တစ်ရက်ကို ခြောက်စုံနီးပါးထိ ရှားပါးသက်ရှိမျိုးစိတ်များ ပျောက်ကွယ်နေတဲ့ ကမ္ဘာကြီး !
------
ကမ္ဘာပေါ်မှာ သက်ရှိမျိုးပေါင်း များစွာရှိပေမယ့်လဲ အကြောင်း အမျိုးမျိုးကြောင့် မျိုးသုဉ်းပျောက်ကွယ်နေတာကို သုတေသနပြုမှု စာတမ်းများမှာ တွေ့ရှိရပါတယ် ။ မြန်မာအပါအဝင် ကမ္ဘာမှာ ရှားပါးတဲ့ သက်ရှိမျိုးစိတ်ပေါင်းတွေဟာ တစ်ရက်ကို ခြောက်ခုနီးပါးမျှကို လျင်လျင်မြန်မြန်ကြီး မျိုးသုဉ်းပျောက်ကွယ်နေတယ်လို့ ဆိုပါတယ် ။
ဒီလို ရှားပါးသက်ရှိများ မျိုးသုဉ်းပျောက်ကွယ်နေရခြင်းရဲ့ အကြောင်းအရင်းတွေက သူတို့ နေထိုင်ရာဒေသများ ပျက်ဆီး ပျောက်ကွယ်ခြင်း / ဓာတုပစ္စည်းများကြောင့် ပျောက်ကွယ်ရခြင်း / ခရမ်းလွန်ရောင်ခြည်ရရှိမှု တဖြေးဖြေး မြင့်တက်လာခြင်း / ရာသီဥတု ပြောင်းလဲလာခြင်း / အသားစား သတ္တဝါများ နေရာတစ်ခုမှ အခြားနေရာဒေသတစ်ခုကို သွင်းယူခြင်းနဲ့ မှိုရောဂါ စွဲကပ်ခြင်းတို့ကြောင့် မျိုးသုဉ်းပျောက်ကွယ်ရခြင်းဖြစ်တယ်လို့ သတ္တဗေဒဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဆိုကြပါတယ် ။
#htoohtoolay

Comments
Post a Comment