မျှော့
----
မျှော့များရဲ့ ခန္ဓာကိုယ်ဟာ ပြားချပ်ပြီး အရစ်များ ပါရှိပါတယ် ။ မျှော့ရဲ့ အလျားမှာ ၀.၇၅ လက်မ ကနေ ၈ လက်မအထိ ရှည်တယ် ။ ခန္ဓာကိုယ်ကို ဆန့်ထုတ်တာ / ကျုံ့ယူတာများကို ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ် ။ အရောင်က အနက်ရောင် အနီရောင်နဲ့ နီညိုရောင်တို့ရှိပြီး ကိုယ်ပေါ်မှာ အစက်အပျောက်များ ရှိနေပါတယ် ။ မျှော့များမှာ အလင်းရောင် ခံစားနိုင်တဲ့ eyes ခေါ် ဆဲလ်များ ရှိတယ် ။ သူတို့က ထိတွေ့မှု / အပူ အအေးနဲ့ ခြောက်သွေးမှုများကို ခံယူနိုင်စွမ်းရှိပါတယ် ။ မျှော့များ၌ ဖိုမ မျိုးပွား အင်္ဂါ နှစ်မျိုးစလုံး ပါတယ်လို့ ဒီလိုဆိုပါတယ် ။
မျှော့များကို မြေဆီလွှာများထဲ / စမ်းချောင်း ရေအိုင် နဲ့ ပင်လယ်တို့ရဲ့ ရေအောက်ပိုင်းတွေမှာ တွေ့ရှိရတက်တယ် ။ မျှော့ဟာ မျိုးပေါင်း ဟီရုဒင်နီယာ ဖြစ်ပြီး မျိုးပေါင်းစု အန်နီလီဒါ ဖြစ်တယ် ။
မျှော့ကို သွေးစုတ်ကောင်လို့လဲ ခေါ်ကြပါတယ် ။ စုတ်ခွက်ဖြစ်တဲ့ ပါးစပ်ရှိတယ် ။ အဲ့ဒီ့ ပါးစပ်ထဲမှာ သေးငယ်တဲ့ သွားလေးတွေ ပါရှိကြပါတယ် ။ အချို့မျှော့တွေက ကပ်ပါးအဖြစ် နေကြပြီး အခြား သတ္တဝါတို့ရဲ့ သွေးကို စုတ်ယူကြတယ် ။ မျှော့မှာ ဟီရုဒင်လို့ခေါ်တဲ့ ဓာတု အရည်တစ်မျိုးကို ထုတ်ကာ အလွယ်တကူ သွေးစုတ်နိုင်အောင် ဆောင်ရွက်ကြပါတယ် ။
ဟီရုဒင်နီယာဟာ မျှော့မျိုးဖြစ်တယ် ။ ကိုယ်ထည် ပြားချပ်ပြီး အရစ် ၃၂ ခု ပါရှိပါတယ် ။ စုတ်ခွက်နှစ်ခု ပါရှိပြီး တွယ်ကပ်စုတ်ယူနိုင်တယ်။ ဥအိမ်ဖွဲ့လို့ဖြစ်စေ တိုက်ရိုက်အဖြစ် ဖြစ်စေ တိုးတက် ဖွံ့ဖြိုးနိုင်ကြပါတယ် ။
#htoohtoolay

Comments
Post a Comment