Skip to main content
zawgyi -
-----
ထိုနည်းတူ ကမာအရပ်ရပ်တွင် မိမိတို့ မိရိုးဖလာ ဒဏ္ဍာရီများအတွင်း ပါဝင်ခဲ့သော သတ၀ါများသည် အမည်များပြောင်းလဲခဲ့ကြသော်လည်း ဇာတ်ကောင်များ တူညီနေမည်ဆိုပါက ထိုဒဏ္ဍာရီလာ သတ၀ါများအား စိတ်ကူးယဉ် သတ၀ါများအဖြင့် ပယ်ပစ်ရန် မသင့်လျှော်တော့ပေ ။
ကျွန်ပ်တို့ မတွေ့ခဲ့ရသော မျိုးသုန်းပျောက်ကွယ်သွားသည့် တိရိစာန်များ များစွာ ရှိနေသလို ကျွန်ပ်တို့မသိနိုင်သော သမိုင်းမတင်မီခေတ်ကာလမှ အခြေအနေများအား စိတ်ကူးပုံဖေါ်ရုံသက်သက်ဖြင့် မှန်ကန်တိကျပြီဟု မဆိုနိုင်ပေ ။
#htoohtoolay
unicode -
သေခြာမသိသေးဘဲ ဘာမှ ပြောလို့မရ
-----
ကျွန်ပ်တို့သည် တိုးတက်လာသော ခေတ်ကာလအချိန်အခါများနှင့်ဆက်လျင်းကာ စဉ်းစားဆင်ခြင်နိုင်စွမ်းများလည်း များစွာ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီဖြစ်လေသည် ။ ထို့အတူ ယုတ္တိဗေဒများအား လက်တွေ့ကျကျ ရှာဖွေလာကြသလို သဘာဝလွန်ဖြစ်ရပ်များအပေါ် ယုံကြည်နိုင်စွမ်းအားများမှာလည်း ယုတ်လျော့သွားခဲ့လေပြီဖြစ်၏ ။
ယခုခေတ်လူငယ်အတော်များများသည် ပုံပြင်များအပေါ် စွဲလမ်းစိတ်များ ရှေးကကဲ့သို့ မထက်သန်တော့ပေ ။ ထို့အပြင် မိရိုးဖလာ လက်ဆင့်ကမ်းလာခဲ့သော ယုံကြည်မှု ဓလေ့ထုံးတမ်းများအား မေးခွန်းထုတ်ကာ အဖြေရှာခဲ့ကြလေပြီ ။ သိပ္ပံဘာသာ ထွန်းကားလာသည်နှင့်အမျှ မှန်ကန်သော ဆုံးဖြတ်ချက်များအား အနီးစပ်ဆုံး ဆက်စပ်တွေးတောကာ ညှိညှိနှိုင်းနှိုင်းရှာဖွေလာကြသည် ။
မြန်မာနိုင်ငံတွင် ယုတ္တိမရှိသော စိတ်ကူးယဉ်ပုံပြင်များသည် လွန်စွာ ထွန်းကားလျက်ရှိ၏ ။ ထိုအချက်သည် ကလေးသူငယ်များအကြားတွင်သာမက ယခုမူ အဖိုးတန်လှသော သမိုင်းကြောင်းများအတွင်း၌ပင် စိတ်ကူးယဉ်ဆန်ဆန် ယုတိ္တကင်းမဲ့သော အကြောင်းအရာများ လွှမ်းမိုးထားလျက်ရှိသည် ။ ထိုအဖြစ်အပျက်မှာ ရှက်စရာအလွန်ကောင်းသလို အနောက်တိုင်းသားများက မြန်မာတို့၏ သမိုင်းကြောင်းရာများအား လေ့လာမှတ်တမ်းတင်ကြရာတွင် ပေါတောတောနိုင်လှသော ပါးစပ်ရာဇဝင်များ၌ပင် လမ်းဆုံးနေကြသည်ကို ညီးညူကြလေ၏ ။
သို့သော် ထိုသို့ဆိုလျှင် ကျွန်ပ်တို့သည် ဒဏ္ဍာရီလာ ပုံပြင်များအား လက်မခံပဲ ပစ်ပယ်ရမည်လားဟု မေးခွန်းထုတ်စရာ ကောင်းလာခဲ့ပေမည် ။ ထိုအယူအဆသည်လည်း ရာနှုန်းပြည့် လက်ခံနိုင်စရာ ကောင်းလှအောင် မှန်ကန်ခြင်းမရှိပေ ။
ကျွန်ပ်တို့သည် သမိုင်းမတင်မီ ခေတ်အခါကာလများအတွင်း ယခုအချိန်အထိ ရှင်သန်မှီတည်လာခဲ့သောသူများ တစ်ဦးတစ်ယောက်မျှပင် မရှိတော့သည်ဖြစ်သောကြောင့် ဒဏ္ဍာရီလာ အကြောင်းခြင်းရာများအပေါ် မည်သို့မျှ မှန်ကန်အောင် ကောက်ချက်ချနိုင်စွမ်း မရှိကြပေ ။ ထို့ကြောင့် သုတေသနပြုသူများအတွက် အနီးစပ်ဆုံး ဖေါ်ထုတ်လက်ခံရာတွင် ကမ္ဘာအရပ်ရပ်မှ အဖြစ်အပျက်များအပေါ် အခြေတည်ကာ ဆင်ခြင်လေ့လာခဲ့ကြ၏ ။ ဥပမာ - ယခုအချိန်ထိ အာရှတိုက်အတွင်း၌ တည်ရှိသည်ဆိုသော ရတီခေါ် နှင်းလူသည် ဒဏ္ဍာရီလာ သတ္တဝါတစ်ကောင်ဖြစ်၏ ။ ထိုအကောင်အား အရှေ့တိုင်းတွင်သာ တစ်ဆင့်စကားတစ်ဆင့်ကြား၍ ကျယ်ပြန့်လာခဲ့သည်ဟု ပုံပြင်သဏ္ဍာန် ယူဆနိုင်သော်လည်း အနောက်တိုင်းအတွင်း၌ ထိုသို့ သတ္တဝါရှိကြောင်း ဒဏ္ဍာရီပုံပြင်များ တည်ရှိနေမည်ဆိုပါက စဉ်းစားဆင်ခြင်ရန် အလွန်သင့်လျှော်လာခဲ့ပေမည် ဖြစ်သည် ။ အနောက်တိုင်း၌ နှင်းလူအား ခြေထောက်ကြီးဟု ခေါ်ဝေါ်ကြသည် ။
ထိုနည်းတူ ကမ္ဘာအရပ်ရပ်တွင် မိမိတို့ မိရိုးဖလာ ဒဏ္ဍာရီများအတွင်း ပါဝင်ခဲ့သော သတ္တဝါများသည် အမည်များပြောင်းလဲခဲ့ကြသော်လည်း ဇာတ်ကောင်များ တူညီနေမည်ဆိုပါက ထိုဒဏ္ဍာရီလာ သတ္တဝါများအား စိတ်ကူးယဉ် သတ္တဝါများအဖြင့် ပယ်ပစ်ရန် မသင့်လျှော်တော့ပေ ။
ကျွန်ပ်တို့ မတွေ့ခဲ့ရသော မျိုးသုန်းပျောက်ကွယ်သွားသည့် တိရိစ္ဆာန်များ များစွာ ရှိနေသလို ကျွန်ပ်တို့မသိနိုင်သော သမိုင်းမတင်မီခေတ်ကာလမှ အခြေအနေများအား စိတ်ကူးပုံဖေါ်ရုံသက်သက်ဖြင့် မှန်ကန်တိကျပြီဟု မဆိုနိုင်ပေ ။
ဒဏ္ဍာရီပုံပြင်အတော်များများသည် စိတ်ကူးယဉ်ပုံပြင်များ များပြားကြပါသော်လည်း တစ်ချို့ ဒဏ္ဍာရီလာ အချက်လက်များသည် တစ်နည်းတစ်ဖုံ မှတ်တမ်းတင်မှုများ ဖြစ်နေကြသည် ။ ထို့ကြောင့် တိတိကျကျ မသိရှိရသော အရာများအပေါ် မယုံကြည်နိုင်ခြင်းသည် ဖြစ်သင့်ဖြစ်ထိုက်သော်လည်း လုံး၀ မဖြစ်နိုင်ကြောင်း ပယ်ဖျက်ခြင်းသည်တော့ မိုက်ရူးရဲဆန်လှပေလိမ့်မည်ဖြစ်၏ ။
#htoohtoolay
Comments
Popular posts from this blog
လိပ့်ပြာလွှင့် အတက်ပညာ
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
မင်းကွန်းခေါင်းလောင်းတော်ကြီး
မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...
သင်္ကြန်
သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...