zawgyi -
ပထမဦးဆံုးေသာ ေရသူမ
-----
ပထမဦးဆံုး ေပၚေပါက္လာခဲ႕ေသာ ေရသူမဒ႑ာရီ
တစ္ပုဒ္မွာ ဘီစီ ၁၀၀၀ ၿပည့္ႏွစ္ကပင္ စတင္ခဲ႕သည္ ။ စတင္ၿပီး ၿဖစ္ေပၚလာရာေနရာမွာ ယခုေခတ္
အီရတ္ၿပည္ေၿမာက္ပိုင္းတြင္ တစ္ခ်ိန္က တည္ရွိခဲ႕ေသာ အက္စီးရီးယားအမည္ တိုင္းၿပည္ တည္ရွိစဥ္က
ၿဖစ္ခဲ႕သည္ ။
![]() |
| ဘုရင္မ ဆဲမီရားမစ္စ္ |
ထိုစဥ္က အက္စီးရီးယားနိုင္ငံ ဘုရင္မ
ဆဲမီရားမစ္စ္၏ မိခင္လည္းၿဖစ္ ၊ ထိုေဒသတြင္ ယံုၾကည္ကိုးကြယ္မႈ ၿပဳခဲ႕ေသာ နတ္ဘုရားမ လည္းၿဖစ္ေသာ
အာတာဂါးတစ္စ္သည္ ေသမ်ိဳးၿဖစ္ေသာ သာမန္လူသား သိုးေက်ာင္းသားငယ္တစ္ေယာက္ႏွင့္ ခ်စ္ၾကိဳးသြယ္မိခဲ႕ၾကသည္ဆိုသည္
။
သို႕ေသာ္ တစ္ခ်ိန္ေသာအခါတြင္ ထိုသိုးေက်ာင္းသားငယ္အား
မရည္ရြယ္ပဲ မေတာ္တဆ သတ္ၿဖတ္မိခဲ႕သည္ ။ ဤအၿဖစ္အပ်က္အား အလြန္ပင္ ရွက္စရာအၿဖစ္အပ်က္ဟု နတ္ဘုရားမက
ခံယူခဲ႕သည္ ။ သို႕အတြက္ သူ႕ကိုယ္သူ ငါးအၿဖင့္ ေၿပာင္းလဲေစရန္ ေရကန္တစ္ခုအတြင္းသို႕
ခုန္ခ်ခဲ႕သည္ဆို၏ ။
သို႕ေသာ္ ေရသည္ သူမ၏ ၿမင့္ၿမတ္ထူးၿခားလွေသာ
အလွတရားအား မဖံုးကြယ္နိုင္ ၿဖစ္ခဲ႕ရသည္ ။ သို႕အတြက္ သူမသည္ အေပၚပိုင္းမွာ သာမန္လူသားပံုစံ
ၿဖစ္ေပၚေသာ္လည္း ေအာက္ပိုင္းမွာမူ ငါးအၿဖစ္သို႕ ေၿပာင္းလဲသြားခဲ႕ရေတာ့၏ ။ သို႕အတြက္
ေနာက္ပိုင္း အာတာဂါးတစ္စ္နတ္ဘုရားမ၏ ပံုစံသည္ ေရသူမပံုစံ ၿဖစ္လာခဲ႕ေတာ့သည္ ။
ယင္းသည္ကား ေရသူမႏွင့္ ပတ္သတ္၍ အေစာဆံုးေသာ ဒ႑ာရီတစ္ပုဒ္ ၿဖစ္ေလ၏ ။
#htoohtoolay
unicode -
ပထမဦးဆုံးသော ရေသူမ
-----
ပထမဦးဆုံး ပေါ်ပေါက်လာခဲ့သော ရေသူမဒဏ္ဍာရီ တစ်ပုဒ်မှာ ဘီစီ ၁၀၀၀ ပြည့်နှစ်ကပင် စတင်ခဲ့သည် ။ စတင်ပြီး ဖြစ်ပေါ်လာရာနေရာမှာ ယခုခေတ် အီရတ်ပြည်မြောက်ပိုင်းတွင် တစ်ချိန်က တည်ရှိခဲ့သော အက်စီးရီးယားအမည် တိုင်းပြည် တည်ရှိစဉ်က ဖြစ်ခဲ့သည် ။
ထိုစဉ်က အက်စီးရီးယားနိုင်ငံ ဘုရင်မ ဆဲမီရားမစ်စ်၏ မိခင်လည်းဖြစ် ၊ ထိုဒေသတွင် ယုံကြည်ကိုးကွယ်မှု ပြုခဲ့သော နတ်ဘုရားမ လည်းဖြစ်သော အာတာဂါးတစ်စ်သည် သေမျိုးဖြစ်သော သာမန်လူသား သိုးကျောင်းသားငယ်တစ်ယောက်နှင့် ချစ်ကြိုးသွယ်မိခဲ့ကြသည်ဆိုသည် ။
သို့သော် တစ်ချိန်သောအခါတွင် ထိုသိုးကျောင်းသားငယ်အား မရည်ရွယ်ပဲ မတော်တဆ သတ်ဖြတ်မိခဲ့သည် ။ ဤအဖြစ်အပျက်အား အလွန်ပင် ရှက်စရာအဖြစ်အပျက်ဟု နတ်ဘုရားမက ခံယူခဲ့သည် ။ သို့အတွက် သူ့ကိုယ်သူ ငါးအဖြင့် ပြောင်းလဲစေရန် ရေကန်တစ်ခုအတွင်းသို့ ခုန်ချခဲ့သည်ဆို၏ ။
သို့သော် ရေသည် သူမ၏ မြင့်မြတ်ထူးခြားလှသော အလှတရားအား မဖုံးကွယ်နိုင် ဖြစ်ခဲ့ရသည် ။ သို့အတွက် သူမသည် အပေါ်ပိုင်းမှာ သာမန်လူသားပုံစံ ဖြစ်ပေါ်သော်လည်း အောက်ပိုင်းမှာမူ ငါးအဖြစ်သို့ ပြောင်းလဲသွားခဲ့ရတော့၏ ။ သို့အတွက် နောက်ပိုင်း အာတာဂါးတစ်စ်နတ်ဘုရားမ၏ ပုံစံသည် ရေသူမပုံစံ ဖြစ်လာခဲ့တော့သည် ။
ယင်းသည်ကား ရေသူမနှင့် ပတ်သတ်၍ အစောဆုံးသော ဒဏ္ဍာရီတစ်ပုဒ် ဖြစ်လေ၏ ။
#htoohtoolay



Comments
Post a Comment