zaygyi -
လြန္ခဲ႕ေသာ ႏွစ္ေပါင္း ၂၅၀၀ ေက်ာ္က ကုလသမၼဂၢအျဖင့္ ဦးေဆာင္ခဲ႔ေသာ အရွင္သခင္ !
------
ကြ်န္ပ္တို႕ သက္က်နိုင္ငံသည္ လက္နက္နိုင္ငံႀကီးမ်ားနားက နိုင္ငံငယ္တစ္ခုသာျဖစ္၏ ။ ကြ်န္ပ္တို႕ႏွင့္ အလ်ားတူ ပမာဏေသးငယ္၍ အုပ္ခ်ဳပ္ပံုခ်င္းလဲတူေသာ အျခားနိုင္ငံငယ္ကေလးကား ေကာလိယ ျဖစ္ေပသည္ ။ ကြ်န္ပ္တို႔ႏွင့္ ေရာဟိဏီ ျမစ္ကေလးသာ ျခားေပသည္ ။
ႏွစ္နိုင္ငံ၏ စီးပြားေရးမွာ စိုက္ပ်ိဳးေရးသာျဖစ္၍ မိုးဦးက်က က်ဲထားခဲ႕ေသာ ေကာက္ပင္ပ်ိဳးမ်ားအတြက္ ထိုျမစ္ငယ္ကေလးကို တမံဆည္ကာ အသက္ဆက္၍ ေပးခဲ႕ႀကရ၏ ။ ထိုႏွစ္ နယုန္လမွာေတာ့ မိုးဦး အလိုက္နည္း၍ ခါတိုင္းေလာက္ ျမစ္ေရ မလာေပ ။ တစ္ဖက္ကို ေရသြင္းလိုက္လွ်င္ တစ္ဖက္အဖို႕ ေလာက္ေလာက္ငင မရနိိင္ေတာ့ေသာ အေျခအေနျဖစ္လာ၏ ။ ေရအသြင္းရ ခက္ေနသျဖင့္ ေကာက္ပင္ကေလးမ်ား ညႈိးႏႊမ္း၍ လာႀကရ၏ ။ ဤတြင္ ေကာလိယဘက္မွ လယ္သမားမ်ားက စတင္၍ အေရးဆိုႀက၏ ။
" ေရာင္းရင္းတို႕ ! သည္ျမစ္ေရကို ႏွစ္ဖက္လံုးက ခြဲေဝယူႀကလွ်င္ သင္တို႕အတြက္လဲ မေလာက္င ။ ငါတို႔အတြက္လဲ မႏွံ႕မစြတ္ ။ ငါတို႕ဘက္က ေကာက္ပင္မ်ားမွာ ေရတစ္ခါသြင္းရံုျဖင့္ ေအာင္ျမင္ပါလိမ့္မည္ ။ ထို႕ေႀကာင့္ ေရကို ငါတို႕အတြက္ လံုးလံုးေပးႀကပါ "
ကိုယ့္ဘက္ ကိုယ္ယက္ေသာ အဆိုျဖင့္၍ ကပိလဝတ္လယ္သမားမ်ားက လက္မခံနိုင္ႀကပါ ။
" သင္တို႕က်ီေတြမွာ စပါး ဆန္ေတြ ျပည့္လွ်ံေနေသာအခါ ငါတို႕က သင္တို႕ဆီ မ်က္ႏွာငယ္ငယ္ျဖစ္ လာဝယ္မေနနိုင္ပါ ။ ငါတို႕ေကာက္ပင္မ်ားမွာလည္း ေရတစ္ခါေသာက္ရလွ်င္ ေအာင္ျမင္မည္သာျဖစ္၏ ။ ထို႕ေႀကာင့္ ဒီေရကို ငါတို႕ကို ေပးပါ "
" ငါတို႕ မေပးနိုင္ "
" ငါတို႕လဲ မေပးနိုင္ "
တစ္ဖက္ႏွစ္တစ္ဖက္ အႀကိတ္အႏွယ္ ျဖစ္လာႀကရာတြင္ စိတ္မထိန္းနိုင္သူတစ္ေယာက္က တစ္ဖက္လူကို ကိုယ္ထိလက္ေရာက္ ရုိက္လိုက္ေခ်ေတာ့၏ ။ ထိုမွ တစ္ေယာက္ႏွစ္တစ္ေယာက္ မီးဆက္သြားကာ စည္းေဝးပြဲသည္ ရိုက္ပြဲႀကီး ျဖစ္သြားရေပေတာ့သည္ ။
ရိုက္ပြဲသည္ လယ္သမားမ်ားမွာပင္ ျပီးဆံုး၍ မသြားပါေခ် ။ တစ္စ တစ္စ ရန္မီးပြားလာကာ ႏွစ္ဖက္ေသာ အမ်ိဳးအႏြယ္မ်ားကိုပါ ထိပါး၍ လာႀကေတာ့၏ ။
" သင္တို႕သည္ ကပိလဝတ္ျမိဳ႔သားမ်ားကို အားကိုး၍ ႀကံဳးဝါးႀကဘိ၏ ။ အိမ္ေခြး ေတာေခြးမ်ားကဲ႕သို႕ ကိုယ့္ႏွမကိုယ္ယူေနခဲ႕ႀကေသာ သူမ်ားကို ငါတို႔က အေရးလုပ္ရမည္ေလာ ။ သူတို႕၏ ဆင္ေတြ ျမင္းေတြ လက္နက္ေတြကေရာ ငါတို႕ကို ရန္မူနိုင္မည္ေလာ "
သက်အမ်ိဳးသားအဖို႕ အသည္းစပ္ ကြ်ဲခတ္သကဲ႕သို႕ နာက်ည္းေစေသာ စကားလံုးမ်ား ျဖစ္ပါ၏ ။ ထို႔အတူပင္ -
" သင္တို႕သည္ ကု႒နူနာသည္၏ သားမ်ားကို အားကိုးျပဳ၍ ရန္ေထာင္ေနဘိ၏ ။ သင္တို႕၏ ဘိုးေအ ကု႒နူနာသည္ႀကီးသည္ ရပ္ရြာထဲမွာ ေနစရာမရွိ၍ ေတာထဲထြက္ကာ ကေလာပင္ ေခါင္းထဲမွာ ေနခဲ႔ရ၏ ။ ဤ အဆက္အႏြယ္မ်ား၏ ဆင္ေတြ ျမင္းေတြ လက္နက္ေတြကို ငါတို႔မ်ား ေႀကာက္ရခ်ိမ့္မည္ေလာ "
အမ်ိဳးထိ၍ မခ်ိေအာင္နာေသာ စကားမ်ားပင္ ျဖစ္ႀကပါ၏ ။ ထိုအခ်ိန္တုန္းက အမွန္တကယ္ ျဖစ္ပ်က္ေစကာမူ တစ္ဖက္ႏွင့္တစ္ဖက္ ခ်ိဳးခ်ိဳးဖဲ႕ဖဲ႕ ပံုႀကီးခ်ဲ႕၍ ေျပာႀကသျဖင့္ ႏွစ္ျပည္ေထာင္လံုး ရန္မီး ပြားလာႀကရ၏ ။ ဟိုဘက္က ခတၱိယ ။ သည္ဘက္ကလည္း မင္းမ်ိဳး မင္းႏြယ္ ။ ႏွစ္ဖက္စလံုးမွာ ရာဇမာန္ တစ္လူလူ လႊင့္ေနသည္မို႕ မႀကာမီမွာပင္ ေရာဟိဏီျမစ္ကမ္းမွာ စစ္ဦးခ်င္း ဆံုမိႀကေပေတာ့သည္ ။
" ထြက္ႀကေလာ့ ။ ႏွမႏွင့္ ေပါင္းသင္းသူမ်ား၏ စြမ္းအားသတၱိကို သိေစရမည္ "
" တက္ခဲ႕ႀကေလာ႔ ။ ကေလာပင္ေခါင္း ေအာင္းခဲ႕သူမ်ား၏ စြမ္းအားႏွင့္ဓါးကို ႀကည့္ႀကေလာ့ "
ေႀကာက္ခမန္းလိလိ ႀကံဳးဝါးသံမ်ားျဖင့္ စစ္ဦးျခင္း တစ္စ တစ္စ နီးကပ္လာေခ်ျပီ ။ လက္နက္တစ္ကမ္း ေရာက္သည္ႏွင့္ မညွာတမ္း မဆုတ္တမ္း ရက္ရက္စက္စက္ ခုတ္ထစ္ပစ္ခတ္ ထိုးႏွက္ႀကိတ္ေခ်ရန္ လက္နက္မ်ားကို အရန္သင့္ ျပင္ထားျပီး ျဖစ္ေပသည္ ။ တိုက္ဆင္ တိုက္ျမင္းတို႕၏ ဟစ္ေႀကြးသံတို႕ကလဲ နားကြဲလုမတက္ ။
ထိုသည့္ အခ်ိန္ကေလးအတြင္းမွာပင္ ႏွစ္ဖက္ေသာ စစ္ေခါင္းေဆာင္တို႕သည္ ျမစ္လယ္ေခါင္က ေသာင္ခံုထက္ဆီသို႕ သတိထား၍ ႀကည့္လိုက္မိႀက၏ ။
သည္ျမစ္ကို ႏွစ္ဖက္စလံုးက ပိုင္ဆိုင္သျဖင့္ သည္ေနရာသည္ ႏွစ္ႏိုင္ငံ၏ နယ္စပ္ျဖစ္၏ ။ သဲသဲမဲမဲ ဇြဲနပဲျဖင့္ သူေသ ကိုယ္ေသ သတ္ႀက ျဖတ္ႀကမည့္ ေနရာျဖစ္၏ ။ ေအာ္သံ ဟစ္သံ ျမည္တမ္းသံမ်ား အဆံုးဝယ္ ေသြးေခ်ာင္းစီး၍ က်န္ရစ္ခဲ႕မည့္ ေနရာျဖစ္၏ ။ ဤ ေနရာ ဤ ဌာနတြင္ သကၤန္းဝါဝါ တစ္ခုက ေရာက္ႏွင့္ ေနေခ်ျပီေကာ ။
" မင္းစိုးရာဇာ ဒါယကာအေပါင္းတို႕ . . . "
သကၤန္းဝါဝါမွ ထြက္ေပၚလာေသာ အသံျဖစ္၏ ။ အသံသည္ ပီပီသသႏွင့္ ႀကည္ျမလွ၏ ။ ဆင္သံျမင္းသံ ေႀကြးေႀကာ္သံမ်ားကို ေဖာက္ထြင္း၍ လာ၏ ။ သည္အသံကို ႀကားရသည္ႏွင့္ သက် စစ္သည္ေတာ္အားလံုး၏ လက္နက္မ်ား ေျမေပၚသို႕ ရုတ္ျခည္း က်သြားႀက၏ ။
#မွတ္ခ်က္ - ( အသံေတာ္အတြက္ မိုက္ကယိုဖုန္း မပါေပ ။ တန္ခိုးေတာ္ျပျခင္းမွ်သာျဖစ္၏ )
" တစ္မ်ိဳးလံုး တစ္ေဆြလံုး၏ အထြဋ္ျမတ္ဆံုး ဘုရားရွင္ ေရာက္လာပါေပါ့ကလား ။ ငါတို႕၏ ဘုရားရွင္ ေရွ႕ေမွာက္တြင္ ငါတို႕သည္ တစ္ဖက္သားကို ခုတ္ထစ္သတ္ျဖတ္ရန္ မျဖစ္နိုင္ေပ ။ ေကာလိယတို႔က သတ္ခ်င္ သတ္ပါေစ ။ သတ္ရံုအားမရ၍ မီးတင္၍ပင္ ရႈိ႕ပါေစ ။ ငါတို႔ကား စစ္မက္ျပိဳင္ဆိုင္ အနိုင္မယူႀကျပီတည္း "
ဤသို႕ တစ္ဖက္သတ္ စစ္ေျပျငိမ္းလိုက္သည္ႏွင့္ တစ္ျပိဳင္နက္ အျခားတစ္ဖက္ကလည္း လက္နက္ခ်ျပီး ျဖစ္သြားေပသည္ ။
လက္နက္မပါေသာ လက္အစံုတို႕ျဖင့္ ရိုေသစြာ ရွစ္ခိုးလာႀကေသာ စစ္သည္ဗိုလ္ပါအေပါင္းတို႕အား ဘုရားရွင္က -
" အသင္တို႕ ဘာကိုအေႀကာင္းျပဳ၍ စစ္မက္ႀကီးစြာ ျဖစ္လာရပါသနည္း " ဟု ေမးေတာ္မူရာ -
" ေရအတြက္ျဖစ္ပါသည္ ဘုရား "
" ေရသည္ မည္မွ် အဖိုးထိုက္ပါသနည္း "
" တစ္ႏွစ္စာ စားရံု အနည္းငယ္မွ်သာ ျဖစ္ပါသည္ဘုရား "
" ႏွစ္ဖက္ေသာ စစ္သည္တို႕၏ အသက္ေသြးမ်ားကေကာ မည္မွ် အဖိုးထိုက္ပါသနည္း "
" အဖိုးျဖတ္၍ မရနိုင္ပါ ဘုရား "
" အနည္းငယ္မွ် အဖိုးထိုက္ေသာ ေရကေလးအတြက္ အဖိုးမျဖတ္နိုင္ေသာ အသက္ေသြးမ်ား အဆံုးရႈံးခံရျခင္းမွာ မသင့္ေလ်ာ္ေလစြ တကား "
ႏွစ္ဖက္ေသာ စစ္သည္ဗိုလ္ပါတို႕၏ ဦးေခါင္းမ်ားသည္ ပိုမို၍ ညႊတ္ကိုင္းလာႀက၏ ။ သည္ေက်းဇူးေတာ္ကို မည္သို႕မည္ပံု ဆပ္ရပါမည္နည္းဟု ႏွစ္ဖက္ေခါင္းေဆာင္မ်ား ညႈိႏႈိင္းတိုင္ပင္ႀကရ၏ ။လက္နက္ခ်င္းဆိုင္ အားျခင္းျပိဳင္ရန္ ေရာက္လာသူမ်ား ေခါင္းေဆာင္ကာ ေဆြးေႏြးႀကသျဖင့္ အေျဖတစ္ခုရလာေပသည္ ။
ထိုအေျဖကား ေရာဟိဏီ ျမစ္ကမ္းတစ္ဖက္ဆီမွ အညီအမွ် ပါဝင္ေသာ ရဟန္းငါးရာ ျဖစ္သတည္း ။
ဤသို႕အားျဖင့္ ေဆြေတာ္ မ်ိဳးေတာ္မ်ားေရွ႕မွ မားမားမတ္မတ္ ရပ္ေတာ္မူခဲ႕ေသာ ဘုရားရွင္သည္ ခမည္းေတာ္ႀကီး ခ်ဳပ္ျငိမ္းခ်ိန္မွာကား မားမားမတ္မတ္ ရပ္ေတာ္မမူခဲ႕ပါ ။
ျမစ္ကမ္းပါးႏွစ္ဖက္၌ ဒီေရတက္သကဲ႕သို႕ ျပည့္လွ်ံေနသည့္ စစ္သည္မ်ားကို တစ္ပါးတည္းႏွင့္ တားဆီးေတာ္မူနိုင္ခဲ႕ေသာ ျမတ္စြာဘုရားရွင္သည္ ခမည္းေတာ္ႀကီးႏွင့္ ရွင္ေသမင္းတို႕၏ တိုက္ပြဲတြင္ကား ေဝးရာမွသာ မ်က္ႏွာလႊဲ၍ ေနေတာ္မူလိုက္ရေပသည္တကား ။
( ညီေတာ္အာနႏၵာ၏ တစ္သက္သာမွတ္တမ္း - စာ ၂၀၃ မွ ၂၀၆ ထိ )
#htoohtoolay
unicode -
လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က ကုလသမ္မဂ္ဂအဖြင့် ဦးဆောင်ခဲ့သော အရှင်သခင် !
------
ကျွန်ပ်တို့ သက်ကျနိုင်ငံသည် လက်နက်နိုင်ငံကြီးများနားက နိုင်ငံငယ်တစ်ခုသာဖြစ်၏ ။ ကျွန်ပ်တို့နှင့် အလျားတူ ပမာဏသေးငယ်၍ အုပ်ချုပ်ပုံချင်းလဲတူသော အခြားနိုင်ငံငယ်ကလေးကား ကောလိယ ဖြစ်ပေသည် ။ ကျွန်ပ်တို့နှင့် ရောဟိဏီ မြစ်ကလေးသာ ခြားပေသည် ။
နှစ်နိုင်ငံ၏ စီးပွားရေးမှာ စိုက်ပျိုးရေးသာဖြစ်၍ မိုးဦးကျက ကျဲထားခဲ့သော ကောက်ပင်ပျိုးများအတွက် ထိုမြစ်ငယ်ကလေးကို တမံဆည်ကာ အသက်ဆက်၍ ပေးခဲ့ကြရ၏ ။ ထိုနှစ် နယုန်လမှာတော့ မိုးဦး အလိုက်နည်း၍ ခါတိုင်းလောက် မြစ်ရေ မလာပေ ။ တစ်ဖက်ကို ရေသွင်းလိုက်လျှင် တစ်ဖက်အဖို့ လောက်လောက်ငင မရနိင်တော့သော အခြေအနေဖြစ်လာ၏ ။ ရေအသွင်းရ ခက်နေသဖြင့် ကောက်ပင်ကလေးများ ညှိုးနွှမ်း၍ လာကြရ၏ ။ ဤတွင် ကောလိယဘက်မှ လယ်သမားများက စတင်၍ အရေးဆိုကြ၏ ။
" ရောင်းရင်းတို့ ! သည်မြစ်ရေကို နှစ်ဖက်လုံးက ခွဲဝေယူကြလျှင် သင်တို့အတွက်လဲ မလောက်င ။ ငါတို့အတွက်လဲ မနှံ့မစွတ် ။ ငါတို့ဘက်က ကောက်ပင်များမှာ ရေတစ်ခါသွင်းရုံဖြင့် အောင်မြင်ပါလိမ့်မည် ။ ထို့ကြောင့် ရေကို ငါတို့အတွက် လုံးလုံးပေးကြပါ "
ကိုယ့်ဘက် ကိုယ်ယက်သော အဆိုဖြင့်၍ ကပိလဝတ်လယ်သမားများက လက်မခံနိုင်ကြပါ ။
" သင်တို့ကျီတွေမှာ စပါး ဆန်တွေ ပြည့်လျှံနေသောအခါ ငါတို့က သင်တို့ဆီ မျက်နှာငယ်ငယ်ဖြစ် လာဝယ်မနေနိုင်ပါ ။ ငါတို့ကောက်ပင်များမှာလည်း ရေတစ်ခါသောက်ရလျှင် အောင်မြင်မည်သာဖြစ်၏ ။ ထို့ကြောင့် ဒီရေကို ငါတို့ကို ပေးပါ "
" ငါတို့ မပေးနိုင် "
" ငါတို့လဲ မပေးနိုင် "
တစ်ဖက်နှစ်တစ်ဖက် အကြိတ်အနှယ် ဖြစ်လာကြရာတွင် စိတ်မထိန်းနိုင်သူတစ်ယောက်က တစ်ဖက်လူကို ကိုယ်ထိလက်ရောက် ရိုက်လိုက်ချေတော့၏ ။ ထိုမှ တစ်ယောက်နှစ်တစ်ယောက် မီးဆက်သွားကာ စည်းဝေးပွဲသည် ရိုက်ပွဲကြီး ဖြစ်သွားရပေတော့သည် ။
ရိုက်ပွဲသည် လယ်သမားများမှာပင် ပြီးဆုံး၍ မသွားပါချေ ။ တစ်စ တစ်စ ရန်မီးပွားလာကာ နှစ်ဖက်သော အမျိုးအနွယ်များကိုပါ ထိပါး၍ လာကြတော့၏ ။
" သင်တို့သည် ကပိလဝတ်မြို့သားများကို အားကိုး၍ ကြုံးဝါးကြဘိ၏ ။ အိမ်ခွေး တောခွေးများကဲ့သို့ ကိုယ့်နှမကိုယ်ယူနေခဲ့ကြသော သူများကို ငါတို့က အရေးလုပ်ရမည်လော ။ သူတို့၏ ဆင်တွေ မြင်းတွေ လက်နက်တွေကရော ငါတို့ကို ရန်မူနိုင်မည်လော "
သကျအမျိုးသားအဖို့ အသည်းစပ် ကျွဲခတ်သကဲ့သို့ နာကျည်းစေသော စကားလုံးများ ဖြစ်ပါ၏ ။ ထို့အတူပင် -
" သင်တို့သည် ကုဋ္ဌနူနာသည်၏ သားများကို အားကိုးပြု၍ ရန်ထောင်နေဘိ၏ ။ သင်တို့၏ ဘိုးအေ ကုဋ္ဌနူနာသည်ကြီးသည် ရပ်ရွာထဲမှာ နေစရာမရှိ၍ တောထဲထွက်ကာ ကလောပင် ခေါင်းထဲမှာ နေခဲ့ရ၏ ။ ဤ အဆက်အနွယ်များ၏ ဆင်တွေ မြင်းတွေ လက်နက်တွေကို ငါတို့များ ကြောက်ရချိမ့်မည်လော "
အမျိုးထိ၍ မချိအောင်နာသော စကားများပင် ဖြစ်ကြပါ၏ ။ ထိုအချိန်တုန်းက အမှန်တကယ် ဖြစ်ပျက်စေကာမူ တစ်ဖက်နှင့်တစ်ဖက် ချိုးချိုးဖဲ့ဖဲ့ ပုံကြီးချဲ့၍ ပြောကြသဖြင့် နှစ်ပြည်ထောင်လုံး ရန်မီး ပွားလာကြရ၏ ။ ဟိုဘက်က ခတ္တိယ ။ သည်ဘက်ကလည်း မင်းမျိုး မင်းနွယ် ။ နှစ်ဖက်စလုံးမှာ ရာဇမာန် တစ်လူလူ လွှင့်နေသည်မို့ မကြာမီမှာပင် ရောဟိဏီမြစ်ကမ်းမှာ စစ်ဦးချင်း ဆုံမိကြပေတော့သည် ။
" ထွက်ကြလော့ ။ နှမနှင့် ပေါင်းသင်းသူများ၏ စွမ်းအားသတ္တိကို သိစေရမည် "
" တက်ခဲ့ကြလော့ ။ ကလောပင်ခေါင်း အောင်းခဲ့သူများ၏ စွမ်းအားနှင့်ဓါးကို ကြည့်ကြလော့ "
ကြောက်ခမန်းလိလိ ကြုံးဝါးသံများဖြင့် စစ်ဦးခြင်း တစ်စ တစ်စ နီးကပ်လာချေပြီ ။ လက်နက်တစ်ကမ်း ရောက်သည်နှင့် မညှာတမ်း မဆုတ်တမ်း ရက်ရက်စက်စက် ခုတ်ထစ်ပစ်ခတ် ထိုးနှက်ကြိတ်ချေရန် လက်နက်များကို အရန်သင့် ပြင်ထားပြီး ဖြစ်ပေသည် ။ တိုက်ဆင် တိုက်မြင်းတို့၏ ဟစ်ကြွေးသံတို့ကလဲ နားကွဲလုမတက် ။
ထိုသည့် အချိန်ကလေးအတွင်းမှာပင် နှစ်ဖက်သော စစ်ခေါင်းဆောင်တို့သည် မြစ်လယ်ခေါင်က သောင်ခုံထက်ဆီသို့ သတိထား၍ ကြည့်လိုက်မိကြ၏ ။
သည်မြစ်ကို နှစ်ဖက်စလုံးက ပိုင်ဆိုင်သဖြင့် သည်နေရာသည် နှစ်နိုင်ငံ၏ နယ်စပ်ဖြစ်၏ ။ သဲသဲမဲမဲ ဇွဲနပဲဖြင့် သူသေ ကိုယ်သေ သတ်ကြ ဖြတ်ကြမည့် နေရာဖြစ်၏ ။ အော်သံ ဟစ်သံ မြည်တမ်းသံများ အဆုံးဝယ် သွေးချောင်းစီး၍ ကျန်ရစ်ခဲ့မည့် နေရာဖြစ်၏ ။ ဤ နေရာ ဤ ဌာနတွင် သင်္ကန်းဝါဝါ တစ်ခုက ရောက်နှင့် နေချေပြီကော ။
" မင်းစိုးရာဇာ ဒါယကာအပေါင်းတို့ . . . "
သင်္ကန်းဝါဝါမှ ထွက်ပေါ်လာသော အသံဖြစ်၏ ။ အသံသည် ပီပီသသနှင့် ကြည်မြလှ၏ ။ ဆင်သံမြင်းသံ ကြွေးကြော်သံများကို ဖောက်ထွင်း၍ လာ၏ ။ သည်အသံကို ကြားရသည်နှင့် သကျ စစ်သည်တော်အားလုံး၏ လက်နက်များ မြေပေါ်သို့ ရုတ်ခြည်း ကျသွားကြ၏ ။
#မှတ်ချက် - ( အသံတော်အတွက် မိုက်ကယိုဖုန်း မပါပေ ။ တန်ခိုးတော်ပြခြင်းမျှသာဖြစ်၏ )
" တစ်မျိုးလုံး တစ်ဆွေလုံး၏ အထွဋ်မြတ်ဆုံး ဘုရားရှင် ရောက်လာပါပေါ့ကလား ။ ငါတို့၏ ဘုရားရှင် ရှေ့မှောက်တွင် ငါတို့သည် တစ်ဖက်သားကို ခုတ်ထစ်သတ်ဖြတ်ရန် မဖြစ်နိုင်ပေ ။ ကောလိယတို့က သတ်ချင် သတ်ပါစေ ။ သတ်ရုံအားမရ၍ မီးတင်၍ပင် ရှို့ပါစေ ။ ငါတို့ကား စစ်မက်ပြိုင်ဆိုင် အနိုင်မယူကြပြီတည်း "
ဤသို့ တစ်ဖက်သတ် စစ်ပြေငြိမ်းလိုက်သည်နှင့် တစ်ပြိုင်နက် အခြားတစ်ဖက်ကလည်း လက်နက်ချပြီး ဖြစ်သွားပေသည် ။
လက်နက်မပါသော လက်အစုံတို့ဖြင့် ရိုသေစွာ ရှစ်ခိုးလာကြသော စစ်သည်ဗိုလ်ပါအပေါင်းတို့အား ဘုရားရှင်က -
" အသင်တို့ ဘာကိုအကြောင်းပြု၍ စစ်မက်ကြီးစွာ ဖြစ်လာရပါသနည်း " ဟု မေးတော်မူရာ -
" ရေအတွက်ဖြစ်ပါသည် ဘုရား "
" ရေသည် မည်မျှ အဖိုးထိုက်ပါသနည်း "
" တစ်နှစ်စာ စားရုံ အနည်းငယ်မျှသာ ဖြစ်ပါသည်ဘုရား "
" နှစ်ဖက်သော စစ်သည်တို့၏ အသက်သွေးများကကော မည်မျှ အဖိုးထိုက်ပါသနည်း "
" အဖိုးဖြတ်၍ မရနိုင်ပါ ဘုရား "
" အနည်းငယ်မျှ အဖိုးထိုက်သော ရေကလေးအတွက် အဖိုးမဖြတ်နိုင်သော အသက်သွေးများ အဆုံးရှုံးခံရခြင်းမှာ မသင့်လျော်လေစွ တကား "
နှစ်ဖက်သော စစ်သည်ဗိုလ်ပါတို့၏ ဦးခေါင်းများသည် ပိုမို၍ ညွှတ်ကိုင်းလာကြ၏ ။ သည်ကျေးဇူးတော်ကို မည်သို့မည်ပုံ ဆပ်ရပါမည်နည်းဟု နှစ်ဖက်ခေါင်းဆောင်များ ညှိုနှိုင်းတိုင်ပင်ကြရ၏ ။လက်နက်ချင်းဆိုင် အားခြင်းပြိုင်ရန် ရောက်လာသူများ ခေါင်းဆောင်ကာ ဆွေးနွေးကြသဖြင့် အဖြေတစ်ခုရလာပေသည် ။
ထိုအဖြေကား ရောဟိဏီ မြစ်ကမ်းတစ်ဖက်ဆီမှ အညီအမျှ ပါဝင်သော ရဟန်းငါးရာ ဖြစ်သတည်း ။
ဤသို့အားဖြင့် ဆွေတော် မျိုးတော်များရှေ့မှ မားမားမတ်မတ် ရပ်တော်မူခဲ့သော ဘုရားရှင်သည် ခမည်းတော်ကြီး ချုပ်ငြိမ်းချိန်မှာကား မားမားမတ်မတ် ရပ်တော်မမူခဲ့ပါ ။
မြစ်ကမ်းပါးနှစ်ဖက်၌ ဒီရေတက်သကဲ့သို့ ပြည့်လျှံနေသည့် စစ်သည်များကို တစ်ပါးတည်းနှင့် တားဆီးတော်မူနိုင်ခဲ့သော မြတ်စွာဘုရားရှင်သည် ခမည်းတော်ကြီးနှင့် ရှင်သေမင်းတို့၏ တိုက်ပွဲတွင်ကား ဝေးရာမှသာ မျက်နှာလွှဲ၍ နေတော်မူလိုက်ရပေသည်တကား ။
( ညီတော်အာနန္ဒာ၏ တစ်သက်သာမှတ်တမ်း - စာ ၂၀၃ မှ ၂၀၆ ထိ )
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment