တိရိစ္ဆာန်တွေဟာ ကျွန်တော်တို့ရဲ့ အသုံးချခံတွေမဟုတ်ပါဘူး !
-----
လောကကြီးမှာ ကျွန်တော်တို့လူသားတွေက အလွန်ကို တစ်ကိုယ်ကောင်းဆန်ကြတဲ့ မျိုးစိတ်တစ်ခုဖြစ်ပါတယ် ။ ဆဲလ်ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ မျိုးစိတ်တွေထဲကမှ အနိုင်ရခဲ့သူတွေလဲဖြစ်တယ် ။ တစ်ချိန်က ကမ္ဘာပေါ်မှာ အာဏာလုပွဲကြီးတစ်ရပ် ပြင်းပြင်းထန်ထန်ပေါ်ပေါက်ခဲ့ဖူးပါတယ် ။ ဒီ အာဏာလုပွဲကြီးဟာ အင်မတန် အချိန်ကာလအားဖြင့် ကြာညောင်းခဲ့ပြီး မျိုးစိတ်တွေဟာ အဲ့ဒီ့ ဒဏ်တွေအပေါ်လိုက်ကာ ဆင့်ကဲတိုးတက်မှုတွေဖြစ်ပေါ်လာခဲ့ဖူးပါတယ် ။ ကျွန်တော်တို့ အာဏာရှင်လူသားတွေကတော့ ကိုယ်မှတစ်ပါး အခြားသော မျိုးစိတ်တွေအပေါ် ရက်စက်မှုတွေကို လွှမ်းမိုးစေခဲ့တယ် ။ အဲ့ဒီ့ကမှ အကြောက်တရားတွေကို ဆထက်ထမ်းပိုး လျှင်လျှင်မြန်မြန် တိုးတက်လာစေခဲ့ပြီးကာမှ ကျွန်တော်တို့ လူသားမျိုးစိတ်တွေအပေါ် အခြားသော မျိုးစိတ်တွေက ရှောင်ခွါထွက်ပြေးလာခဲ့ကြပါတော့တယ် ။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံအရ အရာရာတိုင်းအပေါ် လွှမ်းမိုးချယ်လှယ်နိုင်ခွင့်ကို ပိုင်ဆိုင်မှုဟာ ထိုသတ္တဝါတွေအပေါ် အန္တရာယ်
ကျရောက်စေခဲ့တာပါပဲ ။ တစ်ချိန်က မျိုးစိတ်များ အာဏာလုပွဲကြီးမှာ ကျွန်တော်တို့ အပျက်အသတ် နိုင်ခွင့် မရခဲ့ပါက ကျွန်တော်တို့လဲ သူတို့နေရာကို ရောက်ရမှာအမှန်ပဲဖြစ်ပါတယ် ။ အမှန်အားဖြင့် ကျွန်တော်တို့ဟာ ကမ္ဘာပေါ်က သတ္တဝါအားလုံးအပေါ် အကြမ်းထည်အနေနဲ့ လူ တိရိစ္ဆာန် အပင် ဆိုပြီး သုံးမျိုးကို ခွဲခြား သတ်မှတ်ခဲ့ကြတယ် ။ ဒါက ကြမ်းပါ ။ အသေးစိတ် ခွဲခြားတာလဲ ရှိနေသေးတာပေါ့ ။ အဲ့ဒီ့ကမှ တစ်ချို့က ဘုရားသခင်အပေါ်လိုက်ပြီး ဖန်ဆင်းရှင်က ဒီခန္ဓာတွေကို အမည်နဲ့တကွ ဖန်ဆင်းပေးခဲ့တယ်လို့ဆိုကာ တစ်ခြားသော မျိုးစိတ်တွေဟာ ထိုသူတို့ရဲ့ အသုံးချခံတွေအနေနဲ့ သတ်မှတ်ထားကြတယ် ။ ဒါဟာ မှားယွန်းမှုတစ်ခုပါ ။ အမှန်တော့ မျိုးစိတ်တွေကို ခွဲခြားပေးခဲ့တာက ဂရိ ယထာဘူတပညာရှင်ကြီး အရစ္စတိုတယ် ဖြစ်တယ် ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ကို ကျွန်တော်တို့ လူ ဟု သတ်မှတ်ထားကြပါသော်လည်း အခြားသော မျိုးစိတ်တွေ ( ခွေး ကြောင် ကြွက် ငါး အစရှိသလို ) မျိုးနွယ်စုတွေအတွက် တိရိစ္ဆာန်တွေသာဖြစ်တယ် ။ သူတို့ဟာ လူ့အခွင့်အရေးလို့ မအော်နိုင်ကြပေမယ့် သူတို့အခွင့်အရေးကို သူတို့ အပြည့်အဝ လိုချင်ကြပါလိမ့်မယ် ။ သူတို့ဟာ ကျွန်တော်တို့ရဲ့ အသုံးချခံတွေ မဟုတ်သလို ကျွန်တော်တို့ရဲ့ အစားအစာတွေလဲ မဖြစ်နိုင်ပါဘူး။ သူတို့ဟာ ကျွန်တော်တို့လိုပဲ ဆဲလ်ပေါင်း များစွာနဲ့ ဖွဲ့စည်းထားကြတဲ့ မျိုးစိတ်တွေသာဖြစ်တယ်ဆိုတာ သင် သိထားသင့်ပါတယ်မိတ်ဆွေ ။
#htoohtoolay

Comments
Post a Comment