Skip to main content

ငိုျခင္းေႀကာင့္ ရလာမည့္ ေကာင္းက်ိဳး (၉) ခ်က္ !

zawgyi -

ငိုျခင္းေၾကာင့္ ရလာမယ့္ေကာင္းက်ိဳး (၉) ခ်က္
-----
တကယ္ဆိုရင္ေတာ့ ငိုရတယ္ဆိုတာ မေကာင္းပါဘူး။ စိတ္ညစ္လို႔၊ ဝမ္းနည္းလို႔ အေၾကာင္းတခုခုေၾကာင့္ ငိုရတာ ျဖစ္ေပ မယ့္ က်န္းမာေရးရႈေထာင့္က ၾကည့္ျပန္ေတာ့လည္း ငိုျခင္းက က်န္းမာေရးကို ေကာင္းက်ိဳးျဖစ္ေစတယ္ဆိုေတာ့ က်ေနာ္တို႔ လည္း အားရင္ က်န္းမာေရးေကာင္းေအာင္ပဲ ငိုေနရမလို ျဖစ္ေနျပန္ပါၿပီ။

ေကာင္းပါၿပီ၊ ငိုရင္ ဘယ္လို က်န္းမာေရး ေကာင္းက်ိဳးေတြ ေပးပါသလဲ။

(၁) စိတ္ဖိစီးမႈေတြကို ေပ်ာက္ေစတယ္

စိတ္ထြက္ေပါက္သေဘာမ်ိဳး မိမိရဲ႕ဝမ္းနည္းစရာေတြအတြက္ ငိုလိုက္ၿပီးရင္ စိတ္ဖိစီးမႈေတြကို ေလ်ာ့နည္းသက္သာသြားပါ ေစတယ္တဲ့။ ျမန္မာေတြရဲ႕သေဘာအရေတာ့ မ်က္ရည္လြယ္တယ္ဆိုတာ မေကာင္းဘူးလို႔ ဆိုေပမယ့္ စိတ္ဖိစီးမႈမ်ားလာရင္ ေတာ့ ငိုလိုက္ပါ။ သက္သာသြားပါလိမ့္မယ္။

(၂) ေသြးဖိအား ေလ်ာ့နည္းေစတယ္

စိတ္ဖိစီးမႈေတြက ႏွလုံးခုန္ႏႈန္းကို ျမန္လာေစတယ္၊ တဆက္တည္း ေသြးဖိအားမ်ားလာေစတယ္၊ ငိုလိုက္ရင္ေတာ့ အထက္ မွာ ေျပာသလို စိတ္ဖိစီးမႈလည္း ေလ်ာ့နည္းသြားေစသလို ေသြးဖိအားလည္း ေလ်ာ့နည္းေကာင္းမြန္ေစတယ္လို႔ သိရပါတယ္။

(၃) ေသာက ကင္းေစတယ္

၂၀၁၅ ခုႏွစ္ စက္တင္ဘာလအတြင္းက ေလ့လာခ်က္တခုအရ အသက္ ၁၈ ႏွစ္ကေန ၃၄ႏွစ္အတြင္း လူ႐ြယ္ေတြဟာ ေသာက မ်ားရင္ ငိုတတ္ၾကတယ္၊ ဒါေပမယ့္ ငိုၿပီးရင္ေတာ့ အဆိုပါ ေသာကေတြ ေလ်ာ့နည္း စိတ္သက္သာရာ ရၾကတယ္လို႔ ဆိုပါ တယ္။

(၄) နာက်င္ေစမႈကို သက္သာေစတယ္

သင့္ရဲ႕ခႏၶာကိုယ္ေပၚမွာ ဒဏ္ရာတခုခု ရပါသလား။ စိတ္ထဲမွာ က်ိတ္ခံစားမေနပါနဲ႕။ ငိုလိုက္ပါ။ နာက်င္မႈ သက္သာသြား တယ္လို႔ ခံစားမိေစပါတယ္။ ငိုလိုက္ခ်ိန္မွာ ထြက္ရွိလာတဲ့ ေအာက္ဆီတိုစင္ (Oxytocin)နဲ႕ အန္ဒိုဂ်ီးနီးရပ္ (Endogenous) ေတြက အေရျပားေပၚက နာက်င္မႈေတြကို သက္သာမႈ ျဖစ္ေစတယ္လို႔ ဆိုပါတယ္။

(၅) စိတ္ဓာတ္ တက္ႂကြေစတယ္

စိတ္ညစ္မႈ၊ က်ရႈံးမႈေတြအတြက္ ငိုလိုက္ပါ။ ၿပီးရင္ အားေမြးပါ။ ႐ုပ္ပိုင္းဆိုင္ရာ တိုးတက္မႈေတြ ျဖစ္လာေစနိုင္တယ္လို႔ ေလ့ လာသူေတြက ဆိုပါတယ္။ ငိုၿပီးရင္ စိတ္နာမႈနဲ႕အတူ ဘဝကို တိုးတက္ေအာင္ လုပ္ေဆာင္ခ်င္စိတ္ျဖစ္လာတဲ့အတြက္ ႐ုပ္ပိုင္း ဆိုင္ရာ တိုးတက္မႈ ရွိလာေစတယ္လို႔ ဆိုလိုတာ ျဖစ္ပါတယ္။

(၆) အကူအညီရေစတယ္

လမ္းေဘးမွာ ငိုေနတဲ့ ကေလးတေယာက္ကို က်ေနာ္တို႔ ဘာ လိုအပ္သလဲ ေမးဖို႔နဲ႕ ကူညီဖို႔ ဘယ္သူမွ လက္မေႏွးၾကပါဘူး။ ဒီ လိုပါပဲ ငိုျခင္းဟာ ခ်စ္သူႏွစ္ဦးအၾကား ငိုျပရင္လည္း ကိုယ့္ခ်စ္သူက ကိုယ့္ကို ေခ်ာ့လိမ့္မယ္၊ ဆိုလိုတာကေတာ့ ငိုျခင္းက အကူအညီ ေတာင္းစရာမလိုဘဲ ကူညီမႈ ရရွိနိုင္ပါတယ္။

(၇) အသက္ဝင္ျခင္းရဲ႕အစလည္း ျဖစ္တယ္

ဒါကေတာ့ ဗဟုသုတအေနနဲ႕ ေျပာခ်င္တာပါ။ က်ေနာ္တို႔ မိခင္ဝမ္းကေန ထြက္ရွိ ေမြးဖြားလာခ်ိန္မွာ အဆုတ္ကေန ပထမဆုံး ေလကို ရႉသြင္းၿပီး ပထမဆုံး လုပ္တဲ့ အလုပ္ကေတာ့ ငိုျခင္းပါပဲ။
အသက္ျပင္းျပင္း ရႉၿပီး အသံက်ယ္က်ယ္ ငိုေလေလ ဒီကေလးရဲ႕ဘဝအစ က်န္းမာေရး ေကာင္းတယ္၊ စိတ္ခ်ရတယ္ဆိုတာ သိသာေစပါတယ္။

(၈) ပူေဆြးမႈကေန သက္သာေစတယ္

တစုံတစ္ေယာက္၊ တစုံတစ္ခု ဆုံးရႈံးရမႈေၾကာင့္ ပူေဆြးမႈအတြက္ ငိုလိုက္ပါ။ စိတ္သက္သာရာရေစပါတယ္။ မိသားစုဝင္ ဆုံး ရႈံးသြားလို႔ ငိုေနတဲ့ က်န္ရစ္သူမိသားစုကို မတားပါနဲ႕၊ သူ႕အေနနဲ႕ ငိုျခင္းနဲ႕အတူ စိတ္သက္သာရာရေစပါတယ္။

(၉) ငိုျခင္းက သင့္ကို လူလို႔ မည္ေစတယ္

မ်က္လုံးကေန မ်က္ရည္အျဖစ္ သတၱဝါေတြမွာ ယိုက်မႈ ရွိေပမယ့္ စိတ္ခံစားခ်က္ေၾကာင့္ ငိုယိုမႈကေတာ့ လူေတြမွာပဲ ရွိပါ တယ္။

အေၾကာင္းကေတာ့ လူေတြက အသိဉာဏ္ ရွိလို႔ ျဖစ္ၿပီး ခံစားခ်က္အရ ငိုျခင္း ျဖစ္ေစပါတယ္။ လူျဖစ္လို႔ ငိုတာပါ၊ ငိုျခင္းက သင့္ကို လူသားအျဖစ္ အမည္တပ္ေစနိုင္ပါတယ္။

crd - ဧရာဝတီ

#htoohtoolay




unicode -

ငိုခြင်းကြောင့် ရလာမယ့်ကောင်းကျိုး (၉) ချက်
-----
တကယ်ဆိုရင်တော့ ငိုရတယ်ဆိုတာ မကောင်းပါဘူး။ စိတ်ညစ်လို့၊ ဝမ်းနည်းလို့ အကြောင်းတခုခုကြောင့် ငိုရတာ ဖြစ်ပေ မယ့် ကျန်းမာရေးရှုထောင့်က ကြည့်ပြန်တော့လည်း ငိုခြင်းက ကျန်းမာရေးကို ကောင်းကျိုးဖြစ်စေတယ်ဆိုတော့ ကျနော်တို့ လည်း အားရင် ကျန်းမာရေးကောင်းအောင်ပဲ ငိုနေရမလို ဖြစ်နေပြန်ပါပြီ။

ကောင်းပါပြီ၊ ငိုရင် ဘယ်လို ကျန်းမာရေး ကောင်းကျိုးတွေ ပေးပါသလဲ။

(၁) စိတ်ဖိစီးမှုတွေကို ပျောက်စေတယ်

စိတ်ထွက်ပေါက်သဘောမျိုး မိမိရဲ့ဝမ်းနည်းစရာတွေအတွက် ငိုလိုက်ပြီးရင် စိတ်ဖိစီးမှုတွေကို လျော့နည်းသက်သာသွားပါ စေတယ်တဲ့။ မြန်မာတွေရဲ့သဘောအရတော့ မျက်ရည်လွယ်တယ်ဆိုတာ မကောင်းဘူးလို့ ဆိုပေမယ့် စိတ်ဖိစီးမှုများလာရင် တော့ ငိုလိုက်ပါ။ သက်သာသွားပါလိမ့်မယ်။

(၂) သွေးဖိအား လျော့နည်းစေတယ်

စိတ်ဖိစီးမှုတွေက နှလုံးခုန်နှုန်းကို မြန်လာစေတယ်၊ တဆက်တည်း သွေးဖိအားများလာစေတယ်၊ ငိုလိုက်ရင်တော့ အထက် မှာ ပြောသလို စိတ်ဖိစီးမှုလည်း လျော့နည်းသွားစေသလို သွေးဖိအားလည်း လျော့နည်းကောင်းမွန်စေတယ်လို့ သိရပါတယ်။

(၃) သောက ကင်းစေတယ်

၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်းက လေ့လာချက်တခုအရ အသက် ၁၈ နှစ်ကနေ ၃၄နှစ်အတွင်း လူရွယ်တွေဟာ သောက များရင် ငိုတတ်ကြတယ်၊ ဒါပေမယ့် ငိုပြီးရင်တော့ အဆိုပါ သောကတွေ လျော့နည်း စိတ်သက်သာရာ ရကြတယ်လို့ ဆိုပါ တယ်။

(၄) နာကျင်စေမှုကို သက်သာစေတယ်

သင့်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတခုခု ရပါသလား။ စိတ်ထဲမှာ ကျိတ်ခံစားမနေပါနဲ့။ ငိုလိုက်ပါ။ နာကျင်မှု သက်သာသွား တယ်လို့ ခံစားမိစေပါတယ်။ ငိုလိုက်ချိန်မှာ ထွက်ရှိလာတဲ့ အောက်ဆီတိုစင် (Oxytocin)နဲ့ အန်ဒိုဂျီးနီးရပ် (Endogenous) တွေက အရေပြားပေါ်က နာကျင်မှုတွေကို သက်သာမှု ဖြစ်စေတယ်လို့ ဆိုပါတယ်။

(၅) စိတ်ဓာတ် တက်ကြွစေတယ်

စိတ်ညစ်မှု၊ ကျရှုံးမှုတွေအတွက် ငိုလိုက်ပါ။ ပြီးရင် အားမွေးပါ။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ ဖြစ်လာစေနိုင်တယ်လို့ လေ့ လာသူတွေက ဆိုပါတယ်။ ငိုပြီးရင် စိတ်နာမှုနဲ့အတူ ဘဝကို တိုးတက်အောင် လုပ်ဆောင်ချင်စိတ်ဖြစ်လာတဲ့အတွက် ရုပ်ပိုင်း ဆိုင်ရာ တိုးတက်မှု ရှိလာစေတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

(၆) အကူအညီရစေတယ်

လမ်းဘေးမှာ ငိုနေတဲ့ ကလေးတယောက်ကို ကျနော်တို့ ဘာ လိုအပ်သလဲ မေးဖို့နဲ့ ကူညီဖို့ ဘယ်သူမှ လက်မနှေးကြပါဘူး။ ဒီ လိုပါပဲ ငိုခြင်းဟာ ချစ်သူနှစ်ဦးအကြား ငိုပြရင်လည်း ကိုယ့်ချစ်သူက ကိုယ့်ကို ချော့လိမ့်မယ်၊ ဆိုလိုတာကတော့ ငိုခြင်းက အကူအညီ တောင်းစရာမလိုဘဲ ကူညီမှု ရရှိနိုင်ပါတယ်။

(၇) အသက်ဝင်ခြင်းရဲ့အစလည်း ဖြစ်တယ်

ဒါကတော့ ဗဟုသုတအနေနဲ့ ပြောချင်တာပါ။ ကျနော်တို့ မိခင်ဝမ်းကနေ ထွက်ရှိ မွေးဖွားလာချိန်မှာ အဆုတ်ကနေ ပထမဆုံး လေကို ရှူသွင်းပြီး ပထမဆုံး လုပ်တဲ့ အလုပ်ကတော့ ငိုခြင်းပါပဲ။
အသက်ပြင်းပြင်း ရှူပြီး အသံကျယ်ကျယ် ငိုလေလေ ဒီကလေးရဲ့ဘဝအစ ကျန်းမာရေး ကောင်းတယ်၊ စိတ်ချရတယ်ဆိုတာ သိသာစေပါတယ်။

(၈) ပူဆွေးမှုကနေ သက်သာစေတယ်

တစုံတစ်ယောက်၊ တစုံတစ်ခု ဆုံးရှုံးရမှုကြောင့် ပူဆွေးမှုအတွက် ငိုလိုက်ပါ။ စိတ်သက်သာရာရစေပါတယ်။ မိသားစုဝင် ဆုံး ရှုံးသွားလို့ ငိုနေတဲ့ ကျန်ရစ်သူမိသားစုကို မတားပါနဲ့၊ သူ့အနေနဲ့ ငိုခြင်းနဲ့အတူ စိတ်သက်သာရာရစေပါတယ်။

(၉) ငိုခြင်းက သင့်ကို လူလို့ မည်စေတယ်

မျက်လုံးကနေ မျက်ရည်အဖြစ် သတ္တဝါတွေမှာ ယိုကျမှု ရှိပေမယ့် စိတ်ခံစားချက်ကြောင့် ငိုယိုမှုကတော့ လူတွေမှာပဲ ရှိပါ တယ်။

အကြောင်းကတော့ လူတွေက အသိဉာဏ် ရှိလို့ ဖြစ်ပြီး ခံစားချက်အရ ငိုခြင်း ဖြစ်စေပါတယ်။ လူဖြစ်လို့ ငိုတာပါ၊ ငိုခြင်းက သင့်ကို လူသားအဖြစ် အမည်တပ်စေနိုင်ပါတယ်။

crd - ဧရာဝတီ

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...