Skip to main content

Posts

Showing posts from December, 2016

ဘဝဲ တွေက သဘောင်္တွေကိုတောင် မြိုနိုင်လောက်တယ်လား !

ဘဝဲ တွေက သဘောင်္တွေကိုတောင် မြိုနိုင်လောက်တယ်လား ! ------ ဒါကတော့ !  မိတ်ဆွေ ရုပ်ရှင်တွေကြည့်တာ များသွားတာဖြစ်မယ်ထင်ပါတယ် ။ ဘဝဲနဲ့ ပတ်သတ်လို့ နည်းနည်းပြောရရင် ဘဝဲမှာ မျက်လုံး နှစ်လုံးပါပြီး ကြီးမားတဲ့ ဦးခေါင်းတစ်ခုရှိပါတယ် ။ အဲ့ဒီ့ခေါင်းနဲ့ ဆက်ပြီး ရှည်လျားတဲ့ လက်တံပေါင်း ရှစ်ခု ရှိတယ် ။ အဲ့လက်တံတွေရဲ့အောက်ဘက်မှာတော့ စုပ်ခွက်တွေနဲ့ ပြည့်နေမှာဖြစ်ပါတယ် ။ တစ်ချို့ ဘဝဲတွေရဲ့ လက်တံက ၁၀ ပေနဲ့ ၁၂ ပေအထိပဲ ရှည်လျားတာ ဖြစ်ပါတယ် ။ ( တစ်ချို့တွေက ဒီအနေအထားကို ကြည့်ပြီး မမှန်းဆနိုင်တဲ့ ပင်လယ်ရေနက်ပိုင်းမှာ အင်မတန် ကြီးမားတဲ့ အကောင်တွေရှိနိုင်မယ်လို့ ယူဆကြပါတယ်) ဒါပေမယ့် အခုအချိန်ထိ ထွက်ပေါ်မလာသေးပါဘူး ။ ဒါက ပုံပြင်တစ်ခုပါပဲ ။ သူက အရောင်ပြောင်းနိုင်တယ် ။ တစ်ကောင်နဲ့တစ်ကောင် တိုက်ခိုက်ကြတဲ့အခါ အရောင်တွေကို အမျိုးမျိုး ပြောင်းလဲပစ်ကြတယ် ။ ရန်သူနဲ့ နီးလာပြီဆိုရင် အနက်ရောင် မှင်ရည်တွေကို မှုတ်ထုတ်ပြီး ရေကို နောက်ကျိအောင် လုပ်ပစ်လိုက်ကြတာဖြစ်ပါတယ် ။ အဲ့လို နောက်ကျိလာရင်တော့ သူတို့တွေဟာ အန္တရာယ်အတွင်းကနေ ရှောင်တိမ်းနိုင်စွမ်း ရှိသွားကြမှာဖြစ်တယ် ။ ဒါဆို အင်မတန် ကြီးမားတဲ့ ဘဝဲတွေ မရှိဘူးလားလို့...

ကရင် နှစ်သစ်ကူး ဖြစ်ပေါ်လာပုံ

ကရင် နှစ်သစ်ကူး ဖြစ်ပေါ်လာပုံ ! ----- ဗမာပြည်ထဲကို ဝင်ရောက်လာတဲ့ ကရင်(ကမ်းယံ) များမှာ နှစ်ဖွဲ့ရှိပါတယ် ။ ပထမအသုတ် ကရင်များက ဗမာပြည် ရောက်တဲ့အခါ လယ်ယာ စိုက်ပျိုးကြတယ် ။  နှစ်အတော်ကြာတော့ မှန်မှန်လေး စိုက်ပျိုးနိုင်လာတယ်။ အခြေနေလည်း ကောင်းမွန်လာတဲ့အခါ  ကောက်ဦး စားပွဲကို ကျင်းပကြတယ် ။ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယ အကြိမ် ဆိုပြီး အဲ့လိုအရေအတွက် ရေတွက်ရာကနေ ကောက်ဦးစားပွဲ သက္ကရာဇ် ပေါ်လာတယ် ။ ဒုတိယအသုတ် ကလည်း ထိုနည်းလည်းကောင်းပဲ  လယ်ယာစိုက်ပျိုးတယ် ။ ကောက်ဦးစားပွဲကျင်းပပြီး သက္ကရာဇ်ပေါ်လာတယ်။ ပထမအသုတ်က  ရှေ့ကဖြစ်ပြီး ပင်လယ်နဲ့နီးတဲ့ အရပ်တိုင်အောင် ချီတက်သွားကြတယ်။ ဒုတိယအသုတ်က နောက်မှဖြစ်ပြီး ပင်လယ်နှင့် အနည်းငယ်လှမ်းတဲ့ နေရာများမှာ နေထိုင်ကြတယ် ။ အဲ့ဒီ့ခေတ်က ကူးလူးဆက်ဆံ သွားလာရေး မလွယ်ကူတဲ့အချိန် ဖြစ်တာကြောင့် သက္ကရာဇ်တွေက  မတူဘူး နှစ်မျိုးဖြစ်နေတယ် ။  ပဲခူးနယ် တောင်ပိုင်းက  ကရင်လယ်သမားကြီးများက ပြာသိုလဆန်း ၁ ရက် နေ့မှာ ကောက်ဦးစားပွဲပြုလုပ်ကြတယ် ။  ပဲခူး တောင်ပိုင်းသက္ကရာဇ်က ရွှေကျင်ကပါလာသော သက္ကရာဇ်ထက် နှစ် (၃၁၀) ကြီးတယ်လို့ ပြောသံကြားဖူးပါတယ် ။ ...

မံမီ ရုပ်အလောင်းဆိုတာ ဘာလဲ ?

မံမီ ရုပ်အလောင်းဆိုတာ ဘာလဲ ? ---- လူသေအလောင်းကို မပုပ်သိုးအောင် ကြာရှည်ခံအောင် ဆေး စီရင်ထားပြီး တစ်ခါတစ်ရံ မီတာ ရာပေါင်းများစွာ ရှည်လျားတဲ့ ပတ်တီးတွေနဲ့ စည်းနှောင်ထားတဲ့ ရှေးခေတ် အီဂျစ်ပြည်က ရုပ်အလောင်းတွေကို မံမီ လို့ ခေါ်တာ ဖြစ်ပါတယ် ။ မံမီဆိုတာ ရှားပါး အီရန် စကား မမ်မီးယား က ဆင်းသက်လာတာဖြစ်ပြီး ကတ္တရာစေးလို့ အဓိပ္ပါယ် ရတာဖြစ်ပါတယ် ။ ရုပ်အလောင်းကို ဆေးစိမ်တဲ့ အချိန်ကာလ ကြာမြင့်လာတဲ့အခါကျတော့ ရုပ်အလောင်းက မည်းလာတယ် ။ ယခင်က ရုပ်အလောင်းတွေကို ကတ္တရာစေးနဲ့ စိမ်ထားတာလို့ သုတေသီတွေက မှားယွန်းလက်ခံခဲ့ဖူးပါတယ် ။ #htoohtoolay

ခရစ္စမတ် လက်ဆောင်

သူငယ်ချင်းများအတွက် ခရစ္စမတ် လက်ဆောင် ! ------ Christmas ကနေ မှ X'mas အဖြစ်ကို အတိုကောက် ဖြစ်လာပုံ အကြောင်းလေး နည်းနည်း လေ့လာကြည့်ပါမယ် ။  လက်ဆောင်ပစ္စည်းတွေ ပေးတာပဲဖြစ်ဖြစ်၊ သကြားလုံးတွေ လိုက်ဝေရာမှာပဲ ဖြစ်ဖြစ် လူတိုင်း ခရစ္စမတ်စ် အစဉ်အလာကို မြတ်နိုးကြပေမယ့် ဒီရိုးရာ အစဉ်အလာတွေ ဘယ်လို၊ ဘယ်က လာလဲဆိုတာ လူအနည်းအကျဉ်းလောက် သာ သိကြပါတယ်။  ဒီခရစ္စမတ်စ် အစဉ်အလာများရဲ့ အံ့သြပျော်ရွှင်ဖွယ်ရာနဲ့ မူလဇစ်မြစ်ကို လေ့လာကြည့်ကြရအောင်။ ဘာကြောင့် Xmas လို့ အတိုကောက် ခေါ်သလဲ။ ဒါက ခရစ္စမတ် ကြိုဆိုနှုတ်ဆက်တဲ့ ကဒ်ပြားတွေမှာ နေရာအလုံလောက်မရှိတဲ့အခါ ကျွန်ုပ်တို့ သုံးကြတဲ့ အတိုကောက် ပုံစံတစ်ခု ဖြစ်ပါတယ်။  ဒါပေမယ့် X ဆိုတဲ့ အက္ခရာစာလုံးက Christmas ဆိုတဲ့ဝေါဟာရမှာ Christ ကို အစားထိုးတဲ့ အရာတစ်ခုဖြစ်ကြောင်း လူအနည်းငယ်သာ သိရှိကြပါတယ်။ လက်စသတ်တော့ ဂရိစလုံး 'chi' ကို 'x' လို့ ရေးထားတာဖြစ်ပြီး ဂရိဘာသာစကားမှာ Christ ဝေါဟာရရဲ့ ပထမဆုံး အက္ခရာစာလုံး ဖြစ်ကြောင်း သိရပါတယ်။ ခရစ္စမတ် သစ်ပင်ဘာကြောင့်လုပ်လဲဆိုရင် သစ်ပင်ဆိုတာ ဘ၀ရှင်သန်မှုရဲ့ သင်္ကေတဖြစ်တယ်။ လူတွေဟာ ကမ္ဘာဦး ကာလကစပြီးသစ်ပင်တွေကို ကိုးကွယ...

တရုတ်မှာ ဗုဒ္ဓဓါတ်တော်များ တွေ့ရှိ !

တရုတ်မှာ ဗုဒ္ဓဓါတ်တော်များ ထည့်သွင်းထားတဲ့ ရွှေသေတ္တာ တွေ့ရှိတယ်လို့ ဆိုပါတယ် ! ------ တရုတ်နိုင်ငံမှာ တူးဖေါ်ရရှိခဲ့တဲ့ ရှေးဟောင်း ရွှေသေတ္တာထဲက အရိုးစုဟာ ဗုဒ္ဓဓါတ်တော် အမွေတော်များဖြစ်တယ်လို့ ဒီလို ဆိုပါတယ် ။ ၂၀၁၀ ပြည့်နှစ်က တရုတ်နိုင်ငံ နန်းကျင်းမြို့မှာရှိတဲ့ ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခုမှာ တူးဖေါ်မှုများ ပြုလုပ်တဲ့အခါ ရှေးဟောင်း သုတေသနပညာရှင်များက သက်တမ်း နှစ်ပေါင်း ၁၀၀၀ ရှိတဲ့ ရှေးဟောင်း ရွှေသေတ္တာကြီးကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ။ အဲ့ဒီ့ သေတ္တာထဲမှာရှိတဲ့ အရိုးများထဲမှာ ဗုဒ္ဓဓါတ်တော်များလဲ ပါဝင်တယ်လို့ ဆိုပါတယ် ။ ဘာကြောင့်လဲဆိုတော့ အဲ့သေတ္တာမှာ ဒီဘုရားကျောင်းတော်ကို တည်ထောင်တဲ့သူအမည်တွေ ဓါတ်တော်ရှင်တွေရဲ့ အမည်တွေကို ရေးထိုးထားပြီး အဲ့အမည်တွေထဲကမှ ဦးခေါင်းခွံတစ်ခုဟာ ဗုဒ္ဓဓါတ်တော်ဖြစ်ကြောင်း ဒီလို ရည်ညွှန်းထားပါတယ် ။ အဲ့ဒီ့ ရွှေသေတ္တာကို ဘုရားကျောင်းရဲ့ အောက်ဘက်မှာရှိတဲ့ မြေအောက်ခန်းထဲက ကျောက်သေတ္တာတစ်ခုကို ဖွင့်လိုက်တဲ့အခါ ဒီရွှေသေတ္တာလေးကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဒီလိုဆိုပါတယ် ။ အဲ့ဒီ့သေတ္တာက လေးပေရှည်ပြီး တစ်ပေခွဲ အကျယ်ရှိကာ စန္ဒကူးသားနဲ့ ပြုလုပ်ထားပါတယ် ။ ရွှေ ငွေ ကျောက်မျက်ရတနာများနဲ့ ထ...

အသက်ရှုဖို့ ဘာကြောင့် မရှိမဖြစ် လိုအပ်တာလဲ ?

အသက်ရှုဖို့ ဘာကြောင့် မရှိမဖြစ် လိုအပ်တာလဲ ? ---- လူဖြစ်စေ တိရိစ္ဆာန်ဖြစ်စေ သက်ရှိအရာအားလုံး အသက်ဆက်လက်ရှင်သန်ဖို့အတွက် အသက်ရှုခြင်းဟာ မရှိမဖြစ် လိုအပ်ပါတယ် ။ ရိုးရိုးသာမန်အကြောင်းရင်းကတော့ အသက်ရှုခြင်းအားဖြင့် ကျွန်တော်တို့ဟာ လေကို  ရှုသွင်းတယ် အဲ့ဒီ့လေက ကျွန်တော်တို့အတွက် အောက်စီဂျင်ကို ပေးတယ် ။ အောက်စီဂျင်ဟာ သက်ရှိအားလုံး အသက်ရှင်ဖို့အတွက် အလွန်ပဓာနကျပြီး မရှိမဖြစ် လိုအပ်ပါတယ် ။ အသက်ရှုတဲ့အခါ ကျွန်တော်တို့က လေကို ရှူသွင်းတယ် ။ ရှူထုတ်တယ် ။ လေကို ရှူထုတ်လိုက်တဲ့အခါ ကာဗွန်ဒိုင်အောက်စိုက်ဓါတ်တွေကို ထွက်သွားစေတယ် ။ အသက်ရှူတယ်ဆိုတာ သဘာဝ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပြီး အသက်ရှူခြင်းကို အပြင်နဲ့ အတွင်းဆိုပြီး နှစ်ပိုင်း ခွဲခြားထားပါတယ် ။ အတွင်းဘက် အသက်ရှူခြင်းမှာတော့ အဆုတ်က ပေးပို့တဲ့အောက်စီဂျင်ကို သွေးနီဥလေးတွေက ခန္ဓာကိုယ်ရဲ့ အသား မျှင်တွေဆီကို သယ်ယူပို့ဆောင်ပေးတာဖြစ်တယ် ။ လူတစ်ယောက်ဟာ နားနားနေနေ နေခိုက်မှာဆိုရင် ခန့်မှန်းခြေအားဖြင့် တစ်မိနစ်မှာ ၁၅ ကြိမ်လောက် အသက်ရှူဖို့ လိုအပ်ပါတယ် ။ ပြေးတာ လွှားတာလို ပြင်းပြင်းထန်ထန် လှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့ လေ လိုအပ်ချက်က ပိုမို ...

တိရိစ္ဆာန်တွေဟာ ကျွန်တော်တို့ရဲ့ အသုံးချခံတွေမဟုတ်ပါဘူး !

တိရိစ္ဆာန်တွေဟာ ကျွန်တော်တို့ရဲ့ အသုံးချခံတွေမဟုတ်ပါဘူး ! ----- လောကကြီးမှာ ကျွန်တော်တို့လူသားတွေက အလွန်ကို တစ်ကိုယ်ကောင်းဆန်ကြတဲ့ မျိုးစိတ်တစ်ခုဖြစ်ပါတယ် ။ ဆဲလ်ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ မျိုးစိတ်တွေထဲကမှ အနိုင်ရခဲ့သူတွေလဲဖြစ်တယ် ။ တစ်ချိန်က ကမ္ဘာပေါ်မှာ အာဏာလုပွဲကြီးတစ်ရပ် ပြင်းပြင်းထန်ထန်ပေါ်ပေါက်ခဲ့ဖူးပါတယ် ။ ဒီ အာဏာလုပွဲကြီးဟာ အင်မတန် အချိန်ကာလအားဖြင့် ကြာညောင်းခဲ့ပြီး မျိုးစိတ်တွေဟာ အဲ့ဒီ့ ဒဏ်တွေအပေါ်လိုက်ကာ ဆင့်ကဲတိုးတက်မှုတွေဖြစ်ပေါ်လာခဲ့ဖူးပါတယ် ။ ကျွန်တော်တို့ အာဏာရှင်လူသားတွေကတော့ ကိုယ်မှတစ်ပါး အခြားသော မျိုးစိတ်တွေအပေါ် ရက်စက်မှုတွေကို လွှမ်းမိုးစေခဲ့တယ် ။ အဲ့ဒီ့ကမှ အကြောက်တရားတွေကို ဆထက်ထမ်းပိုး လျှင်လျှင်မြန်မြန် တိုးတက်လာစေခဲ့ပြီးကာမှ ကျွန်တော်တို့ လူသားမျိုးစိတ်တွေအပေါ် အခြားသော မျိုးစိတ်တွေက ရှောင်ခွါထွက်ပြေးလာခဲ့ကြပါတော့တယ် ။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံအရ အရာရာတိုင်းအပေါ် လွှမ်းမိုးချယ်လှယ်နိုင်ခွင့်ကို ပိုင်ဆိုင်မှုဟာ ထိုသတ္တဝါတွေအပေါ် အန္တရာယ် ကျရောက်စေခဲ့တာပါပဲ ။ တစ်ချိန်က မျိုးစိတ်များ အာဏာလုပွဲကြီးမှာ ကျွန်တော်တို့ အပျက်အသတ် နိုင်ခွင့် မရခဲ့ပါက ကျွန်တော်တို့...

အမြန်ဆုံး ပြေးနိုင်တဲ့ ကုန်းနေသတ္တဝါဆိုတာ ဘာကောင်လဲ ?

အမြန်ဆုံး ပြေးနိုင်တဲ့ ကုန်းနေသတ္တဝါဆိုတာ ဘာကောင်လဲ ? ---- ကမ္ဘာ့အမြန်ဆုံး ပြေးနိုင်တဲ့ ကုန်းနေသတ္တဝါဟာ တောလိုက် ကျားသစ်ဖြစ်ပါတယ် ။ သူဟာ တစ်နာရီမှာ ကီလိုမီတာ တစ်ရာအထိ ပြေးနိုင်တယ် ။ ဒါပေမယ့် ဒီ စံချိန်အတိုင်း အကြာချည်းတော့ မပြေးနိုင်ပါဘူး ။ ကြောင်(မျိုးနွယ်စု) တွေဟာ အဝေးကြီး မပြေးနိုင်ကြဘူး ။ သူတို့တွေဟာ သူတို့ရဲ့ သားကောင်တွေကို ချောင်းမြောင်းပြီး အမဲလိုက်ကြပါတယ် ။ သူတို့ဟာ သားကောင်နဲ့ တက်နိုင်သမျှ အနီးဆုံးကို ချည်းကပ်ရတယ် ။ ပြီးတော့မှ နောက်ဆုံးကျန်တဲ့ မီတာ အနည်းငယ်ကို တစ်ဟုန်ထိုး ပြေးပြီး ဖမ်းကြတာဖြစ်ပါတယ် ။ ကြောင်မျိုးနွယ်စုတွေဟာ သစ်ပင် စတဲ့ အရာတွေ မရှိဘဲ ကွင်းပြင်မှာ အမဲလိုက်ရတဲ့အခါ သူတို့ရဲ့ သားကောင်အနားကို အရမ်းကြီး ချည်းကပ်လို့မရကြပါဘူး ။ ဒါကြောင့် နောက်ဆုံး တစ်ဟုန်ထိုး ပြေးရတဲ့ အပြေးဟာ အလွန်ကို လျင်မြန်ကြတာ ဖြစ်ပါတယ်ခင်ဗျာ ။ #htoohtoolay

တစ်ရက်ကို ခြောက်စုံနီးပါးထိ ရှားပါးသက်ရှိမျိုးစိတ်များ ပျောက်ကွယ်နေတဲ့ ကမ္ဘာကြီး !

တစ်ရက်ကို ခြောက်စုံနီးပါးထိ ရှားပါးသက်ရှိမျိုးစိတ်များ ပျောက်ကွယ်နေတဲ့ ကမ္ဘာကြီး ! ------ ကမ္ဘာပေါ်မှာ သက်ရှိမျိုးပေါင်း များစွာရှိပေမယ့်လဲ အကြောင်း အမျိုးမျိုးကြောင့် မျိုးသုဉ်းပျောက်ကွယ်နေတာကို သုတေသနပြုမှု စာတမ်းများမှာ တွေ့ရှိရပါတယ် ။ မြန်မာအပါအဝင် ကမ္ဘာမှာ ရှားပါးတဲ့ သက်ရှိမျိုးစိတ်ပေါင်းတွေဟာ တစ်ရက်ကို ခြောက်ခုနီးပါးမျှကို လျင်လျင်မြန်မြန်ကြီး မျိုးသုဉ်းပျောက်ကွယ်နေတယ်လို့ ဆိုပါတယ် ။  ဒီလို ရှားပါးသက်ရှိများ မျိုးသုဉ်းပျောက်ကွယ်နေရခြင်းရဲ့ အကြောင်းအရင်းတွေက သူတို့ နေထိုင်ရာဒေသများ ပျက်ဆီး ပျောက်ကွယ်ခြင်း / ဓာတုပစ္စည်းများကြောင့် ပျောက်ကွယ်ရခြင်း / ခရမ်းလွန်ရောင်ခြည်ရရှိမှု တဖြေးဖြေး မြင့်တက်လာခြင်း / ရာသီဥတု ပြောင်းလဲလာခြင်း / အသားစား သတ္တဝါများ နေရာတစ်ခုမှ အခြားနေရာဒေသတစ်ခုကို သွင်းယူခြင်းနဲ့ မှိုရောဂါ စွဲကပ်ခြင်းတို့ကြောင့် မျိုးသုဉ်းပျောက်ကွယ်ရခြင်းဖြစ်တယ်လို့ သတ္တဗေဒဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဆိုကြပါတယ် ။ #htoohtoolay

အကယ်လို့ ကမ္ဘာ့ရေခဲပြင်တွေ အားလုံးအရည်ပျော်သွားရင် ဘာဖြစ်မှာလဲ ?

အကယ်လို့ ကမ္ဘာ့ရေခဲပြင်တွေ အားလုံးအရည်ပျော်သွားရင် ဘာဖြစ်မှာလဲ ? ----- တကယ်လို့ ကမ္ဘာ့ရေခဲပြင်တွေအားလုံး အရည်ပျော်သွားရင် အာတိတ်နဲ့ အန္တာတိတ် ဒေသတွေ / အချို့ တောင်တန်းတွေမှာ နေရာဒေသအသစ်တွေ ပေါ်ပေါက်လာပါလိမ့်မယ် ။ ဒါပေမယ့် ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာမှုကြောင့် ကမ္ဘာ့ဒေသ အများစုကတော့ ရေလွှမ်းမိုးခြင်းကို ခံရမှာဖြစ်ပါတယ် ။ အရင်အတိတ်တုန်းကလည်း ရေခဲပြင်တွေကြောင့် ပင်လယ်ရေမျက်နှာပြင် အပြောင်းအလဲ ဖြစ်ခဲ့ပြီးပြီ ။ ဒါကြောင့် အနာဂတ်မှာလဲ အပြောင်းအလဲ ဖြစ်နိုင်ချေ ရှိနေပါတယ်လို့ သုတေသီတို့က ဆိုကြပါတယ် ။ အကယ်လို့ ကမ္ဘာ့ရေခဲပြင်တွေသာ အရည်ပျော်သွားခဲ့မယ်ဆိုရင်တော့ ပင်လယ်ရေ မျက်နှာပြင်ဟာ အနည်းဆုံး ၆၅ မီတာလောက် မြင့်တက်လာမှာဖြစ်ပြီး ဒိန်းမတ် တိုင်းပြည်ဟာ ရေအောက်ကို ရောက်ရမှာဖြစ်ပါတယ် ။ ဒါ့အတူပဲ လန်ဒန် ဒပ်ဗလင် ပဲရစ် ရောမ ဟဲလ်စင်ကီ စတဲ့ မြို့တော်ကြီးတွေ အမြောက်အများလည်း ရေအောက်မှာ စံမြန်းရမှာ ဖြစ်ပါတယ်ခင်ဗျာ ။ အဲ့ဒီ့ အခါမှာတော့ ရေအောက်မြို့တော်သစ်များ ပေါ်ပေါက်လာမှာဖြစ်ပါတယ် ။ #htoohtoolay

အနံ့ကို ဘယ်လိုရလဲ ?

အနံ့ကို ဘယ်လိုရသလဲ ? ---- နှာခေါင်းဟာ အနံ့နဲ့ပတ်သတ်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း ဖြစ်တယ် ။ နှာခေါင်း မှာ ချွဲကျိတဲ့ အရည်ထွက်တဲ့ အမြှေးပါးလေးတွေ ဖွဲ့စည်း တည်ရှိပါတယ် ။ အနံ့အာရုံကို အလွယ်တကူ ခံစားနိုင်တဲ့ နှိုးဆွ ဆေ့ဆော်မှုကို လက်ခံတဲ့ (သို့မဟုတ်) ပေးပို့တဲ့ နဗ်ကြော (အာရုံကြော) တွေလည်း ပါဝင်တယ် ။ သူတို့ကို နဗ်ကြောမျှင်တွေနဲ့ ဝိုင်းရံထားပါတယ် ။ အဲ့ဒီ့ နဗ်ကြောမျှင်တွေက ချွဲဂလင်းတွေကြောင့် အမြဲတမ်း စိုထိုင်းနေတယ် ။  နှာခေါင်းပေါက်ထဲမှာ နုနယ်တဲ့ အမွှေးအမျှင်လေးတွေ ရှိတယ် ။ အဲ့ဒီ့ အမွှေးအမျှင်လေးတွေက ဆဲလ်တွေကနေ ထိုးထွက်လာတာ ဖြစ်ပါတယ် ။ နှာခေါင်းထဲမှာရှိတဲ့ ချွဲတွေက အနံ့ရှိတဲ့ ဓါတု ပစ္စည်းတွေကို အဲ့ဒီ့ အမျှင်လေးတွေရဲ့ ဝန်းကျင်ပတ်လည်မှာ စွဲရောက်ကပ်ငြိစေတယ် ။ ပုံမှန် အသက်ရှုနေတဲ့ အခါမှာတော့ ရှုသွင်းလိုက်တဲ့ လေက အဲ့ဒီ့အမျှင်လေးတွေကို မထိပါဘူး ။ အနံ့ရပြီဆိုရင်တော့ အတွင်းမှာရှိတဲ့ အာရုံခံ နဗ်ကြောတွေက  လျှပ်စစ် လှုပ်ဆော်မှုလှိုင်းတွေကို ဦးနှောက်အတွင်းမှာရှိတဲ့ အနံ့သိ ဗဟိုဌာနသို့ သယ်ဆောင်သွားပါတော့တယ် ။ အဲ့ဒီ့အကြောင်းကြောင့် သင်ဟာ အနံ့တွေ ကို ခွဲခြား သိရှိနိုင်တာ ဖြစ်ပါတယ် ။ #htoohtoolay

အရသာကို ဘယ်လိုသိလဲ ?

အရသာကို ဘယ်လို သိလဲ ? ---- လျှာဟာ ကျွန်တော်တို့ရဲ့ ပါးစပ်အတွင်းမှာ ရှိတဲ့ ကြွက်သားနဲ့ ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ် ။ အဲ့ဒီ့လျှာကို စကားပြောဖို့နဲ့ အရသာ အမျိုးအစား အမျိုးမျိုးကို သိရှိခံစားဖို့အတွက် အသုံး ပြုပါတယ် ။ ခန့်မှန်းခြေအားဖြင့် အရသာခံနိုင်တဲ့ အင်္ဂါစုလေးတွေ သုံးထောင်လောက် ရှိတယ် ။ သူတို့တွေဟာ လျှာရဲ့ အစွန်အဖျား အနားတွေနဲ့ လျှာရဲ့ နောက်ဘက်မှာ ရှိတယ် ။ အခြေခံအရသာ လေးမျိုး ရှိပါတယ် ။ အချို အငန် အချဉ်နဲ့ အခါးတို့ဖြစ်တယ် ။ အရသာခံ အင်္ဂါစုလေး တစ်ခုစီဟာ အခြေခံအရသာ လေးမျိုးအနက် တစ်ခုကိုသာ သိရှိနိုင်ကြတယ်လို့ ဒီလို ဆိုပါတယ် ။ #htoohtoolay

မျှော့

မျှော့ ---- မျှော့များရဲ့ ခန္ဓာကိုယ်ဟာ ပြားချပ်ပြီး အရစ်များ ပါရှိပါတယ် ။ မျှော့ရဲ့ အလျားမှာ ၀.၇၅ လက်မ ကနေ ၈ လက်မအထိ ရှည်တယ် ။ ခန္ဓာကိုယ်ကို ဆန့်ထုတ်တာ / ကျုံ့ယူတာများကို ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ် ။ အရောင်က အနက်ရောင် အနီရောင်နဲ့ နီညိုရောင်တို့ရှိပြီး ကိုယ်ပေါ်မှာ အစက်အပျောက်များ ရှိနေပါတယ် ။ မျှော့များမှာ အလင်းရောင် ခံစားနိုင်တဲ့ eyes ခေါ် ဆဲလ်များ ရှိတယ် ။ သူတို့က ထိတွေ့မှု / အပူ အအေးနဲ့ ခြောက်သွေးမှုများကို ခံယူနိုင်စွမ်းရှိပါတယ် ။ မျှော့များ၌ ဖိုမ မျိုးပွား အင်္ဂါ နှစ်မျိုးစလုံး ပါတယ်လို့ ဒီလိုဆိုပါတယ် ။ မျှော့များကို မြေဆီလွှာများထဲ / စမ်းချောင်း ရေအိုင် နဲ့ ပင်လယ်တို့ရဲ့ ရေအောက်ပိုင်းတွေမှာ တွေ့ရှိရတက်တယ် ။ မျှော့ဟာ မျိုးပေါင်း ဟီရုဒင်နီယာ ဖြစ်ပြီး မျိုးပေါင်းစု အန်နီလီဒါ ဖြစ်တယ် ။ မျှော့ကို သွေးစုတ်ကောင်လို့လဲ ခေါ်ကြပါတယ် ။ စုတ်ခွက်ဖြစ်တဲ့ ပါးစပ်ရှိတယ် ။ အဲ့ဒီ့ ပါးစပ်ထဲမှာ သေးငယ်တဲ့ သွားလေးတွေ ပါရှိကြပါတယ် ။ အချို့မျှော့တွေက ကပ်ပါးအဖြစ် နေကြပြီး အခြား သတ္တဝါတို့ရဲ့ သွေးကို စုတ်ယူကြတယ် ။ မျှော့မှာ ဟီရုဒင်လို့ခေါ်တဲ့ ဓာတု အရည်တစ်မျိုးကို ထုတ်ကာ အလွယ်တကူ သွေးစုတ်နိုင်အောင် ဆောင်ရွက်ကြပ...

အင်းဆက်ပိုးမွှားဆိုတာ ဘာလဲ ?

အင်းဆက်ပိုးမွှားဆိုတာ ဘာလဲ ? ----- အင်းဆက်တွေဟာ ခြေထောက် ခြောက်ချောင်းရှိပြီး မာကျောတဲ့ ခန္ဓာကိုယ်ရှိတဲ့ ပိုးကောင်တွေကို ခေါ်တာဖြစ်ပါတယ် ။ သူတို့ရဲ့ ခန္ဓာကိုယ်ကို သုံးပိုင်း ပိုင်းထားတယ် ။ ခေါင်းပိုင်း ရင်အုံပိုင်းနဲ့ ဝမ်းဗိုက်ပိုင်း တို့ဖြစ်ပါတယ် ။ ဒါ့အပြင် ရင်အုံပိုင်းမှာ ခြေထောက် သုံးစုံရှိတယ် ။ ပြီးတော့ တောင်ပံတစ်စုံ (ဒါမှမဟုတ်) နှစ်စုံလည်း ရှိကြတယ် ။ အင်းဆက် ပိုးမွှားတွေကို ပင်လယ်ပြင်ကလွှဲရင် ကျန် သဘာဝ ပတ်ဝန်းကျင်အားလုံး လိုလိုမှာ  တွေ့ရှိရမှာဖြစ်ပါတယ် ။ အချို့ ရှေးကျတဲ့ တောင်ပံမဲ့ စပရင်းတေးနဲ့ ဘရစ်စတယ်တေး တွေဟာလည်း အင်းဆက်ပိုးထဲမှာ ပါဝင်ပါတယ် ။ အတောင်ပံရှိတဲ့ အင်းဆက်တွေထဲမှာ ပုဇဉ်းတွေ နှံကောင်တွေ ပုရွတ်ဆိတ်တွေ ပိတုန်းတွေနဲ့ နကျယ်ကောင်တွေလဲ အပါအဝင်ဖြစ်ပါတယ် ။ #htoohtoolay