အင်းဆက်ပိုးမွှားဆိုတာ ဘာလဲ ?
-----
အင်းဆက်တွေဟာ ခြေထောက် ခြောက်ချောင်းရှိပြီး မာကျောတဲ့ ခန္ဓာကိုယ်ရှိတဲ့ ပိုးကောင်တွေကို ခေါ်တာဖြစ်ပါတယ် ။ သူတို့ရဲ့ ခန္ဓာကိုယ်ကို သုံးပိုင်း ပိုင်းထားတယ် ။ ခေါင်းပိုင်း ရင်အုံပိုင်းနဲ့ ဝမ်းဗိုက်ပိုင်း တို့ဖြစ်ပါတယ် ။ ဒါ့အပြင် ရင်အုံပိုင်းမှာ ခြေထောက် သုံးစုံရှိတယ် ။ ပြီးတော့ တောင်ပံတစ်စုံ (ဒါမှမဟုတ်) နှစ်စုံလည်း ရှိကြတယ် ။ အင်းဆက် ပိုးမွှားတွေကို ပင်လယ်ပြင်ကလွှဲရင် ကျန် သဘာဝ ပတ်ဝန်းကျင်အားလုံး လိုလိုမှာ တွေ့ရှိရမှာဖြစ်ပါတယ် ။ အချို့ ရှေးကျတဲ့ တောင်ပံမဲ့ စပရင်းတေးနဲ့ ဘရစ်စတယ်တေး တွေဟာလည်း အင်းဆက်ပိုးထဲမှာ ပါဝင်ပါတယ် ။ အတောင်ပံရှိတဲ့ အင်းဆက်တွေထဲမှာ ပုဇဉ်းတွေ နှံကောင်တွေ ပုရွတ်ဆိတ်တွေ ပိတုန်းတွေနဲ့ နကျယ်ကောင်တွေလဲ အပါအဝင်ဖြစ်ပါတယ် ။
#htoohtoolay

Comments
Post a Comment