zawgyi -
အဆင့္ျမင့္တဲ႕သူေတြဟာ !
-----
ေလာကမွာ ကိုယ့္ေလာက္ အဆင္မေျပတဲ႕သူေတြ ကိုယ့္ေလာက္ မျပည့္စံုတဲ႕သူေတြ အမ်ားႀကီး ရွိပါတယ္ ။ အဲဒီ႕ ကိုယ္ေလာက္အဆင္မေျပတဲ႕သူေတြ ကိုယ့္ေလာက္မျပည္႕စံုတဲ႕သူေတြကို ႀကည့္ျပီးေတာ့ သူတို႕ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးခ်င္တာ သူတို႕ရဲ႕ ဆင္းရဲဒုကၡကို ဖယ္ရွားေပးခ်င္တာဟာ ကရုဏာပါပဲ ။ အဲဒီ႕ ကရုဏာ ရွိသြားတဲ႕အခ်ိန္မွာ ကိုယ့္အတြက္ မစဥ္းစားနိုင္ေတာ့ဘူး ။ ဒါဟာ ေျပာင္းလဲလို႕မရတဲ႕ စိတ္အစဥ္တာ ျဖစ္တယ္ ။
ကူညီပါလ်က္ ကူညီသေလာက္ အက်ိဳးျဖစ္မလာရင္ ကိုယ္ျဖစ္ခ်င္တဲ႕ အက်ိဳးကို လ်စ္လ်ဴရႈနိုင္ရတယ္ ။ လ်စ္လ်ဴမရႈနိုင္ရင္ ကိုယ္ျဖစ္ခ်င္သလို မျဖစ္လာတဲ႕အတြက္ မထူးပါဘူး မလုပ္တာမွ ပိုေကာင္းတယ္ဆိုတာ ျဖစ္လာတက္တယ္ ။ ဒါဟာ ကုသိုလ္ဦးေဆာင္တဲ႕ ဥေပကၡာ မဟုတ္ဘူး ။ ေမတၱာပ်က္သြားတာ ။ ဥေပကၡာဆိုတာ အတက္နိုင္ဆံုး လုပ္ေပးတယ္ ဘာအက်ိဳးမွ ျပန္မေျမာ္ဘူး ။ လုပ္ေပးခဲ႕တာကို အျပစ္ဆိုလာလည္း မတုန္လႈပ္ေတာ့ဘူး ။ ဒါဟာ ဥေပကၡာ ျပဳနိုင္တာကို ဆိုတယ္ ။
သူေတာ္ေကာင္းမွန္ရင္ ကိုယ့္အက်ိဳးသက္သက္ ဘယ္ေတာ႔မွ မလုပ္ဘူး ။ အမ်ားအက်ိဳးအတြက္လည္း စြမ္းနိုင္သမွ် လုပ္ပါတယ္ ။ တမင္တကာႀကီး အမ်ားအက်ိဳး လိုက္မလုပ္ေတာင္ ကိုယ့္ေရွ႕ေမွာက္ ေရာက္လာတဲ႕ အမ်ားအက်ိဳးကေတာ့ ကိုယ္စြမ္းနိုင္သေလာက္ လုပ္ႀကတာခ်ည္းပါပဲ ။
အဆင့္ျမင့္တဲ႕သူဟာ အဆင့္ျမင့္တဲ႕ တရားသေဘာေတြကို နားလည္နိုင္တယ္ ။ ဒါေႀကာင့္ စိတ္နဲ႕မွ ခံစားလို႕ရတဲ႕ အဆင့္ျမင့္တဲ႕ အရသာေတြကို ခံစားႀကတယ္ ။ မခံစားရရင္လည္း မေနနိုင္ေတာ့ဘူး ။ ဒါေႀကာင့္ အဆင့္ျမင့္တဲ႕ ပညာရွိေတြဟာ စဥ္းစားဆင္ျခင္ျခင္းကို အျမဲလုပ္တာဟာ အဆင့္ျမင့္တဲ႕ အရသာကို ခံစားဖို႕အတြက္ပါပဲ ……
#htoohtoolay
unicode -
အဆင့်မြင့်တဲ့သူတွေဟာ !
-----
လောကမှာ ကိုယ့်လောက် အဆင်မပြေတဲ့သူတွေ ကိုယ့်လောက် မပြည့်စုံတဲ့သူတွေ အများကြီး ရှိပါတယ် ။ အဲဒီ့ ကိုယ်လောက်အဆင်မပြေတဲ့သူတွေ ကိုယ့်လောက်မပြည့်စုံတဲ့သူတွေကို ကြည့်ပြီးတော့ သူတို့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးချင်တာ သူတို့ရဲ့ ဆင်းရဲဒုက္ခကို ဖယ်ရှားပေးချင်တာဟာ ကရုဏာပါပဲ ။ အဲဒီ့ ကရုဏာ ရှိသွားတဲ့အချိန်မှာ ကိုယ့်အတွက် မစဉ်းစားနိုင်တော့ဘူး ။ ဒါဟာ ပြောင်းလဲလို့မရတဲ့ စိတ်အစဉ်တာ ဖြစ်တယ် ။
ကူညီပါလျက် ကူညီသလောက် အကျိုးဖြစ်မလာရင် ကိုယ်ဖြစ်ချင်တဲ့ အကျိုးကို လျစ်လျူရှုနိုင်ရတယ် ။ လျစ်လျူမရှုနိုင်ရင် ကိုယ်ဖြစ်ချင်သလို မဖြစ်လာတဲ့အတွက် မထူးပါဘူး မလုပ်တာမှ ပိုကောင်းတယ်ဆိုတာ ဖြစ်လာတက်တယ် ။ ဒါဟာ ကုသိုလ်ဦးဆောင်တဲ့ ဥပေက္ခာ မဟုတ်ဘူး ။ မေတ္တာပျက်သွားတာ ။ ဥပေက္ခာဆိုတာ အတက်နိုင်ဆုံး လုပ်ပေးတယ် ဘာအကျိုးမှ ပြန်မမြော်ဘူး ။ လုပ်ပေးခဲ့တာကို အပြစ်ဆိုလာလည်း မတုန်လှုပ်တော့ဘူး ။ ဒါဟာ ဥပေက္ခာ ပြုနိုင်တာကို ဆိုတယ် ။
သူတော်ကောင်းမှန်ရင် ကိုယ့်အကျိုးသက်သက် ဘယ်တော့မှ မလုပ်ဘူး ။ အများအကျိုးအတွက်လည်း စွမ်းနိုင်သမျှ လုပ်ပါတယ် ။ တမင်တကာကြီး အများအကျိုး လိုက်မလုပ်တောင် ကိုယ့်ရှေ့မှောက် ရောက်လာတဲ့ အများအကျိုးကတော့ ကိုယ်စွမ်းနိုင်သလောက် လုပ်ကြတာချည်းပါပဲ ။
အဆင့်မြင့်တဲ့သူဟာ အဆင့်မြင့်တဲ့ တရားသဘောတွေကို နားလည်နိုင်တယ် ။ ဒါကြောင့် စိတ်နဲ့မှ ခံစားလို့ရတဲ့ အဆင့်မြင့်တဲ့ အရသာတွေကို ခံစားကြတယ် ။ မခံစားရရင်လည်း မနေနိုင်တော့ဘူး ။ ဒါကြောင့် အဆင့်မြင့်တဲ့ ပညာရှိတွေဟာ စဉ်းစားဆင်ခြင်ခြင်းကို အမြဲလုပ်တာဟာ အဆင့်မြင့်တဲ့ အရသာကို ခံစားဖို့အတွက်ပါပဲ ……
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment