Skip to main content
ခြေရာ တစ်ခု၏ အမေး
zawgyi -
ခြေရာ တစ်ခု၏ အမေး
-------
အမည်မသိ ခြေရာတန်းတစ်ခု
ထို့အတူ ကမာပေါ်တွင်လည်း အမည်မသိခြေရာများ ရှိနေသေးသည်ကို လေ့လာကြည့်မည်ဆိုပါက တွေ့ရှိနိုင်ပါသေးသည် ။ တမလွန် ကိစရပ်များနှင့်ပတ်သတ် ယုံကြည်သူများ ရှိသလို မယုံကြည်သူများလည်း များစွာ ရှိနေကြသည်ဖြစ်သည့်အတွက် ထိုအရာမှာ သက်သေသာဓက မပြနိုင်သောကြောင့် အဓိပါယ်မရှိသောအရာအဖြင့် အနောက်နိုင်ငံများမှ သတ်မှတ်ကြလေသည် ။ သို့သော် ခြေရာများနှင့်ဆက်လျင်းကာ ကမာပေါ်တွင် အမည်မသိ သတ၀ါတစ်ကောင်အား ရှာဖွေနေလျက်ရှိကြောင်း သိရှိရပေသည် ။
အမည်မသိ အလွန်ကြီးမားသော ခြေရာများ
အလွန်ကြီးမားသော ခြေရာတစ်ခု
ရတီ (ခေါ်) နှင်းလူအား သရုပ်ဖေါ်ထားပုံ
#htoohtoolay
unicode -
ခြေရာ တစ်ခု၏ အမေး
-------
ကျွန်တော်တို့ မြန်မာနိုင်ငံတွင် တမလွန်သားများနှင့်ပတ်သတ်၍ အယူအဆတစ်ခုရှိသည် ။ ထိုအယူမှာ အခြားမဟုတ် ၊ လူတစ်ဦးသေဆုံးသောအခါ ခုနှစ်ရက်ပြည့်သည်အထိ ထိုသူသည် မိမိကိုယ်မိမိ သေဆုံးပြီးဟု သိရှိခြင်း မရှိသေးပဲ ပုံမှန် လုပ်နေကျ အလုပ်အကိုင်များကို ဆက်လက် လုပ်ကိုင်နေခဲ့သည်ဟု ဆိုသည် ။ ထို့နောက် ခုနှစ်ရက် မြောက်နေ့ရက်သို့ ရောက်သောအခါ အိမ်သူအိမ်သားများမှ ဘုန်းတော်ကြီးများ ပင့်ဖိတ်ကာ အမျှဝေသည့်အခါမှ မိမိကိုယ်မိမိသေသူဟု သိရှိလျက် နေအိမ်အတွင်းမှ သက်ဆိုင်ရာ အရပ်တစ်ပါးသို့ ထွက်ခွါသွားကြသည်ဟု ယုံကြည်ကြသည် ။
ခုနှစ်ရက် မပြည့်မခြင်း ထိုသေဆုံးသောသူသည် အိမ်အတွင်းသို့ ဝင်ထွက်သွားလာနိုင်သည်ဟူ၏ ။ ထိုအခါ အိမ်သူအိမ်သားများမှ မိမိတို့၏ အဆွေခင်ပွန်းအား ခုနှစ်ရက်မြောက်နေ့တွင် အမျှဝေသောအမှုကိစ္စများ ဆောင်ရွက်ပြီးလျက် ထိုညသန်ခေါင်အချိန်၌ သေသူအိမ်ပေါ်မှ ထွက်ခွါသွားသည်ကို သိရှိရန် အိမ်ပေါက်ဝများတွင် ပြာများကျဲ၍ ခြေရာများ ကောက်ကြသည်ဆို၏ ။ ထိုအခါ သေသူ၏ ထွက်ခွာသွားသော ခြေရာများကို တွေ့ရှိရတက်သည်ဟု ယုံကြည်ကြလေသည် ။
ထို့အတူ ကမ္ဘာပေါ်တွင်လည်း အမည်မသိခြေရာများ ရှိနေသေးသည်ကို လေ့လာကြည့်မည်ဆိုပါက တွေ့ရှိနိုင်ပါသေးသည် ။ တမလွန် ကိစ္စရပ်များနှင့်ပတ်သတ်၍ ယုံကြည်သူများ ရှိသလို မယုံကြည်သူများလည်း များစွာ ရှိနေကြသည်ဖြစ်သည့်အတွက် ထိုအရာမှာ သက်သေသာဓက မပြနိုင်သောကြောင့် အဓိပ္ပါယ်မရှိသောအရာအဖြင့် အနောက်နိုင်ငံများမှ သတ်မှတ်ကြလေသည် ။ သို့သော် ခြေရာများနှင့်ဆက်လျင်းကာ ကမ္ဘာပေါ်တွင် အမည်မသိ သတ္တဝါတစ်ကောင်အား ရှာဖွေနေလျက်ရှိကြောင်း သိရှိရပေသည် ။
၂၀၀၇ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန်တယ်လီဗေးရှင်းမှ အစီအစဉ်တင်ဆက်သူ ဂျောစ့်ဟွဂိတ် နှင့်အဖွဲ့သည် နိပေါနိုင်ငံနှင့်ဆက်လျင်း၍ ခြေရာတန်းကြီးတစ်ခုကို တွေ့ရှိခဲ့ရကြောင်း ဖေါ်ပြထားသည် ။ ထိုခြေရာသည် အလျား ၁၃ လက်မရှိပြီး ခြေ ၅ချောင်းပါဝင်ကြောင်း ဆိုသည် ။ မည်သည့်သတ္တဝါဖြစ်ကြောင်းကို ယခုအချိန်ထိတိုင် ဖေါ်ပြနိုင်ခြင်း မရှိသေးသည့်အပြင် ထိုခြေရာနှင့်ပတ်သတ်၍ ရှေ့ခေတ်ကတည်းက တည်ရှိနေသော ဒဏ္ဍာရီလာ နှင်းလူ၏ ခြေရာများဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ကြသည် ။
နှင်းလူအမည်သည် အာရှတိုက်မှ ခေါ်ဝေါ်သော သတ္တဝါတစ်ကောင်၏ အမည်ဖြစ်ပြီး အနောက်တိုင်းတွင်တော့ ခြေထောက်ကြီးသတ္တဝါဟု ခေါ်ဆိုကြကြောင်း သိရှိရသည် ။ ထိုသတ္တဝါအား ယနေ့အချိန်ထိတိုင် လက်တွေ့သက်သေမပြနိုင်သေးသော်လည်း ထိုသို့ ခန္ဓာကိုယ်ကြီးမားသော ရတီ ခေါ် နှင်းလူများအား တွေ့ရှိခဲ့သောသူများ များစွာရှိနေခဲ့သည်ဆို၏ ။ ထိုခြေရာများအတိုင်းပင် ၁၉ ရာစုမတိုင်ခင်ကလည်း တွေ့ရှိခဲ့ပါသေးသည် ။
ထိုနှင်းလူများမှာ ရှေးခေတ်အခါက ဟိမဝန္တာဒေသတွင် ဗုဒ္ဓဘာသာ ထွန်းကားလာခြင်းမရှိသေးခင်က ထိုအရပ်၌ ဘွန် ဆိုသည့် ဘာသာရပ်တစ်ခု ထွန်းကားခဲ့ကြောင်း သိရှိရသည် ။ ထိုဘာသာတွင် နှင်းလူများကို ကိုးကွယ်ခဲ့ကြကြောင်း သိရှိရ၏ ။ ယခုအချိန်၌ ခြေရာများနှင့်ဆက်လျင်း၍ ကမ္ဘာပေါ်တွင် မသိရှိနိုင်သေးသော အချက်အလက်များ များစွာရှိနေကြကြောင်း အနောက်တိုင်းသားများ ဆုံးဖြတ်လာခဲ့ကြလေသည် ။
#htoohtoolay
Comments
Popular posts from this blog
လိပ့်ပြာလွှင့် အတက်ပညာ
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
မင်းကွန်းခေါင်းလောင်းတော်ကြီး
မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...
သင်္ကြန်
သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...