Skip to main content

အဂၤလိပ္လက္ထက္က ျမန္မာ့စီးပြားေရး !

zawgyi -

အဂၤလိပ္လက္ထက္က ျမန္မာ့စီးပြားေရး !
----
အဂၤလိပ္လက္ေအာက္မေရာက္မီက ျမန္မာ့စီးပြားေရးစနစ္က လယ္ယာစိုက္ပ်ိဳးေရးကို အေျချပဳေပမယ့္ ေငြေႀကးေတြနဲ႕ ေရာင္းဝယ္တဲ႕ စီးပြားေရးတစ္ခုေတာ့ မဟုတ္ပါဘူး ။ ျပည္တြင္းက ထုတ္ကုန္ေတြကို ျပည္တြင္းမွာပဲ ျပန္လည္ျပီး လဲလွယ္ယူႀကတယ္ ။ ဒါေႀကာင့္ ေငြရွိဖို႔ဆိုတာ ပဓါနမဟုတ္ပဲ ျပည္တြင္းထုတ္ကုန္မ်ားကို ျပည္တြင္းမွာသာ ဖူလံုဖို႕က အဓိက ျဖစ္တယ္ ။ ျမန္မာနို္င္ငံရဲ႕ပင္မစီးပြားေရးက စိုက္ပ်ိဳးေရးစနစ္ျဖစ္ျပီး ဝမ္းေရးအတြက္သာ ရည္ရြယ္တဲ႔ စီးပြားေရးျဖစ္ပါတယ္ ။ ဆန္စပါး ေျပာင္း ပဲ ဝါ ႏွမ္း ဆပ္ တို႕ကို စိုက္ပ်ိဳးျပီး အထက္ျမန္မာနိုင္ငံနဲ႕ ေအာက္ျမန္မာနိုင္ငံကို အျပန္အလွန္ ကူးသန္းေရာင္းဝယ္ႀကတယ္ ။ ဒါေႀကာင့္ ျမန္မာနို္င္ငံမွာ အလြန္ဆင္းရဲတဲ႕ သူေတြမရွိသလို အလြန္ခ်မ္းသာတဲ႕သူေတြလဲ မရွိႀကပါဘူး ။

အဂၤလိပ္ လက္ေအာက္ေရာက္ေတာ့ စီးပြားေရးစနစ္ေတြ အားလံုးေျပာင္းသြားတယ္ ။ ရခိုင္နဲ႕ တနသၤာရီကို ျဗိတိသွ်တို႕ သိမ္းျပီးတဲ႕ေနာက္ ဆန္စပါးစိုက္ပ်ိဳးေရးနဲ႕ သစ္ေတာ လုပ္ငန္းမ်ားကို ခ်ဳပ္ကိုင္လိုက္တယ္ ။ ရခိုင္ေဒသမွာ ဆန္စပါးစိုက္ပ်ိဳးေရးကို အဓိကလုပ္ကိုင္တယ္ ။ လိုအပ္တဲ႔ အလုပ္သမားေတြကို ဘဂၤလားက ကုလားေတြကို ျမန္မာျပည္ထဲ ေခၚသြင္းတယ္ ။

၁၈၅၂ ခုႏွစ္မွာ စစ္ေတြျမိဳ႕က နိုင္ငံျခားကို ဆန္စပါး အမ်ားဆံုး တင္ပို႕တဲ႕ ဆိပ့္ကမ္းျမိဳ႕ႀကီးျဖစ္လာတယ္ ။ တနသၤာရီေဒသမွာလည္း ၁၈၄၀ ျပည့္ႏွစ္ေနာက္ပိုင္းမွာ ဆန္စပါးနဲ႕ ကြ်န္းသစ္လုပ္ငန္းကို တိုးခ်ဲ႕တယ္ ။ အိႏၵိယက ကုလားေတြနဲ႕ မေလးက တရုတ္အလုပ္သမားေတြ အေျမာက္အမ်ားကို ေခၚသြင္းျပန္တယ္ ။ ႀကက္ေပါင္ေစး - ဓါတ္သတၳဳလုပ္ငန္းေတြကို တိုးခ်ဲ႕တယ္ ။

ပဲခူးနယ္ကို သိမ္းျပီးတဲ႕အခါ ပဲခူးရိုးမက ကြ်န္းသစ္ေတြကို အႀကီးအက်ယ္ ခုတ္လွဲပစ္တယ္ (အခု တရုတ္ေတြ သစ္ေတာ ခုတ္သလိုပဲ ) ။ ေရနံလုပ္ငန္းကို သမားရိုးက်ပံုစံကေန ေခတ္သစ္ပံုစံကို ေျပာင္းပစ္လိုက္ႀကတယ္ ။

စတီးဘရားသားကုမၸဏီ - ဘီအိုစီကုမၸဏီ - ဘံုေဘဘားမားကုမၸဏီ ေတြျဖစ္တဲ႔ ျဗိတိသွ်အရင္းရွင္ကုမၸဏီႀကီးေတြ ေပၚေပါက္လာျပီး ဆန္စပါး ေရနံ ကြ်န္းသစ္ေတြကို ျပည္ပဆီ ခ်ဳပ္ကိုင္ေရာင္းခ်ခဲ႔ျပီး လက္ေဝခံ ကုလား တရုတ္ကုန္သည္ေတြက ျပည္တြင္း ကူးသန္းေရာင္းဝယ္ေရးကို အင္တိုက္အားတိုက္ လုပ္ေဆာင္လာႀကကုန္ေရာ ။

အစိုးရက ေျမလြတ္ေျမရိုင္းေတြကို ခုတ္ထြင္လုပ္ကိုင္ခြင့္ေပးတဲ႕အတြက္ စိုးပ်ိဳးေျမဧကေတြ တိုးပြားလာတယ္ ။ လမ္းပန္းဆက္သြယ္ေရး သယ္ယူပို႕ေဆာင္ေရး ကူးသန္းေရာင္းဝယ္ေရးေတြ က်ယ္ျပန္႕လာတယ္ ။

၁၈၆၉ ခုႏွစ္မွာ စူးအက္တူးေျမာင္း ဖြင့္လိုက္တဲ႕အတြက္ ကူးသန္းေရာင္းဝယ္ေရးေတြ ပိုျပီးေတာ့ကို တိုးတက္လာခဲ႕တယ္ ။ ဥေရာပနဲ႕ တိုက္ရိုက္ဆက္သြယ္မႈေတြ ျပဳလုပ္လာနုိင္တယ္ ။ ျမိဳ႕တိုင္းမွာ သေဘၤာလမ္း မီးရထားလမ္းေတြ ဖြင့္လိုက္တဲ႕အတြက္ေႀကာင့္လည္း ကူးသန္းမႈေတြ က်ယ္ျပန္႕လာတယ္ ။ ၁၈၈၅ ခုႏွစ္မွာ ျမန္မာ့ဆန္စပါးက ကမၻာ့ေစ်းကြက္ထဲကို ေရာက္ရွိသြားခဲ႕ပါျပီ ။

ဆန္စပါး ကြ်န္းသစ္ ဝါဂြမ္းေတြကို ျပည္ပဆီ ပို႔ျပီး ျပည္ပကေနမွ ပိုးထည္ ခ်ည္ထည္ သံထည္ ဆား သႀကား အရက္ စတာေတြကို ဝယ္ယူခဲ႕တယ္ ။ ဆန္စပါးနဲ႕ ကြ်န္းသစ္ကို အေႀကာင္းျပဳျပီး ဆန္စက္ သစ္စက္လုပ္ငန္းေတြ ေပၚေပါက္လာတယ္ ။

သို႕ေသာ္ စီးပြားေရးလုပ္ငန္းအားလံုးနီးပါးကို ဥေရာပတိုက္သားေတြနဲ႕ တရုတ္ - ကုလားေတြကသာ ပိုင္ဆိုင္ႀကပါတယ္ ။

အလုပ္သမား အမ်ားစုက အိႏၵိယနိုင္ငံသားေတြျဖစ္ျပီး ျဗိတိသွ်က လိုအပ္တဲ႕ အလုပ္သမားေတြ ရရွိဖို႕ဆိုရင္ အိႏၵိယက ခ်စ္တီးေတြကို ျမန္မာျပည္ထဲ အတားအဆီးမရွိ ေခၚသြင္းပါတယ္ ။ အဲ႕အခါကေနစျပီး ခ်စ္တီးေတြက ေတာႀကိဳအံုႀကားအထိ ျပန္႕ႏွံ႕ကာ ေနရာအႏွံ႕အျပားမွာ ေရာက္ရွိလာခဲ႔ေတာ့တယ္ ။

ျဗိတိသွ်ဘဏ္ေတြက ခ်စ္တီးေတြကို ေငြ ၁၀၀ မွာ ၄ က်ပ္ႏႈန္းမွ ၈ က်ပ္ႏႈန္းအျဖစ္သာ အတိုးယူျပီး ေငြေခ်းေပမယ့္ ခ်စ္တီးေတြက ျမန္မာလယ္သမားေတြကို ေငြျပန္ေခ်းတဲ႕အခါ ေငြ ၁၀၀ မွာ ၁၀ က်ပ္ကေန ၁၅ က်ပ္ , ၂၅ က်ပ္ အထိ အဆမတန္ အတိုးယူျပီး ေငြေခ်းတယ္ ။

လယ္သမားေတြက ေျမေတြကို တိုးခ်ဲ႕စိုက္ပ်ိဳးရာမွာ လိုအပ္တဲ႕ လယ္ယာသံုးပစၥည္းမ်ား ေရာင္းဝယ္ဖို႕ကို ခ်စ္တီးမ်ားထံကေန ေငြေခ်းရာမွာ အေနာက္တိုင္း ဥေရာပနည္းေတြကို ျမန္မာေတြက အကြ်မ္းတဝင္ မရွိတဲ႕အတြက္ လက္မွတ္ေတြကိုလဲ အလြယ္တကူပဲ ထိုးေပးႀကပါတယ္ ။

ေနာက္ဆံုးမွာေတာ့ အရင္းေပၚ အတိုးဖိျပီး ေႀကြးမွီးေတြ မဆပ္နိုင္ေတာ့ပဲ လယ္ေတြကို ခ်စ္တီးေတြလက္ထဲ ေပးအပ္လိုက္ႀကရပါတယ္ ။

ျမန္မာလယ္သမားမ်ားက အလြယ္တကူစိုက္ပ်ိဳးနိုင္တဲ႕ လယ္ေျမ ေပါေပါမ်ားမ်ားရွိတဲ႔အျပင္ အစဥ္အဆက္ကိုက ကြ်မ္းက်င္တဲ႕ လုပ္ငန္းျဖစ္တဲ႔အတြက္ လဟ္ယာလုပ္ငန္းကိုပဲ အာရံုစိုက္ေနတဲ႔အခ်ိန္မွာ အျခားလုပ္ငန္းမ်ားကိုေတာ့ နိုင္ငံျခားသားမ်ားက လက္ဝါးႀကီး အုပ္သြားခဲ႔ပါျပီ ။ ၁၉၂၀ ျပည့္ႏွစ္မွာ ျမန္မာတိုင္းရင္းသားတို႔က လက္ကားေရာင္းဝယ္ေရးနဲ႕ ဆန္စက္ သစ္စက္လုပ္ငန္းမ်ားကို ဝင္ေရာက္လုပ္ကိုင္ဖို႕ ႀကိဳးစားခဲ႕ႀကေပမယ့္ အေျခက်ေနျပီျဖစ္ေသာ နိုင္ငံျခားသားကုမၸဏီမ်ားကို မထိုးေဖါက္နိုင္ေတာ့ပါဘူး ။

ျဗိတိသွ်အစိုးရက ျမန္မာျပည္စီးပြားေရးကို တိုးခ်ဲ႔လုပ္ကိုင္လာတဲ႕အေလ်ာက္ ၁၉၂၀ ျပည့္ႏွစ္အတြင္းမွာ ဆန္စပါး စိုက္ပ်ိဳးေရး သစ္ေတာ ေရနံ ဓါတ္သတၳဳစတဲ႔ လုပ္ငန္း အသီးသီးမွာ အလုပ္သမားအင္အား တိုးပြားလာတာနဲ႔အမွ် ထုတ္လုပ္မႈေတြလဲ တိုးတက္လာခဲ႔ျပန္ပါတယ္ ။

သို႕ေသာ္ ျမန္မာတိုင္းရင္းသားမ်ားမွာ ျဗိတိသွ်အစိုးရနဲ႔ လက္ေဝခံ နို္င္ငံျခားသား တရုတ္ ကုလား မ်ားရဲ႕ ျခယ္လွယ္မႈေအာက္မွာ အလြန္ကိုပဲ သိမ္ငယ္ႏွိမ့္က်ေနခဲ႕ရပါတယ္ ။

ကမၻာ့ေစ်းကြက္မွာ မ်က္ႏွာပန္းလွေနတဲ႔ ျမန္မာ့ဆန္စပါးကို မ်က္ႏွာျဖဴကုမၸဏီေတြက တင္းတင္းက်ပ္က်ပ္ကို ခ်ဳပ္ကိုင္ထားတယ္ ။ စတီးဘရားသားကုမၸဏီ - အယ္လာမင္အာရကင္ကုမၸဏီ - အဂၤလိုဘားမားကုမၸဏီ ေတြကို ၁၉၂၁ ခုႏွစ္မွာ ဘူလင္ဂ်ာပူးလ္ (ေခၚ ) စပါးေစ်းအသင္းႀကီးအျဖင့္ စုေပါင္းတည္ေထာင္လိုက္ႀကကာ စပါးေတြကို ေတာင္သူလယ္သမားေတြဆီကေန အနည္းဆံုးေစ်းနဲ႕ ဝယ္ယူႀကျပီး နိုင္ငံျခားကိုေတာ့ အမ်ားဆံုးေစ်းနဲ႕ ပံုေအာ ေရာင္းခ်ခဲ႔ႀကပါတယ္ ။ စပါးေစ်းကို ကစားခ်င္တိုင္း ကစားႀကတယ္ ။ ေစ်းႏွိမ့္ထားတဲ႔အတြက္ ဆန္ေစ်း က်ဆင္းလာတာနဲ႔အမွ် လူသံုးကုန္ေစ်းႏႈန္းေတြက အဆမတန္ ျမင့္တက္လာႀကေတာ့တယ္ ။

ခ်စ္တီးမ်ားက ေငြေခ်းရံုမကပဲ စပါးေပးစနစ္နဲ႕ အေပါင္ခံရာကေန လယ္သမားေတြဆီက စပါးေတြကို သိမ္းပိုက္တယ္ ။ လယ္မ်ားကို သိမ္းပစ္တယ္ ။ ၁၉၃၀ ျပည့္ႏွစ္ေက်ာ္ကာလအထိ ေအာက္ျမန္မာျပည္ရဲ႔ လယ္ေျမဧက သန္းနဲ႕ခ်ီျပီး ခ်စ္တီးလက္ဆီ ေရာက္သြားခဲ႔ပါတယ္ ။ ျမန္မာေျမကို ျမန္မာနိုင္ငံသားမ်ားသာ ပိုင္ဆိုင္ခြင့္ဥပေဒ ေတာင္းခဲ႕ေပမယ့္ ျဗိတိသွ်က လံုးဝ အရာမသြင္းခဲ႕ပါ ။

လယ္ယာစိုက္ပ်ိဳးေရး လုပ္ငန္းသာမက သစ္ေတာ ေရနံ ဓာတ္သတၳဳလုပ္ငန္းမ်ားကို ျဗိတိသွ် ကုမၸဏီႀကီးေတြကသာ ပိုင္ဆိုင္ႀကတယ္ ။ ျပည္တြင္း ကုန္သြယ္ေရး လုပ္ငန္းမ်ာကိုလည္း ျဗိတိသွ်ကုမၸဏီမ်ားကပဲ လက္ဝါးႀကီး အုပ္ထားတယ္ ။ ျမန္မာျပည္သူေတြဆီက ထြက္ကုန္မ်ားကို ေစ်းႏွိမ့္ဝယ္ယူျပီး နိုင္ငံျခားကို အျမတ္အမ်ားဆံုးနဲ႕ တင္ပို႕ေရာင္းခ်ကာ နိုင္ငံျခားထြက္ကုန္ပစၥည္းမ်ားကိုလဲ ျမန္မာျပည္သူေတြဆီ အျမတ္မ်ားစြာတင္ျပီး ျပန္ေရာင္းခ်ျပန္တယ္ ။ အဲ႕ဒီ႕ေနာက္ ဒိုင္အာခီအုပ္ခ်ဳပ္ေရးမွာ တရုတ္ ကုလား အမတ္ေတြ ပါဝင္လာျပီး ျမန္မာ့စီးပြားေရးကို စိတ္ႀကိဳက္ ခ်ယ္လွယ္ႀကျပန္၏ ။

၁၉၂၈ - ၂၉ ခုႏွစ္မွာ ကမၻာ့စီးပြားေရးပ်က္ကပ္ ဆိုက္ေရာက္ျပီး ျမန္မာနိုင္ငံကို ကူးစက္လာတဲ႕အခါ အရင္းရွင္ကုမၸဏီေတြက စပါးေစ်းေတြ ႏွိမ့္ဝယ္တဲ႕အျပင္ ကြ်ဲႏြားေတြ ေရာဂါ က်ေရာက္ျခင္း , ရာသီဥတုမမွန္ေတာ့ျခင္း , ပိုးမႊားအႏၱရာယ္က်ေရာက္ျခင္းေတြေႀကာင့္ စပါးေစ်း ထိုးက်ကာ ျမန္မာေတာင္သူလယ္သမားေတြ ဒုကၡအႀကီးအက်ယ္ ေရာက္ႀကရေတာ့တယ္ ။

ျခံဳျပီး ႀကည့္လိုက္မယ္ဆိုရင္ ျမန္မာျပည္စီးပြားေရး လုပ္ငန္းမ်ားက အက်ိဳးအျမတ္ေတြကို ျဗိတိသွ်ေတြကသာ ယူထားျပီး လက္ေဝခံျဖစ္တဲ႕ တရုတ္ ကုလားေတြက လက္ဝါးႀကီး အုပ္ထားတဲ႕အတြက္ ျမန္မာတိုင္းရင္းသား လယ္သမား အလုပ္သမားေတြခမ်ာ ဖိႏွိပ့္ခ်ဳပ္ခ်ယ္မႈ အမ်ိဳးမ်ိဳးနဲ႔ ရင္ဆိုင္ေနရတဲ႕အျပင္ အလြန္႕အလြန္ကို ဆင္းရဲတဲ႕ အေျခအေနကေန မထနိုင္ခဲ႕ႀကပါဘူး ။

အဲ႕ေနာက္ပိုင္းကေနစျပီး ျမန္မာေတြမွာ လယ္ယာပိုင္ဆိုင္မႈေတြ ေလ်ာ့နည္းလာျပီး လယ္ပိုင္ရွင္ဘဝကန သူရင္းငွားဘဝကို ေရာက္ႀကရကာ ရွိသမွ်လယ္ယာေတြအားလံုးကို နိုင္ငံျခားသားမ်ားလက္ထဲဆီ ပံုထည့္လိုက္ရပါတယ္ ။

ျပည္ပက အထည္အလိတ္ေတြ တင္သြင္းတဲ႕အတြက္ ျမန္မာတိုင္းရင္းသားေတြရဲ႕ အထည္အလိတ္ လုပ္ငန္းေတြ ဆုတ္ယုတ္သြားတယ္ ။ ျဗိတိသွ်အစိုးရက ျမန္မာနိုင္ငံကို ကုန္ႀကမ္းပစၥည္းထုတ္လုပ္တဲ႕ နိုင္ငံအေနျဖစ္သာ ဖန္တီးထားတယ္ ။ အဲ႔ကုန္ႀကမ္းေတြကိုမွ ေစ်းအနည္းဆံုးနဲ႕ယူျပီး သူတို႕က ကုန္ေခ်ာအျဖစ္ ျပန္လုပ္ကာ အျခားနိုင္ငံေတြဆီ အျမတ္တင္ ေရာင္းခ်တယ္ ။

ဂ်ပန္ေခတ္ ၁၉၄၂ ကေန ၁၉၄၅ အတြင္းမွာေတာ့ စိုက္ပ်ိဳးေရးလုပ္ငန္းေတြအားလံုး ရပ္ဆိုင္းသြားတယ္ ။ ဘာေႀကာင့္လဲဆိုေတာ့ သူတို႕လက္ထဲ ေရာက္တဲ႕အခ်ိန္မွာ အဂၤလိပ္ေတြေႀကာင့္ ထြန္ယက္ဖို႕ ကြ်ဲႏြားေတြ မရွိေတာ့ဘူး ။ လယ္လုပ္သူေတြ ရွားပါးလာတယ္ ။ ေရနံတြင္းေတြ ေရနံခ်က္ စက္ရံုေတြကို ျဗိတိသွ်တို႕က အားလံုး ဖ်က္ဆီးျပီး ထားခဲ႕တဲ႕အတြက္ ဂ်ပန္ေတြက ေရနံထုတ္ဖို႕ ျပန္ႀကိဳးစားရတယ္ ။ 

စက္မႈလုပ္ငန္းေတြ ရက္ဆိုင္းသြားတဲ႕အတြက္ အလုပ္လက္မဲ႕ေတြ မ်ားျပားလာတယ္ ။ ဂ်ပန္ေတြက ကြ်န္းသစ္ ဝါဂြမ္း ဆီ ဆန္စပါးတို႕ကို လက္ဝါးႀကီး အုပ္ျပန္တယ္ ။ အာမခံခ်က္ရွိတဲ႕ ေငြစကၠဴမ်ားကိုလဲ အကန္႕အသတ္မရွိ ရိုက္ႏွိပ္ထုတ္ေဝတယ္ ။ ျမန္မာေတြခမ်ာ ေဆးဝါး အဝတ္အထည္ အစားအေသာက္ ရွားပါးမႈဆင္းရဲေတြအျပင္ ေရာဂါထူေျပာမႈေတြေႀကာင့္ အလြန္ကို ဆင္းရဲႀကီးစြာ ခံစားေနႀကရပါတယ္ ။

ဂ်ပန္ေခတ္မွာ ေခတ္သစ္စီမံကိန္းလို႔ေခၚတဲ႕ စီးပြားေရး စီမံကိန္းႀကီး ေရးဆြဲေဆာင္ရြက္တယ္ ။ ျမန္မာ့အက်ိဳးအျမတ္အတြက္ ဥပေဒႀကမ္းေတြ ျပ႒ာန္းတယ္ ။ အဲ႔ဒီ႕ ဥပေဒႀကမ္းမ်ားအရ မေရြ႕ေျပာင္းနိုင္တဲ႔ ပစၥည္းမ်ားကို ျမန္မာတိုင္းရင္းသားမ်ားသာ ပိုင္ဆိုင္ရမယ္ဆိုတဲ႔သတ္မွတ္ခ်က္ , နိုင္ငံျခားသားမ်ားက မိမိတို႕ရဲ႕ အရင္းေငြ ၆၀ ရာခိုင္ႏႈန္းမပါဝင္ပဲ ျမန္မာနိုင္ငံမွာ ကုမၸဏီ တည္ေဆာက္ခြင့္ မျပဳဘူးလို႕ သတ္မွတ္ခ်က္ေတြ ပါဝင္လာတယ္ ။ ဒါဟာ ျမန္မာလူမ်ိဳးေတြအတြက္ ဘုရင္ေပ်ာက္ဆံုးျပီးေနာက္ပိုင္း ႏွစ္ ၁၀၀ ေက်ာ္မွ အက်ိဳးခံစားခြင့္ကို စတင္ ရရွိလာပံုျဖစ္တယ္ ။ ဒါက ဂ်ပန္ေက်းဇူးပဲ ။

စစ္ျပီးခ်ိန္မွာ အဂၤလိပ္အစိုးရက ျပန္ျပီး မူလအတိုင္း ကြ်န္းသစ္ထုတ္လုပ္မႈေတြကို အသက္သြင္းျပန္တယ္ ။ သို႕ေသာ္ ျမန္မာေတြက အားလံုးကို ျပန္ယူဖို႕ ႀကိဳးစားလာခဲ႔ကာ နိုင္ငံျခားသားအားလံုးကို အယံုအႀကည္ မရွိနိုင္ေတာ့ပါ ။

#မွတ္ခ်က္ - အခုေခတ္ ျမန္မာေတြအမ်ားစုေျပာေနႀကတဲ႕ ( ႏွစ္ ၆၀ ဆင္းရဲမြဲေတခဲ႕ရတာ )ဆိုတဲ႔ အသံုးဟာ ေရွ႕ႏွစ္၁၀၀ ေက်ာ္က ျမန္မာေတြ ခ်မ္းသာခဲ႕တယ္လို႕ ထင္ပံုရေန၏ ။ ဆင္းရဲမြဲေတမႈရဲ႔ တရားခံေတြဟာ ဘယ္သူေတြလဲ ?

ဒါကို သိဖို႕ေကာင္းပါတယ္ ။

#htoohtoolay




unicode -

အင်္ဂလိပ်လက်ထက်က မြန်မာ့စီးပွားရေး !
----
အင်္ဂလိပ်လက်အောက်မရောက်မီက မြန်မာ့စီးပွားရေးစနစ်က လယ်ယာစိုက်ပျိုးရေးကို အခြေပြုပေမယ့် ငွေကြေးတွေနဲ့ ရောင်းဝယ်တဲ့ စီးပွားရေးတစ်ခုတော့ မဟုတ်ပါဘူး ။ ပြည်တွင်းက ထုတ်ကုန်တွေကို ပြည်တွင်းမှာပဲ ပြန်လည်ပြီး လဲလှယ်ယူကြတယ် ။ ဒါကြောင့် ငွေရှိဖို့ဆိုတာ ပဓါနမဟုတ်ပဲ ပြည်တွင်းထုတ်ကုန်များကို ပြည်တွင်းမှာသာ ဖူလုံဖို့က အဓိက ဖြစ်တယ် ။ မြန်မာနိုင်ငံရဲ့ပင်မစီးပွားရေးက စိုက်ပျိုးရေးစနစ်ဖြစ်ပြီး ဝမ်းရေးအတွက်သာ ရည်ရွယ်တဲ့ စီးပွားရေးဖြစ်ပါတယ် ။ ဆန်စပါး ပြောင်း ပဲ ဝါ နှမ်း ဆပ် တို့ကို စိုက်ပျိုးပြီး အထက်မြန်မာနိုင်ငံနဲ့ အောက်မြန်မာနိုင်ငံကို အပြန်အလှန် ကူးသန်းရောင်းဝယ်ကြတယ် ။ ဒါကြောင့် မြန်မာနိုင်ငံမှာ အလွန်ဆင်းရဲတဲ့ သူတွေမရှိသလို အလွန်ချမ်းသာတဲ့သူတွေလဲ မရှိကြပါဘူး ။

အင်္ဂလိပ် လက်အောက်ရောက်တော့ စီးပွားရေးစနစ်တွေ အားလုံးပြောင်းသွားတယ် ။ ရခိုင်နဲ့ တနင်္သာရီကို ဗြိတိသျှတို့ သိမ်းပြီးတဲ့နောက် ဆန်စပါးစိုက်ပျိုးရေးနဲ့ သစ်တော လုပ်ငန်းများကို ချုပ်ကိုင်လိုက်တယ် ။ ရခိုင်ဒေသမှာ ဆန်စပါးစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်တယ် ။ လိုအပ်တဲ့ အလုပ်သမားတွေကို ဘင်္ဂလားက ကုလားတွေကို မြန်မာပြည်ထဲ ခေါ်သွင်းတယ် ။

၁၈၅၂ ခုနှစ်မှာ စစ်တွေမြို့က နိုင်ငံခြားကို ဆန်စပါး အများဆုံး တင်ပို့တဲ့ ဆိပ့်ကမ်းမြို့ကြီးဖြစ်လာတယ် ။ တနင်္သာရီဒေသမှာလည်း ၁၈၄၀ ပြည့်နှစ်နောက်ပိုင်းမှာ ဆန်စပါးနဲ့ ကျွန်းသစ်လုပ်ငန်းကို တိုးချဲ့တယ် ။ အိန္ဒိယက ကုလားတွေနဲ့ မလေးက တရုတ်အလုပ်သမားတွေ အမြောက်အများကို ခေါ်သွင်းပြန်တယ် ။ ကြက်ပေါင်စေး - ဓါတ်သတ္ထုလုပ်ငန်းတွေကို တိုးချဲ့တယ် ။

ပဲခူးနယ်ကို သိမ်းပြီးတဲ့အခါ ပဲခူးရိုးမက ကျွန်းသစ်တွေကို အကြီးအကျယ် ခုတ်လှဲပစ်တယ် (အခု တရုတ်တွေ သစ်တော ခုတ်သလိုပဲ ) ။ ရေနံလုပ်ငန်းကို သမားရိုးကျပုံစံကနေ ခေတ်သစ်ပုံစံကို ပြောင်းပစ်လိုက်ကြတယ် ။

စတီးဘရားသားကုမ္ပဏီ - ဘီအိုစီကုမ္ပဏီ - ဘုံဘေဘားမားကုမ္ပဏီ တွေဖြစ်တဲ့ ဗြိတိသျှအရင်းရှင်ကုမ္ပဏီကြီးတွေ ပေါ်ပေါက်လာပြီး ဆန်စပါး ရေနံ ကျွန်းသစ်တွေကို ပြည်ပဆီ ချုပ်ကိုင်ရောင်းချခဲ့ပြီး လက်ဝေခံ ကုလား တရုတ်ကုန်သည်တွေက ပြည်တွင်း ကူးသန်းရောင်းဝယ်ရေးကို အင်တိုက်အားတိုက် လုပ်ဆောင်လာကြကုန်ရော ။

အစိုးရက မြေလွတ်မြေရိုင်းတွေကို ခုတ်ထွင်လုပ်ကိုင်ခွင့်ပေးတဲ့အတွက် စိုးပျိုးမြေဧကတွေ တိုးပွားလာတယ် ။ လမ်းပန်းဆက်သွယ်ရေး သယ်ယူပို့ဆောင်ရေး ကူးသန်းရောင်းဝယ်ရေးတွေ ကျယ်ပြန့်လာတယ် ။

၁၈၆၉ ခုနှစ်မှာ စူးအက်တူးမြောင်း ဖွင့်လိုက်တဲ့အတွက် ကူးသန်းရောင်းဝယ်ရေးတွေ ပိုပြီးတော့ကို တိုးတက်လာခဲ့တယ် ။ ဥရောပနဲ့ တိုက်ရိုက်ဆက်သွယ်မှုတွေ ပြုလုပ်လာနိုင်တယ် ။ မြို့တိုင်းမှာ သငေ်္ဘာလမ်း မီးရထားလမ်းတွေ ဖွင့်လိုက်တဲ့အတွက်ကြောင့်လည်း ကူးသန်းမှုတွေ ကျယ်ပြန့်လာတယ် ။ ၁၈၈၅ ခုနှစ်မှာ မြန်မာ့ဆန်စပါးက ကမ္ဘာ့ဈေးကွက်ထဲကို ရောက်ရှိသွားခဲ့ပါပြီ ။

ဆန်စပါး ကျွန်းသစ် ဝါဂွမ်းတွေကို ပြည်ပဆီ ပို့ပြီး ပြည်ပကနေမှ ပိုးထည် ချည်ထည် သံထည် ဆား သကြား အရက် စတာတွေကို ဝယ်ယူခဲ့တယ် ။ ဆန်စပါးနဲ့ ကျွန်းသစ်ကို အကြောင်းပြုပြီး ဆန်စက် သစ်စက်လုပ်ငန်းတွေ ပေါ်ပေါက်လာတယ် ။

သို့သော် စီးပွားရေးလုပ်ငန်းအားလုံးနီးပါးကို ဥရောပတိုက်သားတွေနဲ့ တရုတ် - ကုလားတွေကသာ ပိုင်ဆိုင်ကြပါတယ် ။

အလုပ်သမား အများစုက အိန္ဒိယနိုင်ငံသားတွေဖြစ်ပြီး ဗြိတိသျှက လိုအပ်တဲ့ အလုပ်သမားတွေ ရရှိဖို့ဆိုရင် အိန္ဒိယက ချစ်တီးတွေကို မြန်မာပြည်ထဲ အတားအဆီးမရှိ ခေါ်သွင်းပါတယ် ။ အဲ့အခါကနေစပြီး ချစ်တီးတွေက တောကြိုအုံကြားအထိ ပြန့်နှံ့ကာ နေရာအနှံ့အပြားမှာ ရောက်ရှိလာခဲ့တော့တယ် ။

ဗြိတိသျှဘဏ်တွေက ချစ်တီးတွေကို ငွေ ၁၀၀ မှာ ၄ ကျပ်နှုန်းမှ ၈ ကျပ်နှုန်းအဖြစ်သာ အတိုးယူပြီး ငွေချေးပေမယ့် ချစ်တီးတွေက မြန်မာလယ်သမားတွေကို ငွေပြန်ချေးတဲ့အခါ ငွေ ၁၀၀ မှာ ၁၀ ကျပ်ကနေ ၁၅ ကျပ် , ၂၅ ကျပ် အထိ အဆမတန် အတိုးယူပြီး ငွေချေးတယ် ။

လယ်သမားတွေက မြေတွေကို တိုးချဲ့စိုက်ပျိုးရာမှာ လိုအပ်တဲ့ လယ်ယာသုံးပစ္စည်းများ ရောင်းဝယ်ဖို့ကို ချစ်တီးများထံကနေ ငွေချေးရာမှာ အနောက်တိုင်း ဥရောပနည်းတွေကို မြန်မာတွေက အကျွမ်းတဝင် မရှိတဲ့အတွက် လက်မှတ်တွေကိုလဲ အလွယ်တကူပဲ ထိုးပေးကြပါတယ် ။

နောက်ဆုံးမှာတော့ အရင်းပေါ် အတိုးဖိပြီး ကြွေးမှီးတွေ မဆပ်နိုင်တော့ပဲ လယ်တွေကို ချစ်တီးတွေလက်ထဲ ပေးအပ်လိုက်ကြရပါတယ် ။

မြန်မာလယ်သမားများက အလွယ်တကူစိုက်ပျိုးနိုင်တဲ့ လယ်မြေ ပေါပေါများများရှိတဲ့အပြင် အစဉ်အဆက်ကိုက ကျွမ်းကျင်တဲ့ လုပ်ငန်းဖြစ်တဲ့အတွက် လဟ်ယာလုပ်ငန်းကိုပဲ အာရုံစိုက်နေတဲ့အချိန်မှာ အခြားလုပ်ငန်းများကိုတော့ နိုင်ငံခြားသားများက လက်ဝါးကြီး အုပ်သွားခဲ့ပါပြီ ။ ၁၉၂၀ ပြည့်နှစ်မှာ မြန်မာတိုင်းရင်းသားတို့က လက်ကားရောင်းဝယ်ရေးနဲ့ ဆန်စက် သစ်စက်လုပ်ငန်းများကို ဝင်ရောက်လုပ်ကိုင်ဖို့ ကြိုးစားခဲ့ကြပေမယ့် အခြေကျနေပြီဖြစ်သော နိုင်ငံခြားသားကုမ္ပဏီများကို မထိုးဖေါက်နိုင်တော့ပါဘူး ။

ဗြိတိသျှအစိုးရက မြန်မာပြည်စီးပွားရေးကို တိုးချဲ့လုပ်ကိုင်လာတဲ့အလျောက် ၁၉၂၀ ပြည့်နှစ်အတွင်းမှာ ဆန်စပါး စိုက်ပျိုးရေး သစ်တော ရေနံ ဓါတ်သတ္ထုစတဲ့ လုပ်ငန်း အသီးသီးမှာ အလုပ်သမားအင်အား တိုးပွားလာတာနဲ့အမျှ ထုတ်လုပ်မှုတွေလဲ တိုးတက်လာခဲ့ပြန်ပါတယ် ။

သို့သော် မြန်မာတိုင်းရင်းသားများမှာ ဗြိတိသျှအစိုးရနဲ့ လက်ဝေခံ နိုင်ငံခြားသား တရုတ် ကုလား များရဲ့ ခြယ်လှယ်မှုအောက်မှာ အလွန်ကိုပဲ သိမ်ငယ်နှိမ့်ကျနေခဲ့ရပါတယ် ။

ကမ္ဘာ့ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ မြန်မာ့ဆန်စပါးကို မျက်နှာဖြူကုမ္ပဏီတွေက တင်းတင်းကျပ်ကျပ်ကို ချုပ်ကိုင်ထားတယ် ။ စတီးဘရားသားကုမ္ပဏီ - အယ်လာမင်အာရကင်ကုမ္ပဏီ - အင်္ဂလိုဘားမားကုမ္ပဏီ တွေကို ၁၉၂၁ ခုနှစ်မှာ ဘူလင်ဂျာပူးလ် (ခေါ် ) စပါးဈေးအသင်းကြီးအဖြင့် စုပေါင်းတည်ထောင်လိုက်ကြကာ စပါးတွေကို တောင်သူလယ်သမားတွေဆီကနေ အနည်းဆုံးဈေးနဲ့ ဝယ်ယူကြပြီး နိုင်ငံခြားကိုတော့ အများဆုံးဈေးနဲ့ ပုံအော ရောင်းချခဲ့ကြပါတယ် ။ စပါးဈေးကို ကစားချင်တိုင်း ကစားကြတယ် ။ ဈေးနှိမ့်ထားတဲ့အတွက် ဆန်ဈေး ကျဆင်းလာတာနဲ့အမျှ လူသုံးကုန်ဈေးနှုန်းတွေက အဆမတန် မြင့်တက်လာကြတော့တယ် ။

ချစ်တီးများက ငွေချေးရုံမကပဲ စပါးပေးစနစ်နဲ့ အပေါင်ခံရာကနေ လယ်သမားတွေဆီက စပါးတွေကို သိမ်းပိုက်တယ် ။ လယ်များကို သိမ်းပစ်တယ် ။ ၁၉၃၀ ပြည့်နှစ်ကျော်ကာလအထိ အောက်မြန်မာပြည်ရဲ့ လယ်မြေဧက သန်းနဲ့ချီပြီး ချစ်တီးလက်ဆီ ရောက်သွားခဲ့ပါတယ် ။ မြန်မာမြေကို မြန်မာနိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ဥပဒေ တောင်းခဲ့ပေမယ့် ဗြိတိသျှက လုံးဝ အရာမသွင်းခဲ့ပါ ။

လယ်ယာစိုက်ပျိုးရေး လုပ်ငန်းသာမက သစ်တော ရေနံ ဓာတ်သတ္ထုလုပ်ငန်းများကို ဗြိတိသျှ ကုမ္ပဏီကြီးတွေကသာ ပိုင်ဆိုင်ကြတယ် ။ ပြည်တွင်း ကုန်သွယ်ရေး လုပ်ငန်းမျာကိုလည်း ဗြိတိသျှကုမ္ပဏီများကပဲ လက်ဝါးကြီး အုပ်ထားတယ် ။ မြန်မာပြည်သူတွေဆီက ထွက်ကုန်များကို ဈေးနှိမ့်ဝယ်ယူပြီး နိုင်ငံခြားကို အမြတ်အများဆုံးနဲ့ တင်ပို့ရောင်းချကာ နိုင်ငံခြားထွက်ကုန်ပစ္စည်းများကိုလဲ မြန်မာပြည်သူတွေဆီ အမြတ်များစွာတင်ပြီး ပြန်ရောင်းချပြန်တယ် ။ အဲ့ဒီ့နောက် ဒိုင်အာခီအုပ်ချုပ်ရေးမှာ တရုတ် ကုလား အမတ်တွေ ပါဝင်လာပြီး မြန်မာ့စီးပွားရေးကို စိတ်ကြိုက် ချယ်လှယ်ကြပြန်၏ ။

၁၉၂၈ - ၂၉ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေးပျက်ကပ် ဆိုက်ရောက်ပြီး မြန်မာနိုင်ငံကို ကူးစက်လာတဲ့အခါ အရင်းရှင်ကုမ္ပဏီတွေက စပါးဈေးတွေ နှိမ့်ဝယ်တဲ့အပြင် ကျွဲနွားတွေ ရောဂါ ကျရောက်ခြင်း , ရာသီဥတုမမှန်တော့ခြင်း , ပိုးမွှားအန္တရာယ်ကျရောက်ခြင်းတွေကြောင့် စပါးဈေး ထိုးကျကာ မြန်မာတောင်သူလယ်သမားတွေ ဒုက္ခအကြီးအကျယ် ရောက်ကြရတော့တယ် ။

ခြုံပြီး ကြည့်လိုက်မယ်ဆိုရင် မြန်မာပြည်စီးပွားရေး လုပ်ငန်းများက အကျိုးအမြတ်တွေကို ဗြိတိသျှတွေကသာ ယူထားပြီး လက်ဝေခံဖြစ်တဲ့ တရုတ် ကုလားတွေက လက်ဝါးကြီး အုပ်ထားတဲ့အတွက် မြန်မာတိုင်းရင်းသား လယ်သမား အလုပ်သမားတွေခမျာ ဖိနှိပ့်ချုပ်ချယ်မှု အမျိုးမျိုးနဲ့ ရင်ဆိုင်နေရတဲ့အပြင် အလွန့်အလွန်ကို ဆင်းရဲတဲ့ အခြေအနေကနေ မထနိုင်ခဲ့ကြပါဘူး ။

အဲ့နောက်ပိုင်းကနေစပြီး မြန်မာတွေမှာ လယ်ယာပိုင်ဆိုင်မှုတွေ လျော့နည်းလာပြီး လယ်ပိုင်ရှင်ဘဝကန သူရင်းငှားဘဝကို ရောက်ကြရကာ ရှိသမျှလယ်ယာတွေအားလုံးကို နိုင်ငံခြားသားများလက်ထဲဆီ ပုံထည့်လိုက်ရပါတယ် ။

ပြည်ပက အထည်အလိတ်တွေ တင်သွင်းတဲ့အတွက် မြန်မာတိုင်းရင်းသားတွေရဲ့ အထည်အလိတ် လုပ်ငန်းတွေ ဆုတ်ယုတ်သွားတယ် ။ ဗြိတိသျှအစိုးရက မြန်မာနိုင်ငံကို ကုန်ကြမ်းပစ္စည်းထုတ်လုပ်တဲ့ နိုင်ငံအနေဖြစ်သာ ဖန်တီးထားတယ် ။ အဲ့ကုန်ကြမ်းတွေကိုမှ ဈေးအနည်းဆုံးနဲ့ယူပြီး သူတို့က ကုန်ချောအဖြစ် ပြန်လုပ်ကာ အခြားနိုင်ငံတွေဆီ အမြတ်တင် ရောင်းချတယ် ။

ဂျပန်ခေတ် ၁၉၄၂ ကနေ ၁၉၄၅ အတွင်းမှာတော့ စိုက်ပျိုးရေးလုပ်ငန်းတွေအားလုံး ရပ်ဆိုင်းသွားတယ် ။ ဘာကြောင့်လဲဆိုတော့ သူတို့လက်ထဲ ရောက်တဲ့အချိန်မှာ အင်္ဂလိပ်တွေကြောင့် ထွန်ယက်ဖို့ ကျွဲနွားတွေ မရှိတော့ဘူး ။ လယ်လုပ်သူတွေ ရှားပါးလာတယ် ။ ရေနံတွင်းတွေ ရေနံချက် စက်ရုံတွေကို ဗြိတိသျှတို့က အားလုံး ဖျက်ဆီးပြီး ထားခဲ့တဲ့အတွက် ဂျပန်တွေက ရေနံထုတ်ဖို့ ပြန်ကြိုးစားရတယ် ။ 

စက်မှုလုပ်ငန်းတွေ ရက်ဆိုင်းသွားတဲ့အတွက် အလုပ်လက်မဲ့တွေ များပြားလာတယ် ။ ဂျပန်တွေက ကျွန်းသစ် ဝါဂွမ်း ဆီ ဆန်စပါးတို့ကို လက်ဝါးကြီး အုပ်ပြန်တယ် ။ အာမခံချက်ရှိတဲ့ ငွေစက္ကူများကိုလဲ အကန့်အသတ်မရှိ ရိုက်နှိပ်ထုတ်ဝေတယ် ။ မြန်မာတွေခမျာ ဆေးဝါး အဝတ်အထည် အစားအသောက် ရှားပါးမှုဆင်းရဲတွေအပြင် ရောဂါထူပြောမှုတွေကြောင့် အလွန်ကို ဆင်းရဲကြီးစွာ ခံစားနေကြရပါတယ် ။

ဂျပန်ခေတ်မှာ ခေတ်သစ်စီမံကိန်းလို့ခေါ်တဲ့ စီးပွားရေး စီမံကိန်းကြီး ရေးဆွဲဆောင်ရွက်တယ် ။ မြန်မာ့အကျိုးအမြတ်အတွက် ဥပဒေကြမ်းတွေ ပြဋ္ဌာန်းတယ် ။ အဲ့ဒီ့ ဥပဒေကြမ်းများအရ မရွေ့ပြောင်းနိုင်တဲ့ ပစ္စည်းများကို မြန်မာတိုင်းရင်းသားများသာ ပိုင်ဆိုင်ရမယ်ဆိုတဲ့သတ်မှတ်ချက် , နိုင်ငံခြားသားများက မိမိတို့ရဲ့ အရင်းငွေ ၆၀ ရာခိုင်နှုန်းမပါဝင်ပဲ မြန်မာနိုင်ငံမှာ ကုမ္ပဏီ တည်ဆောက်ခွင့် မပြုဘူးလို့ သတ်မှတ်ချက်တွေ ပါဝင်လာတယ် ။ ဒါဟာ မြန်မာလူမျိုးတွေအတွက် ဘုရင်ပျောက်ဆုံးပြီးနောက်ပိုင်း နှစ် ၁၀၀ ကျော်မှ အကျိုးခံစားခွင့်ကို စတင် ရရှိလာပုံဖြစ်တယ် ။ ဒါက ဂျပန်ကျေးဇူးပဲ ။

စစ်ပြီးချိန်မှာ အင်္ဂလိပ်အစိုးရက ပြန်ပြီး မူလအတိုင်း ကျွန်းသစ်ထုတ်လုပ်မှုတွေကို အသက်သွင်းပြန်တယ် ။ သို့သော် မြန်မာတွေက အားလုံးကို ပြန်ယူဖို့ ကြိုးစားလာခဲ့ကာ နိုင်ငံခြားသားအားလုံးကို အယုံအကြည် မရှိနိုင်တော့ပါ ။

#မှတ်ချက် - အခုခေတ် မြန်မာတွေအများစုပြောနေကြတဲ့ ( နှစ် ၆၀ ဆင်းရဲမွဲတေခဲ့ရတာ )ဆိုတဲ့ အသုံးဟာ ရှေ့နှစ်၁၀၀ ကျော်က မြန်မာတွေ ချမ်းသာခဲ့တယ်လို့ ထင်ပုံရနေ၏ ။ ဆင်းရဲမွဲတေမှုရဲ့ တရားခံတွေဟာ ဘယ်သူတွေလဲ ?

ဒါကို သိဖို့ကောင်းပါတယ် ။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...