ခြားနားသော မျဉ်း ! (တစ်မျက်နှာ ဝတ္ထုတို )
-----
ထိုညက ကျွန်ပ်သည် အလွန်နောက်ကျမှ အိပ်ယာ ဝင်ရောက်ခဲ့သည် ။ တော်တော်နှင့် ကျွန်ုပ် အိပ့်မပျော်ပေ ။ သို့သော်လည်း အိပ့်ပျော်ပြီး မကြာမြင့်မီ ကျွန်တော် အိမ်မက်တစ်ခု စတင်မက်တော့သည် ။
ကျွန်ုပ်အသိတွင် စတင်သတိပြုမိသည်က တစ်စုံတစ်ယောက်သည် ကျွန်ပ်၏ နေအိမ်အတွင်း သေဆုံးနေပြီဟု သတိပြုမိလိုက်ခြင်းပင်ဖြစ်သည် ။ ကျွန်ပ်ပတ်ဝန်းကျင်တွင် တိတ်ဆိတ်ငြိမ်သက်သော်လည်း ယင်း ငြိမ်သပ်မှုကို ထိုးဖေါက်ကာ လူအများ ငိုရှိုက်သံများကို ကျွန်ပ် ကြားနေရသည် ။
( ဘယ်သူ ဆုံးလို့များ ဒီလောက် ငိုရှိုက်နေရတာလည်း ) ငါတော့ ဆင်းကြည့်လိုက်အုန်းမှပဲဟု ကျွန်ပ်တွေးလိုက်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည် ။
အောက်ထပ်တွင်ကား သနားစရာ ငိုရှုက်သံများဖြစ် ဖုံးလွှမ်းနေလေသည် ။ သို့သော် ကြေကွဲစွာ ငိုရှိုက်သူတို့ကို မမြင်ရချေ ။ ကျွန်ပ်လည်း တစ်ခန်းပြီး တစ်ခန်း လျှောက်ကာ ကြည့်သော်လည်း ငိုသံများ ကြားရသည်မှလွှဲ၍ တစ်စုံတစ်ယောက်သော သက်ရှိကိုမှ မတွေ့ရပေ ။အခန်းတိုင်းတွင် မီးများ ထွန်းထားကြပြီး အခန်းတွင်းရှိ အရာအားလုံးသည် ကျွန်ပ်နှင့် ရင်းနှီးကျွမ်းဝင်လျက် ရှိနေကြသည် ။
သို့သော် အသည်းကွဲမတက် ငိုကြွေးနေကြသူများကို ကျွန်ပ် မတွေ့ရခြင်းက ကျွန်ပ်အတွက် ပဟေဠိ ဖြစ်နေခဲ့သည် ။
ဒါတွေဟာ ဘာတွေလဲ ။ ဘာဖြစ်နေတာလည်းဟု ကျွန်ပ် စဉ်းစားနေမိသည် ။ တစ်ချိန်တည်းမှာပင် ယင်းပဟေဠိအား အဖြေကို သိနိုင်ရန် တစ်ခန်းပြီး တစ်ခန်း လျောက်ကြည့်နေမိ၏ ။
ကျွန်ပ်အတွက် ယင်းဖြစ်ရပ်သည် ပဟေဠိဖြစ်သကဲ့သို့ ထိတ်လန့်တုန်လှုပ်မှုလည်း ဖြစ်လာခဲ့ရသည် ။ နောက်ဆုံးတွင် ပဟေဠိ များ စိုးထိတ်လန့်မှုများဖြင့် အရှေ့ဘက် ဆောင်သို့ ကျွန်ပ် ဝင်ရောက်လာခဲ့တော့သည် ။
ထိုအခန်းအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် အလွန်ခမ်းနား ကြီးကျယ်စွာ ပြင်ဆင်ထားသော အလောင်းစင် တစ်ခုရှေ့သို့ ရောက်ရှိသွားတော့သည် ။
အလောင်းစင်ပေါ်တွင်လည်း အလောင်းကောင်ကို အသုဘဆိုင်ရာ အဝတ်အစားများဖြင့် ရစ်ပတ်လျက် တွေ့မြင်နေရသည် ။ အလောင်းစင် ပတ်ပတ်လည်တွင် ကျွန်တော်၏ ဇနီး နှင့် သားကြီးတို့သည် မျက်နှာများ ငြိုးနွမ်းကာ မတ်တပ်ရပ်နေသည်ကို တွေ့ရ၏ ။ ယင်းတို့ အနီးအနားတွင်လည်း လူအုပ်ကြီး တစ်အုပ်ကို တွေ့မြင်နေရသည် ။
လူအုပ်ကြီးထဲမှအချို့သည် မျက်နှာကို ဖုံးအုပ်ထားသော အလောင်းကောင်အား ကြည့်ကာ ပလုံးပထွေးဖြင့် ပြောနေကြပြီး အချို့မှာ သနားစဖွယ်ပင် ငိုကြွေးနေကြသည် ။
( ဘာဖြစ်နေသလဲဟု စဉ်းစားလိုက်သည် ) ။ ထို့နောက် ဒီအိမ်မှာ ဘယ်သူသေတာလည်း ဟု အမျိုးသမီးတစ်ဦးကို လှမ်းမေးမြန်းလိုက်၏ ။ ထိုအမျိုးသမီးက (ကျွန်ပ်၏ ဇနီးကို ရည်ညွှန်းကာ သူ၏ ယောက်ျားဆုံးကြောင်း ပြောသည် ) ။
ထိုအချိန်တွင် လူအုပ်ထဲမှ စိတ်မကောင်းစဖွယ် ကျယ်လောင်သော ငိုညည်းသံ တစ်ခု ထွက်ပေါ်လာခဲ့သည် ။ ထိုငိုသံသည်ပင်ကျွန်ပ်အား အိမ်မက်မှ လန့်နိုးလာစေတော့၏ ။
ကျွန်ပ်လည်း အိမ်မပျော်တော့ပေ ။ ထိုအကြောင်းအရာများသည် အိမ်မက်တစ်ခုသာ ဖြစ်သော်လည်း ကျွန်ပ်အား ထူးခြားစွာပင် စတင် ဖြစ်သည်မှ တစ်ချိန်လုံး - စိတ်အနှောက်အယှက် ဖြစ်ပေါ်နေစေခဲ့သည် ။ ကျွန်ပ် ကုတင်ပေါ်မှဆင်းကာ ရေတစ်ခွက်သောက်ရန် အနောက်ဖေးသို့ ထွက်လာခဲ့၏ ။
ကျွန်ပ်၏ အိမ်သည် အလွန်မှ တိတ်ဆိတ်လွန်းလှနေသည် ။ ထို တိတ်ဆိတ်မှုများကြားမှ လှိုင်းဖိုသော ငိုညည်းသံက ပဲ့တင်ထက်နေသည် ။ မည်သူ ငိုနေသနည်းဟု တွေးမိ၏ ။ ထို့နောက် ကျွန်ပ် ငိုသံကို လိုက်ရှာမိတော့သည် ။ အခန်းတိုင်းကို လိုက်ဖွင့်သည် ။ ဘယ်က ငိုညည်းနေသနည်း ။
ကျွန်ပ်သည် စိုးရိမ်တကြီးဖြင့် အိမ်နောက်ဘက်သို့ ပြေးထွက်လိုက်၏ ။ ထိုအချိန်တွင် ကျွန်ပ်တွေ့ရသည်မှာ ကျွန်ပ်၏ အမျိုးသမီးသည် သားကြီးအား လှမ်းကြည့်နေ၏ ။ သားကြီးမှာ အရုပ်ကလေးများဖြင့် ဆော့မြူးနေသည် ။ အချိန်မှာ နေညိုချိန်ဖြစ်သည့်အလျောက် မကြာခင် မှောင်လာတော့မည်ကို ကျွန်ပ် သတိထားမိလိုက်သည် ။ ကျွန်ပ်သည် အိမ်ထဲဝင်ရန် ဇနီးအား လှမ်းခေါ်လိုက်၏ ။ သူ ကြားနိုင်လောက်အောင် အာရုံမရပေ ။ သူ ဆိုက်၍ ကြည့်နေသည်မှာ ကျွန်ပ်အမည်ရှိ ယပ်တောင်တစ်လပ် ကိုသာပင် . . .
#htoohtoolay
မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...
Comments
Post a Comment