အရသာကို ဘယ်လို သိလဲ ?
----
လျှာဟာ ကျွန်တော်တို့ရဲ့ ပါးစပ်အတွင်းမှာ ရှိတဲ့ ကြွက်သားနဲ့ ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ် ။ အဲ့ဒီ့လျှာကို စကားပြောဖို့နဲ့ အရသာ အမျိုးအစား အမျိုးမျိုးကို သိရှိခံစားဖို့အတွက် အသုံး ပြုပါတယ် ။ ခန့်မှန်းခြေအားဖြင့် အရသာခံနိုင်တဲ့ အင်္ဂါစုလေးတွေ သုံးထောင်လောက် ရှိတယ် ။ သူတို့တွေဟာ လျှာရဲ့ အစွန်အဖျား အနားတွေနဲ့ လျှာရဲ့ နောက်ဘက်မှာ ရှိတယ် ။ အခြေခံအရသာ လေးမျိုး ရှိပါတယ် ။ အချို အငန် အချဉ်နဲ့ အခါးတို့ဖြစ်တယ် ။ အရသာခံ အင်္ဂါစုလေး တစ်ခုစီဟာ အခြေခံအရသာ လေးမျိုးအနက် တစ်ခုကိုသာ သိရှိနိုင်ကြတယ်လို့ ဒီလို ဆိုပါတယ် ။
#htoohtoolay

Comments
Post a Comment