Skip to main content

အရှင်အာနန္ဒာဟာ မြတ်စွာဘုရားရှင် သက်ရှိထင်ရှားရှိစဉ်မှာပဲ ရဟန္တာ ဖြစ် မဖြစ် !

အရှင်အာနန္ဒာဟာ မြတ်စွာဘုရားရှင် သက်ရှိထင်ရှားရှိစဉ်မှာပဲ ရဟန္တာ ဖြစ် မဖြစ် !
------
ဒီကိစ္စက မပြောပဲ ထားရင်လည်း မပြီးပဲ ဖြစ်အုန်းမယ် ။ အရှင် အာနန္ဒာက ဘုရားတရားနာပြီး ရဟန္တာဖြစ်တယ်ဆိုတာကော အဲ့လိုမဟုတ်ပဲ သံင်္ဂါယနာတင်မှ ရဟန္တာဖြစ်တာတွေကောနဲ့ ညီတော် အာနန္ဒာနဲ့ ပတ်သတ်ပြီး ရှုပ်ထွေးနေကြတယ်ထင်တယ် ။ အဲ့ဒါက ဒီလိုပါ -

ဂေါတမမြတ်စွာဘုရားရှင်လက်ထက်မှာ ညီတော် အာနန္ဒာ နဲ့ ညီတော်မင်းနန်ခေါ် အရှင်နန္ဒထေရ် ဆိုတာရှိပါတယ် ။ အဲ့ဒီ့ အရာကိုပဲ ရောထွေးနေကြတာဖြစ်မှာပါ ။ ပထမဦးဆုံး အရှင်အာနန္ဒာမထေရ်နဲ့ ပတ်သတ်ပြီး ပြောရမယ်ဆိုရင် -

လွန်ခဲ့တဲ့ ကမ္ဘာတစ်သိန်းအထက်က ပဒုမုတ္တရမြတ်စွာဘုရားရှင်လက်ထက်မှာ မြတ်စွာဘုရားရဲ့ အဖေတူ အမေကွဲ ညီတော်ရင်း တော်စပ်ခဲ့တယ် ။ အဲ့ဒီ့ မြတ်စွာဘုရားလက်ထက်မှာပဲ ဝါတွင်းသုံးလပတ်လုံး ဘုရားရှင်ကို ဆွမ်းလှူဒါန်းလိုကြောင်းဘုရင်ဆီမှာ လျောက်တယ် ။ နောက်တော့ ဘုရားရှင်ဆီသွားတော့ ဘုရားရှင်ကို အလုပ်အကျွေးပြုနေတဲ့ သုမနထေရ်ကို အားကျပြီး ဗျာဒိတ်ခံယူတယ် ။ မြတ်စွာဘုရားလဲ ဗျာဒိတ်ပေးတယ် ။ အခု ကျွန်တော်တို့ ဂေါတမမြတ်စွာဘုရားရှင်လက်ထက်ရောက်တော့ ဘုရားရှင်နဲ့ တစ်နေ့ထဲ မွေးဖွားတဲ့ ဖွားဘက်တော် ညီတော်ဖြစ်တယ် ။ အဲ့ဒီ့နောက် ရဟန်းဘောင်ထဲဝင်ပြီး မန္တာဏီပုဏ္ဍေးမ၏သား အရှင်ပုဏ္ဍ ထံကနေ တရားနာကာ သောတပန် တည်ပါတယ် ။ အဲ့လိုနဲ့ မြတ်စွာဘုရားရှင်ကို အလုပ်အကျွေးပြုပြီး နေလာခဲ့ကာ ဘုရားရှင် ပိရိနိဗ္ဗာန်စံတော်မူပြီးနောက် သံင်္ဂါယနာတင်ပွဲ မရောက်မီ တစ်ရက်အလိုမှာ ခဏကျိန်းစက်ဖို့ ကိုယ်ကို ညွှန့်ကိုင်းစဉ် -သွား - ရပ် - ထိုင် - လျောက် ဆိုတဲ့ ဣရိယာပုတ်လေးပါးကိုလွတ်ကာ ရဟန္တာဖြစ်သွားပါတယ် ။ ဘုရားရှင်လက်ထက်မှာ ဧတဒဂ်ငါးတန် ပန်ဆင်ရတဲ့ တစ်ဦးတည်းသော မထေရ်မြတ်ဖြစ်ပါတယ် ။ ဒါက အရှင်အာနန္ဒာမထေရ်ရဲ့ အကြောင်းပါ ။ နောက်ထက် ညီတော် မင်းနန်ထေရ်ရဲ့ အကြောင်းကတော့ -

ပဒုမုတ္တရမြတ်စွာဘုရားရှင်လက်ထက်မှာ အမျိုးကောင်းသား တစ်ဦး ဖြစ်ခဲ့ပါတယ် ။ မြတ်စွာဘုရားကို ဆည်းကပ်ရင်း ဣနြေ္ဒစောင့်ထိန်းတဲ့ ဧတဒဂ်ဂုဏ်ဆောင် ရဟန်းတစ်ပါးကို တွေ့ပြီး အားကျကာ ထိုရဟန်းလို ဖြစ်လိုကြောင်း ဆုတောင်းခဲ့တယ် ။ ကျွန်တော်တို့ ဂေါတမမြတ်စွာဘုရားရှင်လက်ထက်ကိုရောက်တော့ မိထွေးတော် ဂေါတမီရဲ့ ဝမ်းထဲကပဲမွေးတဲ့ ဘုရားရဲ့ ညီတော် ဖြစ်လာတယ် ။ တစ်နေ့ နန်းတော်မှာ ညီတော်မင်းနန်အတွက် မင်္ဂလာငါးမျိုး ကျင်းပနေစဉ် မြတ်စွာဘုရားက သပိတ်ပေးပြီး ခေါ်လာခဲ့တယ် ။ ဇနပဒကလျာဏီမင်းသမီးက မြန်မြန်ပြန်ခဲ့ဖို့ပြောတော့ အဲ့အပေါ် စိတ်ထွေနေတာကြောင့် မြတ်စွာဘုရားက ဟိမဝန္တာတောထဲကိုခေါ်သွားပြီး သစ်ငုတ်တိုပေါ်မှာထိုင်နေတဲ့ မျောက်အိုမကိုပြတယ် ။ ဇနပဒလျာဏီ နဲ့ အဲ့မျောက် ဘယ်ဟာလှလဲလို့ဆိုတော့ မင်းသမီးက လှကြောင်းလျှောက်တယ် ။ နောက်တော့ မြတ်စွာဘုရားက သူ့ကို တာဝတိံသာ နတ်ပြည်ကို ခေါ်သွားပြီး နတ်သမီးတွေကို ပြတယ် ။ ဘယ်သူလှလဲဆိုတော့ ဇနပဒလျာဏီက ဟို မျောက်အိုမအလားတောင် ထင်မှတ်ရအောင် နတ်သမီးတွေကလှကြောင်း ပြောတယ် ။ အဲ့တော့ ဘုရားရှင်က ဒါဆို သာသနာထဲဝင်ပြီး ကျင့်ကြံပါ ။ ဒီနတ်ပြည်ကို ရောက်ရလိမ့်မယ်လို့ပြောတော့ သာသနာထဲဝင်ဖြစ်ကော ။

အဲ့လို ဝင်လာတော့ ပုထုဇဉ်ရဟန်းတွေက ကဲ့ရဲ့တယ် ။ နတ်သမီးကို လိုချင်လို့ သာသနာထဲဝင်လာတာဆိုတော့ အဲ့ဒဏ်ကို မခံနိုင်တော့ပဲ မြတ်စွာဘုရားရှင်ဆီမှာ တရားတောင်းတယ် ။ မြတ်စွာဘုရားက အရညကင်ဓုတင်ဆောက်တည်ပြီး အားထုတ်ဖို့ တရားဟောတော့ အဲ့တရားကို ကြိုးစားအားထုတ်တဲ့အခါ မကြာမီ ရဟန္တာဖြစ်သွားပါတယ် ။ ဘုရားရှင်လက်ထက်မှာ ညီတော်မင်းနန်ထေရ်ဟာ ဣနြေ္ဒကိုစောင့်ဆည်းခြင်း ဧတဒဂ်ရ မထေရ်မြတ်ဖြစ်ပါတယ် ။

ကဲ . . . ဒီနှစ်ပါးမတူတာ ရှင်းကြပြီလားခင်ဗျာ !

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...