Skip to main content

တရုတ်မှာ ဗုဒ္ဓဓါတ်တော်များ တွေ့ရှိ !

တရုတ်မှာ ဗုဒ္ဓဓါတ်တော်များ ထည့်သွင်းထားတဲ့ ရွှေသေတ္တာ တွေ့ရှိတယ်လို့ ဆိုပါတယ် !
------


တရုတ်နိုင်ငံမှာ တူးဖေါ်ရရှိခဲ့တဲ့ ရှေးဟောင်း ရွှေသေတ္တာထဲက အရိုးစုဟာ ဗုဒ္ဓဓါတ်တော် အမွေတော်များဖြစ်တယ်လို့ ဒီလို ဆိုပါတယ် ။

၂၀၁၀ ပြည့်နှစ်က တရုတ်နိုင်ငံ နန်းကျင်းမြို့မှာရှိတဲ့ ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခုမှာ တူးဖေါ်မှုများ ပြုလုပ်တဲ့အခါ ရှေးဟောင်း သုတေသနပညာရှင်များက သက်တမ်း နှစ်ပေါင်း ၁၀၀၀ ရှိတဲ့ ရှေးဟောင်း ရွှေသေတ္တာကြီးကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ။ အဲ့ဒီ့ သေတ္တာထဲမှာရှိတဲ့ အရိုးများထဲမှာ ဗုဒ္ဓဓါတ်တော်များလဲ ပါဝင်တယ်လို့ ဆိုပါတယ် ။ ဘာကြောင့်လဲဆိုတော့ အဲ့သေတ္တာမှာ ဒီဘုရားကျောင်းတော်ကို တည်ထောင်တဲ့သူအမည်တွေ ဓါတ်တော်ရှင်တွေရဲ့ အမည်တွေကို ရေးထိုးထားပြီး အဲ့အမည်တွေထဲကမှ ဦးခေါင်းခွံတစ်ခုဟာ ဗုဒ္ဓဓါတ်တော်ဖြစ်ကြောင်း ဒီလို ရည်ညွှန်းထားပါတယ် ။

အဲ့ဒီ့ ရွှေသေတ္တာကို ဘုရားကျောင်းရဲ့ အောက်ဘက်မှာရှိတဲ့ မြေအောက်ခန်းထဲက ကျောက်သေတ္တာတစ်ခုကို ဖွင့်လိုက်တဲ့အခါ ဒီရွှေသေတ္တာလေးကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဒီလိုဆိုပါတယ် ။ အဲ့ဒီ့သေတ္တာက လေးပေရှည်ပြီး တစ်ပေခွဲ အကျယ်ရှိကာ စန္ဒကူးသားနဲ့ ပြုလုပ်ထားပါတယ် ။ ရွှေ ငွေ ကျောက်မျက်ရတနာများနဲ့ ထည့်သွင်းလုပ်ဆောင်ထားတဲ့ သေတ္တာထဲမှာ အရိုးများကို တွေ့ရှိခဲ့တာဖြစ်တယ် ။

အဲ့အရိုးတွေကို ထည့်သွင်းထားပုံက ကျောက်သေတ္တာထဲမှာ ရွှေကြုတ် ရွှေသေတ္တာထဲမှာ ငွေသေတ္တာ ငွေသေတ္တာထဲမှာ ရွှေသေတ္တာနဲ့ အဆင့်ဆင့်ကို အဆင့်မြင့်မြင် အသေအခြာ ထည့်သွင်းထားတာဖြစ်ပါတယ် ။

ဗုဒ္ဓရဲ့ ဓါတ်တော်မွေတော်များဟာ အစုပေါင်း ထောင်နဲ့ချီ ကွဲပြားသွားပြီးတဲ့နောက် ၄င်းတို့ထဲမှ ၁၉ ရာစုမှာ တရုတ်နိုင်ငံကို ရောက်ရှိလာခဲ့တယ်လို့ ဒီလို တရုတ်မှာ အဆိုရှိပါတယ် ။ အခြား ရဟန္တာများရဲ့ ဓါတ်တော်များနဲ့အတူ တရုတ်ကို သယ်ဆောင်လာရာမှာ အချိန်ကြာမြင့်ခြင်း ( အဲ့ဒီ့အချိန်က ဆူပူမှုများကြောင့် ) ဓါတ်တော်များ ထားမည့်နေရာ ဖျက်ဆီးခံရခြင်းတို့ ဖြစ်ပေါ်ခဲ့ဖူးပါတယ် ။ ၁၁ ရာစုမှာ ဧကရာဇ် Zhenzong က ဓါတ်တော် မွေတော်များကို မြှပ်နှံပြီး ဘုရားကျောင်းကို ပြန်လည် ပြုပြင်တည်ဆောက်ခဲ့တယ်လို့ ဒီလိုလေ့လာ သိရှိရပါတယ်ခင်ဗျာ ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...