ဘဝဲ တွေက သဘောင်္တွေကိုတောင် မြိုနိုင်လောက်တယ်လား !
------
ဒါကတော့ !
မိတ်ဆွေ ရုပ်ရှင်တွေကြည့်တာ များသွားတာဖြစ်မယ်ထင်ပါတယ် ။ ဘဝဲနဲ့ ပတ်သတ်လို့ နည်းနည်းပြောရရင် ဘဝဲမှာ မျက်လုံး နှစ်လုံးပါပြီး ကြီးမားတဲ့ ဦးခေါင်းတစ်ခုရှိပါတယ် ။ အဲ့ဒီ့ခေါင်းနဲ့ ဆက်ပြီး ရှည်လျားတဲ့ လက်တံပေါင်း ရှစ်ခု ရှိတယ် ။ အဲ့လက်တံတွေရဲ့အောက်ဘက်မှာတော့ စုပ်ခွက်တွေနဲ့ ပြည့်နေမှာဖြစ်ပါတယ် ။ တစ်ချို့ ဘဝဲတွေရဲ့ လက်တံက ၁၀ ပေနဲ့ ၁၂ ပေအထိပဲ ရှည်လျားတာ ဖြစ်ပါတယ် ။ ( တစ်ချို့တွေက ဒီအနေအထားကို ကြည့်ပြီး မမှန်းဆနိုင်တဲ့ ပင်လယ်ရေနက်ပိုင်းမှာ အင်မတန် ကြီးမားတဲ့ အကောင်တွေရှိနိုင်မယ်လို့ ယူဆကြပါတယ်) ဒါပေမယ့် အခုအချိန်ထိ ထွက်ပေါ်မလာသေးပါဘူး ။ ဒါက ပုံပြင်တစ်ခုပါပဲ ။
သူက အရောင်ပြောင်းနိုင်တယ် ။ တစ်ကောင်နဲ့တစ်ကောင် တိုက်ခိုက်ကြတဲ့အခါ အရောင်တွေကို အမျိုးမျိုး ပြောင်းလဲပစ်ကြတယ် ။ ရန်သူနဲ့ နီးလာပြီဆိုရင် အနက်ရောင် မှင်ရည်တွေကို မှုတ်ထုတ်ပြီး ရေကို နောက်ကျိအောင် လုပ်ပစ်လိုက်ကြတာဖြစ်ပါတယ် ။ အဲ့လို နောက်ကျိလာရင်တော့ သူတို့တွေဟာ အန္တရာယ်အတွင်းကနေ ရှောင်တိမ်းနိုင်စွမ်း ရှိသွားကြမှာဖြစ်တယ် ။
ဒါဆို အင်မတန် ကြီးမားတဲ့ ဘဝဲတွေ မရှိဘူးလားလို့ မေးစရာရှိလာပါတယ် ။ အဲ့လိုလဲမဟုတ်ပါဘူး ။ ဘဝဲထဲကတော့ အခုအချိန်ထိ မတွေ့ရှိနိုင်သေးပေမယ့် ဘဝဲရဲ့ မျိုးကွဲလို့ ပြောရနိုင်တဲ့ စကွပ် ( Squids ) တွေ ရှိတယ် ။ သူတို့က ကျွန်တော်တို့ စားသုံးနေကြတဲ့ ပြည်ကြီးငါးတွေပါပဲ ။ အဲ့ဒီ့ စကွပ်တွေဟာ ရေအောက်က မြေကြီးတွေ သဲတွေနဲ့ ကျောက်ဆောင်တွေမှာ တစ်ခါတစ်လေ နေထိုင်ကြပြီး များသောအားဖြစ်တော့ ပင်လယ်ပြင်အနှံ့ သွားလားလှုပ်ရှားနေတက်ကြပါတယ် ။ အဲ့ဒီ့ ကြီးမားတဲ့ စကွပ်တွေက အလျား ပေ ၅၀ ကျော်တဲ့အထိ ရှိနေတက်ကြပြီး( ဒီ့ထက်လဲ ပိုနိုင်ပါတယ် ) ဝေလ ငါးကြီးတွေရဲ့ စားသုံးမှုကို ပြန်လည်ခုခံကာကွယ်နိုင်ကြပါတယ် ။ အဲ့ဒီ့ စကွပ်ကို လူတွေက ဘဝဲလို့ ပြောနေကြတာ ဖြစ်နိုင်ပါတယ် ။
#htoohtoolay

Comments
Post a Comment