ကရင် နှစ်သစ်ကူး ဖြစ်ပေါ်လာပုံ !
-----
ဗမာပြည်ထဲကို ဝင်ရောက်လာတဲ့ ကရင်(ကမ်းယံ) များမှာ နှစ်ဖွဲ့ရှိပါတယ် ။
ပထမအသုတ် ကရင်များက ဗမာပြည် ရောက်တဲ့အခါ လယ်ယာ စိုက်ပျိုးကြတယ် ။ နှစ်အတော်ကြာတော့ မှန်မှန်လေး စိုက်ပျိုးနိုင်လာတယ်။ အခြေနေလည်း ကောင်းမွန်လာတဲ့အခါ ကောက်ဦး စားပွဲကို ကျင်းပကြတယ် ။ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယ အကြိမ် ဆိုပြီး အဲ့လိုအရေအတွက် ရေတွက်ရာကနေ ကောက်ဦးစားပွဲ သက္ကရာဇ် ပေါ်လာတယ် ။
ဒုတိယအသုတ် ကလည်း ထိုနည်းလည်းကောင်းပဲ လယ်ယာစိုက်ပျိုးတယ် ။ ကောက်ဦးစားပွဲကျင်းပပြီး သက္ကရာဇ်ပေါ်လာတယ်။ ပထမအသုတ်က ရှေ့ကဖြစ်ပြီး ပင်လယ်နဲ့နီးတဲ့ အရပ်တိုင်အောင် ချီတက်သွားကြတယ်။ ဒုတိယအသုတ်က နောက်မှဖြစ်ပြီး ပင်လယ်နှင့် အနည်းငယ်လှမ်းတဲ့ နေရာများမှာ နေထိုင်ကြတယ် ။ အဲ့ဒီ့ခေတ်က ကူးလူးဆက်ဆံ သွားလာရေး မလွယ်ကူတဲ့အချိန် ဖြစ်တာကြောင့် သက္ကရာဇ်တွေက မတူဘူး နှစ်မျိုးဖြစ်နေတယ် ။
ပဲခူးနယ် တောင်ပိုင်းက ကရင်လယ်သမားကြီးများက ပြာသိုလဆန်း ၁ ရက် နေ့မှာ ကောက်ဦးစားပွဲပြုလုပ်ကြတယ် ။
ပဲခူး တောင်ပိုင်းသက္ကရာဇ်က ရွှေကျင်ကပါလာသော သက္ကရာဇ်ထက် နှစ် (၃၁၀) ကြီးတယ်လို့ ပြောသံကြားဖူးပါတယ် ။ ၁၉၃၇ ခု ကရင်ပြည်ကြီး ပြဿနာ ပေါ်ပေါက် လာတဲ့အခါ ဘကြီးများရဲ့ သက္ကရာဇ်မှာ (၂၇၉၉)ခုဖြစ်နေတယ်လို့ဆိုတယ် ။ ရွှေကျင်သက္ကရာဇ် က (၃၁၀) နှစ်ငယ်နေတယ် ။
သက္ကရာဇ်အတွက် ကရင်အမတ် (၁၂)ယောက် စည်းဝေးပွဲလုပ်ရာမှာ ဘယ်လိုလုပ်ကြလဲဆိုတော့ ခရစ်တော်လွန်ပြီး နောက် အနှစ် (၂၀၀) အတွင်း ခရစ်တော်မွေးနေ့ မေလ၊ ဧပြီလ၊ ဇန်န၀ါရီလ ဆိုပြီး ကွဲပြားနေတယ် ။ အေဒီ (၃၀) လောက် မှာ ဒီဇင်ဘာလ (၂၅)ရက်အတွင်း ကျင်းပတယ် ။ အများသဘောတူညီချက်အရ ဒီဇင်ဘာလ (၂၅)ရက်နေ့ မဖြစ်နိုင်ကြောင်း အကြောင်းပြပြီး အကြီးအကဲများ သဘောတူဆုံးဖြတ်ကာအားလုံး ရိုသေလေးစားစွာ လိုက်နာကြပြီး ပွဲကိုကျင်းပကြတယ် ။ အဲ့ဒီ့ ခရစ္စမတ် ကမ္ဘာ့သာဓကကိုယူပြီးမှ တောင်ပိုင်းကရင် သက္ကရာဇ်နဲ့ မြောက်ပိုင်းကရင်သက္ကရာဇ်ကို ဖြေရှင်းကြတယ်လို့ ဆိုပါတယ် ။
တောင်ပိုင်း သက္ကရာဇ်က ဘီစီ(၇၃၉)မတိုင်မီ ကစပြီး ကရင် သက္ကရာဇ်ကို ရေတွက်ဖို့ စဉ်းစားတယ် ။ ကရင်အမတ်တဦးက ဒို့သက္ကရာဇ်ကို ပြင်နိုင်သလားလို့ ဆိုတာကြောင့် အမတ် (၁၂)ဦးလည်း ကရင်လူမျိုးများကို ကိုယ်စားပြုသူများဖြစ်တာကြောင့် ဒီသက္ကရာဇ်(၂)ခုကို ကြားချနိုင်တယ်လို့ တညီတညွတ်တည်း ယူဆကာ အားလုံး (Veto) ဗီတို အာဏာသုံးမှုကြောင့် အခုကရင်သက္ကရာဇ်ကို ဘီစီ (၇၃၉)မှစပြီး ရေတွက်ကြတာဖြစ်ကြောင်း တွေ့ရှိရပါတယ် ။
#htoohtoolay

Comments
Post a Comment