zawgyi -
အဂၢိရတ္ ျပဒါးရွင္အေႀကာင္း !
----
ေရးရမွာ အားေတာင္ နာတယ္ ။ ဘာလို႕လဲဆိုေတာ့ ကိုယ္ေတြ fri ထဲမွာက အဂၢိရတ္ သမားေတြက ရွိေနတာကလား ။ ဘာပဲျဖစ္ျဖစ္ နည္းနည္းေတာ့ ေရးရမွာပဲ ။
အဲ႕ဒီ႕ပညာနဲ႕ပတ္သတ္ျပီး မူလဌာနကို ႀကည့္မယ္ဆိုရင္ အိႏၵိယကစတင္တာလို႕ ဒီလို ျဖစ္နိုင္စရာရွိတယ္ ။ အဲ႔ဒီ႕ကေနမွ အာရပ္ အီဂ်စ္ ဂရိတို႕ကို ေရာက္ရွိခဲ႕ျပီး အဲ႕ဒီ႕ေနာက္မွာမွ ဥေရာပနဲ႕ ျမန္မာ , ဒါထက္ အေရွ႕ေရာက္ေတာ့ တရုတ္တိုင္ေအာင္ ပ်ံ႔ႏွံ႕သြားတယ္လို႕ ဒီလို ေတြ႕ရတယ္ ။
၅ ရာစုေလာက္ေရာက္တဲ႕အခါ အဂၢိရတ္ပညာကို ျမန္မာနဲ႕ တရုတ္က လိုက္စားေနႀကျပီ ။ ကမၻာနဲ႔ခ်ီျပီး အဂၢိရတ္ပညာလိုက္စားတာကေတာ့ ၅ ရာစုကေနမွ ၁၆ ရာစုတိုင္ေအာင္ပါပဲ ။ သို႕ေသာ္ ေခတ္သစ္ပညာ တိုးပြားလာတာနဲ႕အမွ် အဂၢိရတ္လဲ ေမွးမွိန္ရတာ့တာပဲ ။
ျမန္မာနိုင္ငံမွာေတာ့ ဗုဒၶသာသနာ ေရာက္လာတဲ႕အခ်ိန္ကေနစျပီး အဲ႕ပညာရပ္ကို အားမေပးႀကေတာ့တာ ေတြ႕ရပါတယ္ ။ ဒါေပမယ့္ အခုခ်ိန္ထိေတာ့ က်ိဳႀကား ႀကိဳႀကား ရွိေနဆဲပါ ။ အဲ႔ဒီလို လံုးဝ အျမစ္မျပတ္သြားေပမယ့္လို႕ ဗုဒၶဘာသာကိုေတာ့ မယွဥ္နိုင္ေတာ့ပါ ။
အဂၢိရတ္ပညာရဲ႕ ရည္မွန္းခ်က္ကို ႀကည့္မယ္ဆိုရင္ အဂၢိရတ္ဆိုတာ ဘာလဲလို႕ သိရမယ္ ။ အဂၢိရတ္ဆိုတာ မီးနဲ႕လုပ္တဲ႕ အလုပ္လို႕ အဓိပၸါယ္ ရတယ္ ။ ဒါေႀကာင့္ သတၳဳေတြကို ေျပာင္းလဲဖို႕အတြက္ ဖိုလ္ထိုးတာမွာ မီးကို အဓိက သံုးတယ္လို႕ ယူဆရတယ္ ။
အေျခခံ သတၳဳကို အဖိုးတန္ သတၴဳျဖစ္ေအာင္ လုပ္ရတာက ျမန္မာတင္မက တစ္ကမၻာလံုးမွာရွိတဲ႔ အဂၢိရတ္သမားတိုင္းရဲ႕ ရည္မွန္းခ်က္ျဖစ္ပါတယ္ ။ ဒါေပမယ့္ ျမန္မာ အဂၢိရတ္သမားေတြမွာပိုတာက တိမ္ျမွပ္ေနတဲ႕ သေဘာတရားေတြ ျဖစ္တယ္ ။ ေလးနက္တဲ႕ သဘာဝလြန္ျဖစ္ရပ္ေတြေပါ့ ။ အဲ႕ဒါေႀကာင့္လည္း တစ္ခ်ိန္က ဘာသာတစ္ခုနီးပါးမွ် ထြန္းကားခဲ႕တာျဖစ္တယ္ ။
ခဲကိုေငြ - ေႀကးကို ေရႊ ျဖစ္ေစတာဟာ ျမန္မာရဲ႕ အဂၢိရတ္ပထမ ေျခလွမ္းျဖစ္တယ္ ။ အဓိက ကေတာ့ မအို မနာ မေသ နဲ႕ သဘာဝလြန္ျဖစ္ရပ္ေတြကို ရရွိဖို႕ပါပဲ ။
ပထမေျခလွမ္းအျဖစ္ ခဲကို ေငြ - ေႀကးကိုေရႊ ေျပာင္းနိုင္ျပီဆိုရင္ အဲ႕ရလဒ္နဲ႕ သတၳဳေတြ ဓါတ္ေပါင္းေတြနဲ႕ အမ်ိဳးမ်ိဳး စမ္းသပ္ရျပီ ။ အဲ႕လို စမ္းသပ္ရာကေန ျပဒါးရွင္လံုးကို ရျပီဆိုရင္ အဲ႕ဒါ ဒုတိယေျခလွမ္းေရာက္ျပီပဲ ။
အဲ႕ဒီ႕ ျပဒါးရွင္လံုးကို ပိုင္ဆိုင္လိုက္တာကေနစျပီး သူက ေလေပၚပ်ံနိုင္ျပီ ။ ေရထဲေကာ ေျမထဲေကာ ကူးခပ္နိုင္ျပီ ။ သူ႕ကိုယ္ေပၚမွာ အဲ႕ဒါရွိေနသေရြ႕ အနာတရ မျဖစ္နိုင္ေတာ့ဘူး ။ ရွိရမယ္ဆိုတာမွာက ကိုယ္ခႏၶာနဲ႕ ထိထားရမွာ ။ ဥပမာ ပါးစပ္ထဲတို႕ ခ်ိဳင္းေအာက္တို႕ ဆံထံုးတို႕ အဲ႕ေနရာမ်ိဳးေတြေပါ့ ။ ေမာတာလဲ မရွိ ပင္ပန္းတာလဲမရွိပဲ နတ္သမွ် တန္ခိုးရေတာ့တာပါပဲ ။ ျပဒါးရွင္လံုးနဲ႕ ထိသမွ်ခဲေတြက ေငြျဖစ္ ။ ထိသမွ် ေႀကးေတြက ေရႊျဖစ္ကုန္တာေတြ႕ရမတဲ႕ ။
ဒါေႀကာင့္ အဲ႕လို ဖိုလ္ေအာင္တာနဲ႕ သူ႕နယ္ပယ္ထဲက လူေတြကေနမွျဖစ္ေစ မေကာင္းဆိုးဝါးေတြက ျဖစ္ေစ လုယူတက္ႀကတယ္ ။ အဓိက က ျပဒါးရွင္လံုးကို လက္ဝယ္ပိုင္သူက အဲ႕ဒီ႕ သဘာဝလြန္ေတြ လုပ္ေဆာင္နိုင္မတဲ႕ ။ အဲ႔ဒါေတြနဲ႔ပတ္သတ္ျပီး ျမန္မာ့ေက်းလက္ပံုျပင္ေတြ အမ်ားခ်ည္း ရွိပါတယ္ ။
အဲ႔ဒီ႕ ျပဒါးရွင္ကို ပိုင္ဆိုင္တဲ႕ အဂၢိရတ္သမားက စမ္းသပ္မႈေတြ လုပ္ေဆာင္ေနရတယ္ ။ သူ႕ခႏၶာကို လူသာမန္ထက္ ထူးျခားတဲ႕ စြမ္းအင္ေတြ ရေအာင္ ဓါတ္ေပါင္းေတြ ရွာေဖြစမ္းသပ္ေနရမယ္ ။ လူလြန္သားျဖစ္ဖို႕ဆိုတာမွာ အဲ႕လို ဓါတ္ေပါင္းကို ေဆးေသာက္သလို ေသာက္လိုက္လို႕လဲ မျဖစ္နိုင္ေတာ့ ခႏၶာကိုယ္ထဲ စိပ့္ဝင္ေနေအာင္လုပ္ဖို႕ လိုအပ္လာတယ္ ။
ဒါေႀကာင့္ အဂၢိရတ္သမားက ပထမဆံုး သူ႕ကိုယ္ထဲကို စိမ့္ဝင္ေအာင္ ေသာက္ခ်လိုက္ေကာ ။ အဲ႕ေနာက္မွာ ခုႏွစ္ရက္လံုးလံုး သူ႕ကို ေျမျမွပ္ႏွံထားဖို႕ လိုလာတယ္ ။ အဲ႔အခ်ိန္မွာေတာ့ သူက သူေသပဲ ။ အဲ႕ဒီ႕အခ်ိန္ သူ႕ကို ျပဳသမွ် နုရတာေႀကာင့္ ေမွာ္ဆရာေတြကျဖစ္ေစ မေကာင္းဆိုးဝါးေတြကျဖစ္ေစ ရွာေဖြျပီး သူ႕အသားကို စားေတာ့တာ ။
သူ႕အသားက အဲ႕အခ်ိန္မွာ ေမႊးတယ္ ။ အရသာရွိတယ္ ။ အသားကိုစားရတဲ႔သူက သိဒၶိတန္ခိုးေတြ ရတယ္တဲ႕ ။ ဒါေႀကာင့္ပဲ သထံုမွာ ရဟန္းတစ္ပါးက အဂၢိရတ္သမားတစ္ေယာက္ရဲ႕အသားကို စားျပီး တန္ခိုးရသေလး ဘာေလး ပါးစပ္ရာဇဝင္ဆိုလား ရွိခဲ႕တယ္မဟုတ္လား ။
ဒါေႀကာင့္ သူက အဲ႕လိုမလုပ္ခင္မွာ လူယံုတပည့္တစ္ေယာက္လိုတယ္ ။ ဘယ္သူမွမသိတဲ႕ေနရာမွာ လိုအပ္တဲ႔အတိုင္း လုပ္ျပီး ေစာင့္ေရွာက္ဖို႕ပဲ ။ အဲ႕လို ခုႏွစ္ရက္ျပည့္တာနဲ႔ အထဲက ခႏၶာက သူ႕အလိုလို ထခုန္ထြက္လာမယ္တဲ႔ ။ တန္ခိုးရျပီလို႕ ဆိုတာ ။ အဲ႕လိုအဆင့္ေရာက္မွ လံုးဝ ျပည့္စံုတဲ႔ အဂၢိရတ္သမား ေဇာ္ဂ်ီဘဝကို ျဖစ္သြားေတာ့တာပဲ ။
တစ္ခုရွိတာက သူတို႕က လံုးဝ ျပီးျပည့္စံုတဲ႔ သိဒၶိေတြ ရတဲ႔အတြက္ သူတို႕မွာ ဘာမွ လုပ္စရာမရွိေတာ့ဘူး ။ ႏွစ္ေပါင္းကလဲ ႀကာတယ္မဟုတ္လား ။ ေနာက္ျပီး စားစရာလဲ မလိုေပမယ့္ တစ္ခါတစ္ေလ အသီးေလာက္တာစားျပီး သားငါးေတြကေတာ့ အညွီနံ႕အင္မတန္ျပင္းလို႕ မစားနိုင္ဘူးတဲ႔ ။ သာမန္ လူေတြကလဲ သားငါးစားတဲ႕အတြက္ အညွီနံ႕ေတြ ထြက္ေနေတာ့ အခ်ိန္ႀကာႀကီး မကပ္နိုင္ဘူး ။
ဆိုေတာ့ကာ သူတို႕က လူေတြနဲ႕ေဝးတဲ႕ ဟိမဝႏၱာထဲ ဝင္ေကာ ။ အဲ႕မွာက သူတို႕လို လူေတြ အမ်ားခ်ည္း ရွိသတဲ႔ ။ ဒါေပမယ့္ ဆိုးတာက သူတို႕ကလဲ ေသြးသားဆႏၵေနာက္ကို လိုက္ရျပန္တယ္ ။ ဒါေႀကာင့္ လူေတြရဲ႕ အနံ႕ကို မခံနိုင္တဲ႕သူတို႕က လူမိန္းမပ်ိဳ အနားမေနနိုင္ေတာ့ သူတို႔ေနတဲ႔ ဟိမဝႏၱာထဲမွာ ထူးျခားတဲ႕ သူေယာင္မယ္အပင္ရွိသတဲ႕ ။ အဲ႕ သူေယာင္မယ္ အသီးက လူမိန္းမနဲ႔ တူတာေႀကာင့္ သူတို႕က ခူးယူျပီး လူမိန္းမအသြင္ေျပာင္းကာ ေပ်ာ္ပါးရရွာပါတယ္ ။ ဒါေပမယ့္လည္း အဲ႕သူေယာင္မယ္ေတြက အသီးေတြဆိုေတာ့ ခဏေလးနဲ႕ ပ်က္ဆီးကုန္သတဲ႔ ။
ဒါ့အျပင္ အဲ႕အပင္ကလဲ ဟိမဝႏၱာရဲ႕ ေနရာတိုင္းမွာ ရွိတာမဟုတ္ေတာ့ အဲ႕သူေယာင္မယ္အသီးနဲ႔ပတ္သတ္ျပီး ေဇာ္ဂ်ီတို႕အႀကား မေလာက္ငွတာေႀကာင့္ အခ်င္းခ်င္း တိုက္ခိုက္ေနႀကရရွာပါတယ္ ။
တစ္ခ်ိဳ႕အဂၢိရတ္သမားေတြကေတာ့ သူတို႕ဟာ အရိေမေတၱယ်ဘုရားကို ဖူးရေအာင္ ဒီလို ဖိုလ္ဝင္ဖို႕ လုပ္ေဆာင္တာလို႕ ေျပာႀကေပမယ့္ အဲ႕စကားကို ျပန္ျပီး ေခ်ပႀကတာမွာ အရိေမေတၱယ်ဘုရား ပြင့္တာေတာင္ ေဇာ္ဂ်ီအခ်င္းခ်င္းက သူေယာင္မယ္အသီးနဲ႕ပတ္သတ္ျပီး ေပ်ာ္ပါးလြန္ကာ ဘုရားဖူးျဖစ္မယ္မဟုတ္ဘူးလို႕ ဆိုႀကသတဲ႕ ။ အျပန္အလွန္ အတိုက္အခိုက္ေတြမွာ အဲ႕လို ေျပာဆိုတာေတြ ႀကားဖူးတာပါ ။
သူတို႕က သူတို႕ ဖိုလ္ထိုးတဲ႕ ပညာကို အျပင္ဘက္ဆီ ေပါက္ႀကားမွာ မနာလိုပါ ။ သူတို႕ အခ်င္းခ်င္းေတာ့ ေျပာႀကေပမယ့္ အျခား သူေတြကိုေတာ့ မျပႀကဘူးတဲ႔ ။ ဒါေႀကာင့္ အဂၢိရတ္ပညာနဲ႕ပတ္သတ္ျပီး ေရွ႕ဆရာေတြ ကိုယ့္ဂိုဏ္းက စကားဝွက္နဲ႔ပဲ သတၳဳစပ္ပံုေတြကို ေရးသားခဲ႕တယ္ ။ အဲ႕လိုပဲ အျခား အဂၢိရတ္ဂိုဏ္းကလဲ သူတို႕ ေတြ႕ရွိခ်က္ေတြ ေရးျပန္တယ္ ။
ဒီလို ေရးေတာ့ ေနာက္ပိုင္းမွာ စကားဝွက္ေတြကို ဖြင့္ဆိုေလ့လာေနရတာနဲ႕ပဲ အခ်ိန္ကုန္တာေတြ မ်ားလာေတာ့ပါတယ္ ။ ဥပမာ ေရႊကို တစ္ဂိုဏ္းက ေျခေသၤ႕လို႕ ေခၚေပမယ့္ တစ္ဂိုဏ္းကေတာ့ ဂဠဳန္လို႕ ေခၚခ်င္ ေခၚတာမ်ိဳး ။
အရင္က အဲ႕ပညာ ထြန္းကားရတာက ဘုရင္ေတြကအစ ပံ႕ပိုးတယ္လို႕ ဆိုတယ္ ။ ေနာက္ေတာ့ ဘုရင္ေတြရဲ႕ ဘ႑ာပါ မြဲျပာက်သြားေတာ့တဲ႕အေႀကာင္း ဒ႑ာရီပံုျပင္ေလးေတြလဲ ထြက္ေပၚခဲ႕ေလရဲ႕ ။
အေနာ္ရထာ လက္ထက္ေရာက္ျပီး ဗုဒၶသာသနာ ထြန္းကားလာတဲ႕အခါမွာ လူေတြက အဂိရတ္သမားေတြကို လူပ်င္းေတြအေနနဲ႕ သတ္မွတ္ ေျပာဆိုခဲ႕ႀကပါတယ္ ။
#htoohtoolay
unicode -
အဂ္ဂိရတ် ပြဒါးရှင်အကြောင်း !
----
ရေးရမှာ အားတောင် နာတယ် ။ ဘာလို့လဲဆိုတော့ ကိုယ်တွေ fri ထဲမှာက အဂ္ဂိရတ် သမားတွေက ရှိနေတာကလား ။ ဘာပဲဖြစ်ဖြစ် နည်းနည်းတော့ ရေးရမှာပဲ ။
အဲ့ဒီ့ပညာနဲ့ပတ်သတ်ပြီး မူလဌာနကို ကြည့်မယ်ဆိုရင် အိန္ဒိယကစတင်တာလို့ ဒီလို ဖြစ်နိုင်စရာရှိတယ် ။ အဲ့ဒီ့ကနေမှ အာရပ် အီဂျစ် ဂရိတို့ကို ရောက်ရှိခဲ့ပြီး အဲ့ဒီ့နောက်မှာမှ ဥရောပနဲ့ မြန်မာ , ဒါထက် အရှေ့ရောက်တော့ တရုတ်တိုင်အောင် ပျံ့နှံ့သွားတယ်လို့ ဒီလို တွေ့ရတယ် ။
၅ ရာစုလောက်ရောက်တဲ့အခါ အဂ္ဂိရတ်ပညာကို မြန်မာနဲ့ တရုတ်က လိုက်စားနေကြပြီ ။ ကမ္ဘာနဲ့ချီပြီး အဂ္ဂိရတ်ပညာလိုက်စားတာကတော့ ၅ ရာစုကနေမှ ၁၆ ရာစုတိုင်အောင်ပါပဲ ။ သို့သော် ခေတ်သစ်ပညာ တိုးပွားလာတာနဲ့အမျှ အဂ္ဂိရတ်လဲ မှေးမှိန်ရတာ့တာပဲ ။
မြန်မာနိုင်ငံမှာတော့ ဗုဒ္ဓသာသနာ ရောက်လာတဲ့အချိန်ကနေစပြီး အဲ့ပညာရပ်ကို အားမပေးကြတော့တာ တွေ့ရပါတယ် ။ ဒါပေမယ့် အခုချိန်ထိတော့ ကျိုကြား ကြိုကြား ရှိနေဆဲပါ ။ အဲ့ဒီလို လုံးဝ အမြစ်မပြတ်သွားပေမယ့်လို့ ဗုဒ္ဓဘာသာကိုတော့ မယှဉ်နိုင်တော့ပါ ။
အဂ္ဂိရတ်ပညာရဲ့ ရည်မှန်းချက်ကို ကြည့်မယ်ဆိုရင် အဂ္ဂိရတ်ဆိုတာ ဘာလဲလို့ သိရမယ် ။ အဂ္ဂိရတ်ဆိုတာ မီးနဲ့လုပ်တဲ့ အလုပ်လို့ အဓိပ္ပါယ် ရတယ် ။ ဒါကြောင့် သတ္ထုတွေကို ပြောင်းလဲဖို့အတွက် ဖိုလ်ထိုးတာမှာ မီးကို အဓိက သုံးတယ်လို့ ယူဆရတယ် ။
အခြေခံ သတ္ထုကို အဖိုးတန် သတ္ထုဖြစ်အောင် လုပ်ရတာက မြန်မာတင်မက တစ်ကမ္ဘာလုံးမှာရှိတဲ့ အဂ္ဂိရတ်သမားတိုင်းရဲ့ ရည်မှန်းချက်ဖြစ်ပါတယ် ။ ဒါပေမယ့် မြန်မာ အဂ္ဂိရတ်သမားတွေမှာပိုတာက တိမ်မြှပ်နေတဲ့ သဘောတရားတွေ ဖြစ်တယ် ။ လေးနက်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေပေါ့ ။ အဲ့ဒါကြောင့်လည်း တစ်ချိန်က ဘာသာတစ်ခုနီးပါးမျှ ထွန်းကားခဲ့တာဖြစ်တယ် ။
ခဲကိုငွေ - ကြေးကို ရွှေ ဖြစ်စေတာဟာ မြန်မာရဲ့ အဂ္ဂိရတ်ပထမ ခြေလှမ်းဖြစ်တယ် ။ အဓိက ကတော့ မအို မနာ မသေ နဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ရရှိဖို့ပါပဲ ။
ပထမခြေလှမ်းအဖြစ် ခဲကို ငွေ - ကြေးကိုရွှေ ပြောင်းနိုင်ပြီဆိုရင် အဲ့ရလဒ်နဲ့ သတ္ထုတွေ ဓါတ်ပေါင်းတွေနဲ့ အမျိုးမျိုး စမ်းသပ်ရပြီ ။ အဲ့လို စမ်းသပ်ရာကနေ ပြဒါးရှင်လုံးကို ရပြီဆိုရင် အဲ့ဒါ ဒုတိယခြေလှမ်းရောက်ပြီပဲ ။
အဲ့ဒီ့ ပြဒါးရှင်လုံးကို ပိုင်ဆိုင်လိုက်တာကနေစပြီး သူက လေပေါ်ပျံနိုင်ပြီ ။ ရေထဲကော မြေထဲကော ကူးခပ်နိုင်ပြီ ။ သူ့ကိုယ်ပေါ်မှာ အဲ့ဒါရှိနေသရွေ့ အနာတရ မဖြစ်နိုင်တော့ဘူး ။ ရှိရမယ်ဆိုတာမှာက ကိုယ်ခန္ဓာနဲ့ ထိထားရမှာ ။ ဥပမာ ပါးစပ်ထဲတို့ ချိုင်းအောက်တို့ ဆံထုံးတို့ အဲ့နေရာမျိုးတွေပေါ့ ။ မောတာလဲ မရှိ ပင်ပန်းတာလဲမရှိပဲ နတ်သမျှ တန်ခိုးရတော့တာပါပဲ ။ ပြဒါးရှင်လုံးနဲ့ ထိသမျှခဲတွေက ငွေဖြစ် ။ ထိသမျှ ကြေးတွေက ရွှေဖြစ်ကုန်တာတွေ့ရမတဲ့ ။
ဒါကြောင့် အဲ့လို ဖိုလ်အောင်တာနဲ့ သူ့နယ်ပယ်ထဲက လူတွေကနေမှဖြစ်စေ မကောင်းဆိုးဝါးတွေက ဖြစ်စေ လုယူတက်ကြတယ် ။ အဓိက က ပြဒါးရှင်လုံးကို လက်ဝယ်ပိုင်သူက အဲ့ဒီ့ သဘာဝလွန်တွေ လုပ်ဆောင်နိုင်မတဲ့ ။ အဲ့ဒါတွေနဲ့ပတ်သတ်ပြီး မြန်မာ့ကျေးလက်ပုံပြင်တွေ အများချည်း ရှိပါတယ် ။
အဲ့ဒီ့ ပြဒါးရှင်ကို ပိုင်ဆိုင်တဲ့ အဂ္ဂိရတ်သမားက စမ်းသပ်မှုတွေ လုပ်ဆောင်နေရတယ် ။ သူ့ခန္ဓာကို လူသာမန်ထက် ထူးခြားတဲ့ စွမ်းအင်တွေ ရအောင် ဓါတ်ပေါင်းတွေ ရှာဖွေစမ်းသပ်နေရမယ် ။ လူလွန်သားဖြစ်ဖို့ဆိုတာမှာ အဲ့လို ဓါတ်ပေါင်းကို ဆေးသောက်သလို သောက်လိုက်လို့လဲ မဖြစ်နိုင်တော့ ခန္ဓာကိုယ်ထဲ စိပ့်ဝင်နေအောင်လုပ်ဖို့ လိုအပ်လာတယ် ။
ဒါကြောင့် အဂ္ဂိရတ်သမားက ပထမဆုံး သူ့ကိုယ်ထဲကို စိမ့်ဝင်အောင် သောက်ချလိုက်ကော ။ အဲ့နောက်မှာ ခုနှစ်ရက်လုံးလုံး သူ့ကို မြေမြှပ်နှံထားဖို့ လိုလာတယ် ။ အဲ့အချိန်မှာတော့ သူက သူသေပဲ ။ အဲ့ဒီ့အချိန် သူ့ကို ပြုသမျှ နုရတာကြောင့် မှော်ဆရာတွေကဖြစ်စေ မကောင်းဆိုးဝါးတွေကဖြစ်စေ ရှာဖွေပြီး သူ့အသားကို စားတော့တာ ။
သူ့အသားက အဲ့အချိန်မှာ မွှေးတယ် ။ အရသာရှိတယ် ။ အသားကိုစားရတဲ့သူက သိဒ္ဓိတန်ခိုးတွေ ရတယ်တဲ့ ။ ဒါကြောင့်ပဲ သထုံမှာ ရဟန်းတစ်ပါးက အဂ္ဂိရတ်သမားတစ်ယောက်ရဲ့အသားကို စားပြီး တန်ခိုးရသလေး ဘာလေး ပါးစပ်ရာဇဝင်ဆိုလား ရှိခဲ့တယ်မဟုတ်လား ။
ဒါကြောင့် သူက အဲ့လိုမလုပ်ခင်မှာ လူယုံတပည့်တစ်ယောက်လိုတယ် ။ ဘယ်သူမှမသိတဲ့နေရာမှာ လိုအပ်တဲ့အတိုင်း လုပ်ပြီး စောင့်ရှောက်ဖို့ပဲ ။ အဲ့လို ခုနှစ်ရက်ပြည့်တာနဲ့ အထဲက ခန္ဓာက သူ့အလိုလို ထခုန်ထွက်လာမယ်တဲ့ ။ တန်ခိုးရပြီလို့ ဆိုတာ ။ အဲ့လိုအဆင့်ရောက်မှ လုံးဝ ပြည့်စုံတဲ့ အဂ္ဂိရတ်သမား ဇော်ဂျီဘဝကို ဖြစ်သွားတော့တာပဲ ။
တစ်ခုရှိတာက သူတို့က လုံးဝ ပြီးပြည့်စုံတဲ့ သိဒ္ဓိတွေ ရတဲ့အတွက် သူတို့မှာ ဘာမှ လုပ်စရာမရှိတော့ဘူး ။ နှစ်ပေါင်းကလဲ ကြာတယ်မဟုတ်လား ။ နောက်ပြီး စားစရာလဲ မလိုပေမယ့် တစ်ခါတစ်လေ အသီးလောက်တာစားပြီး သားငါးတွေကတော့ အညှီနံ့အင်မတန်ပြင်းလို့ မစားနိုင်ဘူးတဲ့ ။ သာမန် လူတွေကလဲ သားငါးစားတဲ့အတွက် အညှီနံ့တွေ ထွက်နေတော့ အချိန်ကြာကြီး မကပ်နိုင်ဘူး ။
ဆိုတော့ကာ သူတို့က လူတွေနဲ့ဝေးတဲ့ ဟိမဝန္တာထဲ ဝင်ကော ။ အဲ့မှာက သူတို့လို လူတွေ အများချည်း ရှိသတဲ့ ။ ဒါပေမယ့် ဆိုးတာက သူတို့ကလဲ သွေးသားဆန္ဒနောက်ကို လိုက်ရပြန်တယ် ။ ဒါကြောင့် လူတွေရဲ့ အနံ့ကို မခံနိုင်တဲ့သူတို့က လူမိန်းမပျို အနားမနေနိုင်တော့ သူတို့နေတဲ့ ဟိမဝန္တာထဲမှာ ထူးခြားတဲ့ သူယောင်မယ်အပင်ရှိသတဲ့ ။ အဲ့ သူယောင်မယ် အသီးက လူမိန်းမနဲ့ တူတာကြောင့် သူတို့က ခူးယူပြီး လူမိန်းမအသွင်ပြောင်းကာ ပျော်ပါးရရှာပါတယ် ။ ဒါပေမယ့်လည်း အဲ့သူယောင်မယ်တွေက အသီးတွေဆိုတော့ ခဏလေးနဲ့ ပျက်ဆီးကုန်သတဲ့ ။
ဒါ့အပြင် အဲ့အပင်ကလဲ ဟိမဝန္တာရဲ့ နေရာတိုင်းမှာ ရှိတာမဟုတ်တော့ အဲ့သူယောင်မယ်အသီးနဲ့ပတ်သတ်ပြီး ဇော်ဂျီတို့အကြား မလောက်ငှတာကြောင့် အချင်းချင်း တိုက်ခိုက်နေကြရရှာပါတယ် ။
တစ်ချို့အဂ္ဂိရတ်သမားတွေကတော့ သူတို့ဟာ အရိမေတ္တေယျဘုရားကို ဖူးရအောင် ဒီလို ဖိုလ်ဝင်ဖို့ လုပ်ဆောင်တာလို့ ပြောကြပေမယ့် အဲ့စကားကို ပြန်ပြီး ချေပကြတာမှာ အရိမေတ္တေယျဘုရား ပွင့်တာတောင် ဇော်ဂျီအချင်းချင်းက သူယောင်မယ်အသီးနဲ့ပတ်သတ်ပြီး ပျော်ပါးလွန်ကာ ဘုရားဖူးဖြစ်မယ်မဟုတ်ဘူးလို့ ဆိုကြသတဲ့ ။ အပြန်အလှန် အတိုက်အခိုက်တွေမှာ အဲ့လို ပြောဆိုတာတွေ ကြားဖူးတာပါ ။
သူတို့က သူတို့ ဖိုလ်ထိုးတဲ့ ပညာကို အပြင်ဘက်ဆီ ပေါက်ကြားမှာ မနာလိုပါ ။ သူတို့ အချင်းချင်းတော့ ပြောကြပေမယ့် အခြား သူတွေကိုတော့ မပြကြဘူးတဲ့ ။ ဒါကြောင့် အဂ္ဂိရတ်ပညာနဲ့ပတ်သတ်ပြီး ရှေ့ဆရာတွေ ကိုယ့်ဂိုဏ်းက စကားဝှက်နဲ့ပဲ သတ္ထုစပ်ပုံတွေကို ရေးသားခဲ့တယ် ။ အဲ့လိုပဲ အခြား အဂ္ဂိရတ်ဂိုဏ်းကလဲ သူတို့ တွေ့ရှိချက်တွေ ရေးပြန်တယ် ။
ဒီလို ရေးတော့ နောက်ပိုင်းမှာ စကားဝှက်တွေကို ဖွင့်ဆိုလေ့လာနေရတာနဲ့ပဲ အချိန်ကုန်တာတွေ များလာတော့ပါတယ် ။ ဥပမာ ရွှေကို တစ်ဂိုဏ်းက ခြေငေ်္သ့လို့ ခေါ်ပေမယ့် တစ်ဂိုဏ်းကတော့ ဂဠုန်လို့ ခေါ်ချင် ခေါ်တာမျိုး ။
အရင်က အဲ့ပညာ ထွန်းကားရတာက ဘုရင်တွေကအစ ပံ့ပိုးတယ်လို့ ဆိုတယ် ။ နောက်တော့ ဘုရင်တွေရဲ့ ဘဏ္ဍာပါ မွဲပြာကျသွားတော့တဲ့အကြောင်း ဒဏ္ဍာရီပုံပြင်လေးတွေလဲ ထွက်ပေါ်ခဲ့လေရဲ့ ။
အနော်ရထာ လက်ထက်ရောက်ပြီး ဗုဒ္ဓသာသနာ ထွန်းကားလာတဲ့အခါမှာ လူတွေက အဂိရတ်သမားတွေကို လူပျင်းတွေအနေနဲ့ သတ်မှတ် ပြောဆိုခဲ့ကြပါတယ် ။
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment