မြန်မာရဲ့ နောက်ဆုံးမင်း နတ်ရွာစံတဲ့နေ့ !
-----
ကျွန်တော်တို့တွေက မြန်မာလူမျိုးတွေ ဖြစ်ပေမယ့်လို့ တစ်ခါတစ်လေ ကျွန်တော်တို့ရဲ့ များပြားလှစွာသော လုပ်ငန်းဆောင်တာများက အမှတ်ရသင့်သည်များကို မရနိုင်လောက်အောင် ဖန်တီးထားတက်ကြပါတယ် ။ တစ်ခါတစ်လေ လူမှုနယ်ပယ်မှာ လှုပ်ရှားရုန်းကန်နေကြရင်းမှ ကိုယ့်ပြည် ကိုယ့်မြေမှ ဘုရင်စနစ်ရဲ့ နောက်ဆုံး မင်းဆက်အမည်ကိုတောင် မသိကြတော့ပါဘူး ။
အခုချိန်မှာလဲ လူငယ်အတော်များများမှာ မင်းတုန်းမင်းနဲ့ သီပေါမင်းကို နောက်ဆုံးမင်းဆက်နေရာ ထားပြီး မှတ်သားကြတာမျိုးတွေ တွေ့ရတဲ့အတွက် စိတ်မကောင်းပါ ။ သီပေါမင်းကို မင်းတုန်းမင်း အမှတ်နဲ့ ပြောဆိုနေတာမျိုးတွေက မဖြစ်သင့်ပါ ။
ဒီလိုအခြေအနေမျိုးမှာမှ ကိုယ်တွေရဲ့ နောက်ဆုံးမင်းဆက်ဘုရင်ဟာ ဘယ်အချိန်မှာ နတ်ရွာစံသလဲဆိုတဲ့ မေးခွန်းက အတော်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ စိန်ခေါ်မှုတစ်ခုလို့တောင် တင်စားရမလိုဖြစ်နေပါတယ် ။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့တွေခမျာ တော်တော်များများက မသိကြဘူးမဟုတ်လား ။
အခု ဒီ post ကတော့ ထိုအကြာင်းအရာလေးကို မှတ်တမ်းအနေနဲ့ သိသင့်ကြောင်း ဖေါ်ပြဖို့ ရည်ရွယ်ပါတယ် ။
( အမှန်တော့ ရေးရမှာ စာက တိုနေလို့ လျှောက်ရေးနေတာပါ 😂 )
မှတ်တမ်းက -
အရင်က မဟာဗောဓိသတင်းစာဆိုပြီး ထွက်တယ် ။ အဲ့မှာ ပြည်တွင်းသတင်းကို နေရပ်သတင်းလို့ ခေါင်းစဉ်တပ်ပြီး အဲ့မှာ ဖေါ်ပြထားတာက -
" မြန်မာဘုရင် သီပေါမင်းတရား နတ်ရွာစံတော်မူကြောင်း "
' မြန်မာပြည် ဧကာဒသမ ရွှေဘိုနန်းဆက် ရတနာဂီရိမြို့ရောက် မန္တလေးမြို့ ဒုတိယနန်းစံ မြန်မာဘုရင် သီပေါမင်းတရားကြီးသည် ယခု နတ်တော်လပြည့်ကျော် ၆ ရက် သောကြာနေ့ ည သန်းလွဲချိန် ဗုံပိုင်မြို့နယ် , စံတော်မူရင်း ရတနာဂီရိမြို့၌ သက်တော် ၅၇ နှစ် ၁၁ လ ၂၄ ရက် , အိမ်နိမ့် ၂၀ , နန်းစံ ၇ , နန်းလွှဲရိပ့်ငြိမ် စည်းစိမ်တော် ၃၀ နှစ်တွင် နတ်ဖြစ်ဝေယန် သောဏ္ဏကဏ်သို့ ပြောင်းစံတော်မူကြောင်း နှင့် ရန်ကုန်မြို့သို့ ကြေးနန်းသတင်း ရောက်ရှိကြောင်း '
ဆိုပြီး ဖေါ်ပြထားပါတယ် ။
သီပေါမင်းတရား နတ်ရွာစံသောနေ့မှာ ၁၉၁၆ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် ဖြစ်တယ် ။
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment