ခန္ဓာပူရ - ဝတ္ထု တို (အလွန်ကျယ်ပျံ့သော ကမ္ဘာ့အတိုဆုံး ဝတ္ထု )
----
ခန္ဓာပူရပြည်တွင် ကာယမနမင်းသည် ကာမဂုဏ်ဒေဝီ မိဖုရားနှင့် နန်းစံလျက်ရှိရာ မင်းကိုမကျေနပ်သော ကြမ္မာအမတ်က မရဏာ-သန္နမင်းထံ သွား၍ ကုန်းချောလျှောက်တင်သည့်အတွက် မရဏာ သန္နမင်းက ဗျာဓိအမတ်ကိုလွှတ်ပြီး ကာယမနမင်းကို တိုက်ခိုက်စေသည် ။
ကံဝန် နှင့် ညာဏ်ဝန်က ခုခံရာ ဗျာဓိအမတ် အရေးနိမ့်သွားသည် ။ မရဏာ သန္နမင်းသည် ဗျာဓိအမတ်ကို ရာထူးချပြီး ဇရာအမတ်ကို လွှတ်ပြန်ရာ ကာယမနမင်း အညံ့ခံရပြီး မရဏာသန္နမင်းထံ ခေါ်ဆောင်ခြင်း ခံရ၏ ။
ဒုဂတိရွာစားနှင့် သုဂတိရွာစားတို့က ကာမမန္နမင်းကို သူရထိုက်သည် ငါရထိုက်သည်ဟု အငြင်းအခုန်ဖြစ်ကြရာ ကမ္မရာဇာ တရားသူကြီးက အဆုံးအဖြတ်ပေးရ၏ ။ ထို့နောက်မှပင် ကာယမနမင်းသည် ခန္ဓာပူရမြို့သစ်ကို တည်ဆောက်ခွင့် ရသွားသည် ။
#htoohtoolay
မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...
Comments
Post a Comment