Zawgyi -
ျမန္မာ !
----
ျမန္မာနိုင္ငံကို ျဗိတိသွ်တို႕က က်ဴးေက်ာ္စစ္ သံုးႀကိမ္ ဆင္ႏႊဲျပီး တစ္ပိုင္းျပီးတစ္ပိုင္း သိမ္းယူခဲ႕ပါတယ္ ။ ပထမစစ္ပြဲကို ၁၈၂၆ ခုႏွစ္မွာ ရခိုင္နဲ႕ တနသၤာရီကိုျဖစ္ေစ - ဒုတိယစစ္ပြဲအျပီး ၁၈၅၂ မွာ ပဲခူးကို ျဖစ္ေစ - တတိယစစ္ပြဲအျပီး အထက္ျမန္မာနိုင္ငံကိုျဖစ္ေစ သိမ္းယူျပီးတဲ႕အခါ ၁၈၈၆ ခုႏွစ္ ဇန္နဝါရီ ၁ ရက္မွာေတာ့ ျမန္မာနိုင္ငံတစ္ခုလံုးဟာ ျဗိတိသွ်လက္ေအာက္ကို က်ေရာက္ခဲ႕ပါတယ္ ။ ေနာက္ဆံုး ျမန္မာဘုရင္ သီေပါမင္းကို ရတနာဂီရိသို႕ ပို႕ေဆာင္ထိန္းသိမ္းလိုက္ေတာ့တယ္ ။
ျမန္မာတိုင္းရင္းသားေတြဟာ ပထမစစ္ပြဲအျပီးမွာ ျဗိတိသွ်တို႕ကို ျပန္လည္တိုက္ခိုက္ႀကတယ္ ။ ဒုတိယစစ္ပြဲ ျပီးဆံုးခ်ိန္မွာလဲ အလားတူ ျပန္လည္ တြန္းကန္တာပဲ ။တတိယစစ္ပြဲျပီးဆံုးခ်ိန္မွာေတာ့ ျမန္မာနိုင္ငံ တစ္ဝန္းလံုးဟာ အရွိန္အဟုန္နဲ႕ ဆန္႕က်င္တိုက္ပြဲေတြ အမ်ားအျပား ေပၚေပါက္လာခဲ႕ပါတယ္ ။ ေတာင္ေပၚနဲ႔ ေျမပ်ံ႕ေဒသမ်ားမွာရွိတဲ႕ တိုင္းရင္းသား ေပါင္းစံုတို႕ဟာ သူ႕ကြ်န္မခံလိုတဲ႕စိတ္နဲ႕ အသက္ရင္းျပီး တိုက္ပြဲေတြ ဆင္ႏႊဲခဲ႕ႀကတယ္ ။
ျဗိတိသွ်တို႕က ျမန္မာတိုင္းရင္းသားတို႕ရဲ႕ နယ္ခ်ဲ႕ဆန္႕က်င္ေရး လႈပ္ရွားမႈေတြကို လက္နက္ကိုင္ အင္အားသံုးျပီး အမ်ားအျပား သတ္ျဖတ္ႏွိပ့္နင္းခဲ႕ႀကတယ္ ။ အဲ႕လို ဆန္႕က်င္မႈေတြဟာ ေျမျပန္႕ေဒသမွာ ၁၀ ႏွစ္ - ေတာင္ေပၚေဒသမ်ားမွာ ၁၅ ႏွစ္ခန္႕ ျပင္းျပင္းထန္ထန္ ျဖစ္ပြားခဲ႕တာ ျဖစ္ပါတယ္ ။ ဒီလိုနဲ႕ ေျမျပန္႕ေဒသမွာ ဆန္႕က်င္မႈေတြျငိမ္သြားတာက ၁၈၉၆ မွာျဖစ္ျပီး ေတာင္တန္းေဒသမ်ားမွာေတာ့ ၂၀ ရာစု ႏွစ္ဦးအထိ ဆက္လက္ျဖစ္ပြားခဲ႕တာ ျဖစ္ပါတယ္ ။ျဗိတိသွ်တို႕က အဲ႕ဒီ႕အခါမွ အုပ္ခ်ဳပ္မႈကို အေျခခ်နိုင္ခဲ႕တာျဖစ္တယ္ ။
ျဗိတိသွ်တို႕ရဲ႕ အုပ္ခ်ဳပ္မႈမွာ လံုးဝ အေျခက်သြားတဲ႕ခုႏွစ္ကေတာ့ ၁၈၈၅ခုႏွစ္မွာ ျဖစ္တယ္ ။ ရခိုင္ တနသၤာရီ ပဲခူးနယ္တို႕ကို ခရိုင္ဝန္ရွင္ေတာ္မင္းႀကီး တစ္ဦးစီ သီးျခားအုပ္ခ်ဳပ္ရာကေန ၁၈၆၂ မွာ အိႏၵိယအစိုးရရဲ႕ ျပ႒ာန္းခ်က္အရ ထိုနယ္ သံုးနယ္ကို ျဗိတိသွ်ျမန္မာျပည္လို႕ ေခၚေစျပီး မဟာဝန္ရွင္ မင္းႀကီးတစ္ဦးက အိႏၵိယဘုရင္ခံခ်ဳပ္ရဲ႕ ကိုယ္စားလွယ္အျဖင့္ အုပ္ခ်ဳပ္ရပါတယ္ ။
တစ္ဖန္ ရခိုင္ တနသၤာရီ ပဲခူး ဧရာဝတီ ဆိုျပီး ခရိုင္နယ္ႀကီး ေလးခု သတ္မွတ္ကာ မဟာဝန္ရွင္ေတာ္မင္းႀကီးရဲ႕ လက္ေအာက္မွာ ခရိုင္ဝန္ရွင္ေတာ္မင္းႀကီး တစ္ဦးစီက တာဝန္ယူ အုပ္ခ်ဳပ္ရပါတယ္ ။ ခရိုင္နယ္ အသီးသီးကို ဆီရင္စုမ်ား ခြဲထားျပီး အေရးပိုင္ ျမိဳ႕အုပ္ တိုက္သူႀကီး ရြာသူႀကီး ရြာေခါင္းတို႕က အဆင့္ဆင့္ တာဝန္ယူ အုပ္ခ်ဳပ္တဲ႔စနစ္ကို က်င့္သံုးခဲ႕ႀကတယ္ ။
ျမန္မာတစ္ျပည္လံုး ျဗိတိသွ်လက္ေအာက္ ေရာက္ျပီးတဲ႕ေနာက္မွာေတာ့ တိုင္း ခရိုင္ ျမိဳ႕နယ္ ေက်းရြာအုပ္စု ေက်းရြာ ဆိုျပီး အဆင့္ဆင့္ ဖြဲ႕စည္းျပီး အလားတူ အုပ္ခ်ဳပ္တယ္ ။
၁၈၉၇ ခုႏွစ္မွာ ျမန္မာျပည္ကို အိႏၵိယျပည္နယ္ တစ္နယ္အျဖစ္ သတ္မွတ္ျပီး ဒုတိယဘုရင္ခံက တာဝန္ယူအုပ္ခ်ဳပ္တဲ႕စနစ္ကို စတင္က်င့္သံုးခဲ႕ေတာ့ပါတယ္ ။
ျဗိတိသွ်လက္ေအာက္မွာ ျမန္မာတိုင္းရင္းသားတို႕မွာ ဖိႏွိပ့္မႈ အမ်ိဳးမ်ိဳးခံရျပီး အဘက္ဘက္မွာ သိမ္ငယ္ႏွိမ့္က်ခဲ႕ရတယ္ ။ မႀကာခင္မွာေတာ့ ျမန္မာလူငယ္ေတြ ေခတ္ပညာကို ႀကိဳးစားသင္ယူျပီး အျမင္ေတြ က်ယ္ျပန္႕လာပါတယ္ ။လက္ရွိအေျခအေနကို ပိုင္းျခားေဝဖန္ျပီး အနာဂတ္ျမန္မာနိုင္ငံအတြက္ စိတ္အား ထက္သန္လာႀကတယ္ ။ အိႏၵိယနိုင္ငံ အမ်ိဳးသား ကြန္ဂရက္အသင္းရဲ႕ အမ်ိဳးသားေရး ေဆာင္ရြက္ခ်က္ေတြကို သတိျပဳမိလာႀကျပီး ၁၉၀၅ ခုႏွစ္ ရုရွား - ဂ်ပန္စစ္မွာ အာရွတိုက္သား ဂ်ပန္ေတြ အနိုင္ရျခင္းကလည္း ျမန္မာတို႕ကို စိတ္ဓါတ္ေတြ တက္ႀကြလာေစခဲ႕တာ ျဖစ္ပါတယ္ ။
ဒီလိုနဲ႕ ၂၀ ရာစု ႏွစ္ဦးပိုင္းမွာပဲ အမ်ိဳးသားေရးစိတ္ဓါတ္ေတြ တက္ႀကြလာျပီး ဘာသာေရး အသင္းအဖြဲ႕ေတြ ေပၚေပါက္လာခဲ႔ရတယ္ ။ အဲ႕ဒီ႕ထဲက အထင္ရွားဆံုးကေတာ့ ၁၉၀၆ ခုႏွစ္က ေခတ္ပညာတက္ လူငယ္တစ္စုတို႕ တည္ေထာင္တဲ႕ Y M B A လို႕ေခၚတဲ႔ ဗုဒၶဘာသာ ကလ်ာဏီယုဝအသင္းႀကီး ျဖစ္ပါတယ္ ။ အသင္းရဲ႕ ရည္ရြယ္ခ်က္က အမ်ိဳး ဘာသာ သာသနာ ပညာ တိုးတက္ေရးအတြက္ ျဖစ္တယ္ ။ ဒီ ဝိုင္အမ္ဘီေအ ရဲ႕ ေက်းဇူးေႀကာင့္ လူငယ္မ်ား စုစည္းမိျခင္းဟာ တန္ဖိုးႀကီးမားတဲ႕ ရလဒ္ တစ္ခု ျဖစ္လာပါတယ္ ။ နိုင္ငံေရး အသင္းအဖြဲ႕အျဖစ္ ဖြဲ႕စည္းခဲ႕တာ မဟုတ္ေပမယ့္ နိုင္ငံေရး မ်က္စိကို စတင္ ဖြင့္ေပးတဲ႕ အသင္းႀကီးျဖစ္ပါတယ္ ။ စတင္ ဖြဲ႕စည္းစဥ္က အသင္းသား ၂၀ သာရွိတယ္ ။ အဲ႔ဒီ႕ေနာက္မွ ျမန္မာနိုင္ငံအႏွံ႕အျပားမွာ အသင္းခြဲေတြ ေပၚလာျပီး ျမိဳ႕ႀကီးမ်ားမွာ ျပည္လံုးကြ်တ္ အစည္းအေဝးမ်ား က်င္းပႀကျပီး ဘာသာေရး ပညာေရး ယဥ္ေက်းမႈဆိုင္ရာ အေရးႀကီးဆံုးျဖတ္ခ်က္ေတြကို ခ်မွတ္နိုင္ခဲ႕ႀကပါတယ္ ။
၁၉၁၁ ခုႏွစ္မွာ စတင္ထုတ္ေဝတဲ႔ သူရိယ သတင္းစာကလည္း ျမန္မာတို႕ကို မ်က္စိဖြင့္ေပးခဲ႕တယ္ ။ သူရိယသတင္းစာက YMBA ကို အားေပးတယ္ ။ အဲ႕ဒီ႕အခ်ိန္က ဘုရားပုထိုး ပရိဝုဏ္အတြင္းကို ဥေရာပတိုက္သားမ်ားက ဖိနပ္စီးဝင္တဲ႕ ျပႆနာရွိေနျပီး အဲ႕ဒီ႕ ျပႆနာကို ၁၉၁၈ ခုႏွစ္ ေဖေဖၚဝါရီလထုတ္ သူရိယမဂၢဇင္းမွာ ကာတြန္းဆရာ ဦးဘကေလးက ေလွာင္ေျပာင္ဆြဲခဲ႕ပါတယ္ ။
ဆြဲထားတာက ဖိနပ္မခြ်တ္ခ်င္တဲ႕ မ်က္ႏွာျဖဴလင္မယားကို ေဂါပက လူႀကီးမ်ားက ေက်ာပိုးျပီး ဘုရားကုန္းေပၚ ပို႕ေပးေနပံု ျဖစ္တယ္ ။
အဲ႕ဒီ႕ကေနမွ ဖိနပ္ျပႆနာ ႀကီးထြားလာျပီး ၁၉၁၈ ခုႏွစ္ ေမလ ၁၉ ရက္ေန႕မွာ ဝိုင္အမ္ဘီေအ က ေခါင္းေဆာင္ျပီး ဂ်ဴဗလီေဟာမွာ လူထုအစည္းအေဝး က်င္းပကာ ဘုရားဝတၱကေျမမ်ားမွာ လူမ်ိဳးျခားမ်ား ဖိနပ္မစီးရဆိုတဲ႔ ဆံုးျဖတ္ခ်က္ကို ရရွိခဲ႕ပါတယ္ ။ အဲ႕ဒီ႕အေႀကာင္းကို အစိုးရက ထုတ္ျပန္ေႀကညာျပီးတဲ႕ေနာက္မွာေတာ့ ဖိနပ္ျပႆနာကေန အမ်ိဳးသားေရးဆီ ဦးတည္သြားခဲ႔ေတာ့တယ္ ။
ပထမကမၻာစစ္ ျဖစ္ပြားတဲ႕အခါ ျဗိတိသွ်အစိုးရဟာ လက္ေအာက္ခံ ကိုလိုနီနိုင္ငံမ်ားကေန လူအား ေငြအား ပစၥည္းအားကို အားထားလာရတဲ႔အတြက္ အိႏၵိယအင္ပါယာက ျပည္သူမ်ားကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတဲ႕အထိ ကူညီမယ္လို႕ ကတိခံတဲ႕အတြက္ ျမန္မာတို႕ကလဲ ဟုမၼရူး(home rule ) လို႕ေခၚတဲ႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရး ေတာင္းဆိုဖို႕ ႀကိဳးစားႀကပါတယ္ ။
YMBA နဲ႕ အျခားအသင္းအဖြဲ႕မ်ားက အိႏၵိယကိုေရာက္ေနတဲ႔ ျဗိတိသွ်ဝန္ႀကီး မြန္ေတဂူ ဆီ ၁၉၁၇ ခုႏွစ္မွာ သြားေရာက္ေတာင္းဆိုတဲ႕အခါ မြန္ေတဂူက စဥ္းစားေပးမယ္ဆိုျပီး ႏွစ္သိပ့္လိုက္တယ္ ။ တကယ္လဲ အိႏၵိယကို အုပ္ခ်ဳပ္ေရးအက္ဥပေဒ ျပ႒ာန္းတဲ႕အခါ ျမန္မာနိုင္ငံကို ခ်န္ထားခဲ႕ပါတယ္ ။ ဒါေႀကာင့္ YMBA က ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ေတာင္းဆိုဖို႕အတြက္ ဦးဘေဘ ဦးပု ဦးထြန္းရွိန္ တို႕ကို ကိုယ္စားလွယ္အေနနဲ႕ ၁၉၁၉ ခုႏွစ္မွာ လန္ဒန္ကို ေစလႊတ္ခဲ႕တယ္ ။ အဲ႕ဒါလဲ မေအာင္ျမင္ပါဘူး ။ အဲ႔ဒီ႔ေနာက္ ေနာက္တစ္ႀကိမ္ ၁၉၂၀ မွာ ဦးဘေဘ ဦးပု နဲ႔ ဦးသိမ္းေမာင္ တို႕ကို ေစလႊတ္ျပန္တယ္ ။ အဲ႕အခါမွ အုပ္ခ်ဳပ္ေရးနဲ႔ပတ္သတ္ျပီး ေဆြးေႏြးခြင့္ ရရွိလာခဲ႕ပါတယ္ ။
YMBA က အသင္းခြဲေပါင္း ၂၀၀၀ ေက်ာ္ရွိတဲ႕အတြက္ အသင္းလုပ္ငန္းမ်ားကို တိုးခ်ဲ႕ျပီး အမ်ိဳးသားေရးကို ပြင့္လင္းျမင္သာေအာင္ ေဆာင္ရြက္နိုင္ဖို႕ ၁၉၂၀ ျပည့္ႏွစ္မွာ ဝိုင္အမ္ဘီေအ အသင္းေတြ စုစည္းျပီး GCBA ဆိုတဲ႕ ျမန္မာအသင္းခ်ဳပ္ႀကီးကို ဖြဲ႕စည္းတည္ေထာင္လိုက္ပါတယ္ ။
အဲ႕ဒီ႕မွာ ရန္ကုန္တကၠသိုလ္တည္ေထာင္ဖို႕ ျဗိတိသွ်ေတြေရးဆြဲတဲ႔ တကၠသိုလ္ဥပေဒကို မေက်နပ္လို႕ ေက်ာင္းသားေခါင္းေဆာင္ေတြ သပိတ္ေမွာက္ရာက ပထမ ေက်ာင္းသားသပိတ္ႀကီး ေပၚေပါက္လာခဲ႕တယ္ ။ သပိတ္စတင္တဲ႕ ၁၉၂၀ ျပည့္ႏွစ္ ဒီဇင္ဘာ ၅ ရက္ေန႕ကေန တစ္ပတ္အတြင္းမွာပဲ တစ္နိုင္ငံလံုးကို ကူးစက္သြားခဲ႕ပါတယ္ ။
အဲ႕ဒီ႕သပိတ္ကို အေႀကာင္းျပဳျပီး ၁၉၂၁ ခုႏွစ္ ႀသဂုတ္လ ၁၄ ရက္ေန႕မွာ ရန္ကုန္က အမ်ိဳးသားေကာလိပ္ ေပၚေပါက္လာရတာနဲ႕အတူ ျမိဳ႕တိုင္းမွာ အမ်ိဳးသားေက်ာင္းေတြ ေပၚေပါက္လာခဲ႕ပါတယ္ ။ အဲ႕ေက်ာင္းေတြဟာ ျမန္မာေတြရဲ႕ အမ်ိဳးသားေရးစိတ္ဓါတ္ကို အစြမ္းကုန္ သြင္းေပးတဲ႕ အခ်က္အခ်ာေတြ ျဖစ္လာခဲ႕ႀကတယ္ ။
၁၉၂၀ ျပည့္ႏွစ္မွာ တည္ေထာင္တဲ႕ ဂ်ီစီဘီေအ အသင္းႀကီးကိုနိုင္ငံနဲ႕ အဝန္း ေထာက္ခံအားေပးတဲ႕အတြက္ အင္အား ေတာက္တင္းလာတာနဲ႕အတူ အသင္းႀကီးရဲ႕ အသံျဖစ္တဲ႔ ဝံသာနုစိတ္ဓါတ္ေတြလဲ တစ္နိုင္ငံလံုး နိုးႀကားလာခဲ႕တယ္ ။ ဒါေပမယ့္ အဲ႕ေလာက္အင္အားႀကီးတဲ႕အသင္းႀကီးဟာ တာရွည္မခံပဲ အက္ေႀကာင္းလိုက္လာပါတယ္ ။ အထူးသျဖင့္ေတာ့ ျဗိတိသွ်အစိုးရက ျမန္မာနိုင္ငံမွာ က်င့္သံုးဖို႕ ခ်မွတ္ေပးလိုက္တဲ႔ ဒိုင္အာခီ အုပ္ခ်ဳပ္ေရစနစ္ကို လက္ခံသင့္ မခံသင့္ဆိုတဲ႕ သေဘာထား ကြဲလႊဲရာကေန စတာပါပဲ ။ အဲ႔ဒီႀကားထဲကမွ ျဗိတိသွ်အစိုးရဟာ ၁၉၂၃ ခုႏွစ္ ဇန္နဝါရီလ ၂ ရက္ေန႕မွာ ျမန္မာနိုင္ငံကို ဒိုင္အာခီ အုပ္ခ်ဳပ္ေရးအရ သီးျခားဘုရင္ခံအုပ္ခ်ဳပ္တဲ႕ ျပည္နယ္အျဖင့္ တည္ေထာင္တဲ႕အေႀကာင္းကို ေႀကညာလိုက္ပါေတာ့တယ္ ။
ဂ်ီစီဘီေအ ႏွစ္ျခမ္းကြဲရာကေန ေနာက္ပိုင္း အစိတ္စိတ္အမႊာမႊာကြဲျပီး ပါတီေတြ အမ်ားအျပား ေပၚေပါက္လာတယ္ ။ အဲ႕ကေနမွ ေငြေႀကးအင္အ နည္းပါးလာျခင္း ျဗိတိသွ်အစိုးရရဲ႕ အေႏွာက္အယွက္ အမ်ိဳးမ်ိဳးကို ခံရတာေတြက ၁၉၂၄ ခုႏွစ္မွာ အမ်ိဳးသားေကာလိပ္ကို ဖ်က္သိမ္းလိုက္ရပါတယ္ ။ ဒါေပမယ့္ အမ်ိဳးသားေက်ာင္းမ်ားမွာေတာ့ ဆက္လက္တည္ရွိျပီး အမ်ိဳးသားေကာလိပ္နဲ႕ အမ်ိဳးသားေက်ာင္းမ်ားကို အေႀကာင္းျပဳကာ အမ်ိဳးသားစိတ္ဓါတ္ေတြ ထက္သန္လာႀကျပန္တယ္ ။
အဲ႔ဒီ႕အခ်ိန္က ျမန္မာ့လြတ္လပ္ေရးႀကိဳးပမ္းမႈအတြက္ အေရးပါတဲ႕ အဖြဲ႕အစည္းႀကီးတစ္ခု ေပၚေပါက္လာပါတယ္ ။ အဲ႕ဒါက သခင္လူငယ္မ်ား ဦးေဆာင္ဖြဲ႕စည္းတဲ႕ တို႕ဗမာအစည္းအရံုး ျဖစ္တယ္ ။ ျဗိတိသွ်အရာရွိမ်ားက သခင္အေခၚခံေနတာကို မခံနိုင္လို႕ မိမိတို႕ အမည္အေရွ႕မွာ သခင္တပ္ေခၚျပီး သခင္ေတြက ငါတို႔သာျဖစ္သင့္တယ္ဆိုတဲ႕ စိတ္ဓါတ္ေတြ ေပါက္ပြားလာတယ္ ။ အဲ႕ဒါေႀကာင့္ အမည္တိုင္းရဲ႕ အေရွ႕မွာ သခင္တပ္ေခၚလာႀကတယ္ ။
ထိုစဥ္ လုပ္ငန္းရွင္မ်ားရဲ႕ ပရိယာယ္ေႀကာင့္ သေဘၤာႀကီး ကုန္တင္ကုန္ခ်လုပ္ႀကတဲ႕ အလုပ္သမားအခ်င္းခ်င္း မေက်နပ္မႈေတြျဖစ္ကာ ျမန္မာအလုပ္သမားမ်ားနဲ႕ ကုလား အလုပ္သမားမ်ား ရိုက္ႏွက္ရာကေန ၁၉၃၀ ျပည့္ႏွစ္ ေမလ ၂၆ ရက္ေန႕မွာ ကုလား-ဗမာ အဓိကရုဏ္း ျဖစ္ပြားလာပါတယ္ ။ အဲ႔ကေနမွ " ျမန္မာျပည္သည္ တို႕ျပည္ ျမန္မာစာသည္ တို႕စာ ျမန္မာစကားသည္ တို႕စကား ။ တို႕ျပည္ကို ခ်စ္ပါ ။ တို႕စာကို ခ်ီးျမွင့္ပါ ။ တို႕စကားကို ေလးစားပါ " ဆိုတဲ႔ ေႀကြးေႀကာ္သံေတြ တစ္နိုင္ငံလံုးကို ပ်ံ႕ႏွံ႕သြားခဲ႕ပါတယ္ ။
၁၉၂၈ - ၂၉ ခုႏွစ္မွာ ကမၻာ့စီးပြားေရး ပ်က္ကပ္ ဆိုက္ေရာက္ျပီး ျမန္မာနိုင္ငံကို ကူးစက္လာတယ္ ။ ျမန္မာလယ္သမားမ်ားမွာ စပါးေစ်း ထိုးက်ျခင္း ခ်စ္တီးေႀကြး ႏွိပ့္စက္ျခင္းတို႕ေႀကာင့္ ဒုကၡေရာက္ႀကရပါတယ္ ။ အဲ႔ဒီ႕မွာ လယ္သမားေတြ မခံမရပ္နိုင္ျဖစ္ကာ ၁၉၃၀ ျပည့္ႏွစ္ ဒီဇင္ဘာလတြင္ သာယာဝတီနယ္က ဂဠဳန္ဆရာစံ ေခါင္းေဆာင္တဲ႕ လယ္သမား ေတာ္လွန္ေရးႀကီး ေပၚေပါက္လာခဲ႕တယ္ ။ အရွိန္အဟုန္ျပင္းထန္တဲ႔အတြက္ ျဗိတိသွ်အစိုးရက အိႏၵိယကေန တပ္မႀကီး ၂ တပ္နဲ႕ အျပင္းအထန္ တိုက္ခိုက္ခဲ႕ပါတယ္ ။ ၁၉၃၁ ခုႏွစ္မွာ ဆရာစံကို ဖမ္းမိျပီး သာယာဝတီေထာင္မွာ ႀကိဳးေပးသတ္လိုက္ႀကတယ္ ။ ဆရာစံေသသြားေပမယ့္ အဲ႕ကေန ရလဒ္ေကာင္းေတြကေတာ့ အမ်ိဳးသားေရးစိတ္ဓါတ္ကို အစြမ္းကုန္ နိုးထလာေစျခင္းပါပဲ ။
၁၉၃၀ ျပည့္ႏွစ္ေနာက္ပိုင္းမွာ လြတ္လပ္ေရးႀကိဳးပမ္းမႈအရွိန္အဟုန္ေတြ ျမင့္မားလာခဲ႔ကာ တို႕ဗမာ အစည္းအရံုးက သခင္လူငယ္ေတြက နယ္ခ်ဲ႔ဆန္႕က်င္ေရးကို ဦးတည္ျပီး တက္တက္ႀကြႀကြ ေဆာင္ရြက္လာႀကပါတယ္ ။
အဲ႔ဒီ႕အခ်ိန္မွာ ျမန္မာနိုင္ငံရဲ႕ တြဲေရး ခြဲေရး ျပႆနာက ေရွ႕တန္းေရာက္လာတယ္ ။ ျမန္မာနဲ႔ အိႏၵိယျပည္ ဆက္တြဲမလား ခြဲမလားဆိုတာပါ ။
အဲ႔မတိုက္မီကပင္ ျဗိတိသွ်ပါလီမန္က ဆာဂြ်န္ဆိုင္မြန္ေခါင္းေဆာင္တဲ႔ ေကာ္မရွင္ကို ဖြဲ႔စည္းေပးျပီး အိႏၵိယျပည္နဲ႔ ျမန္မာျပည္ကို ေစလႊတ္တဲ႔အခါ ေကာ္မရွင္က ၁၉၂၉ ခုႏွစ္ ဇန္နဝါရီလမွာ ျမန္မာျပည္ကို လာေရာက္စံုစမ္းျပီးေနာက္ ျမန္မာျပည္ဟာ သီသန္႕အုပ္ခ်ဳပ္ေရးစနစ္ ဖန္တီးေပးသင့္ေႀကာင္းနဲ႕ ျမန္မာျပည္ဟာ အိႏၵိယျပည္မဟုတ္လို႕ဆိုျပီး အစီရင္ခံစာ တင္လိုက္ပါတယ္ ။ အဲ႔ဒီ႕ေနာက္ ၁၉၃၅ ခုႏွစ္ ျမန္မာျပည္ အုပ္ခ်ဳပ္ေရး အက္ဥပေဒကို ျပ႒ာန္းကာ ၁၉၃၇ ခုႏွစ္ ဧျပီလ ၁ ရက္ေန႕ကေနစျပီး ျမန္မာျပည္ကို အိႏၵိယအုပ္ခ်ဳပ္ခြင့္ကေန ခြဲထုတ္လိုက္ပါတယ္ ။
ဥပေဒေရြးေကာက္ပြဲမွာ နိုင္ငံေရး ပါတီေတြ ဝင္ေရာက္ယွဥ္ျပိဳင္ႀကတယ္ ။အဲ႕ဒီ႕အခ်ိန္မွာ တကၠသိုလ္ေက်ာင္းသားမ်ားက တို႕ဗမာအစည္းအရံုးထဲကို ဝင္ေရာက္လာႀကပါျပီ ။ ၁၉၃၆ ခုႏွစ္ ေဖေဖၚဝါရီလ ၂၅ ရက္ေန႕မွာ တကၠသိုလ္အာဏာပိုင္မ်ားရဲ႕ ဖိႏွိပ့္မႈကို မေက်နပ္ရာကေန ဒုတိယေက်ာင္းသားသပိတ္ႀကီး ျဖစ္ေပၚလာခဲ႕ျပန္ပါတယ္ ။ ေရြးေကာက္ပြဲမွာ တို႕ဗမာအစည္းအရံုးက ကိုယ့္မင္းကိုယ့္ခ်င္းအဖြဲ႕ဆိုျပီး ဝင္ေရာက္ယွဥ္ျပိဳင္ခဲ႕တယ္ ။ အစိုးရအဖြဲ႕ ဖြဲ႕စည္းနိုင္မဲ႕ အမတ္အေရအတြက္ကို ဘဟ္ပါတီမွ မရတဲ႔အတြက္ ဘုရင္ခံက ဆင္းရဲသားပါတီေခါင္းေဆာင္တဲ႕ ေဒါက္တာဘေမာ္ကို ညႊန္ေပါင္းအစိုးရဖြဲ႕စည္းဖို႕ တာဝန္ေပးခဲ႕ပါတယ္ ။
၁၉၃၇ ခုႏွစ္မွာ နဂါးနီ စာအုပ္အသင္းကို သခင္လူငယ္မ်ား ဦးေဆာင္တည္ေထာင္ျပီး နိုင္ငံေရး အသိအျမင္ေတြ ျပန္လည္ ဖြင့္ေပးျပန္တယ္ ။ အဲ႕ဒီ႕အခ်ိန္မွာ ၁၃၀၀ ျပည့္ အေရးေတာ္ပံု ေပၚေပါက္လာပါတယ္ ။ ျဗိတိသွ်တို႕ လက္ဝါးႀကီးအုပ္ထားတဲ႔ ဘီအိုစီ ကုမၸဏီရဲ႕ ဖိႏွိပ့္ခ်ယ္လွယ္မႈမ်ားေႀကာင့္ ဆင္းရဲႀကပ္တည္းေနတဲ႕ ေရနံေျမ အလုပ္သမားမ်ားဟာ ၁၉၃၈ ခု ဇန္နဝါရီလတြင္ ဘီအိုစီကုမၸဏီကို စတင္ သပိတ္ေမွာက္ႀကပါတယ္ ။ ၁၉၃၉ ခုႏွစ္ ဇန္နဝါရီလ ၈ ရက္ေန႕မွာ ေရနံေျမ သပိတ္တပ္ ရန္ကုန္ကို ေရာက္လာတယ္ ။ အဲ႔ဒီ႕အေတာအတြင္း ၁၉၃၈ ခုႏွစ္ နိုဝင္ဘာလ ၂၂ ရက္ေန႕မွာ တကၠသိုလ္ေက်ာင္းသားမ်ားက အတြင္းဝန္ရံုးကို ဝိုင္းျပီး ဆႏၵျပရာကေန တတိယေက်ာင္းသားသပိတ္ ေပၚေပါက္လာခဲ႕ေတာ့တယ္ ။
အဲ႕အခ်ိန္ ဒုတိယကမၻာစစ္မွာ ပါဝင္တဲ႕ အဂၤလိပ္ရဲ႕ အႀကပ္အတည္းကို အခြင့္ေကာင္းယူကာ အဂၤလိပ္အႀကပ္ ျမန္မာအခ်က္လို႕ ခံယူျပီး ျပည္ပအကူညီရွာဖို႔ ႀကိဳးစားလာႀကတယ္ ။ ထိုအခ်ိန္မွာ ၁၉၃၇ ခုႏွစ္က စျပီး တရုတ္ ဂ်ပန္ စစ္ျဖစ္ပြားေနရာက တရုတ္ရဲ႕ မဟာမိတ္တပ္ေတြက တရုတ္ကို လက္နက္ေတြ ေထာက္ပံ႕ေပးေနတဲ႕ လမ္းဟာ တရုတ္ျမန္မာ လမ္းမႀကီး ျဖစ္ေနခဲ႕တယ္ ။ အဲ႕လမ္းမကို ဂ်ပန္ေတြက ဖ်က္ဆီးခ်င္တယ္ ။ အဲ႕အကြက္ကို ျမန္မာေတြက အသံုးခ်ျပီး ျမန္မာက အဲ႕ျပႆနာကို ေျဖရွင္းေပးကာ ဂ်ပန္က ျမန္မာနိုင္ငံထဲက အဂၤလိပ္ေတြကို တိုက္ထုတ္ဖို႕ သေဘာတူခဲ႕ႀကတယ္ ။
အဲ႔ဒီ႕ ကိစၥမ်ား ေဆာင္ရြက္ေနတဲ႕ မီနာမီ အဖြဲ႕ေခါင္းေဆာင္ ကာနယ္ဆူဇူကီး နဲ႕ ျမန္မာလူငယ္မ်ား လွ်ိဳ႕ဝွက္ဆက္သြယ္ျပီး ရဲေဘာ္သံုးက်ိပ့္လို႕ အမည္တြင္တဲ႕ လူငယ္ ၃၀ ဟာ ဂ်ပန္ျပည္ကို ထြက္ခြါလာခဲ႕ပါတယ္ ။ ထိုင္ဝမ္ကြ်န္းနဲ႔ ဟိုင္နန္ကြ်န္းတို႕မွာ စစ္ပညာသင္ယူႀကတယ္ ။
၁၉၄၁ ခုႏွစ္ ဒီဇင္ဘာလ ၈ ရက္ေန႕မွာ ဂ်ပန္က ပုလဲဆိပ္ကမ္းကို ဗံုးက်ဲတိုက္ခိုက္ရာက အာရွတိုက္ဆီကို ဒုတိယကမၻာစစ္မီး ကူးလာခဲ႕တယ္ ။ ၁၉၄၁ ခုႏွစ္ ဒီဇင္ဘာလ ၂၆ ရက္ေန႕မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အမွဴးျပဳတဲ႔ ရဲေဘာ္သံုးက်ိပ္က ဦးေဆာင္ျပီး ဘီအိုင္ေအ ေခၚ ဗမာ့လြတ္လပ္ေရး တပ္မေတာ္ကို ဖြဲ႕စည္းကာ ျမန္မာျပည္တြင္းကို စစ္ေႀကာင္း သံုးေႀကာင္းခြဲျပီး ခ်ီတက္လာပါေတာ့တယ္ ။
၁၉၄၂ မွာ ဂ်ပန္က ျမန္မာတစ္ျပည္လုံးကို သိမ္းတယ္ ။ ျမန္မာ့လြတ္လပ္ေရးအတြက္ ဂ်ပန္က ေဆာင္ရြက္ေပးလိမ့္မယ္လို႕ ေမွ်ာ္လင့္ခဲ႕ေပမယ့္ ဂ်ပန္က ျမန္မာေတြကို ႏွိပ့္စက္ညွင္စဲလာႀကတယ္ ။
၁၉၄၂ ခုႏွစ္ ႀသဂုတ္လ ၁ ရက္ေန႕မွာ ဂ်ပန္က ေဒါက္တာဘေမာ္ဦးေဆာင္တဲ႕ အုပ္ခ်ဳပ္ေရးအဖြဲ႕ကို ဖြဲ႕စည္းလိုက္ပါတယ္ ။ ေနာက္တစ္ႏွစ္အႀကာမွာ ျမန္မာျပည္ကို လြတ္လပ္ေရး ေႀကညာလိုက္တယ္ ။ ဒါေပမယ့္ အုပ္ခ်ဳပ္ေရးကို ဂ်ပန္က ကိုင္ထားတယ္ ။ အဲ႕ေနာက္မွာ ျမန္မာေတြသိလာတာက ရထားတဲ႕ လြတ္လပ္ေရးဟာ အတုအေယာင္ျဖစ္တယ္ဆိုတာပဲ ။
၁၉၄၄ ခုႏွစ္ ႀသဂုတ္လ ၄ ရက္ေန႕မွာ တပ္မေတာ္ ေခါင္းေဆာင္မ်ား - နိုင္ငံေရးပါတီ ေခါင္းေဆာင္မ်ားဟာ ဖက္ဆစ္ေတာ္လွန္ေရးကိစၥမ်ားကို ေဆြးေႏြးႀကျပီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းေခါင္းေဆာင္တဲ႕ ဖတပ ေခၚ ဖက္ဆစ္တိုက္ဖ်က္ေရး ျပည္သူ႕အဖြဲ႕ခ်ဳပ္ ကို ဖြဲ႕စည္းလိုက္ႀကပါတယ္ ။
အဲ႕ေနာက္ အိႏၵိယနိုင္ငံမွာရွိတဲ႔ မဟာမိတ္တပ္မ်ားနဲ႔ ဆက္သြယ္ႀကတယ္ ။ ၁၉၄၅ ခုႏွစ္ မတ္လ ၁ ရက္ေန႕မွာ ဖတပ အစည္းအေဝးက်င္းပျပီး မဟာမိတ္ရဲ႕ စစ္ဌာနခ်ဳပ္က အကူအညီ ရသည္ျဖစ္ေစ မရသည္ျဖစ္ေစ လက္နက္ကိုင္ျပီး တစ္နိုင္ငံလံုး ေတာ္လွန္တိုက္ခိုက္ဖို႕ ဆံုးျဖတ္လိုက္ႀကပါတယ္ ။
ဖတပ အဖြဲ႔ကို ဖတပလ ( ဖက္ဆစ္တိုက္ဖ်က္ေရး ျပည္သူ႕လြတ္လပ္ေရးအဖြဲ႕ခ်ဳပ္ ) လို႕ အမည္ေျပာင္းလိုက္ႀကတယ္ ။ ၁၉၄၅ ခုႏွစ္ မတ္လ ၂၇ ရက္ေန႕မွာ ဖက္ဆစ္ဂ်ပန္ကို တညီတညႊတ္တည္း ေတာ္လွန္ခဲ႔ႀကပါတယ္ ။
အဲ႔အခ်ိန္မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက မဟာမိတ္တပ္ေခါင္းေဆာင္မ်ားနဲ႕ တပ္မေတာ္ေရွ႕ေရးကို ေဆြးေႏြးျပီးျဖစ္တယ္ ။ မဟာမိတ္တပ္မ်ားက ဗမာ့တပ္မေတာ္ကို မ်ိဳးခ်စ္ဗမာ့တပ္မေတာ္အမည္နဲ႕ အသိအမွတ္ျပဳကာ လက္တြဲေဆာင္ရြက္ခဲ႕ပါတယ္ ။ ၁၉၄၅ ခုႏွစ္ ႀသဂုတ္လ ၁၅ ရက္ေန႕မွာ ဂ်ပန္ စစ္ရံႈးေႀကာင္း ေႀကညာကာ လက္နက္ခ်လိုက္ရတယ္ ။
ဂ်ပန္ေခတ္ကုန္ဆံုးျပီး အဂၤလိပ္ ျပန္အဝင္မွာ ပထမက ကတ္သဘီ ေခၚ စစ္ဘက္ျမိဳ႕ျပအုပ္ခ်ဳပ္ေရးနဲ႔ အုပ္ခ်ဳပ္လာျပန္တယ္ ။
၁၉၄၅ ခုႏွစ္ ေအာက္တိုဘာလ ၁၅ ရက္ေန႕မွာ စစ္အုပ္ခ်ဳပ္ေရး ရုပ္သိမ္းျပီး ဘုရင္ခံက တာဝန္လႊဲယူကာ ဆင္းမလားစီမံကိန္းေခၚ စကၠဴျဖဴစာတမ္းအရ အုပ္ခ်ဳပ္ဖို႕ ျပင္ဆင္ႀကျပန္တယ္ ။ အဲ႕ဒီ႕အခ်ိန္မွာက ဖတပလရဲ႔ အင္အားမွာ အလြန္ေတာင့္တင္းေနျပီျဖစ္တယ္ ။
၁၉၄၅ ခု ႀသဂုတ္လ ၁၉ ရက္ေန႕က ေနသူရိန္ဇာတ္ရံုမွာ လူထုအစည္းအေဝးႀကီး က်င္းပျပီး လြတ္လပ္ေရး ေတာင္ဆိုခဲ႕ႀကတယ္ ။ အေရွ႕ေတာင္အာရွ မဟာမိတ္တပ္ေပါင္းစု စစ္ေသနာပတိ ဗုိလ္ခ်ဳပ္ႀကီး ေမာင့္ဘက္တန္ရဲ႔ ဖိတ္ႀကားခ်က္အရ ဗုိလ္ခ်ဳပ္ေအာင္ဆန္းေခါင္းေဆာင္တဲ႕ ကိုယ္စားလွယ္အဖြဲ႕ဟာ သီဟိုဠ္နိုင္ငံ ကႏၵီျမိဳ႕ကို သြားေရာက္ေဆြးေႏြးျပီး ကႏၵီစာခ်ဳပ္လက္မွတ္ေရးထိုးကာ တပ္မေတာ္အတြက္ ေရွ႕ေရးအစီအစဥ္မ်ား ခ်မွတ္ခဲ႕ႀကပါတယ္ ။
ဘုရင္ခံရဲ႕ စကၠဴျဖဴစာတမ္းကို ဖတမလ က လက္မခံ ။ ၁၉၄၆ ခုႏွစ္ ဇန္နဝါရီလမွာ ျပည္လံုးကြ်တ္ ညီလာခံက်င္းပျပီး စည္းလံုးညီညႊတ္မႈကို ျပသခဲ႕ႀကတယ္ ။ ဖတပလ ကေန ဖဆပလ ( ဖက္ဆစ္ဆန္႕က်င္ေရး ျပည္သူ႕လြတ္လပ္ေရးအဖြဲ႕ ) လို႕ အမည္ေျပာင္းခဲ႔ျပီး ဖဆပလ နဲ႕ ဘုရင္ခံတို႕ အားျပိဳင္ႀကရာ ျဗိတိသွ်ကအစိုးရက အေျခအေနကို သံုးသပ္မိတဲ႔အတြက္ ဘုရင္ခံ ဆာေဒၚမန္စမစ္ကို အဂၤလန္ကို ျပန္ေခၚျပီး ဆာဟူးဘတ္ရန္႕စ္ကို ဘုရင္ခံ ခန္႕လိုက္ပါတယ္ ။
ဘုရင္ခံအသစ္က ဗုိလ္ခ်ဳပ္ေအာင္ဆန္းေခါင္းေဆာင္တဲ႔အဖြဲ႔ကို ဘုရင္ခံ အမႈေဆာင္ေကာင္စီ (အစိုးရအဖြဲ႕) မွာ ပါဝင္ဖို႕ ဖိတ္ေခၚခဲ႕တယ္ ။ ၁၉၄၇ ခုႏွစ္ ဇန္နဝါရီလမွာ ျဗိတိသွ်နန္းဝန္ အက္တလီက ဖိတ္ေခၚတဲ႕အတြက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေခါင္းေဆာင္တဲ႔အဖြဲ႕ဟာ အဂၤလန္ကို သြားေရာက္ ေဆြးေႏြးခဲ႕ႀကတယ္ ။ အဲ႔ဒီ႕ေနာက္ ေအာင္းဆန္းအက္တလီစာခ်ဳပ္ကို ခ်ဳပ္ဆိုျပီး ျမန္မာျပည္ တိုင္းရင္းသားမ်ား လြတ္လပ္ေရးအတြက္ ပူးေပါင္းေဆာင္ရြက္မယ္လို႕ ေႀကညာခဲ႔ပါတယ္ ။
ဗိုလ္ခ်ဳပ္ဟာ အဂၤလန္က အျပန္မွာ တိုင္းရင္းသားမ်ားနဲ႕ အေႀကအလည္ေဆြးေႏြးျပီး ၁၉၄၇ ခုႏွစ္ ေဖေဖၚဝါရီလ ၁၂ ရက္ေန႕မွာ ပင္လံုညီလာခံ က်င္းပကာ တိုင္းရင္းသားေခါင္းေဆာင္မ်ား - ကိုယ္စားလွယ္မ်ားက ပင္လံုစာခ်ဳပ္ကို ေအာင္ျမင္စြာ ေရးထိုးခဲ႕ႀကပါတယ္ ။
တိုင္းျပဳလႊတ္ေတာ္ေရြးေကာက္ပြဲမ်ားကို ဧျပီလမွာ က်င္းပရာ ဖဆပလ က အမတ္ေနရာ အမ်ားဆံုး အနိုင္ရခဲ႔ပါတယ္ ။ ဇြန္လမွာ တိုင္းျပဳျပည္ျပဳလႊတ္ေတာ္ အစည္းအေဝးအတြင္း ဖြဲ႕စည္းအုပ္ခ်ဳပ္ပံု အေျခခံမ်ား အတည္ျပဳခဲ႔ႀကတယ္ ။ အဲ႔ဒီ႕အေတာအတြင္း ဇူလိုင္လ ၁၉ ရက္ေန႕မွာေတာ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႕ ဝန္ႀကီးမ်ားဟာ မသမာသူေတြရဲ႕လက္ခ်က္နဲ႔ က်ဆံုးသြားခဲ႔ရပါတယ္ ။
ဖဆပလကို သခင္နု(ဦးနု) က ဦးေဆာင္ျပီး ဘုရင္ခံအမႈေဆာင္ေကာင္စီမွာ ပါဝင္လ်က္ အစိုးရဖြဲ႕စည္းျပီး ဆက္လက္ေဆာင္ရြက္ခဲ႔တယ္ ။ ၁၉၄၇ ခုႏွစ္ ေအာက္တိုဘာလမွာ နန္းရင္းဝန္ အက္တလီနဲ႔ သခင္နုတို႕ နု-အက္တလီစာခ်ဳပ္ လက္မွတ္ေရးထိုးျပီး အဆိုပါစာခ်ဳပ္မွာ ျမန္မာနိုင္ငံကို လြတ္လပ္ေသာ နိုင္ငံအျဖစ္ လႊဲေျပာင္းေပးရာမွာ ေပၚေပါက္လာမဲ႕ အေျပာင္းအလဲ အခ်က္အလက္ေတြကို အေသးစိတ္ေဖၚျပခဲ႔ႀကပါတယ္ ။
၁၉၄၈ ခုႏွစ္ ဇန္နဝါရီလ ၄ ရက္ေန႕မွာေတာ့ ျမန္မာနိုင္ငံဟာ စစ္မွန္တဲ႔ ျပည္ေထာင္စုသမၼတ ျမန္မာနိုင္ငံေတာ္အျဖစ္ ေပၚထြန္းလာခဲ႔ ရပါေတာ့သည္ ။
#htoohtoolay

Uincode -
မြန်မာ !
----
မြန်မာနိုင်ငံကို ဗြိတိသျှတို့က ကျူးကျော်စစ် သုံးကြိမ် ဆင်နွှဲပြီး တစ်ပိုင်းပြီးတစ်ပိုင်း သိမ်းယူခဲ့ပါတယ် ။ ပထမစစ်ပွဲကို ၁၈၂၆ ခုနှစ်မှာ ရခိုင်နဲ့ တနင်္သာရီကိုဖြစ်စေ - ဒုတိယစစ်ပွဲအပြီး ၁၈၅၂ မှာ ပဲခူးကို ဖြစ်စေ - တတိယစစ်ပွဲအပြီး အထက်မြန်မာနိုင်ငံကိုဖြစ်စေ သိမ်းယူပြီးတဲ့အခါ ၁၈၈၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာတော့ မြန်မာနိုင်ငံတစ်ခုလုံးဟာ ဗြိတိသျှလက်အောက်ကို ကျရောက်ခဲ့ပါတယ် ။ နောက်ဆုံး မြန်မာဘုရင် သီပေါမင်းကို ရတနာဂီရိသို့ ပို့ဆောင်ထိန်းသိမ်းလိုက်တော့တယ် ။
မြန်မာတိုင်းရင်းသားတွေဟာ ပထမစစ်ပွဲအပြီးမှာ ဗြိတိသျှတို့ကို ပြန်လည်တိုက်ခိုက်ကြတယ် ။ ဒုတိယစစ်ပွဲ ပြီးဆုံးချိန်မှာလဲ အလားတူ ပြန်လည် တွန်းကန်တာပဲ ။တတိယစစ်ပွဲပြီးဆုံးချိန်မှာတော့ မြန်မာနိုင်ငံ တစ်ဝန်းလုံးဟာ အရှိန်အဟုန်နဲ့ ဆန့်ကျင်တိုက်ပွဲတွေ အများအပြား ပေါ်ပေါက်လာခဲ့ပါတယ် ။ တောင်ပေါ်နဲ့ မြေပျံ့ဒေသများမှာရှိတဲ့ တိုင်းရင်းသား ပေါင်းစုံတို့ဟာ သူ့ကျွန်မခံလိုတဲ့စိတ်နဲ့ အသက်ရင်းပြီး တိုက်ပွဲတွေ ဆင်နွှဲခဲ့ကြတယ် ။
ဗြိတိသျှတို့က မြန်မာတိုင်းရင်းသားတို့ရဲ့ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို လက်နက်ကိုင် အင်အားသုံးပြီး အများအပြား သတ်ဖြတ်နှိပ့်နင်းခဲ့ကြတယ် ။ အဲ့လို ဆန့်ကျင်မှုတွေဟာ မြေပြန့်ဒေသမှာ ၁၀ နှစ် - တောင်ပေါ်ဒေသများမှာ ၁၅ နှစ်ခန့် ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် ။ ဒီလိုနဲ့ မြေပြန့်ဒေသမှာ ဆန့်ကျင်မှုတွေငြိမ်သွားတာက ၁၈၉၆ မှာဖြစ်ပြီး တောင်တန်းဒေသများမှာတော့ ၂၀ ရာစု နှစ်ဦးအထိ ဆက်လက်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် ။ဗြိတိသျှတို့က အဲ့ဒီ့အခါမှ အုပ်ချုပ်မှုကို အခြေချနိုင်ခဲ့တာဖြစ်တယ် ။
ဗြိတိသျှတို့ရဲ့ အုပ်ချုပ်မှုမှာ လုံးဝ အခြေကျသွားတဲ့ခုနှစ်ကတော့ ၁၈၈၅ခုနှစ်မှာ ဖြစ်တယ် ။ ရခိုင် တနင်္သာရီ ပဲခူးနယ်တို့ကို ခရိုင်ဝန်ရှင်တော်မင်းကြီး တစ်ဦးစီ သီးခြားအုပ်ချုပ်ရာကနေ ၁၈၆၂ မှာ အိန္ဒိယအစိုးရရဲ့ ပြဋ္ဌာန်းချက်အရ ထိုနယ် သုံးနယ်ကို ဗြိတိသျှမြန်မာပြည်လို့ ခေါ်စေပြီး မဟာဝန်ရှင် မင်းကြီးတစ်ဦးက အိန္ဒိယဘုရင်ခံချုပ်ရဲ့ ကိုယ်စားလှယ်အဖြင့် အုပ်ချုပ်ရပါတယ် ။
တစ်ဖန် ရခိုင် တနင်္သာရီ ပဲခူး ဧရာဝတီ ဆိုပြီး ခရိုင်နယ်ကြီး လေးခု သတ်မှတ်ကာ မဟာဝန်ရှင်တော်မင်းကြီးရဲ့ လက်အောက်မှာ ခရိုင်ဝန်ရှင်တော်မင်းကြီး တစ်ဦးစီက တာဝန်ယူ အုပ်ချုပ်ရပါတယ် ။ ခရိုင်နယ် အသီးသီးကို ဆီရင်စုများ ခွဲထားပြီး အရေးပိုင် မြို့အုပ် တိုက်သူကြီး ရွာသူကြီး ရွာခေါင်းတို့က အဆင့်ဆင့် တာဝန်ယူ အုပ်ချုပ်တဲ့စနစ်ကို ကျင့်သုံးခဲ့ကြတယ် ။
မြန်မာတစ်ပြည်လုံး ဗြိတိသျှလက်အောက် ရောက်ပြီးတဲ့နောက်မှာတော့ တိုင်း ခရိုင် မြို့နယ် ကျေးရွာအုပ်စု ကျေးရွာ ဆိုပြီး အဆင့်ဆင့် ဖွဲ့စည်းပြီး အလားတူ အုပ်ချုပ်တယ် ။
၁၈၉၇ ခုနှစ်မှာ မြန်မာပြည်ကို အိန္ဒိယပြည်နယ် တစ်နယ်အဖြစ် သတ်မှတ်ပြီး ဒုတိယဘုရင်ခံက တာဝန်ယူအုပ်ချုပ်တဲ့စနစ်ကို စတင်ကျင့်သုံးခဲ့တော့ပါတယ် ။
ဗြိတိသျှလက်အောက်မှာ မြန်မာတိုင်းရင်းသားတို့မှာ ဖိနှိပ့်မှု အမျိုးမျိုးခံရပြီး အဘက်ဘက်မှာ သိမ်ငယ်နှိမ့်ကျခဲ့ရတယ် ။ မကြာခင်မှာတော့ မြန်မာလူငယ်တွေ ခေတ်ပညာကို ကြိုးစားသင်ယူပြီး အမြင်တွေ ကျယ်ပြန့်လာပါတယ် ။လက်ရှိအခြေအနေကို ပိုင်းခြားဝေဖန်ပြီး အနာဂတ်မြန်မာနိုင်ငံအတွက် စိတ်အား ထက်သန်လာကြတယ် ။ အိန္ဒိယနိုင်ငံ အမျိုးသား ကွန်ဂရက်အသင်းရဲ့ အမျိုးသားရေး ဆောင်ရွက်ချက်တွေကို သတိပြုမိလာကြပြီး ၁၉၀၅ ခုနှစ် ရုရှား - ဂျပန်စစ်မှာ အာရှတိုက်သား ဂျပန်တွေ အနိုင်ရခြင်းကလည်း မြန်မာတို့ကို စိတ်ဓါတ်တွေ တက်ကြွလာစေခဲ့တာ ဖြစ်ပါတယ် ။
ဒီလိုနဲ့ ၂၀ ရာစု နှစ်ဦးပိုင်းမှာပဲ အမျိုးသားရေးစိတ်ဓါတ်တွေ တက်ကြွလာပြီး ဘာသာရေး အသင်းအဖွဲ့တွေ ပေါ်ပေါက်လာခဲ့ရတယ် ။ အဲ့ဒီ့ထဲက အထင်ရှားဆုံးကတော့ ၁၉၀၆ ခုနှစ်က ခေတ်ပညာတက် လူငယ်တစ်စုတို့ တည်ထောင်တဲ့ Y M B A လို့ခေါ်တဲ့ ဗုဒ္ဓဘာသာ ကလျာဏီယုဝအသင်းကြီး ဖြစ်ပါတယ် ။ အသင်းရဲ့ ရည်ရွယ်ချက်က အမျိုး ဘာသာ သာသနာ ပညာ တိုးတက်ရေးအတွက် ဖြစ်တယ် ။ ဒီ ဝိုင်အမ်ဘီအေ ရဲ့ ကျေးဇူးကြောင့် လူငယ်များ စုစည်းမိခြင်းဟာ တန်ဖိုးကြီးမားတဲ့ ရလဒ် တစ်ခု ဖြစ်လာပါတယ် ။ နိုင်ငံရေး အသင်းအဖွဲ့အဖြစ် ဖွဲ့စည်းခဲ့တာ မဟုတ်ပေမယ့် နိုင်ငံရေး မျက်စိကို စတင် ဖွင့်ပေးတဲ့ အသင်းကြီးဖြစ်ပါတယ် ။ စတင် ဖွဲ့စည်းစဉ်က အသင်းသား ၂၀ သာရှိတယ် ။ အဲ့ဒီ့နောက်မှ မြန်မာနိုင်ငံအနှံ့အပြားမှာ အသင်းခွဲတွေ ပေါ်လာပြီး မြို့ကြီးများမှာ ပြည်လုံးကျွတ် အစည်းအဝေးများ ကျင်းပကြပြီး ဘာသာရေး ပညာရေး ယဉ်ကျေးမှုဆိုင်ရာ အရေးကြီးဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ခဲ့ကြပါတယ် ။
၁၉၁၁ ခုနှစ်မှာ စတင်ထုတ်ဝေတဲ့ သူရိယ သတင်းစာကလည်း မြန်မာတို့ကို မျက်စိဖွင့်ပေးခဲ့တယ် ။ သူရိယသတင်းစာက YMBA ကို အားပေးတယ် ။ အဲ့ဒီ့အချိန်က ဘုရားပုထိုး ပရိဝုဏ်အတွင်းကို ဥရောပတိုက်သားများက ဖိနပ်စီးဝင်တဲ့ ပြဿနာရှိနေပြီး အဲ့ဒီ့ ပြဿနာကို ၁၉၁၈ ခုနှစ် ဖေဖေါ်ဝါရီလထုတ် သူရိယမဂ္ဂဇင်းမှာ ကာတွန်းဆရာ ဦးဘကလေးက လှောင်ပြောင်ဆွဲခဲ့ပါတယ် ။
ဆွဲထားတာက ဖိနပ်မချွတ်ချင်တဲ့ မျက်နှာဖြူလင်မယားကို ဂေါပက လူကြီးများက ကျောပိုးပြီး ဘုရားကုန်းပေါ် ပို့ပေးနေပုံ ဖြစ်တယ် ။
အဲ့ဒီ့ကနေမှ ဖိနပ်ပြဿနာ ကြီးထွားလာပြီး ၁၉၁၈ ခုနှစ် မေလ ၁၉ ရက်နေ့မှာ ဝိုင်အမ်ဘီအေ က ခေါင်းဆောင်ပြီး ဂျူဗလီဟောမှာ လူထုအစည်းအဝေး ကျင်းပကာ ဘုရားဝတ္တကမြေများမှာ လူမျိုးခြားများ ဖိနပ်မစီးရဆိုတဲ့ ဆုံးဖြတ်ချက်ကို ရရှိခဲ့ပါတယ် ။ အဲ့ဒီ့အကြောင်းကို အစိုးရက ထုတ်ပြန်ကြေညာပြီးတဲ့နောက်မှာတော့ ဖိနပ်ပြဿနာကနေ အမျိုးသားရေးဆီ ဦးတည်သွားခဲ့တော့တယ် ။
ပထမကမ္ဘာစစ် ဖြစ်ပွားတဲ့အခါ ဗြိတိသျှအစိုးရဟာ လက်အောက်ခံ ကိုလိုနီနိုင်ငံများကနေ လူအား ငွေအား ပစ္စည်းအားကို အားထားလာရတဲ့အတွက် အိန္ဒိယအင်ပါယာက ပြည်သူများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့အထိ ကူညီမယ်လို့ ကတိခံတဲ့အတွက် မြန်မာတို့ကလဲ ဟုမ္မရူး(home rule ) လို့ခေါ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုဖို့ ကြိုးစားကြပါတယ် ။
YMBA နဲ့ အခြားအသင်းအဖွဲ့များက အိန္ဒိယကိုရောက်နေတဲ့ ဗြိတိသျှဝန်ကြီး မွန်တေဂူ ဆီ ၁၉၁၇ ခုနှစ်မှာ သွားရောက်တောင်းဆိုတဲ့အခါ မွန်တေဂူက စဉ်းစားပေးမယ်ဆိုပြီး နှစ်သိပ့်လိုက်တယ် ။ တကယ်လဲ အိန္ဒိယကို အုပ်ချုပ်ရေးအက်ဥပဒေ ပြဋ္ဌာန်းတဲ့အခါ မြန်မာနိုင်ငံကို ချန်ထားခဲ့ပါတယ် ။ ဒါကြောင့် YMBA က ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုဖို့အတွက် ဦးဘဘေ ဦးပု ဦးထွန်းရှိန် တို့ကို ကိုယ်စားလှယ်အနေနဲ့ ၁၉၁၉ ခုနှစ်မှာ လန်ဒန်ကို စေလွှတ်ခဲ့တယ် ။ အဲ့ဒါလဲ မအောင်မြင်ပါဘူး ။ အဲ့ဒီ့နောက် နောက်တစ်ကြိမ် ၁၉၂၀ မှာ ဦးဘဘေ ဦးပု နဲ့ ဦးသိမ်းမောင် တို့ကို စေလွှတ်ပြန်တယ် ။ အဲ့အခါမှ အုပ်ချုပ်ရေးနဲ့ပတ်သတ်ပြီး ဆွေးနွေးခွင့် ရရှိလာခဲ့ပါတယ် ။
YMBA က အသင်းခွဲပေါင်း ၂၀၀၀ ကျော်ရှိတဲ့အတွက် အသင်းလုပ်ငန်းများကို တိုးချဲ့ပြီး အမျိုးသားရေးကို ပွင့်လင်းမြင်သာအောင် ဆောင်ရွက်နိုင်ဖို့ ၁၉၂၀ ပြည့်နှစ်မှာ ဝိုင်အမ်ဘီအေ အသင်းတွေ စုစည်းပြီး GCBA ဆိုတဲ့ မြန်မာအသင်းချုပ်ကြီးကို ဖွဲ့စည်းတည်ထောင်လိုက်ပါတယ် ။
အဲ့ဒီ့မှာ ရန်ကုန်တက္ကသိုလ်တည်ထောင်ဖို့ ဗြိတိသျှတွေရေးဆွဲတဲ့ တက္ကသိုလ်ဥပဒေကို မကျေနပ်လို့ ကျောင်းသားခေါင်းဆောင်တွေ သပိတ်မှောက်ရာက ပထမ ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာခဲ့တယ် ။ သပိတ်စတင်တဲ့ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်နေ့ကနေ တစ်ပတ်အတွင်းမှာပဲ တစ်နိုင်ငံလုံးကို ကူးစက်သွားခဲ့ပါတယ် ။
အဲ့ဒီ့သပိတ်ကို အကြောင်းပြုပြီး ၁၉၂၁ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့မှာ ရန်ကုန်က အမျိုးသားကောလိပ် ပေါ်ပေါက်လာရတာနဲ့အတူ မြို့တိုင်းမှာ အမျိုးသားကျောင်းတွေ ပေါ်ပေါက်လာခဲ့ပါတယ် ။ အဲ့ကျောင်းတွေဟာ မြန်မာတွေရဲ့ အမျိုးသားရေးစိတ်ဓါတ်ကို အစွမ်းကုန် သွင်းပေးတဲ့ အချက်အချာတွေ ဖြစ်လာခဲ့ကြတယ် ။
၁၉၂၀ ပြည့်နှစ်မှာ တည်ထောင်တဲ့ ဂျီစီဘီအေ အသင်းကြီးကိုနိုင်ငံနဲ့ အဝန်း ထောက်ခံအားပေးတဲ့အတွက် အင်အား တောက်တင်းလာတာနဲ့အတူ အသင်းကြီးရဲ့ အသံဖြစ်တဲ့ ဝံသာနုစိတ်ဓါတ်တွေလဲ တစ်နိုင်ငံလုံး နိုးကြားလာခဲ့တယ် ။ ဒါပေမယ့် အဲ့လောက်အင်အားကြီးတဲ့အသင်းကြီးဟာ တာရှည်မခံပဲ အက်ကြောင်းလိုက်လာပါတယ် ။ အထူးသဖြင့်တော့ ဗြိတိသျှအစိုးရက မြန်မာနိုင်ငံမှာ ကျင့်သုံးဖို့ ချမှတ်ပေးလိုက်တဲ့ ဒိုင်အာခီ အုပ်ချုပ်ရေစနစ်ကို လက်ခံသင့် မခံသင့်ဆိုတဲ့ သဘောထား ကွဲလွှဲရာကနေ စတာပါပဲ ။ အဲ့ဒီကြားထဲကမှ ဗြိတိသျှအစိုးရဟာ ၁၉၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှာ မြန်မာနိုင်ငံကို ဒိုင်အာခီ အုပ်ချုပ်ရေးအရ သီးခြားဘုရင်ခံအုပ်ချုပ်တဲ့ ပြည်နယ်အဖြင့် တည်ထောင်တဲ့အကြောင်းကို ကြေညာလိုက်ပါတော့တယ် ။
ဂျီစီဘီအေ နှစ်ခြမ်းကွဲရာကနေ နောက်ပိုင်း အစိတ်စိတ်အမွှာမွှာကွဲပြီး ပါတီတွေ အများအပြား ပေါ်ပေါက်လာတယ် ။ အဲ့ကနေမှ ငွေကြေးအင်အ နည်းပါးလာခြင်း ဗြိတိသျှအစိုးရရဲ့ အနှောက်အယှက် အမျိုးမျိုးကို ခံရတာတွေက ၁၉၂၄ ခုနှစ်မှာ အမျိုးသားကောလိပ်ကို ဖျက်သိမ်းလိုက်ရပါတယ် ။ ဒါပေမယ့် အမျိုးသားကျောင်းများမှာတော့ ဆက်လက်တည်ရှိပြီး အမျိုးသားကောလိပ်နဲ့ အမျိုးသားကျောင်းများကို အကြောင်းပြုကာ အမျိုးသားစိတ်ဓါတ်တွေ ထက်သန်လာကြပြန်တယ် ။
အဲ့ဒီ့အချိန်က မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုအတွက် အရေးပါတဲ့ အဖွဲ့အစည်းကြီးတစ်ခု ပေါ်ပေါက်လာပါတယ် ။ အဲ့ဒါက သခင်လူငယ်များ ဦးဆောင်ဖွဲ့စည်းတဲ့ တို့ဗမာအစည်းအရုံး ဖြစ်တယ် ။ ဗြိတိသျှအရာရှိများက သခင်အခေါ်ခံနေတာကို မခံနိုင်လို့ မိမိတို့ အမည်အရှေ့မှာ သခင်တပ်ခေါ်ပြီး သခင်တွေက ငါတို့သာဖြစ်သင့်တယ်ဆိုတဲ့ စိတ်ဓါတ်တွေ ပေါက်ပွားလာတယ် ။ အဲ့ဒါကြောင့် အမည်တိုင်းရဲ့ အရှေ့မှာ သခင်တပ်ခေါ်လာကြတယ် ။
ထိုစဉ် လုပ်ငန်းရှင်များရဲ့ ပရိယာယ်ကြောင့် သငေ်္ဘာကြီး ကုန်တင်ကုန်ချလုပ်ကြတဲ့ အလုပ်သမားအချင်းချင်း မကျေနပ်မှုတွေဖြစ်ကာ မြန်မာအလုပ်သမားများနဲ့ ကုလား အလုပ်သမားများ ရိုက်နှက်ရာကနေ ၁၉၃၀ ပြည့်နှစ် မေလ ၂၆ ရက်နေ့မှာ ကုလား-ဗမာ အဓိကရုဏ်း ဖြစ်ပွားလာပါတယ် ။ အဲ့ကနေမှ " မြန်မာပြည်သည် တို့ပြည် မြန်မာစာသည် တို့စာ မြန်မာစကားသည် တို့စကား ။ တို့ပြည်ကို ချစ်ပါ ။ တို့စာကို ချီးမြှင့်ပါ ။ တို့စကားကို လေးစားပါ " ဆိုတဲ့ ကြွေးကြော်သံတွေ တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားခဲ့ပါတယ် ။
၁၉၂၈ - ၂၉ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေး ပျက်ကပ် ဆိုက်ရောက်ပြီး မြန်မာနိုင်ငံကို ကူးစက်လာတယ် ။ မြန်မာလယ်သမားများမှာ စပါးဈေး ထိုးကျခြင်း ချစ်တီးကြွေး နှိပ့်စက်ခြင်းတို့ကြောင့် ဒုက္ခရောက်ကြရပါတယ် ။ အဲ့ဒီ့မှာ လယ်သမားတွေ မခံမရပ်နိုင်ဖြစ်ကာ ၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာလတွင် သာယာဝတီနယ်က ဂဠုန်ဆရာစံ ခေါင်းဆောင်တဲ့ လယ်သမား တော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့တယ် ။ အရှိန်အဟုန်ပြင်းထန်တဲ့အတွက် ဗြိတိသျှအစိုးရက အိန္ဒိယကနေ တပ်မကြီး ၂ တပ်နဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့ပါတယ် ။ ၁၉၃၁ ခုနှစ်မှာ ဆရာစံကို ဖမ်းမိပြီး သာယာဝတီထောင်မှာ ကြိုးပေးသတ်လိုက်ကြတယ် ။ ဆရာစံသေသွားပေမယ့် အဲ့ကနေ ရလဒ်ကောင်းတွေကတော့ အမျိုးသားရေးစိတ်ဓါတ်ကို အစွမ်းကုန် နိုးထလာစေခြင်းပါပဲ ။
၁၉၃၀ ပြည့်နှစ်နောက်ပိုင်းမှာ လွတ်လပ်ရေးကြိုးပမ်းမှုအရှိန်အဟုန်တွေ မြင့်မားလာခဲ့ကာ တို့ဗမာ အစည်းအရုံးက သခင်လူငယ်တွေက နယ်ချဲ့ဆန့်ကျင်ရေးကို ဦးတည်ပြီး တက်တက်ကြွကြွ ဆောင်ရွက်လာကြပါတယ် ။
အဲ့ဒီ့အချိန်မှာ မြန်မာနိုင်ငံရဲ့ တွဲရေး ခွဲရေး ပြဿနာက ရှေ့တန်းရောက်လာတယ် ။ မြန်မာနဲ့ အိန္ဒိယပြည် ဆက်တွဲမလား ခွဲမလားဆိုတာပါ ။
အဲ့မတိုက်မီကပင် ဗြိတိသျှပါလီမန်က ဆာဂျွန်ဆိုင်မွန်ခေါင်းဆောင်တဲ့ ကော်မရှင်ကို ဖွဲ့စည်းပေးပြီး အိန္ဒိယပြည်နဲ့ မြန်မာပြည်ကို စေလွှတ်တဲ့အခါ ကော်မရှင်က ၁၉၂၉ ခုနှစ် ဇန်နဝါရီလမှာ မြန်မာပြည်ကို လာရောက်စုံစမ်းပြီးနောက် မြန်မာပြည်ဟာ သီသန့်အုပ်ချုပ်ရေးစနစ် ဖန်တီးပေးသင့်ကြောင်းနဲ့ မြန်မာပြည်ဟာ အိန္ဒိယပြည်မဟုတ်လို့ဆိုပြီး အစီရင်ခံစာ တင်လိုက်ပါတယ် ။ အဲ့ဒီ့နောက် ၁၉၃၅ ခုနှစ် မြန်မာပြည် အုပ်ချုပ်ရေး အက်ဥပဒေကို ပြဋ္ဌာန်းကာ ၁၉၃၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေစပြီး မြန်မာပြည်ကို အိန္ဒိယအုပ်ချုပ်ခွင့်ကနေ ခွဲထုတ်လိုက်ပါတယ် ။
ဥပဒေရွေးကောက်ပွဲမှာ နိုင်ငံရေး ပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်ကြတယ် ။အဲ့ဒီ့အချိန်မှာ တက္ကသိုလ်ကျောင်းသားများက တို့ဗမာအစည်းအရုံးထဲကို ဝင်ရောက်လာကြပါပြီ ။ ၁၉၃၆ ခုနှစ် ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှာ တက္ကသိုလ်အာဏာပိုင်များရဲ့ ဖိနှိပ့်မှုကို မကျေနပ်ရာကနေ ဒုတိယကျောင်းသားသပိတ်ကြီး ဖြစ်ပေါ်လာခဲ့ပြန်ပါတယ် ။ ရွေးကောက်ပွဲမှာ တို့ဗမာအစည်းအရုံးက ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့ဆိုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ် ။ အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်မဲ့ အမတ်အရေအတွက်ကို ဘဟ်ပါတီမှ မရတဲ့အတွက် ဘုရင်ခံက ဆင်းရဲသားပါတီခေါင်းဆောင်တဲ့ ဒေါက်တာဘမော်ကို ညွှန်ပေါင်းအစိုးရဖွဲ့စည်းဖို့ တာဝန်ပေးခဲ့ပါတယ် ။
၁၉၃၇ ခုနှစ်မှာ နဂါးနီ စာအုပ်အသင်းကို သခင်လူငယ်များ ဦးဆောင်တည်ထောင်ပြီး နိုင်ငံရေး အသိအမြင်တွေ ပြန်လည် ဖွင့်ပေးပြန်တယ် ။ အဲ့ဒီ့အချိန်မှာ ၁၃၀၀ ပြည့် အရေးတော်ပုံ ပေါ်ပေါက်လာပါတယ် ။ ဗြိတိသျှတို့ လက်ဝါးကြီးအုပ်ထားတဲ့ ဘီအိုစီ ကုမ္ပဏီရဲ့ ဖိနှိပ့်ချယ်လှယ်မှုများကြောင့် ဆင်းရဲကြပ်တည်းနေတဲ့ ရေနံမြေ အလုပ်သမားများဟာ ၁၉၃၈ ခု ဇန်နဝါရီလတွင် ဘီအိုစီကုမ္ပဏီကို စတင် သပိတ်မှောက်ကြပါတယ် ။ ၁၉၃၉ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့မှာ ရေနံမြေ သပိတ်တပ် ရန်ကုန်ကို ရောက်လာတယ် ။ အဲ့ဒီ့အတောအတွင်း ၁၉၃၈ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့မှာ တက္ကသိုလ်ကျောင်းသားများက အတွင်းဝန်ရုံးကို ဝိုင်းပြီး ဆန္ဒပြရာကနေ တတိယကျောင်းသားသပိတ် ပေါ်ပေါက်လာခဲ့တော့တယ် ။
အဲ့အချိန် ဒုတိယကမ္ဘာစစ်မှာ ပါဝင်တဲ့ အင်္ဂလိပ်ရဲ့ အကြပ်အတည်းကို အခွင့်ကောင်းယူကာ အင်္ဂလိပ်အကြပ် မြန်မာအချက်လို့ ခံယူပြီး ပြည်ပအကူညီရှာဖို့ ကြိုးစားလာကြတယ် ။ ထိုအချိန်မှာ ၁၉၃၇ ခုနှစ်က စပြီး တရုတ် ဂျပန် စစ်ဖြစ်ပွားနေရာက တရုတ်ရဲ့ မဟာမိတ်တပ်တွေက တရုတ်ကို လက်နက်တွေ ထောက်ပံ့ပေးနေတဲ့ လမ်းဟာ တရုတ်မြန်မာ လမ်းမကြီး ဖြစ်နေခဲ့တယ် ။ အဲ့လမ်းမကို ဂျပန်တွေက ဖျက်ဆီးချင်တယ် ။ အဲ့အကွက်ကို မြန်မာတွေက အသုံးချပြီး မြန်မာက အဲ့ပြဿနာကို ဖြေရှင်းပေးကာ ဂျပန်က မြန်မာနိုင်ငံထဲက အင်္ဂလိပ်တွေကို တိုက်ထုတ်ဖို့ သဘောတူခဲ့ကြတယ် ။
အဲ့ဒီ့ ကိစ္စများ ဆောင်ရွက်နေတဲ့ မီနာမီ အဖွဲ့ခေါင်းဆောင် ကာနယ်ဆူဇူကီး နဲ့ မြန်မာလူငယ်များ လျှို့ဝှက်ဆက်သွယ်ပြီး ရဲဘော်သုံးကျိပ့်လို့ အမည်တွင်တဲ့ လူငယ် ၃၀ ဟာ ဂျပန်ပြည်ကို ထွက်ခွါလာခဲ့ပါတယ် ။ ထိုင်ဝမ်ကျွန်းနဲ့ ဟိုင်နန်ကျွန်းတို့မှာ စစ်ပညာသင်ယူကြတယ် ။
၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှာ ဂျပန်က ပုလဲဆိပ်ကမ်းကို ဗုံးကျဲတိုက်ခိုက်ရာက အာရှတိုက်ဆီကို ဒုတိယကမ္ဘာစစ်မီး ကူးလာခဲ့တယ် ။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုတဲ့ ရဲဘော်သုံးကျိပ်က ဦးဆောင်ပြီး ဘီအိုင်အေ ခေါ် ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ဖွဲ့စည်းကာ မြန်မာပြည်တွင်းကို စစ်ကြောင်း သုံးကြောင်းခွဲပြီး ချီတက်လာပါတော့တယ် ။
၁၉၄၂ မှာ ဂျပန်က မြန်မာတစ်ပြည်လုံးကို သိမ်းတယ် ။ မြန်မာ့လွတ်လပ်ရေးအတွက် ဂျပန်က ဆောင်ရွက်ပေးလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ဂျပန်က မြန်မာတွေကို နှိပ့်စက်ညှင်စဲလာကြတယ် ။
၁၉၄၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှာ ဂျပန်က ဒေါက်တာဘမော်ဦးဆောင်တဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ် ။ နောက်တစ်နှစ်အကြာမှာ မြန်မာပြည်ကို လွတ်လပ်ရေး ကြေညာလိုက်တယ် ။ ဒါပေမယ့် အုပ်ချုပ်ရေးကို ဂျပန်က ကိုင်ထားတယ် ။ အဲ့နောက်မှာ မြန်မာတွေသိလာတာက ရထားတဲ့ လွတ်လပ်ရေးဟာ အတုအယောင်ဖြစ်တယ်ဆိုတာပဲ ။
၁၉၄၄ ခုနှစ် သြဂုတ်လ ၄ ရက်နေ့မှာ တပ်မတော် ခေါင်းဆောင်များ - နိုင်ငံရေးပါတီ ခေါင်းဆောင်များဟာ ဖက်ဆစ်တော်လှန်ရေးကိစ္စများကို ဆွေးနွေးကြပြီး ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ ဖတပ ခေါ် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ် ကို ဖွဲ့စည်းလိုက်ကြပါတယ် ။
အဲ့နောက် အိန္ဒိယနိုင်ငံမှာရှိတဲ့ မဟာမိတ်တပ်များနဲ့ ဆက်သွယ်ကြတယ် ။ ၁၉၄၅ ခုနှစ် မတ်လ ၁ ရက်နေ့မှာ ဖတပ အစည်းအဝေးကျင်းပပြီး မဟာမိတ်ရဲ့ စစ်ဌာနချုပ်က အကူအညီ ရသည်ဖြစ်စေ မရသည်ဖြစ်စေ လက်နက်ကိုင်ပြီး တစ်နိုင်ငံလုံး တော်လှန်တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ် ။
ဖတပ အဖွဲ့ကို ဖတပလ ( ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် ) လို့ အမည်ပြောင်းလိုက်ကြတယ် ။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ဖက်ဆစ်ဂျပန်ကို တညီတညွှတ်တည်း တော်လှန်ခဲ့ကြပါတယ် ။
အဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းက မဟာမိတ်တပ်ခေါင်းဆောင်များနဲ့ တပ်မတော်ရှေ့ရေးကို ဆွေးနွေးပြီးဖြစ်တယ် ။ မဟာမိတ်တပ်များက ဗမာ့တပ်မတော်ကို မျိုးချစ်ဗမာ့တပ်မတော်အမည်နဲ့ အသိအမှတ်ပြုကာ လက်တွဲဆောင်ရွက်ခဲ့ပါတယ် ။ ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ ဂျပန် စစ်ရှုံးကြောင်း ကြေညာကာ လက်နက်ချလိုက်ရတယ် ။
ဂျပန်ခေတ်ကုန်ဆုံးပြီး အင်္ဂလိပ် ပြန်အဝင်မှာ ပထမက ကတ်သဘီ ခေါ် စစ်ဘက်မြို့ပြအုပ်ချုပ်ရေးနဲ့ အုပ်ချုပ်လာပြန်တယ် ။
၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းပြီး ဘုရင်ခံက တာဝန်လွှဲယူကာ ဆင်းမလားစီမံကိန်းခေါ် စက္ကူဖြူစာတမ်းအရ အုပ်ချုပ်ဖို့ ပြင်ဆင်ကြပြန်တယ် ။ အဲ့ဒီ့အချိန်မှာက ဖတပလရဲ့ အင်အားမှာ အလွန်တောင့်တင်းနေပြီဖြစ်တယ် ။
၁၉၄၅ ခု သြဂုတ်လ ၁၉ ရက်နေ့က နေသူရိန်ဇာတ်ရုံမှာ လူထုအစည်းအဝေးကြီး ကျင်းပပြီး လွတ်လပ်ရေး တောင်ဆိုခဲ့ကြတယ် ။ အရှေ့တောင်အာရှ မဟာမိတ်တပ်ပေါင်းစု စစ်သေနာပတိ ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်ရဲ့ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ သီဟိုဠ်နိုင်ငံ ကန္ဒီမြို့ကို သွားရောက်ဆွေးနွေးပြီး ကန္ဒီစာချုပ်လက်မှတ်ရေးထိုးကာ တပ်မတော်အတွက် ရှေ့ရေးအစီအစဉ်များ ချမှတ်ခဲ့ကြပါတယ် ။
ဘုရင်ခံရဲ့ စက္ကူဖြူစာတမ်းကို ဖတမလ က လက်မခံ ။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလမှာ ပြည်လုံးကျွတ် ညီလာခံကျင်းပပြီး စည်းလုံးညီညွှတ်မှုကို ပြသခဲ့ကြတယ် ။ ဖတပလ ကနေ ဖဆပလ ( ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ ) လို့ အမည်ပြောင်းခဲ့ပြီး ဖဆပလ နဲ့ ဘုရင်ခံတို့ အားပြိုင်ကြရာ ဗြိတိသျှကအစိုးရက အခြေအနေကို သုံးသပ်မိတဲ့အတွက် ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အင်္ဂလန်ကို ပြန်ခေါ်ပြီး ဆာဟူးဘတ်ရန့်စ်ကို ဘုရင်ခံ ခန့်လိုက်ပါတယ် ။
ဘုရင်ခံအသစ်က ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့အဖွဲ့ကို ဘုရင်ခံ အမှုဆောင်ကောင်စီ (အစိုးရအဖွဲ့) မှာ ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့တယ် ။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလမှာ ဗြိတိသျှနန်းဝန် အက်တလီက ဖိတ်ခေါ်တဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ အင်္ဂလန်ကို သွားရောက် ဆွေးနွေးခဲ့ကြတယ် ။ အဲ့ဒီ့နောက် အောင်းဆန်းအက်တလီစာချုပ်ကို ချုပ်ဆိုပြီး မြန်မာပြည် တိုင်းရင်းသားများ လွတ်လပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာခဲ့ပါတယ် ။
ဗိုလ်ချုပ်ဟာ အင်္ဂလန်က အပြန်မှာ တိုင်းရင်းသားများနဲ့ အကြေအလည်ဆွေးနွေးပြီး ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ ပင်လုံညီလာခံ ကျင်းပကာ တိုင်းရင်းသားခေါင်းဆောင်များ - ကိုယ်စားလှယ်များက ပင်လုံစာချုပ်ကို အောင်မြင်စွာ ရေးထိုးခဲ့ကြပါတယ် ။
တိုင်းပြုလွှတ်တော်ရွေးကောက်ပွဲများကို ဧပြီလမှာ ကျင်းပရာ ဖဆပလ က အမတ်နေရာ အများဆုံး အနိုင်ရခဲ့ပါတယ် ။ ဇွန်လမှာ တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေးအတွင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံများ အတည်ပြုခဲ့ကြတယ် ။ အဲ့ဒီ့အတောအတွင်း ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဝန်ကြီးများဟာ မသမာသူတွေရဲ့လက်ချက်နဲ့ ကျဆုံးသွားခဲ့ရပါတယ် ။
ဖဆပလကို သခင်နု(ဦးနု) က ဦးဆောင်ပြီး ဘုရင်ခံအမှုဆောင်ကောင်စီမှာ ပါဝင်လျက် အစိုးရဖွဲ့စည်းပြီး ဆက်လက်ဆောင်ရွက်ခဲ့တယ် ။ ၁၉၄၇ ခုနှစ် အောက်တိုဘာလမှာ နန်းရင်းဝန် အက်တလီနဲ့ သခင်နုတို့ နု-အက်တလီစာချုပ် လက်မှတ်ရေးထိုးပြီး အဆိုပါစာချုပ်မှာ မြန်မာနိုင်ငံကို လွတ်လပ်သော နိုင်ငံအဖြစ် လွှဲပြောင်းပေးရာမှာ ပေါ်ပေါက်လာမဲ့ အပြောင်းအလဲ အချက်အလက်တွေကို အသေးစိတ်ဖေါ်ပြခဲ့ကြပါတယ် ။
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာတော့ မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အဖြစ် ပေါ်ထွန်းလာခဲ့ ရပါတော့သည် ။
#htoohtoolay
Comments
Post a Comment