မံမီ ရုပ်အလောင်းဆိုတာ ဘာလဲ ?
----
လူသေအလောင်းကို မပုပ်သိုးအောင် ကြာရှည်ခံအောင် ဆေး စီရင်ထားပြီး တစ်ခါတစ်ရံ မီတာ ရာပေါင်းများစွာ ရှည်လျားတဲ့ ပတ်တီးတွေနဲ့ စည်းနှောင်ထားတဲ့ ရှေးခေတ် အီဂျစ်ပြည်က ရုပ်အလောင်းတွေကို မံမီ လို့ ခေါ်တာ ဖြစ်ပါတယ် ။
မံမီဆိုတာ ရှားပါး အီရန် စကား မမ်မီးယား က ဆင်းသက်လာတာဖြစ်ပြီး ကတ္တရာစေးလို့ အဓိပ္ပါယ် ရတာဖြစ်ပါတယ် ။
ရုပ်အလောင်းကို ဆေးစိမ်တဲ့ အချိန်ကာလ ကြာမြင့်လာတဲ့အခါကျတော့ ရုပ်အလောင်းက မည်းလာတယ် ။ ယခင်က ရုပ်အလောင်းတွေကို ကတ္တရာစေးနဲ့ စိမ်ထားတာလို့ သုတေသီတွေက မှားယွန်းလက်ခံခဲ့ဖူးပါတယ် ။
#htoohtoolay

Comments
Post a Comment