သွေးနှီး ညီအစ်ကိုများ !
-----
အမျိုးတွေ နည်းနည်း ဆက်ကြည့်ရတော့မယ် ။ အခုတလော လိုင်းပေါ်မှာ ဘာတွေ တင်နေကြမှန်းမသိပေမယ့် အမျိုးတွေ တော်စပ်ပုံလေးတော့ ရှေ့ဦးလေ့လာချက်တွေထဲက နည်းနည်းထုတ်ပြရတော့မယ် ။ ဒီလို !
အစဦးဆုံး သြစတရစ်မျိုးဆက် နဲ့ တိဗက်-တရုတ် မျိုးဆက်ကို အရင်ကြည့်ရမယ် ။
ဘာကြောင့်လဲဆိုတော့ အဲ့မျိုးဆက်ကနေ မြန်မာတိုင်းရင်းသားတွေဆိုတာ ဖြစ်ပေါ်လာလို့ပဲ ။ လေ့လာသူတွေက အဲ့မျိုးဆက်တွေဟာ မြန်မာနိုင်ငံထဲကို ခရစ်နှစ်ပေါ်စကနေ ရောက်လာတယ်လို့ယူဆကြတယ် ။ သြစတရစ်မျိုးဆက်က မြန်မာနိုင်ငံထဲကို တိဗက်-တရုတ်ထက် နည်းနည်း စောဟန်ရှိတယ် ။
မြန်မာတွေက အစက မြန်မာနိုင်ငံထဲမှာ နေကြတာမဟုတ်ဘူး ။အဲ့အချိန်မှာ မြန်မာနိုင်ငံထဲမှာ လူမျိုးတစ်စု နေခဲ့ဖူးတယ် ။ ပညာရှင်တစ်ချို့က နီဂရိတို အမျိုးတွေဖြစ်မယ်လို့ ပြောတယ် ။ အခုထိတော့ သေသေခြာခြာ မသိကြသေးဘူး ။ အဟုတ်ကို အဟုတ် , အမှန်ကို အမှန်အတိုင်းပြောတာကို သမိုင်းလို့ခေါ်တယ် ။ ဒီနေရာမှာ လျှောက်ပြီး ဇာတိမာန်တက်လို့ မရဘူး ။ အဲ့တုန်းက မြန်မာတွေက အခု ဒီမြေ ဒီရေမှာ မနေဘူး ။ တိဗက်မြန်မာတွေ ရောက်လာချိန်မှာ ပျူ , သက် , ကန္တူး , ကရင် တို့က အရင်ရောက်ပြီးပြီလို့ ယူဆရတယ် ။
မြန်မာတွေနေခဲ့တာက တရုတ်ရဲ့ အနောက်မြောက်ဘက်နဲ့ တိဗက်ရဲ့ အရှေ့မြောက်မှာရှိတဲ့ ကန်စုနယ် (အခုမြို့တော် လန်ကျောင်ရဲ့ တောင်ဘက်မှာ ) မိုင် ၅၀ ခန့် ရှည်လျားတဲ့ ထောင်မြစ်ဝှမ်းဖြစ်မယ်လို့ လေ့လာသူတွေဆိုကြတယ် ။
အဲ့အရပ်မှာပဲ ခရစ်နှစ်မပေါ်မီ နှစ်ပေါင်း ၂၀၀၀ နီးပါးခန့်ထိ ( ကျောက်ခေတ်နှောင်းယဉ်ကျေးမှုဓလေ့ အဆင့်အတန်းရှိတယ် ) လို့ ပညာရှင်တွေ ယူဆတယ် ။ ယဉ်ကျေးမှုအဆင့်အတန် မြင့်တဲ့ လူမျိုးတစ်စုပဲ ။ ဒါပေမယ့် မြန်မာစာဆိုပြီး မပေါ်သေးဘူး ။ အာ့တွေ ရှင်းရင် ကြာအုန်းမယ် ။ အခု အမျိုးပဲ ဆက်ကြည့်မယ် ။
အရင်ဆုံး သြစတရစ်မျိုးဆက်ကို ကြည့်မယ် ။
သြစတရစ် မျိုးဆက်က အဲ့မျိုးကနေမှ နှစ်မျိုးကွဲသွားတယ် ။ သြစတရိုနီရှ နဲ့ သြစတရိုအာရှဆိုပြီး ။ အဲ့ကနေမှ သြစတရိုနီရှ ကနေ သုံးမျိုးကွဲပြန်တယ် ။ အဲ့ဒါတွေက အင်ဒိုနီရှ , မီလေနီရှ , ပိုလီနီရှ ဆိုပြီးတော့ ။
သြစတရိုအာရှ ကတော့ နှစ်မျိုးကွဲတယ် ။ အဲ့ဒါက မွန်ခမာ နဲ့ မုဏ္ဍ(ကိုလ်ခေါ်ခဲဝါရိယန်) တဲ့ ။
မွန်ခမာကနေ နောက်ထက် ကွဲပြန်တာက မွန် , ခမာ , နိကိုဗရ် , ခါဆီ , စကဲခေါ်ဆိနွိုင် , ဗနှာရ် စတိယင် နဲ့ အာနာမ်ဘာသာစကား , နောက်တော့ ပလောင် , ရိအန် - လဝ တဲ့ ။
မုဏ္ဍ ကနေ ကွဲလာတာက ခေါဝါရီ , ကူရူကူ , ရှဗရ လို့ ဆိုတယ် ။ အဲ့ထဲကမှ ခေါဝါရီကနေ ထက်ကွဲလိုက်တာက စန္တာလီ , မုဏ္ဍာရီ , ဟိုး လို့ ဖြစ်လာကြတာပဲ ။
ဒါတွေက သြစတရစ် ရဲ့ မျိုးဆက် ပုံစံဖြစ်တယ် ။
နောက်တစ်ခုဖြစ်တဲ့ တိဗက်-တရုတ်အမျိုးဆက်တွေကို ကြည့်မယ်ဆိုရင် တိဗတ်-တရုတ်ကနေ လေးမျိုးကွဲသွားတယ် ။ အဲ့ဒါတွေက မန် , ကရင် , ထဲ-တရုတ် , တိဗက်မြန်မာ တဲ့ ။
မန်ကနေ မျောင် နဲ့ ယောင်ဆိုပြီးကွဲလာတယ် ။
ကရင်ကနေ စဂေါ , ပကူး , ဝဲဂေါ , မိုးနဲပွား ,ပိုး , မိုးပွား , ကရင်ဖြူ , ဗွဲ , ဗရက် , ကယား , ပဒေါင်း , ယင်မော် , ဃဲကု , တောင်သူ , ဇယိန် တဲ့ ။
ထဲ-တရုတ်ကနေမှ တရုတ် , အာနာမ် , ထဲ ဆိုပြီး ဖြစ်လာတယ် ။ တရုတ်ကနေ ထက်ကွဲတာက ကန်တွန် , ဟက္က , ဆွတော , အမွိုင် , ဖူချိုင် , ပီကင် ခေါ် မန္ဒရင် ဆိုပြီးဖြစ်တယ် ။
အာနာမ်ကနေ ကွဲလာတာက တွန်ကင် , ကိုချင်ချိုင်နာ , ကမ္ဗောဇ တဲ့ ။
ထဲကနေတော့ ယိုးဒယား , ရှမ်း , အာဟောမ် နဲ့ ခါမ္တီ ဆိုပြီးဖြစ်လာတယ် ။
အဲ့ဒါပြီးတော့ တိဗက်မြန်မာကနေ နောက်ထက်ဆင်းသက်လာတာကို ပြောပြမယ် ။
တိဗက်မြန်မာကနေ တိဗက်-ဟိမဝန္တာ , မြောက်အာသမ် -မိရှမိ , အာသံ -မြန်မာဆိုပြီး သုံးမျိုးကွဲလာတယ် ။ တိဗက် ဟိမဝန္တာကနေ တိဗက် ရယ် ဟိမဝန္တာရယ်ဆိုပြီး နှစ်မျိုး ထက်ကွဲတယ် ။ အဲ့ကနေမှ တိဗက် ကနေ ထက်ကွဲလာတာက တိဗက် , ဗော်လတီ , လဧခီ တဲ့ ။
ဟိမဝန္တာကနေ ကွဲလာတာကတော့ ရောင် နဲ့ ဆုန်ဝါရ် ဖြစ်တယ် ။
နောက်ထက် အာသံ- မြန်မာကနေ ကွဲလာတာကို ထက်ပြောပြမယ် ။ အဲ့ဒါက !
အာသန်မြန်မာကနေ နဂါး , ကုက်-ချင်း , သက် , ကချင် ခေါ် ချင်ဖော - ဒူလင် , မြန်မာ နဲ့ လိုလို ဖြစ်တယ် ။
ကုကိ-ချင်ကနေမှ ကွဲပြန်တာက သာဒိုး , ကံဟောင် , စုက္ကတွဲ , စုဂျင် , လဲ , လူရှည် ခေါ် ဝှဲလငို တဲ့ ။
သက်ကနေတော့ လွီ , တမန် , မလင် , အင်ကျယ် , ဂဏန်း , ကန္တူးဆိုပြီး ဆင်းသက်လာတယ် ။
မြန်မာကနေ ကွဲလာတာက မရု ခေါ် လောင်းဝါ လရှီ ခေါ် လချိုကွော အတ်စီ ခေါ် တဖိခေါ် တဆဲ ခေါ် မိုင်သာ ခေါ် အချန် , ဖွန် , ဓနု , အင်းသား , ထားဝယ် , ရခိုင် , တောင်ရိုး ခေါ် တိုရု တဲ့ ။
လိုလိုကနေ ဆင်းလာတာက လိစု , လိဆော , လိစို , နွန် , (ရဝန်) , လဟုန , လဟုဆို , အခ ခေါ် အိကော , အခိုးပျင် တဲ့ ။
ပျူကတော့ တိဗက်မြန်မာမျိုးဖြစ်တယ်လို့ ဆိုတယ် ။ မြန်မာနှင့် နီးစပ်သည် (တင် - ဘာသာလောကကျမ်း ၃၅ )
( မှတ်ချက် - စာလုံးပေါင်းများ အနည်းငယ် လွှဲချင် လွှဲပါလိမ့်မယ် ။ ပုံနှိပ့်မှာပါတဲ့ စာလုံးရေက တစ်ချို့ မှင်များပြီး တစ်ချို့က ပျက်နေလို့ပါ :D )
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment