zawgyi -
ေရွးေခတ္ အီဂ်စ္တို႕၏ ေက်ာ္ၾကားေသာ
အေဆာင္လက္ဖြဲ႕မ်ား
---
ေရွးေခတ္ အီဂ်စ္တို႕၏ အေဆာင္လက္ဖြဲ႕မ်ားမွာ
မ်ားၿပားလွသလို ယင္းအေဆာင္တစ္ခုခ်င္းဆီက ေပးစြမ္းနိုင္ေသာ အစြမ္းသတၲိတို႕မွာလည္း အမ်ားအၿပားပင္ၿဖစ္သည္
။ ယင္းတို႕ထဲမွ အခ်ိဳ႕ကို ေဖၚၿပရလွ်င္ -
( Shen )
ထိုအရာမွာ ေရွးေခတ္အီဂ်စ္တြင္ ထင္ရွားေသာ
အေဆာင္တစ္ခု၏ပံုၿဖစ္ၿပီး ယင္းအေဆာင္၏အမည္သည္ ရွင္းန္ ၿဖစ္သည္ ။ ယင္းသည္ ေန၏ပတ္လမ္းကို
ကိုယ္စားၿပဳသည္ ။ ယင္းအေဆာင္ကိုေဆာင္ထားပါက ေနမင္း၏ အရွိန္အ၀ါကို ရရွိမည္ၿဖစ္ၿပီး ထာ၀ရရွင္သန္ၿခင္းကို
ကိုယ္စားၿပဳသည္ ။ ေရွးေခတ္အခါက ေသဆံုးသူမ်ား ခႏၶာကိုယ္ေပၚတြင္ ယင္းအေဆာင္အား တင္ထားေလ့ရွိသည္
။ သေဘာမွာ ေနမင္းသည္ သူ၏ပတ္လမ္းတြင္ လည္ပတ္ေနသေရြ႕ ေဆာင္ထားသူမွာလည္း လံုၿခံဳေဘးကင္းေနရန္
ၿဖစ္သည္ ။
( Knot of Isis ) or ( Girdle of
Isis )
ေအာက္ပါပံုမွာ အိုက္စစ္နတ္ဘုရား၏ ၾကိဳးထံုး
၊ အိုက္စစ္၏ ခါးစီးၾကိဳး ၊ အိုက္စ္ေသြးဟု အမည္ေက်ာ္ေသာ အေဆာင္တစ္ခုၿဖစ္သည္ ။ ယင္းအေဆာင္ကား
အလြန္ေရွးက်ေသာအေဆာင္ၿဖစ္ၿပီး မည္သည့္အခ်ိန္က စခဲ႕သည္ကို မည္သူမွ် ေၿပာနိုင္ၿခင္းမရွိေပ
။ ယင္းအေဆာင္အား ၀တ္ဆင္သူသည္ အလြန္တန္ခိုးၾကီးေသာ ဘုရားမ အိုက္စစ္၏ ခြန္အားမ်ားကို ရရွိမည္ၿဖစ္သည္ ။ ထို႕အၿပင္ ၀တ္ဆင္သူသည္
ေမွာ္စြမ္းအင္လည္း ရရွိလာနိုင္ၿပီး ယင္း၏အစြမ္းေၾကာင့္ မည္သည့္အတိုက္အခိုက္မွ တိုက္ခိုက္နိုင္စြမ္းမရွိပဲ
မက်န္းမာၿခင္းႏွင့္ မေကာင္းေသာ ေဘးအႏၲရာယ္မ်ားကို ကာကြယ္နိုင္သည္ဟု ယံုၾကည္ၾကသည္ ။
( Amulet of soul )
ထိုပံုမွာ ေလာကီေရးရာကိစၥမ်ားအတြက္ အသံုးၿပဳသည့္အေဆာင္မဟုတ္ပဲ
ဘာသာေရးဆိုင္ရာအေဆာင္ၿဖစ္သည္ ။ ၀ိညာဥ္တို႕၏ အေဆာင္အမည္ရွိသည္ ။ အီဂ်စ္တို႕၏ တမလြန္အယူအဆအရ
ခႏၶာကိုယ္မွ ထြက္ခြါသြားေသာ
၀ိညာဥ္သည္ ထာ၀ရအသက္ရရွိရန္အတြက္ ေနနတ္မင္း၏ ၀ိညာဥ္ေတာ္ႏွင့္ ပူးေပါင္းခြင့္ ရရွိရန္ၿဖစ္သည္
။ ယင္းသို႕ ပူးေပါင္းခြင့္ရရန္ ၾကိဳးစားစဥ္ ေအာင္ၿမင္မႈ မရခင္တြင္ ေသဆံုးသူ၏ ခႏၶာကိုယ္အတြင္း ၿပန္လည္၀င္ေရာက္ကာ အသက္ရႈၿခင္း
၊ အစာစားၿခင္းတို႕ ၿပဳလုပ္နိုင္ရန္ ေသသူ၏ ခႏၶာကိုယ္အား တာရွည္ခံေစရန္ မံမီၿပဳလုပ္ထားရသည္
။ ထိုအေဆာင္မွာ ေသသူ၏ အေလာင္းေကာင္အေပၚ တင္ထားေပးရေသာ အေဆာင္ပစၥည္းၿဖစ္၏ ။
မွတ္ခ်က္ ။ ။ ထိုအဆိုမွာ ခန္႕မွန္းေခ်သာ
ၿဖစ္သည္ ။ အီဂ်စ္တို႕သည္ ေသသူမ်ားအား မပုတ္သိုးေစရန္ ခႏၶာအတြင္းမွ ကလီစာမ်ားကို ထုတ္၍ ေဆးစိမ္ထားခဲ႕ၿခင္းၿဖစ္သည္ ။ အစာစားရာ၌ လက္ခံနိုင္ေသာ ကလီစာမ်ား မရွိေပ ။
( Nefer )
ထိုအရာမွာ ေပ်ာ္ရႊင္ၿခင္း ၊ ကံေကာင္းၿခင္း
၊ နုနယ္ၿပိဳၿမစ္ၿခင္း ၊ ေကာင္းသတင္းကို ၾကားရၿခင္းတို႕အတြက္ အေဆာင္ၿဖစ္သည္ ။ နတ္ဖာဟူေသာ
စကားလံုးသည္ပင္ ေကာင္းမြန္ၿခင္း ၊ လွပၿခင္း ဟူေသာ အဓိပၸါယ္ကို ေဆာင္လ်က္ရွိသည္ ။ ယင္းအား ၀တ္ဆင္ၿခင္း
သို႕မဟုတ္ ယင္းပံုစံ ထည့္စရာတစ္ခုခုလုပ္ၿပီး ေရကို ထည့္ေသာက္ၿခင္းၿဖင့္ အထက္ပါအက်ိဳးေက်းဇူးမ်ား
ရရွိနိုင္သည္ဟု ယံုၾကည္ၾကသည္ ။
( Frog-goddess )
ေအာက္ပါပံုမွာ ဖားနတ္သမီး၏ အေဆာင္ၿဖစ္သည္
။ အီဂ်စ္ၿပည္တြင္ ေရွးအခါက နိုင္းၿမစ္ၿဖစ္ၿပီး ေရလ်ွံကာ သန္းေပါင္းမ်ားစြာေသာ ဖားသတၲ၀ါမ်ား ေပါက္ပြားလာၿပီး ထိုအခ်ိန္တြင္
က်တ္သီးေၿမၿပန္႕လြင္ၿပင္ၾကီးသည္လည္း ေရဖံုးလႊမ္းၿပီး စိုေၿပလာခဲ႕သည္ ။ ယင္းအခ်က္မွ
ဖားနတ္သမီးၿဖစ္ေပၚလာသည္ဟု ယူဆၿပီး ယင္းဖားနတ္သမီး၏အမည္မွာ ဟိတ္ကက္ထ္ ၿဖစ္သည္ ။ ယင္းအေဆာင္အား
ဘ၀ရွင္သန္ၿခင္း ၊ အသစ္တစ္ဖန္ေမြးဖြားၿခင္း ၊ ကေလးရရွိေစၿခင္းတို႔အတြက္ အေဆာင္ၿဖစ္သည္
။ ေရွးေခတ္အီဂ်စ္တြင္ ယင္းအေဆာင္အား လူေသၿမွပ္ရာတြင္ ထည့္တြင္းေပးေလ့ရွိသည္ ။ ထိုအေဆာင္ေၾကာင့္
ေသဆံုးသူသည္ ထူးၿခားေသာ အစြမ္းမ်ားရရွိၿပီး ၿပန္လည္ေမြးဖြားၿခင္း ၊ ဘ၀သစ္ ၿဖစ္ေပၚေစၿခင္း
တို႕အတြက္ အစြမ္းသတိမ်ားရရွိသည္ဟု ယူဆၾကသည္ ။
#htoohtoolay
unicode -
ရှေးခေတ် အီဂျစ်တို့၏ ကျော်ကြားသော အဆောင်လက်ဖွဲ့များ
---
ရှေးခေတ် အီဂျစ်တို့၏ အဆောင်လက်ဖွဲ့များမှာ များပြားလှသလို ယင်းအဆောင်တစ်ခုချင်းဆီက ပေးစွမ်းနိုင်သော အစွမ်းသတ္တိတို့မှာလည်း အများအပြားပင်ဖြစ်သည် ။ ယင်းတို့ထဲမှ အချို့ကို ဖေါ်ပြရလျှင် -
( Shen )
ထိုအရာမှာ ရှေးခေတ်အီဂျစ်တွင် ထင်ရှားသော အဆောင်တစ်ခု၏ပုံဖြစ်ပြီး ယင်းအဆောင်၏အမည်သည် ရှင်းန် ဖြစ်သည် ။ ယင်းသည် နေ၏ပတ်လမ်းကို ကိုယ်စားပြုသည် ။ ယင်းအဆောင်ကိုဆောင်ထားပါက နေမင်း၏ အရှိန်အဝါကို ရရှိမည်ဖြစ်ပြီး ထာဝရရှင်သန်ခြင်းကို ကိုယ်စားပြုသည် ။ ရှေးခေတ်အခါက သေဆုံးသူများ ခန္ဓာကိုယ်ပေါ်တွင် ယင်းအဆောင်အား တင်ထားလေ့ရှိသည် ။ သဘောမှာ နေမင်းသည် သူ၏ပတ်လမ်းတွင် လည်ပတ်နေသရွေ့ ဆောင်ထားသူမှာလည်း လုံခြုံဘေးကင်းနေရန် ဖြစ်သည် ။
( Knot of Isis ) or ( Girdle of Isis )
အောက်ပါပုံမှာ အိုက်စစ်နတ်ဘုရား၏ ကြိုးထုံး ၊ အိုက်စစ်၏ ခါးစီးကြိုး ၊ အိုက်စ်သွေးဟု အမည်ကျော်သော အဆောင်တစ်ခုဖြစ်သည် ။ ယင်းအဆောင်ကား အလွန်ရှေးကျသောအဆောင်ဖြစ်ပြီး မည်သည့်အချိန်က စခဲ့သည်ကို မည်သူမျှ ပြောနိုင်ခြင်းမရှိပေ ။ ယင်းအဆောင်အား ဝတ်ဆင်သူသည် အလွန်တန်ခိုးကြီးသော ဘုရားမ အိုက်စစ်၏ ခွန်အားများကို ရရှိမည်ဖြစ်သည် ။ ထို့အပြင် ဝတ်ဆင်သူသည် မှော်စွမ်းအင်လည်း ရရှိလာနိုင်ပြီး ယင်း၏အစွမ်းကြောင့် မည်သည့်အတိုက်အခိုက်မှ တိုက်ခိုက်နိုင်စွမ်းမရှိပဲ မကျန်းမာခြင်းနှင့် မကောင်းသော ဘေးအန္တရာယ်များကို ကာကွယ်နိုင်သည်ဟု ယုံကြည်ကြသည် ။
( Amulet of soul )
ထိုပုံမှာ လောကီရေးရာကိစ္စများအတွက် အသုံးပြုသည့်အဆောင်မဟုတ်ပဲ ဘာသာရေးဆိုင်ရာအဆောင်ဖြစ်သည် ။ ဝိညာဉ်တို့၏ အဆောင်အမည်ရှိသည် ။ အီဂျစ်တို့၏ တမလွန်အယူအဆအရ ခန္ဓာကိုယ်မှ ထွက်ခွါသွားသော ဝိညာဉ်သည် ထာဝရအသက်ရရှိရန်အတွက် နေနတ်မင်း၏ ဝိညာဉ်တော်နှင့် ပူးပေါင်းခွင့် ရရှိရန်ဖြစ်သည် ။ ယင်းသို့ ပူးပေါင်းခွင့်ရရန် ကြိုးစားစဉ် အောင်မြင်မှု မရခင်တွင် သေဆုံးသူ၏ ခန္ဓာကိုယ်အတွင်း ပြန်လည်ဝင်ရောက်ကာ အသက်ရှုခြင်း ၊ အစာစားခြင်းတို့ ပြုလုပ်နိုင်ရန် သေသူ၏ ခန္ဓာကိုယ်အား တာရှည်ခံစေရန် မံမီပြုလုပ်ထားရသည် ။ ထိုအဆောင်မှာ သေသူ၏ အလောင်းကောင်အပေါ် တင်ထားပေးရသော အဆောင်ပစ္စည်းဖြစ်၏ ။
မှတ်ချက် ။ ။ ထိုအဆိုမှာ ခန့်မှန်းချေသာ ဖြစ်သည် ။ အီဂျစ်တို့သည် သေသူများအား မပုတ်သိုးစေရန် ခန္ဓာအတွင်းမှ ကလီစာများကို ထုတ်၍ ဆေးစိမ်ထားခဲ့ခြင်းဖြစ်သည် ။ အစာစားရာ၌ လက်ခံနိုင်သော ကလီစာများ မရှိပေ ။
( Nefer )
ထိုအရာမှာ ပျော်ရွှင်ခြင်း ၊ ကံကောင်းခြင်း ၊ နုနယ်ပြိုမြစ်ခြင်း ၊ ကောင်းသတင်းကို ကြားရခြင်းတို့အတွက် အဆောင်ဖြစ်သည် ။ နတ်ဖာဟူသော စကားလုံးသည်ပင် ကောင်းမွန်ခြင်း ၊ လှပခြင်း ဟူသော အဓိပ္ပါယ်ကို ဆောင်လျက်ရှိသည် ။ ယင်းအား ဝတ်ဆင်ခြင်း သို့မဟုတ် ယင်းပုံစံ ထည့်စရာတစ်ခုခုလုပ်ပြီး ရေကို ထည့်သောက်ခြင်းဖြင့် အထက်ပါအကျိုးကျေးဇူးများ ရရှိနိုင်သည်ဟု ယုံကြည်ကြသည် ။
( Frog-goddess )
အောက်ပါပုံမှာ ဖားနတ်သမီး၏ အဆောင်ဖြစ်သည် ။ အီဂျစ်ပြည်တွင် ရှေးအခါက နိုင်းမြစ်ဖြစ်ပြီး ရေလျှံကာ သန်းပေါင်းများစွာသော ဖားသတ္တဝါများ ပေါက်ပွားလာပြီး ထိုအချိန်တွင် ကျတ်သီးမြေပြန့်လွင်ပြင်ကြီးသည်လည်း ရေဖုံးလွှမ်းပြီး စိုပြေလာခဲ့သည် ။ ယင်းအချက်မှ ဖားနတ်သမီးဖြစ်ပေါ်လာသည်ဟု ယူဆပြီး ယင်းဖားနတ်သမီး၏အမည်မှာ ဟိတ်ကက်ထ် ဖြစ်သည် ။ ယင်းအဆောင်အား ဘဝရှင်သန်ခြင်း ၊ အသစ်တစ်ဖန်မွေးဖွားခြင်း ၊ ကလေးရရှိစေခြင်းတို့အတွက် အဆောင်ဖြစ်သည် ။ ရှေးခေတ်အီဂျစ်တွင် ယင်းအဆောင်အား လူသေမြှပ်ရာတွင် ထည့်တွင်းပေးလေ့ရှိသည် ။ ထိုအဆောင်ကြောင့် သေဆုံးသူသည် ထူးခြားသော အစွမ်းများရရှိပြီး ပြန်လည်မွေးဖွားခြင်း ၊ ဘဝသစ် ဖြစ်ပေါ်စေခြင်း တို့အတွက် အစွမ်းသတိများရရှိသည်ဟု ယူဆကြသည် ။
#htoohtoolay





Comments
Post a Comment