သူငယ်ချင်းများအတွက် ခရစ္စမတ် လက်ဆောင် !
------
Christmas ကနေ မှ X'mas အဖြစ်ကို အတိုကောက် ဖြစ်လာပုံ အကြောင်းလေး နည်းနည်း လေ့လာကြည့်ပါမယ် ။
လက်ဆောင်ပစ္စည်းတွေ ပေးတာပဲဖြစ်ဖြစ်၊ သကြားလုံးတွေ လိုက်ဝေရာမှာပဲ ဖြစ်ဖြစ် လူတိုင်း ခရစ္စမတ်စ် အစဉ်အလာကို မြတ်နိုးကြပေမယ့် ဒီရိုးရာ အစဉ်အလာတွေ ဘယ်လို၊ ဘယ်က လာလဲဆိုတာ လူအနည်းအကျဉ်းလောက် သာ သိကြပါတယ်။
ဒီခရစ္စမတ်စ် အစဉ်အလာများရဲ့ အံ့သြပျော်ရွှင်ဖွယ်ရာနဲ့ မူလဇစ်မြစ်ကို လေ့လာကြည့်ကြရအောင်။ ဘာကြောင့် Xmas လို့ အတိုကောက် ခေါ်သလဲ။ ဒါက ခရစ္စမတ် ကြိုဆိုနှုတ်ဆက်တဲ့ ကဒ်ပြားတွေမှာ နေရာအလုံလောက်မရှိတဲ့အခါ ကျွန်ုပ်တို့ သုံးကြတဲ့ အတိုကောက် ပုံစံတစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့် X ဆိုတဲ့ အက္ခရာစာလုံးက Christmas ဆိုတဲ့ဝေါဟာရမှာ Christ ကို အစားထိုးတဲ့ အရာတစ်ခုဖြစ်ကြောင်း လူအနည်းငယ်သာ သိရှိကြပါတယ်။ လက်စသတ်တော့ ဂရိစလုံး 'chi' ကို 'x' လို့ ရေးထားတာဖြစ်ပြီး ဂရိဘာသာစကားမှာ Christ ဝေါဟာရရဲ့ ပထမဆုံး အက္ခရာစာလုံး ဖြစ်ကြောင်း သိရပါတယ်။
ခရစ္စမတ် သစ်ပင်ဘာကြောင့်လုပ်လဲဆိုရင် သစ်ပင်ဆိုတာ ဘ၀ရှင်သန်မှုရဲ့ သင်္ကေတဖြစ်တယ်။ လူတွေဟာ ကမ္ဘာဦး ကာလကစပြီးသစ်ပင်တွေကို ကိုးကွယ်မှုတောင်ရှိခဲ့တယ်။
အမြဲစိမ်းလန်းနေတဲ့ သစ်ပင်တွေကိုလူတွေက ပိုပြီးမြတ်နိုးကြတယ်။ ခရစ္စမတ်သစ်ပင်ဆိုတာ ဘာသာရေးဆိုလိုရင်းထက်ဓလေ့ထုံးတမ်း
ဆိုင်ရာလုပ်ရိုးလုပ်စဉ်ဖြစ်တယ်။ခရစ္စမတ် သစ်ပင်ဓလေ့ ထုံးတမ်းဟာ ဂျာမနီပြည်က စတင်ခဲ့တာ ဖြစ်ပါတယ်။
ခရစ်တော်ကို ဂုဏ်ပြုတဲ့
အထိန်းအမှတ်အဖြစ် သစ်ပင်စိုက်ထူကြတာ ဖြစ်ပါတယ် ။ ဒိန်းမတ် နော်ဝေ စတဲ့ ကမ္ဘာ့မြောက်ပိုင်းက နိုင်ငံတွေမှာ ခရစ္စမတ်ရာသီရောက်ရင်
သစ်ပင်ငယ်လေးတွေကို အိမ်ထဲသွင်းပြီး မီးအလှဆင်ကြတယ်။
အင်္ဂလိပ် နေအိမ်တွေမှာ သစ်ပင်ငယ်တွေ ထည့်တဲ့ ဓလေ့ကို ဂျာမန်မင်းသား အဲလ်ဘတ်က ယူဆောင်လာတာဖြစ်ပါတယ်။
ဝိတိုရီယ ဘုရင်မကြီးနဲ့ ဂျာမန်မင်းသားလက်ထက်ပြီးတဲ့နောက် ဂျာမာန် ဓလေ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။
( သူငယ်ချင်းများအားလုံး ပျော်ရွှင်စရာ နေ့ရက်လေးဖြစ်ပါစေ )
#htoohtoolay

Comments
Post a Comment