အမြန်ဆုံး ပြေးနိုင်တဲ့ ကုန်းနေသတ္တဝါဆိုတာ ဘာကောင်လဲ ?
----
ကမ္ဘာ့အမြန်ဆုံး ပြေးနိုင်တဲ့ ကုန်းနေသတ္တဝါဟာ တောလိုက် ကျားသစ်ဖြစ်ပါတယ် ။ သူဟာ တစ်နာရီမှာ ကီလိုမီတာ တစ်ရာအထိ ပြေးနိုင်တယ် ။ ဒါပေမယ့် ဒီ စံချိန်အတိုင်း အကြာချည်းတော့ မပြေးနိုင်ပါဘူး ။
ကြောင်(မျိုးနွယ်စု) တွေဟာ အဝေးကြီး မပြေးနိုင်ကြဘူး ။ သူတို့တွေဟာ သူတို့ရဲ့ သားကောင်တွေကို ချောင်းမြောင်းပြီး အမဲလိုက်ကြပါတယ် ။ သူတို့ဟာ သားကောင်နဲ့ တက်နိုင်သမျှ အနီးဆုံးကို ချည်းကပ်ရတယ် ။ ပြီးတော့မှ နောက်ဆုံးကျန်တဲ့ မီတာ အနည်းငယ်ကို တစ်ဟုန်ထိုး ပြေးပြီး ဖမ်းကြတာဖြစ်ပါတယ် ။
ကြောင်မျိုးနွယ်စုတွေဟာ သစ်ပင် စတဲ့ အရာတွေ မရှိဘဲ ကွင်းပြင်မှာ အမဲလိုက်ရတဲ့အခါ သူတို့ရဲ့ သားကောင်အနားကို အရမ်းကြီး ချည်းကပ်လို့မရကြပါဘူး ။ ဒါကြောင့် နောက်ဆုံး တစ်ဟုန်ထိုး ပြေးရတဲ့ အပြေးဟာ အလွန်ကို လျင်မြန်ကြတာ ဖြစ်ပါတယ်ခင်ဗျာ ။
#htoohtoolay

Comments
Post a Comment