Skip to main content

ကတော့ပါရဲ့ ဆိုတဲ့စကားက သင့်ကို မကယ်ပါဘူး !

ကတော့ပါရဲ့ ဆိုတဲ့စကားက သင့်ကို မကယ်ပါဘူး !
-----
အခုခေတ်အခါမှာ ကိုယ့်ထက် သီလကြီးရင့်သူတွေ - သက်ကြီးရွယ်အိုတွေနဲ့ ပြစ်မှားမထိုက်တဲ့ သူတွေကို ပြစ်မှားနေကြတာကို တွေ့မြင်နေရတာ အင်မတန် စိတ်မကောင်းစရာပါပဲ ။  တစ်ချို့က သိသိချည်းနဲ့ ပြစ်မှားကြသလို တစ်ချို့ကတော့ မသိလို့ ပြစ်မှားကြတာမျိုးလဲ ရှိပါတယ် ။ 

ကျွန်တော်တို့ဟာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အဆုံးအမအောက်မှာ တည်ရှိကြတဲ့ သူတွေဖြစ်တာကြောင့် အထူးသဖြင့် ကိုယ့်ထက် သီလကြီးရင့်သူတွေကို ပြစ်မှား မှု ကမ္မ မပြုသင့်ကြပါဘူး ။ တစ်စုံတစ်ရာ အကျိုးအပြစ်တွေဟာလဲ ကောင်းတဲ့ ရလဒ်အဖြင့် မထွက်ပေါ်လာနိုင်ဘူး ။

အဲ့အကြောင်းအရာနဲ့ ပတ်သတ်ပြီး နည်းနည်းပြောရမယ်ဆိုရင်တော့  မြတ်စွာဘုရားလက်ထက်တော်အခါကာလက ကျွန် မ တစ်ယောက်ရှိပါတယ် ။ အဲ့ကျွန် မ ဟာ ခါးကုံးပါတယ် ။ တစ်ခါတော့ ပန်းဝယ်သွားရင်း မြတ်စွာဘုရားရဲ့ တရားတော်ကို နာလိုက်ရရာကနေ သောတပန်ဖြစ်ရတယ် ။ သူဟာ အင်မတန်ထူးခြားတဲ့ ညာဏ်ပညာကိုပိုင်ဆိုင်တာကြောင့် ပိဋကတ်သုံးပုံဆောင် ဧတဒဂ် ရ ပုဂ္ဂိုလ်ကြီးပါ ။ ဒါပေမယ့် သူ့ရဲ့ သေဆုံးမှုက အရှင်လတ်လတ် မီးလောင်ပြီး သေဆုံးရတာဖြစ်တယ် ။ ဒါဆို အဲ့ပုဂ္ဂိုလ်နဲ့ ပတ်သတ်ပြီး ကောင်းတာရော ဆိုးတာပါ ဒွန်တွဲနေတာ တွေ့ရမှာဖြစ်တယ်။

အတော်ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုမှာ ပြစ်မှားမှုကံတွေက ပုံဖေါ်ပေးသွားတာကို နည်းနည်း ပြောပြချင်တာပါ ။ အဲ့ကျွန် မ ခါးကုံးရတာက တစ်ခါတစ်ပါးဘဝတုန်းက ခါးအတန်ငယ် ကုံးတဲ့ပစ္စေကဗုဒ္ဓါတစ်ပါးကို စသလို နောက်သလိုနဲ့ အပျော်သဘောလေး ကဲ့ရဲ့မှုကို ပြုခဲ့လို့ဖြစ်တယ် ။ နောက်တော့ သူဟာ ညာဏ်ပညာအင်မတန်ထက်ရတာကတော့ အဲ့ပစ္စေကဗုဒ္ဓါတွေရဲ့ သပိတ်တွေထဲက ဆွမ်းတွေဟာ အင်မတန် ပူနေတာကြောင့် အရှင်မြတ်တွေဟာ သပိတ်ကို လက်ပြောင်း လက်လွှဲနဲ့ ကိုင်နေတာကို မြင်တော့ သူ့ရဲ့ လက်ထဲမှာ ဝတ်ဆင်ထားတဲ့ လက်ထောက်ကိုချွတ်ပြီး အောက်ခံခုဖို့အဖြစ် ပေးလှူခဲ့လို့ ဖြစ်ပါတယ် ။ 

နောက်တော့ ဘာလို့ ကျွန်ဖြစ်နေရတာလဲဆိုရင် သူက တစ်ခါတစ်ပါးဘဝမှာ သူဌေးသမီးဖြစ်တယ် ။ သူ့ဆီကို လာနေကျ ရဟန္တာမိန်းမကို အဝံ့မစား(မလေးမခန့်) နဲ့ ကတော့ပါရဲ့ တပည့်တော်ရဲ့ တန်ဆာပလာခြုပ်လေးကို မမှီလို့ ယူပေးပါလို့ ခိုင်းစေလိုက်မိတယ် ။ အဲ့ကံကြောင့် သူက ကျွန်ဖြစ်ရပါတယ် ။

အခုခေတ်အခါမှာ ကတော့ပါရဲ့ ဟိုဟာလေး လုပ်ပေးပါ - ယူပေးပါ ဆိုရုံနဲ့ အပြစ်မဖြစ်ဘူးမထင်ကြပါနဲ့ ။

ကတော့ပါရဲ့ဆိုတာနဲ့ ကျေတယ်မထင်ပါနဲ့ ။ ဒါကို သိထားရမှာဖြစ်ပါတယ် ။ နောက်တော့ မီးရှိုံ့ခံရပြီး သေရတာက တစ်ခါတစ်ပါးဘဝမှာပဲ သူဟာ ပစ္စေကဗုဒ္ဓါတစ်ပါး သမာပတ်ဝင်စားနေတဲ့ ခြုံကို အမှတ်မထင် မီးရှို့မိခဲ့တယ် ။ ဒါပေမယ့် အဲ့အထိက စေတနာ မပါတာကြောင့် ကံမမြောက်သေးပါဘူး ။ သို့ပေမယ့်လဲ မီးလောင်တဲ့အခါ အဲ့ ပစ္စေကဗုဒ္ဓါကို တွေ့တော့ အတော် လန့်သွားတယ် ။ မထူးတော့ဘူးဆိုပြီး ထင်းတွေယူပြီး အကုန်အစင်လောင်ကျွမ်းပါစေဆိုတဲ့ အမှုကံကြီးကို ကျူးလွန်ပြစ်မှားမိခဲ့တော့တာပါပဲ ။ ဒါကြောင့် အဲ့ကံနဲ့ အခုဘဝမှာ မီးရှိုံ့ သတ်ခံရလေရဲ့ ။

ဒါကြောင့်မိတ်ဆွေ သင်သိထားသင့်တာက ကိုယ့်ပတ်ဝန်းကျင်က ကိုယ်လိုအပ်တဲ့ ပစ္စည်းတစ်ခုကို ယူမယ်ဆိုရင် ကိုယ်တိုင်းတာ ထယူလိုက်ပါ ။ ကတော့ပါရဲ့ဆိုတဲ့စကားက သင့်ကို မကယ်နိုင်ပါဘူး ။

ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကို သီလ မရှိတာ -  ရှိတာတွေ မစဉ်းစားပဲ အားလုံးကို သီလလုံသူတွေအဖြစ် မြင်လိုက်ပါ ။ အဲ့အခါ ပြစ်မှားလိုစိတ်တွေ ပျောက်ကွယ်လာပါလိမ့်မယ် ။ ဘုန်းကြီး ခေါင်းခေါက်ပြီးမှ ကတော့ပါရဲ့ဆိုတာ သင့်ကို မကယ်နိုင်ပါဘူး ။

နောက်ဆုံးတစ်ချက်က စသလို နောက်သလို အပျော်အပျက်တောင် တစ်ပါးသူရဲ့ အဖြစ်ကို မနောက်ပြောင်ပါနဲ့ ။ ကတော့ပါရဲ့ - သူ့ပုံက ဒီလိုဆိုတဲ့စကားက သင့်ကို မကယ်နိုင်ပါ ။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...