Skip to main content

ကျေးဇူးဆိုတာ ဘောင်ထဲမှာပဲ ရှင်သန်ခွင့်ရှိတယ် !

ကျေးဇူးဆိုတာ ဘောင်ထဲမှာပဲ ရှင်သန်ခွင့် ရှိကြတယ် !
------
ပုံပြင်လေးတစ်ပုဒ်ပါ ။ တော်တော်တော့ စိတ်ဝင်စားစရာကောင်းတယ် ။ အကြောင်းအရာလေးက ဒီလို -

တစ်ခါက ပင်လယ်ပြင်ခရီးကို မြေးအဖိုး(အဘိုးတစ်ခု မြေးတစ်ခု (ဝါ) နှစ်ကောင်ကြွက်) နှစ်ယောက်ဟာ လှေတစ်စီးနဲ့ ခရီးထွက်ကြတယ် ။ လှေက အကြီးကြီးလဲ မဟုတ်သလို အသေးလေးလဲ မဟုတ်ပြန်ဘူး ။ သူတို့ နှစ်ယောက်အတွက် ရက်ရှည်ခရီးကို ကောင်းကောင်း ပို့ဆောင်နိုင်တဲ့ အနေအထားမျိုးပါပဲ ။ ဖြစ်ချင်တော့ သူတို့ သင်္ဘောဟာ ပင်လယ်ပြင်အလယ်မှာ လေမုန်တိုင်းမိကြတယ် ။ ထုံးစံအတိုင်း ရွက်တွေ သိမ်းမယ် ။ ပစ္စည်းတွေကို ခိုင်ခံ့အောင်ချည်နှောင်မယ် - စသည်ဖြင့် - အဲ့လို ကိစ္စအဝဝကို ခေါင်းချင်းဆိုင် မတိုင်ပင်ရပဲ မြေးကလဲ မြေးအလျောက် လုပ်တယ် ။ အဘိုးကလဲ အဘိုးအလျှောက် လုပ်တယ် ။ ဒီလိုနဲ့  မုန်တိုင်းလဲ စဲရော ပစ္စည်းတွေကို ပြန်စစ် - ဘာတွေ ဆုံးရှုံးလဲဆိုတာ ကြည့်ရှုရှာဖွေလေတော့ ပြဿနာတစ်ခုကို သွားတွေ့တယ် ။

အဲ့ဒါက သင်္ဘောကိုယ်ထည်ရဲ့ အောက်ဘက်ခြမ်းပိုင်းက သစ်တစ်ချပ်က ကျိုးသွားလေရဲ့ ။ အဲ့အခါမှ အဲ့ ပတ်ဝန်းကျင်က သစ်တွေကို သတိထားကြည့်မိတော့  ဆွေးနေပြီဖြစ်တဲ့ အခြေအနေတစ်ခုကို သွားတွေ့တော့တယ် ။   ဒီအတိုင်းဆို သင်္ဘောက ကမ်းမရောက်သေးပဲ ပင်လယ်ရေအောက်ကမ္ဘာမှာ စံမြန်းရကိန်းဖြစ်ပြီ ။

ဆိုတော့ကာ မြေးက အဖိုးကို မေးတယ် ။ ဘာလုပ်ကြမလဲတဲ့ ။ အဘိုးက အမေးမဆုံးခင် ငါတို့ မြန်မြန် ဖာရမယ်လို့ ပြောတယ် ။ အဲ့ဒါနဲ့ သစ်က လုံလုံလောက်လောက်မပါလာတော့ ကုန်းဘက်ခြမ်းက လျှောက်လမ်းတစ်ခုကို ဖျက်ဆီးပြီး ထွက်လာတဲ့ သစ်အပိုင်းအစတွေနဲ့ အပေါက်ကို ဖာကြတယ် ။ အခြေအနေက ထင်သလောက် မကောင်းဘူး ။ ဟိုဖာ ဒီပေါက်ပဲ ။ ဒီလိုနဲ့ ရွက်လွှင့်လာလိုက်တာ နေ့စဉ်မပျက် ဖာလိုက် ပေါက်လိုက်မို့ မြေးက အဘိုးကို ရယ်ရယ်မောမောနဲ့ ပြောလိုက်တာက အဘိုးသင်္ဘောက ဖာသင်္ဘောကြီး ဖြစ်နေပြီတဲ့ ။ အဘိုးကလဲ သဘောကျလွန်းလို့ အေး ဟုတ်တယ် ။ ငါ့သင်္ဘောက ဖာလိုက် ပေါက်လိုက်မို့ (ဖာလိုက်ရတဲ့) သင်္ဘောလို့တောင် အမည်ပေးရတော့မယ်လို့ဆိုလိုက်သတဲ့ ။

ဒီလိုနဲ့ သူတို့ဟာ ခက်ခက်ခဲခဲ အလုပ်များလှတဲ့ ခရီးကြမ်းကို ဖြတ်ကျော်လာနိုင်ခဲ့ပြီး ကမ်းကပ်နိုင်ခဲ့တယ် ။ ကမ်းရောက်တော့ သူတို့ အပေါင်းအသင်းတွေကို သူတို့ရဲ့ တွေ့ကြုံခဲ့ရတဲ့ သင်္ဘောအကြောင်း - မုန်တိုင်းအကြောင်းနဲ့ ဒီသင်္ဘောအမည်ကိုပါ ပေးလိုက်တဲ့အကြောင်းတွေ ပြောပြီး ရယ်မော်ပျော်ရွှင်စွာ နေထိုင်သတဲ့ ။

အဲ့လိုနဲ့ အချိန်ကြာလာတော့ သူ့သင်္ဘောဟာ ဖာသင်္ဘောဆိုတဲ့ ဘွဲ့အမည်ကို ရခဲ့ပါပြီ ။ အဘိုးလဲ သေသွားပြီ ။ မြေးကလဲ အိမ်ထောင်တွေကျပြီး ကလေးတွေလဲ ရပြီ ။ အဲ့ကလေးတွေကို သူ့အဖေက အဲ့အကြောင်းတွေကို ပြောပြတယ် ။ ဒီလို ပင်လယ်ပြင်မှာ ငါသာ သေသွားရင် မင်းတို့လဲ ဒီလူ့လောကကို ရောက်လာမှာတောင် မဟုတ်တော့ဘူးလို့ ဆိုသတဲ့ ။

အချိန်တစ်ခု ထက်ကြာသွားပြန်တယ် ။ သူ့သားသမီးတွေဟာလဲ အရွယ်တွေရောက်ပြီး အိမ်ထောင်တွေကျ ။ ကလေးတွေရ ။ အဲ့ဒီ့နောက်ပိုင်းမှာလဲ သင်္ဘောအကြောင်းကို အခါ အခွင့်သင့်တဲ့ အခါ ပြောတက်ကြတယ် ။

နောက်ထက် အချိန်ကြာသွားပြန်ရော ။ အဲ့ကလေးတွေလဲ အရွယ်တွေရောက်ပြီး အိမ်ထောင်တွေကျကြ ။ ကလေးတွေရပြီး နေကြတယ် ။ ဒါပေမယ့် အချိန်နဲ့အမျှ အဲ့သင်္ဘောအကြောင်းဟာ မှေးမှိန်သွားရပြီ ။ တစ်ချို့ မိသားစုဝင်တွေဆိုရင်တောင် မသိကြတော့ဘူးတဲ့ ။

အချိန်တွေက ကုန်မြန်လွန်းတယ် ။ ဆွေစဉ်မျိုးဆက်ခရီးက ရှည်လျားလာတော့ သင်္ဘောအကြောင်းဟာ ဒဏ္ဍာရီသဖွယ်ပဲ ဖြစ်နေတော့တယ် ။ အဲ့နောက်မှ  ဒီ ဖာသင်္ဘော အမည်တစ်ခုသာ သူတို့ နောက်ပိုင်းမိသားစုဝင်တွေက သိရှိကြတော့တယ်တဲ့ ။

ဒါပေမယ့် သူတို့က အဲ့ဖာသင်္ဘောကြီးကြောင့် ငါတို့ ဆွေစဉ်မျိုးဆက်ဆိုတာ ဖြစ်လာတာဆိုတဲ့ အဖြစ်ကို လက်မခံဘူးလို့ဆိုကြတယ် ။ ဖာအိမ်ဆိုတဲ့ အဓိပ္ပါယ်ဟာ သူတို့လက်ထက်မှာ sex house ဖြစ်နေပြီလေ ။ ဒါဆို Sex သင်္ဘောကြီးလို့ ခေါ်ရမလိုပေါ့ ။ နောက်ပိုင်းမှာ သူတို့မိသားစု ဆွေစဉ်မျိုးဆက်ဟာ ဒီ ဖာသင်္ဘောကြီးရဲ့ ကျေးဇူးဆိုတာ မရှိခဲ့တဲ့ အဖြစ်အပျက်ကြီးတစ်ခုပါလို့ အားလုံးသဘောတူညီစွာ  သတ်မှတ်လိုက်ကြပါတော့သတဲ့ ။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...