Skip to main content

Posts

Showing posts from March, 2020

နှစ်ပေါင်း ၂၈၀၀၀ သက်တမ်းရှိသည့် ပိရိမစ်ကို သိပ္ပံပညာရှင်များ တွေ့ရှိ

နှစ်ပေါင်း ၂၈၀၀၀ သက်တမ်းရှိသည့် ပိရိမစ်ကို သိပ္ပံပညာရှင်များ တွေ့ရှိ အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းဂျာဗားရှိ ပါဒန်တောင်ထိပ်တွင် နှစ်ပေါင်း ၂၈၀၀၀ နှစ်သက်တမ်းရှိသည့် ပိရိမစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည် ။   အင်ဒိုနီးရှားသိပ္ပံပညာရှင်များသည် လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာကတည်းက ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသော ရှေးဟောင်းပိရမစ်ကို အင်ဒိုနီးရှားရှိ တောင်တစ်ခုပေါ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည် ။ သိပ္ပံပညာရှင်များသည် ၂၀   ရာစုအစောပိုင်းတွင် Gunung (Mount) Padang ကို ပထမဆုံး   ရှာဖွေတွေ့ရှိသောသူများမှာ ဉရောပသားများ ဖြစ်ကြ၏ ။ သူတို့သည် ရှေးဟောင်းကျောက်တုံးများကို တွေ့ရှိခဲ့ကြပြီး အလွန်အမင်း အံ့အားသင့်ခဲ့ရသည်ဟု ဆိုသည် ။   သိပ္ပံပညာရှင်များ၏   အဆိုအရ အနောက်ဂျာဗားရှိ ပါဒန်တောင်ထိပ့်ပေါ်တွင် တည်ရှိနေသော ပိရိမစ်မှာ သဘာဝတောင်ကုန်းမဟုတ်ကြောင်းနှင့် လွန်ခဲ့သော နှစ်ပေါင်း ထောင်ပေါင်းများစွာကတည်းက လူလုပ်ပိရိမစ်ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်နေကြ၏ ။   သိပ္ပံပညာရှင်များအဆိုအရ လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀၀ ရှိ ပိရမစ်၏ လမ်းကြောင်းများနှင့် အခန်းများသည် အနော...

လွန်ခဲ့သော နှစ်ပေါင်း ၃၅၀၀ က မင်းသားတို့၏သင်္ချိုင်း

လွန်ခဲ့သော နှစ်ပေါင်း ၃၅၀၀ က မင်းသားတို့၏သင်္ချိုင်း ရှေးဟောင်းသုတေသနပညာရှင်များသည် ဂရိနိုင်ငံရှိ ရတနာများနှင့်ပြည့်နက်နေသော မင်းသားသင်္ချိုင်းများကို ရှာဖွေတွေ့ရှိခဲ့သည် ။ ဂရိရှိ  ရှေးဟောင်းသုတေသနပညာရှင်များ သည် ရွှေထည်နှင့် အခြားအပိုပစ္စည်းများထည့်သွင်းထားသော “ မင်းသား”  ကြေးနီခေတ်  သင်္ချိုင်း  နှစ်ခုကိုရှာဖွေတွေ့ရှိသည် ။ လွန်ခဲ့သောနှစ်ပေါင်း ၃၅၀၀ မှ စတင်ခဲ့သော ပျားအုံပုံသဏ္ဌာန်သင်္ချိုင်းဂူများရှာဖွေတွေ့ရှိမှုသည် ရှေးဟောင်းဂရိနိုင်ငံရှိ သက်ရှိများကို အလင်းရောင်သစ်ပေးသည်ဟု တူးဖော်ရေးအဖွဲ့မှပြောကြားခဲ့သည်။ စင်စင်နာတီတက္ကသိုလ်မှ ရှေးဟောင်းသုတေသနပညာရှင်များသည် သူတို့၏တွေ့ရှိချက်များကို အေသင်ရှိ ဂရိနိုင်ငံအနောက်တောင်ဘက်ရှိ ပိုလိုစ် (site) တွင် ထုတ်ဖော်ကြေငြာခဲ့ခြင်းဖြစ်သည် ။ ၁၈ လကြာ တူးဖော်နေစဉ်အတွင်း ရှေးဟောင်းသုတေသနပညာရှင်များသည် ကောက်ပဲသီးနှံများနှင့်အတူ နွားနှစ်ကောင်ပါသည့် ထွင်းထားသည့် ရွှေလက်စွပ်များနှင့် သေလွန်သူများကို အကာအကွယ်ပေးသော အီဂျစ်နတ်ဘုရားမကို သရုပ်ဖော်ထားသည့် ရွှေဆွဲကြိုးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ UC ၏ ဂန္ထ...

လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀၀ ခန့်က ကျောက်ဂူအတွင်းက ပန်းပုအနုပညာလက်ရာ

လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀၀ ခန့်က ကျောက်ဂူအတွင်းက ပန်းပုအနုပညာလက်ရာ လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀၀ သက်တမ်းရှိသည့် ပန်းပုလက်ရာကို ပြင်သစ်နိုင်ငံ Ariege မြို့ Le d ’ Audobert cave ဂူတွင် တွေ့ရှိခဲ့သည် ။ Audoubert ဥမင်ကို ၁၉၁၂၊ ဇူလိုင် ၂၀ နှင့် ၁၀ ရက်တွင် Count Henri ၏ သားသုံးယောက်မှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်လေသည် ။ ၎င်းသည် ၈ ပေ ၂၄ လက်မအရှည်ရှိြပီး ထုဆစ်ထားသောလက်ရာမှာ အလွန်လှပ၍ အကြမ်းခံနိုင်မှုရှိ၏ ။ ၎င်းကို ၂၀ ရာစုအစောပိုင်းတွင် ရှာဖွေတွေ့ရှိခြင်းမတိုင်ခင်ကပင် ဤ မှောင်မှိုက်သော ပြင်သစ်ဂူအတွင်း၌ နှစ်ပေါင်း ထောင်ချီ၍ ရှိနေခဲ့ရ၏ ။ အနုပညာ၏လက်ရာကို ယနေ့အချိန်ထိတိုင် မြင်နေရဆဲ ဖြစ်သည် ။ မျက်နှာနှင့် လည်ဆံတို့ကို ဖော်ပြနိုင်ခြင်းမှ အနုပညာမြောက်လှပြီး ထိုပန်းပုအား ရွှံ့စေးဖြစ် ပြုလုပ်ထားကြောင်း တွေ့ရသည် ။ တိရိစ္ဆာန်ရုပ်ထုနှစ်ခုစလုံး၏ အောက်ခြေ၌ မူလကျောက်တုံးကို ခုလျက် အပေါ်မှ ရွှံ့စေးဖြစ် ဖိကပ်ပြုလုပ်ထားခြင်းဖြစ်၏ ။ အချို့နေရာများသည် ခြောက်သွေ့လွန်းလှ၍ ကွာကျပျက်ဆီးသွားသော်လည်း ယနေ့အချိန်ထိတိုင် မူလအနုပညာလက်ရာကို မဖုံးကွယ်နိုင်သေးပေ ။ #htoohtoolay

အီဂျစ်မှ ပိရိမစ်ကြီးများအတွင်းတည်ဆောက်ပုံ

အီဂျစ်မှ ပိရိမစ်ကြီးများအတွင်းတည်ဆောက်ပုံ ကမ္ဘာ့အံ့ဩဖွယ် ၇ ခုတွင်ပါဝင်သော အီဂျစ်မှ ဂီဇာပိရိမစ်များသည် ရှေးအကျဆုံးနှင့် အီဂျစ်မှ ရှေးဟောင်းနိုင်ငံတော်ကြီး၏ ရှေးဟောင်းပစ္စည်းများဖြစ်လေသည် ။ ဖာရော၊ Khufu၊ Khafre နှင့် Menkaure တို့က ဆောက်လုပ်ခဲ့သော Giza ၏ ဧရာမသင်္ချိုင်းဂူကြီးများသည် နှစ်ပေါင်း ၃၈၀၀ ကျော်သည့်တိုင်အောင် အမြင့်တွင် ပြိုင်ဘက်ကင်းခဲ့ကြသည်။ ရှေးဟောင်းသုတေသနပညာရှင်များနှင့် သမိုင်းပညာရှင်များသည် ၎င်းအား အဘယ်နည်းပညာဖြင့် မည်သည့်ရည်ရွယ်ချက်ကြောင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းကို မသိရှိကြပေ ။ ဤအကြောင်းအရာနှင့်ပတ်သတ်၍ ငြင်းခုံမှုများမှာ ကမ္ဘာပေါ်တွင် ဂီဇာပိရိမစ်၏ အမြင့်လောက်ပင် ရှိကြ၏ ။ ဒီနေရာတွင် ဂရိတ်ပိရိမစ်ကြီးအတွင်း ဘယ်လိုရှိသည်ဆိုခြင်းအား post ပါ photo တွင် လေ့လာနိုင်လေသည် ။ #htoohtoolay

အီဂျစ်က တွေ့ရှိသည့် ကျောက်သေတ္တာတစ်ခု

အီဂျစ်က တွေ့ရှိသည့် ကျောက်သေတ္တာတစ်ခု ----- Thutmose 2 ၏ သင်္ချိုင်းအနီး တွေ့ရှိခဲ့သော ကျောက်သေတ္တာတစ်လုံးအား အီဂျစ်ရှေးဟောင်းသုတေသနပညာရှင်များက ထုတ်ဖော်ပြသခဲ့သည် ။ အဆိုပါ သေတ္တာအား ရှေးဟောင်းသုတေသနပညာရှင်များက thytmose 2 ၏ ဂူအနားတွင် တူးဖော်မှုများ ပြုလုပ်နေစဉ်အတွင်း မတော်တဆ တွေ့ရှိခဲ့ခြင်း ဖြစ်လေသည် ။ ၎င်းသေတ္တာသည် ကျောက်သားဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၃၅၀၀ ကျော်လောက်က သေဆုံးခဲ့သော ဖာရောဘုရင် သု ၂ ၏ ပျောက်ဆုံးနေသေတ္တာအဖြင့် မှတ်ယူနိုင်သဖြင့် သုတေသီများက အလွန်အရေးကြီးကြောင်း မှတ်ယူထားကြ၏ ။ ပါမောက္ခ Andrejz Niwiński ဦးဆောင်သော Warsaw ရှေးဟောင်းသုတေသနတက္ကသိုလ်မှ ရှေးဟောင်းသုတေသနပညာရှင်အဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းကို အီဂျစ်ရှိ Deir el-Bahari ဆိုသောနေရာ ၊ နိုင်းလ် ကမ်းခြေတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းသည် ကျော်ကြားသော Luxor နှင့် Karnak နေရာများနှင့် မနီးမဝေးတွင် တည်ရှိသည်။ Deir el-Bahari သည် ဧရာမအဆောက်အအုံကြီးတစ်ခုဖြစ်ပြီး Hatshepsut တွင်ကျော်ကြားသော Mortuary Tomb အပါအ၀င် အထိမ်းအမှတ်အဆောက်အဦးများ ဖြစ်ကြသည်။ ပိုလန်အဖွဲ့များသည် ဤဒေသတွင် ၁၉၆၀ ...

နှစ်ပေါင်း ၄၀၀၀၀ သက်တမ်းရှိသည့် သွေး

နှစ်ပေါင်း ၄၀၀၀၀ သက်တမ်းရှိသည့် သွေး နှစ် ၄၀၀၀၀ သက်တမ်းရှိသည့် သွေးကို ဆင်စွယ်ပေါ်မှ ရရှိခြင်းသည် ကြီးမားသော ပုံစံတူမျိုးပွားခြင်းသရုပ်ကို ပိုမိုနီးကပ်စွာ လေ့လာနိုင်စေသည် ။   သုတေသီများသည် Buttercup ဟုခေါ်ဝေါ်သော Mammoth ဆင်ကို ဆိုက်ဘေးရီးယားမြောက်ပိုင်း Maly Lyakhovsky ကျွန်းတွင် ၂၀၁၃ ခုနှစ်၌ ရှာဖွေတွေ့ရှိခဲ့ပြီး အမြဲတမ်း အေးခဲနေသော ကျေးဇူးကြောင့် နှစ်သက်တမ်း ၄၀၀၀၀ ရှိသည့် သွေးကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ရခြင်းဖြစ်လေသည် ။ ထိုအနီရောင်အရည်ကို သွေးဖြစ်နိုင်ကြောင်း ယူဆလျက် palaeobiologist ဒေါက်တာ Tori Herridge အပါအဝင် သိပ္ပံပညာရှင်များက ခွဲစိတ်စိတ်ဖြာမှုပြုလုပ်ပြီ း အတည်ပြုခဲ့ကြ၏ ။ သိပ္ပံပညာရှင်များသည် ယခုအချိန်ထိတိုင် သုတေသနပြုလျက် ရှိနေကြသည် ။ #htooohtoolay

သုတေသီများက မြန်မာနိုင်ငံမြောက်ပိုင်းမှ ရရှိသည့် ပယင်းထဲတွင် သက်တမ်း ၉၉ သန်းခန့်ရှိသည့် အသေးဆုံးသော ဒိုင်နိုဆော မျိုးစိတ်တစ်ခုကို ရရှိ

သုတေသီများက မြန်မာနိုင်ငံမြောက်ပိုင်းမှ ရရှိသည့် ပယင်းထဲတွင် သက်တမ်း ၉၉ သန်းခန့်ရှိသည့် အသေးဆုံးသော ဒိုင်နိုဆော မျိုးစိတ်တစ်ခုကို ရရှိ ----- ပယင်းထဲတွင် ပိတ်မိနေသည့် အလွန်သေးငယ်သော ဉီးခေါင်းခွံသည် မှတ်တမ်းတင်ထားသည့် အနည်းဆုံးသော ဒိုင်နိုဆောမျိုးစိတ်ကို ဖော်ပြနေ၏ ။   hummingbird  သည် ကမ္ဘာပေါ်တွင် အသေးငယ်ဆုံးသော သက်ရှိငှက်မျိုးစိတ်ဖြစ်သည် ။ ကော်ဖီစေ့ အရွယ်အစားရှိသည့် ဉများကို ဉချလေ့ရှိပြီး ၎င်းသည် ကျူးဘားဇာတိဖြစ်ကာ ပန်းဝတ်မှုန်ကူးခြင်းဖြင့် ပျားများကဲ့သို့ နေထိုင်သော သတ္တဝါဖြစ်၏ ။   လွန်ခဲ့သော နှစ်ပေါင်း ၉၉ သန်းက အလားတူ အရွယ်အစားရှိသည့် ငှက်တစ်ကောင်သည် ပယင်းတစ်ခု၏ အတွင်း၌ ပိတ်မိလျက်ရှိကာ သူ၏ ခန္ဓာကိုယ်သည်တော့ အင်းစက်ပိုးများ၏ စားသုံးခြင်းကို ခံရသည့်အတွက် မရှိတော့ပေ ။ သူ့ ဉီးခေါင်းခွံသည် ပယင်းအတွင်း ကျန်ရှိနေသဖြင့် ၎င်းအား မီးအလင်းရောင်၌ ထောင်ကြည့်လိုက်မည်ဆိုလျှင် ပိုမိုရှင်းလင်းစွာ တွေ့မြင်နိုင်လေ၏ ။   သုတေသီများ၏ ထုတ်ပြန်ချက်အရ ထိုပယင်းကို မြန်မာနိုင်ငံမြောက်ပိုင်းမှ ပထမဆုံး ရရှိခဲ့ခြင်းဖြစ်သည်ဟု မှတ်တမ်းတင်ထားလေသည် ။ ၎င်းသည် Mesozoic ခတ်က အသေး...

အရီဇိုးနား၏ ဉက္ကာပျံကျရောက်ခဲ့သည့် မြေပြင်အခြေနေကို သင်မည်မျှ တွေ့မြင်နိုင်သနည်း

အရီဇိုးနား၏ ဉက္ကာပျံကျရောက်ခဲ့သည့် မြေပြင်အခြေနေကို သင်မည်မျှ တွေ့မြင်နိုင်သနည်း ----- အရီဇိုးနားရှိ Barringer ဉက္ကာခဲကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀၀ ခန့်က ဂြိုလ်သိမ်တစ်ခုကို တိုက်မိချိန်တွင် ဖြစ်ပေါ်ခဲ့သည် ။ ပေါက်ကွဲမှုသည် မိုင်ပေါင်း ၉၀၀ ရှိရာ ဒေသအနီး ပတ်ဝန်းကျင်တစ်ဝိုက်တွင် လေပြင်မုန်တိုင်းများ တိုက်ခတ်သဖြင့် တိရီစ္ဆာန်များ ချက်ချင်းပင် သေစေသည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်ခဲ့ရသည်ဟု သုတေသီများက ဆိုကြသည် ။   ၎င်းအဖြစ်ပျက်သည် ခေတ်သစ်မြို့တော်၌ ဖြစ်ပွားမည်ဆိုပါက သက်ရောက်မှု၏ အချက်အလက်အကွာအဝေးသည် လူတစ်ဉီး၏ ရှင်သန်ရပ်တည်နိုင်ခြင်းအပေါ် များစွာ သက်ရောက်ပေလိမ့်မည် ။ လုံခြုံနိုင်သည့် အကွာအဝေးကို ခန့်မှန်းကြသည်မှာ ၎င်း၏ စွမ်းအင်သက်ရောက်မှုအပေါ် များစွာ တည်နေသည်ဟု ဆိုသည် ။   အကယ်၍ သက်ရောက်မှုစွမ်းအင်သည် 20 megatons ဖြစ်လျှင် ၎င်းသည် သက်ရှိ ၄ မိုင် (၆ ကီလိုမီတာ) အတွင်း လူသားအရွယ်အစားရှိသော တိရိစ္ဆာန်များအတွက် ချက်ချင်းပင်သေစေနိုင်သည်။ Shock wave ကြောင့်ဖြစ်ပေါ်လာသော ဖိအားများ သိသိသာသာပြောင်းလဲမှုကြောင့် သက်ရောက်မှု၏ ၆ မှ ၇ မိုင် (၁၀ မှ ၁၂ ကီလိုမီတာ) အတွင်းသည...

လေဆာအကူညီဖြင့် ပျောက်ဆုံးနေသော မာယာမြို့တော် ၆၀၀၀၀ ကို ရှာဖွေတွေ့ရှိ

လေဆာအကူညီဖြင့် ပျောက်ဆုံးနေသော မာယာမြို့တော် ၆၀၀၀၀ ကို ရှာဖွေတွေ့ရှိ ------ လေဆာအကူညီဖြင့် ဂွာတီမာလာတောအတွင်းမှ ကွယ်ပျောက်နေသော မာယာမြို့တော်၏ အဆောက်အအုံပေါင်း ၆၀၀၀၀ ကျော်ကို ရှေးဟောင်းသုတေသနပညာရှင်များက ရှာဖွေတွေ့ရှိခဲ့သည် ။   ရှေးဟောင်းမာယာယဉ်ကျေးမှုသည် ရာစုနှစ်များစွာ လျှို့ဝှက်ဆန်းကျယ်သော အရာတစ်ခုအဖြစ် ကျန်ရှိနေသေးပြီး အမေရိကရှိ ဗဟိုသစ်တောကြီးများက ၎င်းတို့ကို ရှာဖွေနိုင်ရန် ခက်ခဲစေခဲ့သည် ။ ယခုမူကား သိပ္ပံပညာ၏နည်းပညာအကူအညီဖြင့် ရှေးက မသိခဲ့ရသော မာယာအဆောက်အအုံများစွာအား ရှာဖွေနိုင်ခဲ့လေသည် ။ ထိုတွေ့ရှိချက်များက ယခင်က မာယာနှင့်ပတ်သတ်၍ သိထားသမျှ သမိုင်းကောက်ကြောင်းများကို ပြောင်းလဲသွားစေနိုင်မည်ဟု သုတေသီများက ယုံကြည်နေကြသည် ။   LiDAR (Light Detection and Ranging) ဟုခေါ်သည့် လေဆာနည်းပညာကို အသုံးပြု၍ ဂွာတီမာလာသစ်တော၏ စတုရန်းမိုင် ၈၀၀ နီးပါးကို လေယာဉ်ဖြင့်လေ့လာခဲ့သည်။   စစ်တမ်းကောက်ယူချက်များအရ ဖော်ထုတ်နိုင်သည့် မာယာမြို့တော်ကြီးများသည် အနည်းဆုံး လူဉီးရေ သန်း ၂၀ ကျော် ရှိနိုင်ကြောင်း တွေ့ရှိခဲ့ကြသည် ။ ယခင် က ခန့်မှန်းချက်သည် ၁ သန်းမှ ၂ သန်းအထိသာ...

ဘီစီ ၁၃ ရာစုက ဆယ်ကျော်သက်မိန်းကလေးတို့၏ ဖက်ရှင်

ဘီစီ ၁၃ ရာစုက ဆယ်ကျော်သက်မိန်းကလေးတို့၏ ဖက်ရှင် ----- Egtved Girl  ဟုခေါ်သည့် ကြေးနီခေတ် အမျိုးသမီးဆယ်ကျော်သက်များ၏ အဝတ်အစားဒီဇိုင်းကို ဒိန်မတ် အမျိုးသားပြတိုက်တွင် ပြသထားသည် ။ ၎င်း၏ သက်တမ်းသည် ဘီစီ ၁၃၇၀ သက်တမ်းရှိကာ ထိုနမူနာအား တွေ့ရှိစဉ်က ထိုပစ္စည်း ရှိနေသောနေရာသည် အောက်စီဂျင်လုံးဝမရှိသည့် အခြေနေ၏ကျေးဇူးကြောင့် ယခုကဲ့သို့ မပျက်မဆီး ကျန်ရှိနေခြင်းဖြစ်သည်ဟု သုတေသီများက ဆိုသည် ။ သိုးမွှေးသည် အောက်ဆီဂျင်မရှိသော အခြေနေတွင် ကောင်းစွာ ထိန်းသိမ်းထားနိုင်သော ဂုဏ်သတ္တိရှိသည် ။ ၎င်းနမူနာအား ဝတ်စဉ်ထားသည့် ခန္ဓာသည်တော့ ပျက်ဆီးသွားပြီးဖြစ်၏ ။   #htoohtoolay

လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀၀ ခန့်က လူလုပ် ထောင်ချောက်တစ်ခု

လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀၀ ခန့်က လူလုပ် ထောင်ချောက်တစ်ခု ----- မက္ကစီကို city ရှိ Tultepec မှ သုတေသီများသည် လူတို့ တည်ဆောက်ခဲ့သော ပထမဆုံး ကတုတ်ကျင်းထောင်ချောက်ကို ရှာဖွေ တွေ့ရှိခဲ့သည် ။ bbc ၏ အဆိုအရ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀၀ ခန့် သက်တမ်းရှိကာ ၎င်းအတွင်း၌ အရိုးရုပ်ကျွင်းပေါင်း ၈၀၀ နီးပါးမျှ ရရှိခဲ့သည်ဟု ဆိုသည် ။ ထိုထဲ၌ ကြီးမားသော ရုပ်ကျွင်း ၁၄ ခု ပါရှိသည် ။ သုတေသီများက ထိုထောင်ချောက်အား အစောပိုင်းမုဆိုးများတည်ဆောက်စဉ်က ၅ပေ ၆လက်မ အနက်ရှိနိုင်သည်ဟု ဆိုသည် ။ လူတို့သည် တောကောင်များကို မောင်းချ၍ ထို ကတုတ်ကျင်းထဲကျမှသာ မီးခပ်ကျောက်များ ၊ သစ်ကိုင်းများနှင့် တိုက်ခိုက်သတ်ဖြတ်သည်ဟု ယူဆကြသည် ။ အချင်း ၈၂ ပေရှိသော ထိုကတုတ်ကျင်းအား လွန်ခဲ့သော ဆယ်လခန့်က စတင်တူးဖော်နေခြင်းဖြစ်၏ ။ #htoohtoolay

နှစ်ပေါင်း ၄၆၀၀၀ သက်တမ်းရှိသည့် ငှက်တစ်ကောင်

နှစ်ပေါင်း ၄၆၀၀၀ သက်တမ်းရှိသည့် ငှက်တစ်ကောင် ----- ကျောက်ဖြစ်ရုပ်ကျွင်းရှာဖွေသူများသည် လွန်ခဲ့သော နှစ်ပေါင်း ၄၆၀၀၀ သက်တမ်းရှိသည့် ရေခဲခေတ် ငှက်တစ်ကောင်၏ ကျောက်ဖြစ်ရုပ်ကျွင်းအား မနေ့ကမှ သေသော ငှက်ပမာ ကောင်းစွာ ခန္ဓာထိန်းသိမ်းထားသည့် ရုပ်ကျွင်းကို ရှာဖွေတွေ့ရှိခဲ့သည် ။ ၎င်းငှက်သည် ပထမဆုံးသော ရေခဲခေတ်မှ ငှက်တစ်ကောင်ဖြစ်သည် ။ ထိုငှက်အား Love Dalen က ဆိုက်ဘေးရီယား ရေခဲဥများအတွင်းမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည် ။ သူ၏ဖခင်သည် ထိုငှက်အား ရေခဲပြင်အတွင်း ပျံသန်းသွားရင်း အထဲ၌ အေးခဲသေဆုံးသွားသည်ဟု ထင်မှတ်ခဲ့သော်လည်း သုတေသနပညာရှင်များက ကာဗွန်စစ်တမ်း ထုတ်ယူစစ်ဆေးသောအခါ ထိုငှက်ရုပ်ကျွင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၄၆၀၀၀ သက်တမ်းရှိနေခြင်းရလဒ်ထွက်ပေါ်လာ၏ ။ ထိုအခါ love သည် အလွန်အမင်း အံ့အား သင့်ခဲ့ရသည် ။ ဆွီဒင်နိုင်ငံ စတော့ဟုပ်းမြို့မှ သုတေသီတစ်ယောက်က ( ဒီရှာဖွေမှုကတကယ့်ကို စိတ်ပျက်စရာကောင်းတယ် ။ သူ့ရဲ့ ပြဿနာကို သူ့ရဲခေါင်းမှာ တွေ့ရတယ် ။ ဘာကြောင့်လဲဆိုတော့ သူက မနေ့ကမှ သေသွားသလိုရှိနေပေမယ့် သူ့ရဲ့သက်တမ်းက တော်တော်ကို ကြာညောင်းနေပြီ ။ အချိန်တွေ ရပ်တန့်သွားသလိုပဲ ) ဟု ပြောကြားခဲ့သည် ။ ဆက်လက...