Skip to main content

ဘဏ္ ( Bank )

zawgyi -

အတိုးအမ်ားဆံုးဘဏ္မွာ ေငြစုမယ္
****************************
ေငြစုမယ္ေဟ့…..ေငြစုမယ္။ ဘဝေရွ႕ေရွးအတြက္ ေငြစုၾကမယ္ေဟ့။ ျမန္မာႏိုင္ငံမွာဘယ္ဘဏ္ကအတိုးအမ်ားဆံုးေပးေနသလဲမသိဘူး။ (စုေငြ – Saving ကိုေျပာတာေနာ္)  စုတာေတာ့ၾကာၿပီ အတိုးဘယ္လိုတြက္ေပးမွန္းမသိေသးဘူးလား။ အခုမွစစုမယ္ဆိုရင္ေရာ ဘယ္လိုစုရမွာလဲ။ အိုေကပါခင္ဗ်ာ။ ဘဏ္စုေငြနဲ႔ပက္သက္ၿပီးသိထားသင့္သမွ်ကို ကၽြန္ေတာ္တို႔အခရာက ေရးသားေဖာ္ျပလိုက္ပါတယ္။ ျမန္မာႏိုင္ငံကဘဏ္ေတြရဲ႕ စုေငြအတိုးႏႈန္းေတြကိုလညး္ အနည္းအမ်ား အစဥ္လိုက္ေရးထားေပးတယ္ေနာ္။

ကဲ..ဘယ္ဘဏ္မွာေငြစုၾကမလဲ?
ေငြစုဘဏ္အပ္ေငြ (Saving Deposit) အေကာင့္ဘယ္လိုဖြင့္မလဲ?

ကိုယ္ေငြစုုခ်င္တဲ့ နီးစပ္ရာဘဏ္တစ္ခုခုကိုသြားပါ။ မွတ္ပံုုတင္မူရင္းေတာ့လိုပါတယ္။ ဧည့္ၾကိဳေကာင္တာကမိန္းကေလးေတြကို “စုေငြ (Saving) အေကာင့္ဖြင့္ခ်င္တယ္” လို႔ေျပာလုိက္ပါ။ သူတို႔ကေဖာ္ေဖာ္ေရြေရြနဲ႔ပဲလုိက္လုပ္ေပးပါတယ္။ နာရီဝက္ထက္ပိုမၾကာပါဘူး။ ၿပီးရင္ေတာ့သင့္နာမည္နဲ႔ ေငြစုစာအုပ္ေလးတစ္အုပ္ထုတ္ေပးပါမယ္။


ဘယ္ေလာက္က စစုလို႔ရလဲ?

တစ္ခ်ိဳ႕ဘဏ္ေတြက ၁၀၀၀ က်ပ္ကစစုလို႔ရေပမယ့္ တစ္ခ်ိဳ႕က်ေတာ့ ၁၀၀၀၀ က်ပ္ကေနစစုမွရမွာပါ။ ဒါေပယ့္

ဘဏ္ေတြအားလံုးတူတဲ့အခ်က္ကေတာ့ ဘဏ္စာအုပ္ထဲမွာအနည္းဆံုး ၁၀၀၀က်ပ္လက္က်န္ထားရပါမယ္။


အတိုးႏႈန္းကုိဘယ္လိုတြက္ပါသလဲ?

စုေငြ*အတိုးႏႈန္း/၁၂ ဆိုတဲ့ပံုေသနည္းနဲ႔တြက္ပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ စုေငြအတြက္ အတိုးႏႈန္းေတြက ၈.၂၅%, ၈.၅% နဲ႔ ၈.၆% ဆိုၿပီးေတာ့ ဘဏ္ေတြအေပၚ မူတည္ၿပီး ကြဲပါတယ္။

ဘယ္လိုတြက္ရမလဲဆိုတာကို  ကေမၻာဇဘဏ္နဲ႔ဥပမာထားၿပီးေတာ့ေျပာပါမယ္။ကေမၻာဇရဲ႕အတိုးႏႈန္းက ၈.၂၅% ပါ။

ကၽြန္ေတာ္ ကေမၻာဇဘဏ္မွာ ၁၀၀,၀၀၀ (တစ္သိန္း) စစုတယ္လို႔ဆိုပါစို႔။

တစ္သိန္းအတြက္ အတိုးႏႈန္းဘယ္ေလာက္ရလဲဆိုတာကို ကၽြန္ေတာ္တြက္ျပပါ့မယ္။

စုေငြ = ၁၀၀,၀၀၀

အတိုးႏႈန္း = ၈.၂၅% = ၈.၂၅/၁၀၀ = ၀.၀၈၂၅ ပါ။


(ပံုေသနည္းမွာအစားသြင္းပါမယ္)

စုေငြ*အတိုးႏႈန္း/၁၂ = ၁၀၀,၀၀၀*၀.၀၈၂၅/၁၂ = ၆၈၇.၅ က်ပ္ပါ။

အဲ့ဒီေတာ့ တစ္သိန္းစုမယ္ဆိုရင္ တစ္လကို ၆၈၇.၅ က်ပ္ရပါမယ္။ (ဘဏ္ေတြက စုေငြကို တစ္ႏွစ္အေပၚမူတည္  ျပီးတြက္တာမို႔ ၁၂ နဲ႔စားရတာျဖစ္ပါတယ္။)



ဘဏ္အမ်ားစုက လစဥ္ လဆန္း (၁) ရက္ေန႔မွ (၅) ရက္ေန႔အထိ သြင္းထားေသာေငြရဲ႕ လကုန္ရက္အတြင္း အနည္းဆံုးလက္က်န္ပဏာဏအေပၚမွာ အတိုးေပးတြက္ေပးေလ့ရွိပါတယ္။ (ဒါကေတာ့ ေယဘုယ်ေျပာတာပါ။တစ္ခ်ိဳ႕ဘဏ္ေတြကကြဲလြဲမႈရွိပါတယ္)
အတိုးကိုဘယ္အခ်ိန္ထုတ္လို႔ရပါသလဲ?

ဘဏ္အားလံုးလိုလိုက အတိုးကိုသံုးလတစ္ႀကိမ္ထုတ္ေပးပါတယ္။ ပံုမွန္အားျဖင့္ မတ္လ၊ဂၽြန္လ၊ စက္တင္ဘာလ နဲ႔ ဒီဇင္ဘာလ ကုန္ရက္ေတြမွာထုတ္ယူႏိုင္မွာပါ။


ဘယ္ဘဏ္ကအတိုးႏႈန္းအမ်ားဆံုးလဲ?

(ေအာက္မွာ Group အလိုက္ေဖာ္ျပထားတယ္)
အတိုးႏႈန္း 8.25% ေပးေသာဘဏ္မ်ား 

(၁) ကေမၻာဇဘဏ္ (KBZ Bank)

အမွတ္ (၆၁၅/၁)၊ ျပည္လမ္း၊ ကမာရြတ္ၿမိဳ႕နယ္။

ဖုန္း 1-538075, 1-538076, 1-538078





(၂) သမဝါယမဘဏ္ (CB Bank)

အမွတ္ (၃၃၄/၃၃၆)၊ ကမ္းနားလမ္းႏွင့္၂၃လမ္းေထာင့္၊လသာၿမိဳ႕နယ္။

ဖုန္း –  (95-1) 372 646, 372 655, 371 848





(၃) ရိုးမဘဏ္ (Yoma Bank)

အမွတ္ ၁၁/၁၇၊ ဘိုကေလးေစ်းလမ္း၊ဗိုလ္တေထာင္။

ဖုန္း – +95 1 373367, 373368, 373000





(၄) ဧရာဝတီဘဏ္ (Aya Bank)

အမွတ္(၁) ဘုရင့္ေနာင္လမ္းမႀကီး၊ (၂)ရပ္ကြက္၊ လွိဳင္ၿမိဳ႕နယ္။
ဖုန္း – 951-531067၊ 531068၊531069





(၅)ယူႏိုက္တက္အမရာတက္အမရာဘဏ္ (UAB Bank)

အမွတ္-၅၂၀(ေအ/၄)၊ကမၻာေအးဘုရားလမ္း၊ဗဟန္း။

ဖုန္း – 01-8603009၊ 01-8603018

အီးေမးလ္ – prd@unitedamarabank.com



(၆) ျမန္မာ့ေရွ႕ေဆာင္ဘဏ္ (Myanmar Apex Bank)



အမွတ္ ၂၀၇၊ သိမ္ျဖဴလမ္း၊ ဗိုလ္တေထာင္။

ဖုန္း –  01 398811-19





(၇) ျမန္မာအေရွ႕တိုင္းဘဏ္ (Myanmar Orient Bank)

အမွတ္(၁၆၆/၁၆၈)၊ပန္းဆုိးတန္းလမ္း ၊ ေက်ာက္တံတားၿမိဳ႕နယ္။

ဖုန္း – 01-246594




အတိုးႏႈန္း 8.5% ေပးေသာဘဏ္မ်ား

(1) ပထမပုဂၢလိကဘဏ္ (First Private Bank)

အမွတ္ – ၆၁၉/၆၂၁၊ ကုန္သည္လမ္းႏွင့္ ဗုိလ္ဆြန္ပက္လမ္းေဒါင့္၊ ပန္းဘဲတန္းၿမိဳ႕နယ္။

ဖုန္း- 01-246786



(2) ထြန္းစီးပြားေရးဘဏ္ (Tun Commerical Bank)

အမွတ္ ၂၃၀၊ ဗိုလ္ျမတ္ထြန္းလမ္းႏွင့္မဟာဗႏၶဳလလမ္းေထာင္၊

ဗိုလ္တစ္ေထာင္။

ဖုန္း – 01-9000880



(၃) ေရႊဘဏ္ (Shwe Bank)



အမွတ္ ၆၆/၇၆ ၊ကုန္သည္လမ္းႏွင့္ပန္းဆိုးတန္းလမ္းေထာင့္၊ေက်ာက္တံတား။

ဖုန္း – 01-2307901



(၄) ကမၻာ့ရတနာဘဏ္ (Global Treasure Bank)

အမွတ္ ၆၅၃/၆၉၉၊ ကုန္သည္လမ္း၊ ပန္းဘဲတန္း။

ဖုန္း – 389365၊ 389489
အတိုးႏႈန္း 8.6% ေပးေသာဘဏ္
(၁) အာရွစိမ္းလန္းမႈဖြံ႕ၿဖိဳးေရးဘဏ္ (AGD Bank)

အမွတ္(၇၃/၇၅)၊ ဆူးေလဘုရားလမ္း၊ပန္းပဲတန္းၿမိဳ႕နယ္။

ဖုန္း – +95 1 239 9333


မွတ္ခ်က္

တစ္ခ်ိဳ႕ဘဏ္ေတြက ေငြစုဘဏ္အပ္ေငြကို အမ်ိဳးအစားခြဲထားပါတယ္။ ဥပမာ – ဧရာဝတီဘဏ္ပါ။

သူ႔မွာဆိုရင္  (၁) ပံုမွန္ Saving Deposit

(၂) Maximizer Saving (တစ္သိန္းကေန စစုရသည္)

(၃) Loyal Saving (ငါးသိန္းကေန စစုရသည္) ဆိုၿပီးခြဲထားၿပီး

တစ္လကိုအနည္းဆံုးဘယ္ေလာက္စုရမယ္လို႔ သတ္မွတ္ထားကကာအတိုးပိုေပးသြားပါတယ္။တစ္ခ်ိဳ႕ဘဏ္ေတြကေတာ့ ထည့္သြင္းတဲ့ေငြမ်ားရင္အတိုးပိုမ်ားသြားတဲ့ ဘဏ္မ်ိဳးပါ။  ဥပမာ – ယူႏိုက္တက္အမရာဘဏ္ဆိုရင္ စုေငြကငါးသိန္းငါးသိန္းေအာက္ဆိုရင္ အတိုး ၈.၂၅ ရာခိုင္နႈန္း၊ သိန္းတစ္ရာေအာက္ဆိုရင္ ၈.၃ ရာခိုင္နႈန္း၊ သိန္းငါးရာေအာက္ဆိုရင္ေတာ့ ၈.၅ ရာခိုင္နႈန္းနဲ႔ သိန္းငါးရာနဲ႔အထက္ဆိုရင္ေတာ့ ၈.၆ ရာခိုင္နႈန္းေပးပါတယ္။


စာရင္းပိတ္ျခင္း။

ေငြစုဘဏ္စာရင္းကိုပိတ္လိုပါက ေငြစုဘဏ္စာရင္းစာအုပ္ကို မိမိစာရင္းဖြင့္လွစ္ထားေသာဘဏ္ခြဲတြင္ ျပန္လည္ေပးအပ္ၿပီး အလြယ္တကူစာရင္းပိတ္ႏိုင္ပါတယ္။ အတိုးႏွင့္ တကြ စာရင္း လက္က်န္ေငြမ်ားကိုဘဏ္က ထုတ္ေပးမွာပါ။

copy -

မူရင္း post ရွင္အား crd ေပးပါသည္ ။

#htoohtoolay



unicoad -

အတိုးအများဆုံးဘဏ်မှာ ငွေစုမယ်
****************************
ငွေစုမယ်ဟေ့…..ငွေစုမယ်။ ဘဝရှေ့ရှေးအတွက် ငွေစုကြမယ်ဟေ့။ မြန်မာနိုင်ငံမှာဘယ်ဘဏ်ကအတိုးအများဆုံးပေးနေသလဲမသိဘူး။ (စုငွေ – Saving ကိုပြောတာနော်)  စုတာတော့ကြာပြီ အတိုးဘယ်လိုတွက်ပေးမှန်းမသိသေးဘူးလား။ အခုမှစစုမယ်ဆိုရင်ရော ဘယ်လိုစုရမှာလဲ။ အိုကေပါခင်ဗျာ။ ဘဏ်စုငွေနဲ့ပက်သက်ပြီးသိထားသင့်သမျှကို ကျွန်တော်တို့အခရာက ရေးသားဖော်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံကဘဏ်တွေရဲ့ စုငွေအတိုးနှုန်းတွေကိုလည်း အနည်းအများ အစဉ်လိုက်ရေးထားပေးတယ်နော်။

ကဲ..ဘယ်ဘဏ်မှာငွေစုကြမလဲ?
ငွေစုဘဏ်အပ်ငွေ (Saving Deposit) အကောင့်ဘယ်လိုဖွင့်မလဲ?

ကိုယ်ငွေစုချင်တဲ့ နီးစပ်ရာဘဏ်တစ်ခုခုကိုသွားပါ။ မှတ်ပုံတင်မူရင်းတော့လိုပါတယ်။ ဧည့်ကြိုကောင်တာကမိန်းကလေးတွေကို “စုငွေ (Saving) အကောင့်ဖွင့်ချင်တယ်” လို့ပြောလိုက်ပါ။ သူတို့ကဖော်ဖော်ရွေရွေနဲ့ပဲလိုက်လုပ်ပေးပါတယ်။ နာရီဝက်ထက်ပိုမကြာပါဘူး။ ပြီးရင်တော့သင့်နာမည်နဲ့ ငွေစုစာအုပ်လေးတစ်အုပ်ထုတ်ပေးပါမယ်။


ဘယ်လောက်က စစုလို့ရလဲ?

တစ်ချို့ဘဏ်တွေက ၁၀၀၀ ကျပ်ကစစုလို့ရပေမယ့် တစ်ချို့ကျတော့ ၁၀၀၀၀ ကျပ်ကနေစစုမှရမှာပါ။ ဒါပေယ့်

ဘဏ်တွေအားလုံးတူတဲ့အချက်ကတော့ ဘဏ်စာအုပ်ထဲမှာအနည်းဆုံး ၁၀၀၀ကျပ်လက်ကျန်ထားရပါမယ်။


အတိုးနှုန်းကိုဘယ်လိုတွက်ပါသလဲ?

စုငွေ*အတိုးနှုန်း/၁၂ ဆိုတဲ့ပုံသေနည်းနဲ့တွက်ပါတယ်။ မြန်မာနိုင်ငံမှာတော့ စုငွေအတွက် အတိုးနှုန်းတွေက ၈.၂၅%, ၈.၅% နဲ့ ၈.၆% ဆိုပြီးတော့ ဘဏ်တွေအပေါ် မူတည်ပြီး ကွဲပါတယ်။

ဘယ်လိုတွက်ရမလဲဆိုတာကို  ကမ္ဘောဇဘဏ်နဲ့ဥပမာထားပြီးတော့ပြောပါမယ်။ကမ္ဘောဇရဲ့အတိုးနှုန်းက ၈.၂၅% ပါ။

ကျွန်တော် ကမ္ဘောဇဘဏ်မှာ ၁၀၀,၀၀၀ (တစ်သိန်း) စစုတယ်လို့ဆိုပါစို့။

တစ်သိန်းအတွက် အတိုးနှုန်းဘယ်လောက်ရလဲဆိုတာကို ကျွန်တော်တွက်ပြပါ့မယ်။

စုငွေ = ၁၀၀,၀၀၀

အတိုးနှုန်း = ၈.၂၅% = ၈.၂၅/၁၀၀ = ဝ.၀၈၂၅ ပါ။


(ပုံသေနည်းမှာအစားသွင်းပါမယ်)

စုငွေ*အတိုးနှုန်း/၁၂ = ၁၀၀,၀၀၀*ဝ.၀၈၂၅/၁၂ = ၆၈၇.၅ ကျပ်ပါ။

အဲ့ဒီတော့ တစ်သိန်းစုမယ်ဆိုရင် တစ်လကို ၆၈၇.၅ ကျပ်ရပါမယ်။ (ဘဏ်တွေက စုငွေကို တစ်နှစ်အပေါ်မူတည်  ပြီးတွက်တာမို့ ၁၂ နဲ့စားရတာဖြစ်ပါတယ်။)



ဘဏ်အများစုက လစဉ် လဆန်း (၁) ရက်နေ့မှ (၅) ရက်နေ့အထိ သွင်းထားသောငွေရဲ့ လကုန်ရက်အတွင်း အနည်းဆုံးလက်ကျန်ပဏာဏအပေါ်မှာ အတိုးပေးတွက်ပေးလေ့ရှိပါတယ်။ (ဒါကတော့ ယေဘုယျပြောတာပါ။တစ်ချို့ဘဏ်တွေကကွဲလွဲမှုရှိပါတယ်)
အတိုးကိုဘယ်အချိန်ထုတ်လို့ရပါသလဲ?

ဘဏ်အားလုံးလိုလိုက အတိုးကိုသုံးလတစ်ကြိမ်ထုတ်ပေးပါတယ်။ ပုံမှန်အားဖြင့် မတ်လ၊ဂျွန်လ၊ စက်တင်ဘာလ နဲ့ ဒီဇင်ဘာလ ကုန်ရက်တွေမှာထုတ်ယူနိုင်မှာပါ။


ဘယ်ဘဏ်ကအတိုးနှုန်းအများဆုံးလဲ?

(အောက်မှာ Group အလိုက်ဖော်ပြထားတယ်)
အတိုးနှုန်း 8.25% ပေးသောဘဏ်များ 

(၁) ကမ္ဘောဇဘဏ် (KBZ Bank)

အမှတ် (၆၁၅/၁)၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်။

ဖုန်း 1-538075, 1-538076, 1-538078





(၂) သမဝါယမဘဏ် (CB Bank)

အမှတ် (၃၃၄/၃၃၆)၊ ကမ်းနားလမ်းနှင့်၂၃လမ်းထောင့်၊လသာမြို့နယ်။

ဖုန်း –  (95-1) 372 646, 372 655, 371 848





(၃) ရိုးမဘဏ် (Yoma Bank)

အမှတ် ၁၁/၁၇၊ ဘိုကလေးဈေးလမ်း၊ဗိုလ်တထောင်။

ဖုန်း – +95 1 373367, 373368, 373000





(၄) ဧရာဝတီဘဏ် (Aya Bank)

အမှတ်(၁) ဘုရင့်နောင်လမ်းမကြီး၊ (၂)ရပ်ကွက်၊ လှိုင်မြို့နယ်။
ဖုန်း – 951-531067၊ 531068၊531069





(၅)ယူနိုက်တက်အမရာတက်အမရာဘဏ် (UAB Bank)

အမှတ်-၅၂၀(အေ/၄)၊ကမ္ဘာအေးဘုရားလမ်း၊ဗဟန်း။

ဖုန်း – 01-8603009၊ 01-8603018

အီးမေးလ် – prd@unitedamarabank.com



(၆) မြန်မာ့ရှေ့ဆောင်ဘဏ် (Myanmar Apex Bank)



အမှတ် ၂၀၇၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်။

ဖုန်း –  01 398811-19





(၇) မြန်မာအရှေ့တိုင်းဘဏ် (Myanmar Orient Bank)

အမှတ်(၁၆၆/၁၆၈)၊ပန်းဆိုးတန်းလမ်း ၊ ကျောက်တံတားမြို့နယ်။

ဖုန်း – 01-246594




အတိုးနှုန်း 8.5% ပေးသောဘဏ်များ

(1) ပထမပုဂ္ဂလိကဘဏ် (First Private Bank)

အမှတ် – ၆၁၉/၆၂၁၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းဒေါင့်၊ ပန်းဘဲတန်းမြို့နယ်။

ဖုန်း- 01-246786



(2) ထွန်းစီးပွားရေးဘဏ် (Tun Commerical Bank)

အမှတ် ၂၃၀၊ ဗိုလ်မြတ်ထွန်းလမ်းနှင့်မဟာဗန္ဓုလလမ်းထောင်၊

ဗိုလ်တစ်ထောင်။

ဖုန်း – 01-9000880



(၃) ရွှေဘဏ် (Shwe Bank)



အမှတ် ၆၆/၇၆ ၊ကုန်သည်လမ်းနှင့်ပန်းဆိုးတန်းလမ်းထောင့်၊ကျောက်တံတား။

ဖုန်း – 01-2307901



(၄) ကမ္ဘာ့ရတနာဘဏ် (Global Treasure Bank)

အမှတ် ၆၅၃/၆၉၉၊ ကုန်သည်လမ်း၊ ပန်းဘဲတန်း။

ဖုန်း – 389365၊ 389489
အတိုးနှုန်း 8.6% ပေးသောဘဏ်
(၁) အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD Bank)

အမှတ်(၇၃/၇၅)၊ ဆူးလေဘုရားလမ်း၊ပန်းပဲတန်းမြို့နယ်။

ဖုန်း – +95 1 239 9333


မှတ်ချက်

တစ်ချို့ဘဏ်တွေက ငွေစုဘဏ်အပ်ငွေကို အမျိုးအစားခွဲထားပါတယ်။ ဥပမာ – ဧရာဝတီဘဏ်ပါ။

သူ့မှာဆိုရင်  (၁) ပုံမှန် Saving Deposit

(၂) Maximizer Saving (တစ်သိန်းကနေ စစုရသည်)

(၃) Loyal Saving (ငါးသိန်းကနေ စစုရသည်) ဆိုပြီးခွဲထားပြီး

တစ်လကိုအနည်းဆုံးဘယ်လောက်စုရမယ်လို့ သတ်မှတ်ထားကကာအတိုးပိုပေးသွားပါတယ်။တစ်ချို့ဘဏ်တွေကတော့ ထည့်သွင်းတဲ့ငွေများရင်အတိုးပိုများသွားတဲ့ ဘဏ်မျိုးပါ။  ဥပမာ – ယူနိုက်တက်အမရာဘဏ်ဆိုရင် စုငွေကငါးသိန်းငါးသိန်းအောက်ဆိုရင် အတိုး ၈.၂၅ ရာခိုင်နှုန်း၊ သိန်းတစ်ရာအောက်ဆိုရင် ၈.၃ ရာခိုင်နှုန်း၊ သိန်းငါးရာအောက်ဆိုရင်တော့ ၈.၅ ရာခိုင်နှုန်းနဲ့ သိန်းငါးရာနဲ့အထက်ဆိုရင်တော့ ၈.၆ ရာခိုင်နှုန်းပေးပါတယ်။


စာရင်းပိတ်ခြင်း။

ငွေစုဘဏ်စာရင်းကိုပိတ်လိုပါက ငွေစုဘဏ်စာရင်းစာအုပ်ကို မိမိစာရင်းဖွင့်လှစ်ထားသောဘဏ်ခွဲတွင် ပြန်လည်ပေးအပ်ပြီး အလွယ်တကူစာရင်းပိတ်နိုင်ပါတယ်။ အတိုးနှင့် တကွ စာရင်း လက်ကျန်ငွေများကိုဘဏ်က ထုတ်ပေးမှာပါ။


copy -

မူရင်း post ရှင်အား crd ပေးပါသည် ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...