ဂေါတမမြတ်စွာဘုရားကို သာမန်လူပါလို့ပြောချင်ရင် သမိုင်းထဲက ပယ်လိုက်မှ ရမယ် !
-----
ဂေါတမမြတ်စွာဘုရားအကြောင်း စဉ်းစားလိုက်တိုင်းမှာ အဲ့ခေတ်အခါက လူတွေ ကိုပါ တစ်ပါးတည်း ပေါ်ပေါ် လာတယ် ။ နောက်ပြီးတော့ အဲ့ခေတ်အခါက အင်မတန် ဂိုဏ်ဃနတွေ များပြားလှတဲ့အထဲက အယူတစ်ခုကို တိုးထွက်ဖို့ဆိုတဲ့ အခြေအနေဟာ အင်မတန် မတွေးဝံ့စရာပါပဲ ။ တော်ရုံတန်ရုံလူဆို ဘာမှမပြောတော့ပဲ အခြေအနေလေးတစ်ခုမှာ ရပ်သွားမှာဖြစ်တယ် ။
ကျမ်းလာအရဆိုရင် ဂေါတမမြတ်စွာဘုရားကို တိုက်ခိုက်ဖို့ အခွင့်အရေးကို ချောင်းမြောင်းနေတဲ့သူတွေ - အမှားတစ်ချက်ပေါ်ပါက ထောက်ပြကြမဲ့သူတွေနဲ့ - တစ်ခါတစ်လေ မြတ်စွာဘုရားရဲ့ ကြိုတင်ဟောကိန်းတွေကိုလိုက်ပြီး ဒါမျိုး တပ်အပ်မဖြစ်လာလို့ကတော့ မုသားနဲ့ စွတ်စွဲမယ်ဆိုပြီး စောင့်နေကြတဲ့ လူတွေ အတော်များများ တွေ့ရတယ် ။
နောက်တစ်ချက်က ဘုရင့်သားဆိုတဲ့ အချက်ပဲ ။ မြတ်စွာဘုရားက အဲ့ခေတ်အခါတုန်းက အင်မတန် မာနကြီးတဲ့ မျိုးဂုဏ်ထဲက ဆင်းတက်လာတဲ့အချက်ဟာ အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ် ။ ဘာသာထဲမှာ ဘုရင့်သားကနေ အသစ်သော သာသနာကိုတည်ထောင်တာ ကမ္ဘာမှာ ဗုဒ္ဓသာသနာ တစ်ခုပဲရှိတယ် ။
နောက်ပြီး ဘုရင့်သားလဲဖြစ်တဲ့အတွက် တော်ရုံ လူဆို မျိုးရိုးမာန်ဂုဏ်နဲ့တင် ကျေနပ်နေကြမဲ့ အနေအထားမျိုးမှာရှိတယ် ။ ရုပ်ရည်က တင့်တယ် တယ် ။ ခန္ဓာကိုယ်က ကြံ့ခိုင်တယ် ။ လေးမြှား အတက်ကို ထူးထူးချွန်ချွန် တက်ကျွမ်းပြီး မွေးကတည်းက ဟောကိန်းအရ နိုင်ငံတိုင်းမှာရှိတဲ့ ဘုရင်တွေကို အုပ်ချုပ်လွှမ်းမိုးမဲ့ ဘုရင့် အချုပ်ကြီးဖြစ်လိမ့်မယ်ဆိုတာ ပါတယ် ။
အဲ့ခေတ်အခါက မှော်အတက်ပညာနဲ့ ဟောကိန်းတွေကို အင်မတန် ယုံကြည်ကြတဲ့ ခေတ် ။ အဲ့လောက်ထိ အခြေနေအရပ်ရပ်က ဘာမှအပြစ်ပြောစရာ မရှိအောင် ပြည့်စုံသူတစ်ယောက်ဟာ သာမန်လူဆို ခွက်လက်စွဲပြီး တောထဲမှာ နေဖို့ ဘာလို့ ဆုံးဖြတ်မလဲ ! ။ ( အဲ့ချိန်က သူတော်စင်လို့သတ်မှတ်တဲ့ သူတွေကို တောထဲလှည့်လည်ပြီး သာမဏ - ဗြဟ္မဏ အနေနဲ့ နေထိုင်တာကိုဂုဏ်ယူကြတယ်။ ဗြဟ္မဏက အရင်ပေါ်တာ ။ နောက်မှ သာမဏ ပေါ်တာ ။ ဒါပေမယ့် ဘုရင့်သားက အဲ့လို ဆုံးဖြတ်မလား ။ ဝေးဝေးမကြည့်နဲ့ ။ ဒီခေတ်က လူကြီးတစ်ယောက်ရဲ့ သားသမီးနဲ့ပဲ ယှဉ်ကြည့်အုန်း ) ။
ကိုယ်ပိုင်အသိညာဏ်နဲ့တောင် စဉ်းစားတက်တဲ့သူတိုင်း စဉ်းစားမယ်ဆိုရင် သိနိုင်တဲ့ အချက်တစ်ခုဖြစ်တယ် ။ နောက်ပြီးတော့ ရဟန်းပြုပြီးတဲ့အခါ အနေအထိုင်တွေကို သတိထားရတော့မယ် ။ ဂေါတမမြတ်စွာဘုရားသာ သာမန်လူဆိုရင် အနေအထိုင်တွေမှာ အမှားပါလိမ့်မှာပဲ ။ မြတ်စွာဘုရားက ရဲရဲဝံ့ဝံ့ ပြောတယ် ။ ကိလေသာတွေ လုံးဝငြိမ်းပြီးသူဖြစ်တဲ့အတွက် လောဘ ဒေါသ မောဟ ဆိုတာတွေ မရှိတော့ဘူးတဲ့ ။
မိန်းမကိစ္စနဲ့ပတ်သတ်တဲ့ တဏှာတွေလဲ မဖြစ်ဘူး ။ ဘာဆို ဘာကိလေသာမှ မရှိဘူးလို့ ပြောတယ် ။ တွေးကြည့်လေ ။ အဲ့လို ကြွေးကြော်တဲ့ သူတစ်ယောက်ကို - ငါမှဘုရား - သူမှဘုရားဆိုပြီး အပြိုင် ပေါ်ထွန်းနေတဲ့ ခေတ်ထဲမှာ နည်းနည်းလေး မှားတာမြင်တာနဲ့ ထောက်ပြပြီး ဟားတိုက်မယ်ဆိုတာ ထင်ရှားပါတယ် ။ ဒါပေမယ့် အဲ့လို ဟားတိုက်တာ မခံရဘူး ။ ဘာလို့လဲ ? ။
သာမန်လူဆို ဒီအချက်တွေက ခဏလေး ကျူးလွန်မိမဲ့ အနေအထားမျိုးပါ ။ အဲ့ဒါဆို မြတ်စွာဘုရားကို ထားတော့ ။ ဒီသာသနာကြီးကို တည်ထောင်တဲ့သူမို့ အပြစ်မရှိအောင် သတိထားနေတယ်ပဲ ထားပါအုန်း ။ ဘုရားနှုတ်တော်ကနေ ဖွင့်ဟပြီး ပြောပြတဲ့ ရဟန္တာမထေရ်တွေဆိုရင်ကော ဘယ်လိုလုပ်မလဲ ။ မှတ်တမ်းအရဆို မြတ်စွာဘုရား ထုတ်ဖေါ်ပြောကြားတဲ့ ရဟန္တာတွေဟာ အတော်လေးကို များပြားလှတယ် ။ ၇ နှစ် သားတွေတောင် ပါသေး ။
အဲ့ရဟန္တာတွေက သာသနာကြီးကို တည်ထောင်နေကြလို့ သတိတွေထားပြီး ဟန်ဆောင်နေကြတယ်ဆိုရင်တောင် အဲ့လောက်ထိ ရှည်ကြာတဲ့ နှစ်ကာလတွေကို ဖြတ်သန်းပြီး စုတိစိတ်ကြတဲ့အချိန်အထိ ဘာလို့ အပြစ်ပြောစရာမရှိခဲ့ကြတာလဲ ။
အဲ့ခေတ်မှာ နည်းနည်းလေးများ မှားကြည့်ပါလား ။ ဒီခေတ်မှာ မဘသ ကို ဝေဖန်တာထက်တောင် ဆိုးသွားအုန်းမယ် ။ ထားပါတော့ ။ ဝေဖန်နိုင်တာတွေကို ဒီသာသနာက ကျမ်းတွေမို့ ထည့်မရေးထားဘူးပဲ ပြောပါအုန်း ။ ဒါဆို သူတို့ ကျမ်းဂန်တွေထဲမှာ ရေးထားမှာပဲလေ ။ ဥပမာ ဘုရားသာသနာနဲ့ အပြိုင်ပေါ်နေတဲ့ ဂျိန်းဘာသာဆိုရင် အခုထိ ရှိနေတယ် ။ ကိုယ်တွေမှာလဲ သူတို့ရဲ့အမှားတွေကို ဝေဖန်ထားတဲ့ ကျမ်းဂန်အထောက်အထားတွေ ရှိတယ် ။ သူတို့မှာလဲ ကိုယ်တွေလိုပဲ ရှိကြမှာပဲ ။ ဒါပေမယ့် ဘာလို့ သူတို့မှာ ဂေါတမမြတ်စွာဘုရားရဲ့ အမည်ကျော် တပည့်ရဟန္တာတွေက လောဘ ဖြစ်သေးတဲ့ ကိစ္စတွေ - ဒေါသဖြစ်သေးတဲ့ ကိစ္စတွေနဲ့ မိန်းမရှုပ်တဲ့ ကိစ္စတွေ ဘာလို့ အရိပ့်အမွတ်တောင် မပါတာလဲ ။ ဒါက အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ် ။
အဲ့အချိန်အခါတုန်းကဆိုရင် ပြိတ္တာတွေက ဘယ်ပုံ ဘယ်နည်းရှိကြတယ် ဆိုတာတွေ - နတ်တွေ ဗြဟ္ဗာတွေက ဘယ်ပုံဘယ်နည်း ဖြစ်ကြတယ် ။ အစရှိတဲ့ အကြောင်းအရာတွေနဲ့ ပတ်သတ်ရင်လဲ မြတ်စွာဘုရားက ကြိုပြီး မထုတ်ဖေါ်ပြဘူး ။ ဘာလို့လဲဆို မယုံမှာ စိုးလို့တဲ့ ။ အဲ့နောက်မှ ရဟန်းတွေထဲက မြင်လို့ဖြစ်စေ - ဒကာ ဒကာမတွေထဲက မြင်လို့ဖြစ်စေ - အဲ့လို မြင်ကာမှပဲ ( ငါလဲတွေ့ပါတယ် ။ ဒါက ဒီလိုကုသိုလ်ကြောင့်ဖြစ်ရတာ ဆိုပြီး ပြောတာ ) မယုံမှာစိုးလို့တဲ့ ။
ပြောချင်တာက အားလုံးကို ခြုံငုံသုံးသပ်ပြီး ဆင်ခြင်စဉ်းစားကြည့်ပါ ။ ကိုယ်လဲ Video တွေ ကြည့်ဖူးတာပဲ ။ ရောမ ကားတွေ ဘာတွေမှာ ဘုရင်တွေရဲ့ အနေအထိုင်မျိုးတွေ - သံတမန်ရေးတွေ - အယူဝါဒရေးတွေ ကြည့်ဖူး ကြားဖူးကြတာပဲ ။ အဲ့ကြည့်ဖူး ကြားဖူးတဲ့ အကြောင်းအရာတွေနဲ့ ဆက်စပ်ပြီး မြတ်စွာဘုရားခေတ်ကို လှမ်းယှဉ်ပြီး ကြည့်ကြည့်ပေါ့ ။ ဘယ်လောက်တောင် မဖြစ်နိုင်တဲ့ အခြေအနေတွေမှာ ဒီ ဂေါတမဆိုတဲ့ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးနဲ့ သူ့အဖွဲ့အစည်းကြီးဟာ တည်ရှိနေနိုင်တာလဲ ။ ဘာကြောင့်လဲ ? ။ တကယ်ကော ရှိခဲ့လို့လား ။
အဲ့လို နှစ်ရှည်လများ နေထိုင်ဆင်ခြင် သတိကပ်နိုင်တဲ့ - အမှားတစ်စက်မှ မရှိတဲ့ အရာမျိုး သာမန်လူတန်းစားတွေ လုံးဝ မလုပ်နိုင်ဘူးဆိုတာ တွေ့ရလိမ့်မယ် ။ သာမန်လူတွေ မလုပ်နိုင်ဘူးဆိုတော့ ဂေါတမမြတ်စွာဘုရားဟာ သာမန်လူတန်းစားထဲက ဒဿနအတွေးအခေါ်သမားသာပဲဆိုရင် လုံးဝ မဖြစ်နိုင်တဲ့ အခြေအနေတစ်ရပ်ကြီး ဆိုတာ လက်ခံရမယ် ။
လူတွေ မတည်ထောင်နိုင်တဲ့ အခြေအနေကြီး ။ ဒါဆို သာမန်လူတစ်ယောက်ဖြစ်တယ်လို့ယူဆရင် ဂေါတမမြတ်စွာဘုရားဆိုတာ သမိုင်းမှာ မရှိမှကို ရမယ် ။ စိတ်ကူးယဉ် ဆန်ဆန် သမိုင်းကြီး ဖြစ်နေတာကိုး ။
အေး . . . အဲ့လိုမဟုတ်ပဲ သမိုင်းမှာ ဂေါတမမြတ်စွာဘုရားဆိုတဲ့ ပုဂ္ဂိုလ်ကြီး ပေါ်ခဲ့တာ သေခြာတယ်ဆိုရင်တော့ လုံးဝ ယုံမှားစရာမရှိတဲ့ လောကရဲ့ အရှင်သခင်မြတ်သော ဗုဒ္ဓဘုရားဆိုတာ လက်ခံရလိမ့်မယ် ။ စဉ်းစားကြည့်ပေါ့ ။ ဂေါတမပုဂ္ဂိုလ်က သာမန် ဒဿနသမားပါဆိုတဲ့ လူတွေ အဲ့ခေတ်အခါကိုပါ ထည့်ပြီး ခဏလောက် စိတ်ကူးလေးနဲ့ ခရီးထွက်ကြည့် ။ သာမန်လူတွေ လုပ်နိုင်တဲ့ အခြေအနေမျိုးလား ဘာလားဆိုတာ တွေ့ရလိမ့်မယ် ။
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment