Skip to main content

မှော် နဲ့ ကဝေ !

ရှေးခေတ်လူများက မှော်ပညာတွေ / ကဝေပညာတွေနဲ့ ယစ်ပွဲတွေကို ဘယ်လိုယုံကြည်လာကြတာလဲ !
---
အဲ့ဒီ့ခေတ်က ဘယ်သစ်ပင် ကျောက်ခဲ တိရိစ္ဆာန်မဆို ဘယ်ကိစ္စကို မဆို မှော်နဲ့ စီရင်ရာမှာ ဆေးဖတ်ဝင်တယ်ဆိုတဲ့ သတ်မှတ်ချက်များ ရှိခဲ့ပါတယ် ။ မှော်ကို ယုံကြည်တာက အဲ့ဒီ့ပညာနဲ့ အနာရောဂါများကို ကုသနိုင်တယ် / မုန်းသူကို ချစ်စေနိုင်တယ် / ဥစ္စာပျောက်တာကို ပြန်ပြီး ရစေနိုင်တယ် / ရန်သူကို အမြဲနိုင်စေတယ်ဆိုတဲ့ အထူးအဆန်းတန်ခိုးများ ရှိတယ်လို့ ထင်မှတ်ထားတာကြောင့်ဖြစ်ပါတယ် ။ ဂါထာမန္တန်တို့ကို ပြုလုပ်ရာမှာလည်း အချိန်ကာလကို ရွေးတာတွေ အမူရာနဲ့ အဆောင်အယောင်ကို သတ်မှတ်ထားတဲ့အတိုင်း မလွဲအောင် လုပ်ရတာတွေ အဲ့ဒီလို များပြားလှတဲ့ အစဉ်အလာတွေ ရှိခဲ့တာကို တွေ့ရပါတယ် ။ အဲ့ဒီ့အစဉ်အလာတွေက ဘာကြောင့် ရှိလာတာလဲဆိုရင် တကယ်လို့ အစဉ်အလာ ကျိုးပေါက်မယ်ဆိုရင် လိုအပ်တဲ့ ကိစ္စတွေ မအောင်မြင်ဘူးလို့ အထင်ရှိတာကြောင့်ဖြစ်တယ် ။ ဒါကြောင့် ဒီအစဉ်အလာများကို အမှားအယွင်းမရှိအောင် လုပ်နိုင်သူက ဆေးဆရာ / မှော်ဆရာများ ဖြစ်လာရတာဖြစ်တယ် ။ မှော်ဆရာရဲ့ ဆေးအိတ်မှာလည်း လူသားများ တိရိစ္ဆာန် အဆီအသွေးများ ကျောက်ခဲများနဲ့ သစ်ဥသစ်ဖုများ ရှိတက်ကြပါတယ် ။

မှော်အတက်နဲ့ အနာရောဂါများကို ကုသနိုင်တယ်ဆိုပြီး ရှေးလူတွေက ယုံကြည်ကြတယ် ။ ဘာကြောင့်လည်းဆိုရင် ရောဂါမှန်သမျှဟာ ဆိုးဝါးတဲ့ နတ်များက ဖန်းစားကြတာလို့ ဒီလို ထင်မှတ်နေတာကြောင့်ပဲဖြစ်ပါတယ် ။

ရှေးလူများက မှော်ကို ယုံသလိုပဲ စုန်း ကဝေ စတဲ့ ပညာရပ်များကိုလည်း ယုံကြည်ကြပြန်တယ် ။ ရန်သူတစ်ယောက်ကို စုန်းပညာနဲ့ ပြုစားနိုင်တယ်ဆိုပြီး လုပ်လေ့ပြုစားလေ့ရှိတယ် ။

လူရိုင်းများဟာ မိုးခေါင်တဲ့အခါ မိုးရွာအောင် / ရာသီဥတုဆိုးရင် ရာသီဥတုကောင်းလာအောင် လုပ်တယ်ဆိုတဲ့ မှော်ပညာများလည်း ရှိပါသေးတယ် ။ ဒီကိစ္စကတော့ အတုယူပြီး ဟန်ဆောင်ခြင်းနဲ့ အစစ်အမှန်ဖြစ်လာလိမ့်မယ်လို့ ထင်မှတ်နေတာကြောင့်ပဲဖြစ်ပါတယ် ။ ဒါကြောင့် လူရိုင်းတွေဟာ မိုးခေါင်တဲ့အခါ မိုးရွာတဲ့ပုံစံမျိုးအတုခိုးကာ ကောင်းကင်ပေါ်ကို ရေတွေပတ်ဖြန်းပြီး မိုးရေထဲမှာ ခုန်ပေါက်ဆော့ကစားသလို ကခုန်လေ့ရှိတယ် ။

သဘာဝနဲ့ယှဉ်ပြီး စိတ်ကူးညာဏ်များ ထိုးဇာတ်လုပ်ယူခြင်းကနေ ပြဇာတ်များလည်း ပေါ်ပေါက်လာရပါတော့တယ် ။ ရှေးသူရဲကောင်းများရဲ့ ဝတ္ထုကြီးတွေ( စိတ်ကူးယဉ် ) စာပေနဲ့ အနုပညာတွေ ပေါ်ပေါက်လာခဲ့တယ် ။ ရှေးလူများရဲ့ ယဉ်ကျေးမှုမှာဆိုရင် မှော်အတက်နဲ့ ဆက်နွယ်တာတွေကို များစွာ ရှာဖွေတွေ့ရှိရပါတယ် ။ လူတွေက ဘယ်ကိစ္စကို ဘယ်အချိန်အခါတွေမှာ မလုပ်ရ / မကြည့်ရ / မကိုင်ရ စတာတွေဟာ မှော်ပညာတွေရဲ့ အဆက်အနွယ်တွေဖြစ်တယ် ။ ဒီလိုတားမြစ်ထားတာကို ကျူးလွန်မယ်ဆိုရင် ဘေးတွေ့တက်တယ်လို့ ဒီလို ယုံကြည်ထားကြပါတယ် ။ အဲ့ ဒါကတော့ အခုခေတ် အချိန်ထိပါပဲ ။

မှော်ပညာနဲ့တစ်ဆက်တည်း နတ်များကို ပူဇော်ပသကာ အနာဂတ်ကာလကို ကြိုပြီး ဟောနိုင်တယ်ဆိုတဲ့ အတက်ပညာတွေလည်း ပေါ်ပေါက်လာပြန်တယ် ။ နေ, လ တို့ကို ပူဇော်ပသခြင်းကနေ နက္ခတ်တာရာပညာတွေ ပေါ်လာခဲ့ပြန်ရော ။ နက္ခတ်တာရာနဲ့ယှဉ်ပြီး လူ့ကံကြမ္မာတွေကို ဖန်တီးဖေါ်ဆောင်တယ်ဆိုတဲ့ အယူတွေ ပေါ်ခဲ့ပြန်တယ် ။

အခုခေတ် လူရိုင်းများဟာ နတ်များကို ယုံကြည်ကြကြောင်း တွေ့ရပါတယ် ။ နတ်များရဲ့ ဖမ်းစားတာတွေ မ,စ တာတွေကို ယုံကြည်ကြပြန်တာကြောင့် ယဇ်ပွဲတွေ ပေါ်လာခဲ့ပြန်ပါတယ် ။ ဒါအပြင် လူတွေ တွေးတက်သမျှညာဏ်နဲ့ နတ်များရဲ့ အထူးအဆန်း အတ္ထုပ္ပတ္တိတွေ ကမ္ဘာမြေ ဖြစ်ပေါ်လာပုံတွေ ၄င်းတို့အမျိုးရဲ့ ဆင်းတက်လာပုံတွေကို စိတ်ကူးညာဏ်တွေ ကွန့်မြူးပြီး ပြောဆိုမှတ်သားကြတယ်လို့ ဒီလိုဆိုပါတယ်မိတ်ဆွေ။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...