႕ၿပီးၿဖစ္သည္ ။
ထိုအခ်ိန္မွစတင္ကာ ကမၻာေၿမေပၚမွေနလ်က္ တန္ၿပန္အခ်က္ၿပမႈမ်ားကို
ေစာင့္ေမွ်ာ္ခဲ႕ရာမွ ယခုအခ်ိန္တြင္ ၾကယ္တာယာတစ္ခုဆီမွ တန္ၿပန္အခ်က္ၿပမႈမ်ား လက္ခံရရွိလာခဲ႕၏
။ ထိုအခ်က္ၿပမႈသည္ ယခုအခ်ိန္ႏွင့္ဆိုေသာ္ ဒုတိယအၾကိမ္ပင္ၿဖစ္သည္ ။ ပထမအၾကိမ္မွာ ၁၉၇၇
ခုႏွစ္ ၊ ၾသဂုတ္လ ၁၅ ရက္ေန႕ကၿဖစ္ၿပီး အေမရီကန္ရွိ အိုဟိုင္းအို နာရြက္ၾကီးတယ္လီစကုတ္ၿဖင့္
ဖမ္းယူရရွိခဲ႕ၿခင္းၿဖစ္သည္ ။
ထိုအခ်က္ၿပမ်ားကို ေလ့လာရာမွ ထြက္ေပၚလာေသာ
ရလဒ္မ်ားသည္ အသိညာဏ္ၿမင့္မားေသာ တစ္ၿခားၿဂိဳလ္ေပၚမွလူသားမ်ားက ပို႕လႊတ္ခဲ႕ၿခင္ၿဖစ္ေၾကာင္း
ေကာက္ခ်က္ခ်ကာ မည္သည့္အရပ္ကလာေရာက္ၿခင္းၿဖစ္ေၾကာင္းအား ေလ့လာၾကည့္ေသာအခါ စာဂတ္တားရီးယပ္စ္အမည္ရွိေသာ
ၾကယ္တာယာမ်ားမွ ေရာက္လာခဲ႕ၿခင္းၿဖစ္ေၾကာင္း ေတြ႕ရွိၾကရသည္ ။
ထိုသတင္းပို႕ခ်က္မ်ားအား အေသးစိတ္ဆက္လက္ေလ့လာၾကည့္ေသာအခါ
Wow ! ဆိုသည့္ စာလံုးတစ္ခုအား ခ်ေရးမိလ်က္သား ေတြ႕ရွိရ၏ ။ ထို႕ေၾကာင့္ ထိုအခ်က္ၿပခ်က္အား
ေ၀ါင္းအခ်က္ၿပဟု နိုင္ငံတကာမွ အသိမွတ္ၿပဳခဲ႕ၾကသည္ ။
ထိုအခ်ိန္မွစတင္ကာ ေ၀ါင္းအခ်က္ၿပမ်ားသည္
ထပ္မံအခ်က္ၿပလာမႈမ်ား မရွိေတာ့ေပ ။ သိုိ႕ေသာ္ ယခုတစ္ဖန္ ထိုၾကယ္တာယာမွပင္ ေနာက္ထပ္အခ်က္ၿပမႈမ်ား
ထုတ္လႊင့္ခဲ႕ၿပန္၏ ။ ယခုတစ္ၾကိမ္ကိုေတာ့ ရွရွားမွ ၂၀၁၅ တြင္ ဖမ္းယူရရွိခဲ႕ကာ ယခုအခ်ိန္ထိတိုင္
ထိုအခ်က္ၿပမႈမ်ားအား ေလ့လာလ်က္ရွိေနေၾကာင္း ဆိုၾကသည္ ။ ထိုၾကယ္တာယာသည္ ကြ်န္ပ္တို႕ကမၻာႏွင့္ အလင္းႏွစ္ ၉၄ ႏွစ္တာ ကြာေ၀း၏
။
#htoohtoolay
unicode -
ကမ္ဘာမြေပေါ်သို့ ဆက်သွယ်လာသော အချက်ပြများ
-----
ကျွန်ပ်တို့ ကမ္ဘာမြေကြီးသည် အဖိုးတန် သယံဇာတများ ပေါများကြွယ်ဝသော ဂြိုလ်ကြီးတစ်လုံးဖြစ်သည့်အလျှောက် နေစင်္ကြာဝဠာ၏ သင့်မြတ်သော အကွာအဝေးတွင် တည်ရှိနေသောကြောင့် ပူလောင်မှုဒဏ်ကိုလည်း အပြင်းအထန်မခံစားရသလို အေးခဲခြင်း အဖြစ်မျိုးမှလည်း လွတ်ကင်းနေခဲ့၏ ။ ထို့ကြောင့် ကျွန်ပ်တို့သည် ရေ၊မြေ၊တော၊တောင် ထူထပ်သည်နှင့်အမျှ ရာသီဥတု မှန်ကန်ကောင်းမွန်သော အနေအထားမှ သတ္တဝါအများ ရှင်သန်ပေါက်ပွားနေထိုင်လာခဲ့ခြင်းပင်ဖြစ်သည် ။
ထိုမှတစ်ဆင့် အဆင့်မြင့်သော ညာဏ်ပညာအားကိုးသည့် လူသားမျိုးနွယ်စုတစ်ခု ထင်ရှားပေါ်ပေါက်လာရာမှ ယခုအချိန်တွင် ကမ္ဘာဂြိုလ်ကြီးအား လူသားမျိုးနွယ်စုများမှ အုပ်စိုးပိုင်ဆိုင်နေပြီဖြစ်သည် ။ ထိုမှတစ်ဆင့်တက်ကာ ကျွန်ပ်တို့သည် လေထုကိုလွန်သော စင်္ကြာဝဠာအတွင်း၌ မည်ကဲ့သို့ အရာများ ရှိနေသည်အား စိတ်ဝင်စားလာခဲ့ကာ လွန်ခဲ့သော ရာစုနှစ်ဝက်ခန့်က မြင့်မားသော နည်းပညာများကို အသုံးပြုကာ စင်္ကြာဝဠာအတွင်းသို့ အချက်ပြရေဒီယိုတုန်နှုန်းများ ထုတ်လွှင့်ပေးခဲ့ပြီးဖြစ်သည် ။
ထိုအချိန်မှစတင်ကာ ကမ္ဘာမြေပေါ်မှနေလျက် တန်ပြန်အချက်ပြမှုများကို စောင့်မျှော်ခဲ့ရာမှ ယခုအချိန်တွင် ကြယ်တာယာတစ်ခုဆီမှ တန်ပြန်အချက်ပြမှုများ လက်ခံရရှိလာခဲ့၏ ။ ထိုအချက်ပြမှုသည် ယခုအချိန်နှင့်ဆိုသော် ဒုတိယအကြိမ်ပင်ဖြစ်သည် ။ ပထမအကြိမ်မှာ ၁၉၇၇ ခုနှစ် ၊ သြဂုတ်လ ၁၅ ရက်နေ့ကဖြစ်ပြီး အမေရီကန်ရှိ အိုဟိုင်းအို နာရွက်ကြီးတယ်လီစကုတ်ဖြင့် ဖမ်းယူရရှိခဲ့ခြင်းဖြစ်သည် ။
ထိုအချက်ပြများကို လေ့လာရာမှ ထွက်ပေါ်လာသော ရလဒ်များသည် အသိညာဏ်မြင့်မားသော တစ်ခြားဂြိုလ်ပေါ်မှလူသားများက ပို့လွှတ်ခဲ့ခြင်ဖြစ်ကြောင်း ကောက်ချက်ချကာ မည်သည့်အရပ်ကလာရောက်ခြင်းဖြစ်ကြောင်းအား လေ့လာကြည့်သောအခါ စာဂတ်တားရီးယပ်စ်အမည်ရှိသော ကြယ်တာယာများမှ ရောက်လာခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိကြရသည် ။
ထိုသတင်းပို့ချက်များအား အသေးစိတ်ဆက်လက်လေ့လာကြည့်သောအခါ Wow ! ဆိုသည့် စာလုံးတစ်ခုအား ချရေးမိလျက်သား တွေ့ရှိရ၏ ။ ထို့ကြောင့် ထိုအချက်ပြချက်အား ဝေါင်းအချက်ပြဟု နိုင်ငံတကာမှ အသိမှတ်ပြုခဲ့ကြသည် ။
ထိုအချိန်မှစတင်ကာ ဝေါင်းအချက်ပြများသည် ထပ်မံအချက်ပြလာမှုများ မရှိတော့ပေ ။ သို့သော် ယခုတစ်ဖန် ထိုကြယ်တာယာမှပင် နောက်ထပ်အချက်ပြမှုများ ထုတ်လွှင့်ခဲ့ပြန်၏ ။ ယခုတစ်ကြိမ်ကိုတော့ ရှရှားမှ ၂၀၁၅ တွင် ဖမ်းယူရရှိခဲ့ကာ ယခုအချိန်ထိတိုင် ထိုအချက်ပြမှုများအား လေ့လာလျက်ရှိနေကြောင်း ဆိုကြသည် ။ ထိုကြယ်တာယာသည် ကျွန်ပ်တို့ကမ္ဘာနှင့် အလင်းနှစ် ၉၄ နှစ်တာ ကွာဝေး၏ ။
#htoohtoolay




Comments
Post a Comment