အနံ့ကို ဘယ်လိုရသလဲ ?
----
နှာခေါင်းဟာ အနံ့နဲ့ပတ်သတ်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း ဖြစ်တယ် ။ နှာခေါင်း မှာ ချွဲကျိတဲ့ အရည်ထွက်တဲ့ အမြှေးပါးလေးတွေ ဖွဲ့စည်း တည်ရှိပါတယ် ။ အနံ့အာရုံကို အလွယ်တကူ ခံစားနိုင်တဲ့ နှိုးဆွ ဆေ့ဆော်မှုကို လက်ခံတဲ့ (သို့မဟုတ်) ပေးပို့တဲ့ နဗ်ကြော (အာရုံကြော) တွေလည်း ပါဝင်တယ် ။ သူတို့ကို နဗ်ကြောမျှင်တွေနဲ့ ဝိုင်းရံထားပါတယ် ။ အဲ့ဒီ့ နဗ်ကြောမျှင်တွေက ချွဲဂလင်းတွေကြောင့် အမြဲတမ်း စိုထိုင်းနေတယ် ။
နှာခေါင်းပေါက်ထဲမှာ နုနယ်တဲ့ အမွှေးအမျှင်လေးတွေ ရှိတယ် ။ အဲ့ဒီ့ အမွှေးအမျှင်လေးတွေက ဆဲလ်တွေကနေ ထိုးထွက်လာတာ ဖြစ်ပါတယ် ။ နှာခေါင်းထဲမှာရှိတဲ့ ချွဲတွေက အနံ့ရှိတဲ့ ဓါတု ပစ္စည်းတွေကို အဲ့ဒီ့ အမျှင်လေးတွေရဲ့ ဝန်းကျင်ပတ်လည်မှာ စွဲရောက်ကပ်ငြိစေတယ် ။
ပုံမှန် အသက်ရှုနေတဲ့ အခါမှာတော့ ရှုသွင်းလိုက်တဲ့ လေက အဲ့ဒီ့အမျှင်လေးတွေကို မထိပါဘူး ။ အနံ့ရပြီဆိုရင်တော့ အတွင်းမှာရှိတဲ့ အာရုံခံ နဗ်ကြောတွေက လျှပ်စစ် လှုပ်ဆော်မှုလှိုင်းတွေကို ဦးနှောက်အတွင်းမှာရှိတဲ့ အနံ့သိ ဗဟိုဌာနသို့ သယ်ဆောင်သွားပါတော့တယ် ။ အဲ့ဒီ့အကြောင်းကြောင့် သင်ဟာ အနံ့တွေ ကို ခွဲခြား သိရှိနိုင်တာ ဖြစ်ပါတယ် ။
#htoohtoolay

Comments
Post a Comment