Skip to main content

ပုဂံေခတ္က ဥပေဒ ႏွင့္ ေက်ာက္စာ

zawgyi -

ပုဂံေခတ္က ဥပေဒနဲ႕ ေက်ာက္စာ !
------
ပုဂံေခတ္က ေက်ာက္စာ ၆၀ ေက်ာ္ရဲ႕ မင္ကူးဓါတ္ပံုမ်ားကို ဆရာႀကီး ဦးေဖေမာင္တင္နဲ႕ ဆရာႀကီး လုစ္တို႕က ဓါတ္ပံုစာထုပ္ႀကီး ၅ တြဲစီစဥ္ျပီး တိုင္းရင္းျမန္မာေက်ာက္စာမ်ား အမည္နဲ႕ ထုတ္ေဝခဲ႕ဖူးပါတယ္ ။ ေနာက္ထပ္ တူးေဖၚေတြ႕ရွိတဲ႔ ေက်ာက္စာမ်ားကိုေတာ့ ေႏွာင္းေတြ႕ေက်ာက္စာမ်ားအမည္နဲ႕ ဆရာႀကီးေဒါက္တာသန္းထြန္းက ထုတ္ေဝခဲ႕တယ္ ။ အဲ႕ဒီ႕ထဲမွာ ေကၽာက္စာေပါင္း ၄၀ ပါဝင္ပါတယ္ ။ ေနာက္ထပ္လဲ ရွိနိုင္ေသးတယ္ ။

အဲ႕ထဲမွာက ထူးျခားျပီး မွတ္သားရမွာက ေက်ာက္စာတိုင္းက အလွဴမွတ္တမ္းတင္ ေက်ာက္စာေတြပဲ ျဖစ္ပါတယ္ ။

မွတ္တမ္းအလွဴမ်ားက ျဖစ္စဥ္အတိုင္း အလွဴအေႀကာင္းအရာမ်ားကို ရွင္းရွင္းလင္းလင္း ေဖၚျပထားတဲ႕ မွတ္တမ္းေတြျဖစ္တယ္ ။ ရွင္းလင္းဖြင့္ဆိုတဲ႕ မွတ္တမ္းအတြင္းမွာ အလွဴပစၥည္းေတြ - လွဴဒါန္းပံုေတြကို အေသးစိတ္ေဖၚျပထားတဲ႕ သရုပ္ေတြပါျပီး အလွဴနဲ႕ ဆက္စပ္ျပီး ေဖၚျပရာမွာ အခ်ိန္ကာလစဥ္အတိုင္း မွတ္တမ္းတင္ထားခ်က္ေတြကိုလဲ ေတြ႕ရပါတယ္ ။

ပုဂံေခတ္ အမိန္႕ေတာ္ -

အဲ႕ထဲမွာမွ အမိန္႕ေတာ္ နဲ႕ပတ္သတ္ျပီး ေက်ာက္စာတစ္ခ်ပ္ကို ထူးထူး ျခားျခား ေတြ႕ရတယ္ ။ အဲ႕ေက်ာက္စာက က်စြာမင္း (ခရစ္ႏွစ္ ၁၂၃၅ - ၁၂၄၉ ) က ထုတ္ျပန္တဲ႕ အမိန္႕ေတာ္ျပန္တမ္းေက်ာက္စာလို႕ ဆိုပါတယ္ ။

အဲ႕ေက်ာက္စာက က်စြာမင္းရဲ႕အမိန္႕ေတာ္ျဖစ္ျပီး အဲ႕ေက်ာက္တိုင္ေတြကို အိမ္ေျခ ၅၀ ေလာက္ရွိတဲ႕ရြာတိုင္းမွာ တစ္တိုင္စီ စိုက္ထူခိုင္းခဲ႕တာျဖစ္ပါတယ္ ။ ပါဝင္တဲ႔အေႀကာင္းအရာေတြကေတာ့ နိုင္ငံအတြင္းမွာ စိုးဆိုးလုယက္ေနတဲ႕ ေဘးအႏၱာရာယ္ေတြအတြက္ ျငိမ္းေအးေစလိုတာေတြပါျပီး ရာဇဝတ္သားေတြကို ဖမ္းမိတယ္ဆိုရင္ အျပစ္စီရင္ပံုေတြပါဝင္ပါတယ္ ။ ေနာက္ျပီး ဆံုးမတဲ႕ အသံုးအႏႈန္းေတြ ေဖၚျပတယ္ ။ မလုပ္ဖို႕လဲ တားျမစ္ပါတယ္ ။ အရင္က ဥပေဒဟာ အဲ႕ေက်ာက္တိုင္မွာ တည္ေနမယ္လို႕ ယူဆရပါတယ္ ။ အမွန္စင္စစ္ေတာ့ အဲ႕ဥပေဒဟာ ဗုဒၶစာေပေတြကို အေျခခံထားတဲ႕ ဥပေဒေတြျဖစ္တယ္ ။ ခိုးဆိုးသူေတြက ေသလြန္တဲ႕အခါ ငရဲကိုက်မယ္ ။ အက်ိဳးသင့္ အေႀကာင္းသင့္ေတြ ေျပာျပီး ဆံုးမတယ္ ။ ယခုဘဝနဲ႕ ေနာက္ဘဝမွာ ေကာင္းစားေစဖို႕ လမ္းညႊန္ခ်က္ေတြ ျဖစ္ပါတယ္ ။ နည္းနည္းေဖၚျပရရင္ေတာ့ -

ဒီအမိန္႕ကို ဘာေႀကာင့္ ထုတ္ျပန္ရတယ္ျဖစ္ေႀကာင္း ။ ပစၥဳပၸန္ခ်မ္းသာ တမလြန္ခ်မ္းသာကို လိုလားတဲ႕သူဟာ ဒီအမိန္႕ကို ရိုရိုေသေသ ယံုယံုႀကည္ႀကည္ နာယူအပ္ေႀကာင္း ။ ဘာေႀကာင့္လဲဆိုေတာ့ ဒီအမိန္႕ဟာ မိမိပညာနဲ႕ ႀကံစည္တဲ႔စကားမဟုတ္ပဲ သဗၺညဳရဲ႕ စကားကို မွီျပီး ေျပာရတဲ႔အတြက္ျဖစ္ေႀကာင္း ။ ေရွးမင္းတို႕က ခိုးဆိုးသူေတြကို ဖမ္းမိရင္ အမ်ိဳးမ်ိဳး သတ္ျဖတ္ရတဲ႕အတြက္ ထိုအတိုင္းလုပ္ရင္ သတၱဝါေတြ ဆင္းရဲပ်က္ဆီးမွာျဖစ္တဲ႔အတြက္ မိမိက သတၱဝါေတြကို မိမိရဲ႕သားသမီးသေဘာထားတဲ႕အတြက္ ဒီအမိန္႕ကို ျပန္ေႀကာင္း ။

ခိုးစားသူေတြကို ခ်မ္းသာလိုတဲ႕အတြက္ ခိုးစားျခင္းမွာ သူတစ္ပါးရဲ႕ သားမယား ဥစၥာ ပ်က္ဆီးေအာင္ အနိုင္အထက္ ျပဳတာ ျဖစ္တဲ႕အတြက္ ကိုယ္ခ်မ္းသာအံ႕နိုးနိုး ျပဳက်င့္ျခင္းသာျဖစ္ေႀကာင္း ။ စင္စစ္ ဒီခ်မ္းသာဟာ မိမိကို သတ္တဲ႕ ခ်မ္းသာမ်ိဳးသာျဖစ္ေႀကာင္း ။ ဒါေႀကာင့္ ဒီအမႈမ်ိဳးဟာ မိမိကိုယ္ကို ခ်မ္းသာေစတာလား ပ်က္ဆီးေစတာလားဆိုတာ ကိုယ္တိုင္ ဆံုးျဖတ္ဖို႕လိုေႀကာင္း ။

အဲ႕ဒီ႕ေနာက္ ခိုးသူကို မိရင္ စီရင္မွာက !

သံက်င္လွ်ိဳေသာ -
ရင္ပုဆိန္ေပါက္ေသာ -
သံႀကပ္ကင္ေသာ -
အဦးနုတ္ေသာ -
အေပါင္အလက္ဖဲ႕ေသာ -
မ်က္ဆန္ထုတ္ေသာ -
အသားလွီး၍ အစာေကြ်းေသာ -
အေရဆုတ္၍ သမေသာ -
ထိပ္ထြင္း၍ ဆီပူသြန္ေသာ -
လည္အထိျမွပ္၍ ထြန္ႏွင့္ထြန္ေသာ -
ပုရန္ထည့္၍ ဆင္နင္းေသာ -
သစ္ပင္ကို ဖက္ေစ၍ တံသင္းႏွက္ေသာ -
အရွင္လတ္လတ္ မီးျမွိဳက္ေသာ -
လည္ျဖတ္ေသာ " ဆိုတဲ႕ စီရင္ပံုေတြ ေဖၚျပထားပါတယ္ ။

ေနာက္ျပီး ခိုးဆိုးသူေတြဟာ မိမိတို႕ကို မမိေသးတဲ႕အခါမွာ စိတ္ခ်မ္းသာစြာလဲ ေနရတယ္မရွိေႀကာင္း ။ အိပ့္ခ်ိန္ ေနအခ်ိန္ ရပ္ခ်ိန္ သြားခ်ိန္ စားခ်ိန္ေတြမွာလဲ ထိတ္ထိတ္လန္႕လန္႔ ေနေနရေႀကာင္း ။ အိမ္မွာ မေနဝံ႕လို႕ လူသူအေဝးကို ေရွာင္တိမ္းေနရေႀကာင္း။ ေနာင္ဘဝမွာလဲ အပယ္သို႕ေရာက္ေႀကာင္း ။ အပၸါယ္ေလးပါးဆိုတာ သူခိုးအိမ္ျဖစ္တဲ႕အတြက္ ေသရင္ ေရာက္ရေႀကာင္း ။

ခိုးသူတို႕က လူအမ်ားအျပားကို သတ္လွ်င္ သူ႕အတြက္ ျပစ္မႈအေလ်ာက္ ထိုက္တန္ေသာ သတ္ျခင္းမ်ားကား အဘယ္နည္းဆိုျပီး အစခ်ည္ကာ !

သားေရနယ္ သံဆူးတပ္ျပီးရိုက္ျခင္း -

ဆူးရွိေသာ ႀကိမ္လံုးျဖစ္ရိုက္ျခင္း -

နားလွီးျခင္း -

ႏွာေခါင္းလွီးျခင္း -

ေျခလက္ျဖတ္ျခင္း -

ထိပ့္ကိုထြင္း၍ သံပူရဲရဲထည့္ျခင္း -

ဦးေႏွာက္က်ိဳက္က်ိဳက္စူ၍ ေသေအာင္ သတ္ျခင္း -

ခံတြင္းထဲမွာ ဆီမီးညွိျခင္း -

ဦးေခါင္းအရည္ဆုပ္ျပီး ဦးေခါင္းခြံကို သန္လ်င္တံ တုတ္ျဖင့္ ရိုက္ျခင္း -

ပခံုးႏွစ္ဖက္မွစ၍ အထက္သို႕ ဦးေခါင္းအထိ ေအာက္သို႕ ေျခအထိ တစ္ကိုယ္လံုး အရည္ဆုတ္ျပီး အတြင္းအေရခြံကို အျပင္မွာထား၍ ျပန္လႊမ္းကာ အေရကို မီးညွပ္ျဖင့္ ဆြဲျပီး ကတ္ေႀကးႏွင့္ ျဖတ္ျခင္း -

အသားကို လွီးျခင္း -

လက္တံေတာင္ဆစ္ႏွင့္ ေျခပုဆစ္ျဖတ္ျပီး သံခြ ၄ ခု စြပ္၍ တြားသြားေစျခင္း -

တေစာင္းအိပ့္ေစျပီး နားကို တံသင္းရိုက္ျခင္း -

ေျခႏွစ္ဖက္ ပတ္ပတ္လွည့္ျပီး တူျဖင့္ နုတ္နုတ္ေက်ေအာင္ထု၍ အရိုးကိုပါ ေခြျပီး လွီးျခင္း -

အေရကို သင္တုန္းဓါးျဖင့္ စိတ္၍ ဆားသံပရာရည္ သြန္းျခင္း -

အရွင္လတ္လတ္ ေခြးစာေႀကြးျခင္း -

လည္ျဖတ္ျခင္း -

တစ္ကိုယ္လံုး အမႈိက္ရစ္၍ မီးဖုတ္ျခင္း . . .  စတာေတြကို ေဖၚျပထားပါတယ္ ။ တမလြန္ေရာက္ရင္လဲ တစ္ကိုယ္လံုး မီးျမွဳက္ခံရမယ္လို႕ ေဖၚျပတယ္ ။

အဲ႕ဒီ႕ေနာက္ ပစၥဳပၸန္ေကာင္းစားဖို႕ကိုလဲ ဆံုးမလမ္းညႊန္ျပန္တယ္ ။ အဲ႔ဒါေတြက -

ေခ်ာင္း - လယ္ - ယာ - ဥယ်ာဥ္ - ေရကန္တို႕မွာ လယ္ယာလုပ္ျခင္း ။

ကုန္စည္ ကူးသန္းျခင္း ။

ေႀကြးျမီးခ်ျခင္း ။

သူငွားခ်ျခင္း ။

အလုပ္မ်ားကို လံု႕လစိုက္ထုတ္ကာ တရားသျဖင့္ အသက္ေမြးအပ္ျခင္း ။

အလွဴေပးျခင္း ။

သီတင္းသီလ ေစာင့္တည္ျခင္းဆိုတဲ႕ ကုသိုလ္ေကာင္းမႈမ်ား လုပ္ျခင္း ။

ဒီလိုက်င့္ႀကံရင္ လူ႕ဘဝမွာ လူ႕စည္းစိမ္ခံစားရျပီး တမလြန္ဘဝမွာလဲ သိႀကားမင္းစည္းစိမ္ခံစားရျခင္း စတာေတြ မိန္႕ႀကားကာ " ဤလူတြင္သာ စည္းစိမ္ခ်မ္းသာ ရအပ္ေသာ အေႀကာင္းကား ခိုးေသာအက်င့္ မက်င့္အပ္ ။ ေကာင္းေသာအက်င့္ကာ က်င့္အပ္၏ " ဟု ေဖၚျပထားပါတယ္ ။

အဲ႔ဒီကေနာက္ " ဤ ေကာင္းမႈအက်ိဳးေႀကာင့္ နိဗၺာန္ကို အေထာက္အပံ႕ျဖစ္ပါေစသတည္း ။ သတၱဝါတကာ ခ်မ္းသာပါေစသတည္း ။ မိုးေလေကာင္းေစသတည္း ။ တိုင္းျပည္ ခ်မ္းသာေစသတည္း " ဆိုျပီး ဆုေတာင္းကာ နိဂံုးခ်ဳပ္ထားပါတယ္ ။

( မွတ္ခ်က္ -    အရင္က ထင္ထားခဲ႕တာက အဲ႕လို ၁၂ ရာစုေလာက္ကဆိုရင္ လူတစ္ေယာက္ သတ္ရတာ အခုေလာက္ မခက္ခဲဘူးလို႕ ထင္ထားခဲ႕တာ 😭 အခုေတာ့ တက္တက္စင္ေအာင္ လႊဲတာပါပဲလား 😂ငါလဲ ဗီဒီယိုေတြႀကည့္တာ ေလ်ာ့အုန္းမွ 😝 )

#htoohtoolay



unicode -

ပုဂံခေတ်က ဥပဒေနဲ့ ကျောက်စာ !
------
ပုဂံခေတ်က ကျောက်စာ ၆၀ ကျော်ရဲ့ မင်ကူးဓါတ်ပုံများကို ဆရာကြီး ဦးဖေမောင်တင်နဲ့ ဆရာကြီး လုစ်တို့က ဓါတ်ပုံစာထုပ်ကြီး ၅ တွဲစီစဉ်ပြီး တိုင်းရင်းမြန်မာကျောက်စာများ အမည်နဲ့ ထုတ်ဝေခဲ့ဖူးပါတယ် ။ နောက်ထပ် တူးဖေါ်တွေ့ရှိတဲ့ ကျောက်စာများကိုတော့ နှောင်းတွေ့ကျောက်စာများအမည်နဲ့ ဆရာကြီးဒေါက်တာသန်းထွန်းက ထုတ်ဝေခဲ့တယ် ။ အဲ့ဒီ့ထဲမှာ ကျောက်စာပေါင်း ၄၀ ပါဝင်ပါတယ် ။ နောက်ထပ်လဲ ရှိနိုင်သေးတယ် ။

အဲ့ထဲမှာက ထူးခြားပြီး မှတ်သားရမှာက ကျောက်စာတိုင်းက အလှူမှတ်တမ်းတင် ကျောက်စာတွေပဲ ဖြစ်ပါတယ် ။

မှတ်တမ်းအလှူများက ဖြစ်စဉ်အတိုင်း အလှူအကြောင်းအရာများကို ရှင်းရှင်းလင်းလင်း ဖေါ်ပြထားတဲ့ မှတ်တမ်းတွေဖြစ်တယ် ။ ရှင်းလင်းဖွင့်ဆိုတဲ့ မှတ်တမ်းအတွင်းမှာ အလှူပစ္စည်းတွေ - လှူဒါန်းပုံတွေကို အသေးစိတ်ဖေါ်ပြထားတဲ့ သရုပ်တွေပါပြီး အလှူနဲ့ ဆက်စပ်ပြီး ဖေါ်ပြရာမှာ အချိန်ကာလစဉ်အတိုင်း မှတ်တမ်းတင်ထားချက်တွေကိုလဲ တွေ့ရပါတယ် ။

ပုဂံခေတ် အမိန့်တော် -

အဲ့ထဲမှာမှ အမိန့်တော် နဲ့ပတ်သတ်ပြီး ကျောက်စာတစ်ချပ်ကို ထူးထူး ခြားခြား တွေ့ရတယ် ။ အဲ့ကျောက်စာက ကျစွာမင်း (ခရစ်နှစ် ၁၂၃၅ - ၁၂၄၉ ) က ထုတ်ပြန်တဲ့ အမိန့်တော်ပြန်တမ်းကျောက်စာလို့ ဆိုပါတယ် ။

အဲ့ကျောက်စာက ကျစွာမင်းရဲ့အမိန့်တော်ဖြစ်ပြီး အဲ့ကျောက်တိုင်တွေကို အိမ်ခြေ ၅၀ လောက်ရှိတဲ့ရွာတိုင်းမှာ တစ်တိုင်စီ စိုက်ထူခိုင်းခဲ့တာဖြစ်ပါတယ် ။ ပါဝင်တဲ့အကြောင်းအရာတွေကတော့ နိုင်ငံအတွင်းမှာ စိုးဆိုးလုယက်နေတဲ့ ဘေးအန္တာရာယ်တွေအတွက် ငြိမ်းအေးစေလိုတာတွေပါပြီး ရာဇဝတ်သားတွေကို ဖမ်းမိတယ်ဆိုရင် အပြစ်စီရင်ပုံတွေပါဝင်ပါတယ် ။ နောက်ပြီး ဆုံးမတဲ့ အသုံးအနှုန်းတွေ ဖေါ်ပြတယ် ။ မလုပ်ဖို့လဲ တားမြစ်ပါတယ် ။ အရင်က ဥပဒေဟာ အဲ့ကျောက်တိုင်မှာ တည်နေမယ်လို့ ယူဆရပါတယ် ။ အမှန်စင်စစ်တော့ အဲ့ဥပဒေဟာ ဗုဒ္ဓစာပေတွေကို အခြေခံထားတဲ့ ဥပဒေတွေဖြစ်တယ် ။ ခိုးဆိုးသူတွေက သေလွန်တဲ့အခါ ငရဲကိုကျမယ် ။ အကျိုးသင့် အကြောင်းသင့်တွေ ပြောပြီး ဆုံးမတယ် ။ ယခုဘဝနဲ့ နောက်ဘဝမှာ ကောင်းစားစေဖို့ လမ်းညွှန်ချက်တွေ ဖြစ်ပါတယ် ။ နည်းနည်းဖေါ်ပြရရင်တော့ -

ဒီအမိန့်ကို ဘာကြောင့် ထုတ်ပြန်ရတယ်ဖြစ်ကြောင်း ။ ပစ္စုပ္ပန်ချမ်းသာ တမလွန်ချမ်းသာကို လိုလားတဲ့သူဟာ ဒီအမိန့်ကို ရိုရိုသေသေ ယုံယုံကြည်ကြည် နာယူအပ်ကြောင်း ။ ဘာကြောင့်လဲဆိုတော့ ဒီအမိန့်ဟာ မိမိပညာနဲ့ ကြံစည်တဲ့စကားမဟုတ်ပဲ သဗ္ဗညုရဲ့ စကားကို မှီပြီး ပြောရတဲ့အတွက်ဖြစ်ကြောင်း ။ ရှေးမင်းတို့က ခိုးဆိုးသူတွေကို ဖမ်းမိရင် အမျိုးမျိုး သတ်ဖြတ်ရတဲ့အတွက် ထိုအတိုင်းလုပ်ရင် သတ္တဝါတွေ ဆင်းရဲပျက်ဆီးမှာဖြစ်တဲ့အတွက် မိမိက သတ္တဝါတွေကို မိမိရဲ့သားသမီးသဘောထားတဲ့အတွက် ဒီအမိန့်ကို ပြန်ကြောင်း ။

ခိုးစားသူတွေကို ချမ်းသာလိုတဲ့အတွက် ခိုးစားခြင်းမှာ သူတစ်ပါးရဲ့ သားမယား ဥစ္စာ ပျက်ဆီးအောင် အနိုင်အထက် ပြုတာ ဖြစ်တဲ့အတွက် ကိုယ်ချမ်းသာအံ့နိုးနိုး ပြုကျင့်ခြင်းသာဖြစ်ကြောင်း ။ စင်စစ် ဒီချမ်းသာဟာ မိမိကို သတ်တဲ့ ချမ်းသာမျိုးသာဖြစ်ကြောင်း ။ ဒါကြောင့် ဒီအမှုမျိုးဟာ မိမိကိုယ်ကို ချမ်းသာစေတာလား ပျက်ဆီးစေတာလားဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ဖို့လိုကြောင်း ။

အဲ့ဒီ့နောက် ခိုးသူကို မိရင် စီရင်မှာက !

သံကျင်လျှိုသော -
ရင်ပုဆိန်ပေါက်သော -
သံကြပ်ကင်သော -
အဦးနုတ်သော -
အပေါင်အလက်ဖဲ့သော -
မျက်ဆန်ထုတ်သော -
အသားလှီး၍ အစာကျွေးသော -
အရေဆုတ်၍ သမသော -
ထိပ်ထွင်း၍ ဆီပူသွန်သော -
လည်အထိမြှပ်၍ ထွန်နှင့်ထွန်သော -
ပုရန်ထည့်၍ ဆင်နင်းသော -
သစ်ပင်ကို ဖက်စေ၍ တံသင်းနှက်သော -
အရှင်လတ်လတ် မီးမြှိုက်သော -
လည်ဖြတ်သော " ဆိုတဲ့ စီရင်ပုံတွေ ဖေါ်ပြထားပါတယ် ။

နောက်ပြီး ခိုးဆိုးသူတွေဟာ မိမိတို့ကို မမိသေးတဲ့အခါမှာ စိတ်ချမ်းသာစွာလဲ နေရတယ်မရှိကြောင်း ။ အိပ့်ချိန် နေအချိန် ရပ်ချိန် သွားချိန် စားချိန်တွေမှာလဲ ထိတ်ထိတ်လန့်လန့် နေနေရကြောင်း ။ အိမ်မှာ မနေဝံ့လို့ လူသူအဝေးကို ရှောင်တိမ်းနေရကြောင်း။ နောင်ဘဝမှာလဲ အပယ်သို့ရောက်ကြောင်း ။ အပ္ပါယ်လေးပါးဆိုတာ သူခိုးအိမ်ဖြစ်တဲ့အတွက် သေရင် ရောက်ရကြောင်း ။

ခိုးသူတို့က လူအများအပြားကို သတ်လျှင် သူ့အတွက် ပြစ်မှုအလျောက် ထိုက်တန်သော သတ်ခြင်းများကား အဘယ်နည်းဆိုပြီး အစချည်ကာ !

သားရေနယ် သံဆူးတပ်ပြီးရိုက်ခြင်း -

ဆူးရှိသော ကြိမ်လုံးဖြစ်ရိုက်ခြင်း -

နားလှီးခြင်း -

နှာခေါင်းလှီးခြင်း -

ခြေလက်ဖြတ်ခြင်း -

ထိပ့်ကိုထွင်း၍ သံပူရဲရဲထည့်ခြင်း -

ဦးနှောက်ကျိုက်ကျိုက်စူ၍ သေအောင် သတ်ခြင်း -

ခံတွင်းထဲမှာ ဆီမီးညှိခြင်း -

ဦးခေါင်းအရည်ဆုပ်ပြီး ဦးခေါင်းခွံကို သန်လျင်တံ တုတ်ဖြင့် ရိုက်ခြင်း -

ပခုံးနှစ်ဖက်မှစ၍ အထက်သို့ ဦးခေါင်းအထိ အောက်သို့ ခြေအထိ တစ်ကိုယ်လုံး အရည်ဆုတ်ပြီး အတွင်းအရေခွံကို အပြင်မှာထား၍ ပြန်လွှမ်းကာ အရေကို မီးညှပ်ဖြင့် ဆွဲပြီး ကတ်ကြေးနှင့် ဖြတ်ခြင်း -

အသားကို လှီးခြင်း -

လက်တံတောင်ဆစ်နှင့် ခြေပုဆစ်ဖြတ်ပြီး သံခွ ၄ ခု စွပ်၍ တွားသွားစေခြင်း -

တစောင်းအိပ့်စေပြီး နားကို တံသင်းရိုက်ခြင်း -

ခြေနှစ်ဖက် ပတ်ပတ်လှည့်ပြီး တူဖြင့် နုတ်နုတ်ကျေအောင်ထု၍ အရိုးကိုပါ ခွေပြီး လှီးခြင်း -

အရေကို သင်တုန်းဓါးဖြင့် စိတ်၍ ဆားသံပရာရည် သွန်းခြင်း -

အရှင်လတ်လတ် ခွေးစာကြွေးခြင်း -

လည်ဖြတ်ခြင်း -

တစ်ကိုယ်လုံး အမှိုက်ရစ်၍ မီးဖုတ်ခြင်း . . .  စတာတွေကို ဖေါ်ပြထားပါတယ် ။ တမလွန်ရောက်ရင်လဲ တစ်ကိုယ်လုံး မီးမြှုက်ခံရမယ်လို့ ဖေါ်ပြတယ် ။

အဲ့ဒီ့နောက် ပစ္စုပ္ပန်ကောင်းစားဖို့ကိုလဲ ဆုံးမလမ်းညွှန်ပြန်တယ် ။ အဲ့ဒါတွေက -

ချောင်း - လယ် - ယာ - ဥယျာဉ် - ရေကန်တို့မှာ လယ်ယာလုပ်ခြင်း ။

ကုန်စည် ကူးသန်းခြင်း ။

ကြွေးမြီးချခြင်း ။

သူငှားချခြင်း ။

အလုပ်များကို လုံ့လစိုက်ထုတ်ကာ တရားသဖြင့် အသက်မွေးအပ်ခြင်း ။

အလှူပေးခြင်း ။

သီတင်းသီလ စောင့်တည်ခြင်းဆိုတဲ့ ကုသိုလ်ကောင်းမှုများ လုပ်ခြင်း ။

ဒီလိုကျင့်ကြံရင် လူ့ဘဝမှာ လူ့စည်းစိမ်ခံစားရပြီး တမလွန်ဘဝမှာလဲ သိကြားမင်းစည်းစိမ်ခံစားရခြင်း စတာတွေ မိန့်ကြားကာ " ဤလူတွင်သာ စည်းစိမ်ချမ်းသာ ရအပ်သော အကြောင်းကား ခိုးသောအကျင့် မကျင့်အပ် ။ ကောင်းသောအကျင့်ကာ ကျင့်အပ်၏ " ဟု ဖေါ်ပြထားပါတယ် ။

အဲ့ဒီကနောက် " ဤ ကောင်းမှုအကျိုးကြောင့် နိဗ္ဗာန်ကို အထောက်အပံ့ဖြစ်ပါစေသတည်း ။ သတ္တဝါတကာ ချမ်းသာပါစေသတည်း ။ မိုးလေကောင်းစေသတည်း ။ တိုင်းပြည် ချမ်းသာစေသတည်း " ဆိုပြီး ဆုတောင်းကာ နိဂုံးချုပ်ထားပါတယ် ။

( မှတ်ချက် -    အရင်က ထင်ထားခဲ့တာက အဲ့လို ၁၂ ရာစုလောက်ကဆိုရင် လူတစ်ယောက် သတ်ရတာ အခုလောက် မခက်ခဲဘူးလို့ ထင်ထားခဲ့တာ 😭 အခုတော့ တက်တက်စင်အောင် လွှဲတာပါပဲလား 😂ငါလဲ ဗီဒီယိုတွေကြည့်တာ လျော့အုန်းမှ 😝 )

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...